Beauty

ေငြ ၅၀၀၀၀ ဝန္းက်င္နဲ႔ မိတ္ကပ္ပစၥည္းအစံု အက္ဒ္မင္ဘယ္လိုဝယ္လဲ ?

၅၀၀၀၀ တည္းနဲ႔ ဆိုၿပီး မယံုႏိုင္ဘူးမလား… ဖတ္ၾကည့္လက္… ဖတ္ၾကည့္လက္!!!! 😛 

မိတ္ကပ္ပစၥည္းဝယ္ခါနီးတိုင္း ဘတ္ဂ်က္ခ်ိန္ရတာနဲ႔ ေခါင္းကိုက္ၿပီး အသက္ထြက္ခ်င္စိတ္ေပါက္တတ္ၾကတာ သဘာဝပါပဲေနာ္။ အဲဒီဖီလင္ကို ႏွင္းလည္းသိတယ္။ ႏွင္းလည္း အရင္တုန္းကေတာ့ လိုသည္ျဖစ္ေစ၊ မလုိသည္ျဖစ္ေစ မည္းမည္းျမင္ရာပစၥည္းေပါင္းစံုကို ဝယ္တာဝယ္တာဆိုတာေလ… ကုန္ေပါင္းလည္း မနည္းလွ… အခုက်ေတာ့ အိမ္ကလည္း မုန္႔ဖိုးမေပးေတာ့ဘူးဆိုေတာ့ ကိုယ့္မွာရွိတဲ့ ပိုက္ဆံေလးကို ျခစ္ခ်ဳပ္ၿပီး မနည္းစုဝယ္ေနရတဲ့ အေနအထားဆိုေတာ့ ေဈးေလးေပါၿပီး တကယ္ေကာင္းတဲ့ ပစၥည္းေတြကိုပဲ ရွာေဖြရင္း ဝယ္ျဖစ္ေတာ့တယ္။ အဲဒါေၾကာင့္ ေယာင္းတို႔လည္း အဆင္ေျပေအာင္ မ်က္ႏွာ္တစ္ခုလံုး ျပင္ဆင္ဖို႔အတြက္ လိုအပ္တဲ့ပစၥည္းေတြ ဝယ္တဲ့အခါ ဘက္ဂ်က္ ၅၀၀၀၀ ပတ္ဝန္းက်င္ အတြင္းဝင္ေအာင္ ႏွင္းေရြးေပးပါ့မယ္ေနာ္။

ပထမဆံုး ႏွင္းရဲ႕ မ်က္ႏွာအသားအေရက ေပါင္းစပ္နဲ႔ ပံုမွန္အမ်ိဳးအစား ၾကားထဲကပါ။ အဆီလည္း အရမ္းမျပန္သလို ေျခာက္လည္း အရမ္းမေျခာက္ပါဘူး။ ၿပီးရင္ ႏွင္းက မိတ္ကပ္သားကို အရမ္းမထူဘဲ ပါးပါးၾကည္ၾကည္ေလး လိမ္းရတာ ႀကိဳက္တတ္သူမို႔ ဒီပစၥည္းေလးေတြကို ေရြးထားပါတယ္ေနာ္။

Related Article >>> Baking Makeup ဆြာ ဘာႀကီးလဲ?

မိတ္ကပ္

အေပၚမွာေျပာထားသလိုပဲ ႏွင္းကမိတ္ကပ္ကို ပါးပါးၾကည္ၾကည္ေလးနဲ႔ ကိုယ့္အသားအေရေပၚတစ္ထပ္တည္း က်ေနတဲ့ မိတ္ကပ္ကိုမွ ႀကိဳက္တာဆိုေတာ့ Maybelline ရဲ႕ Dream Satin Skin Liquid Foundation (၁၈၅၀၀ က်ပ္)ကို သံုးပါတယ္။ (အဆီျပန္တတ္တဲ့လူကေတာ့ သူနဲ႔ေဈးအတူတူျဖစ္တဲ့  Flawless Transformation ကိုသံုးေပးေနာ္) အေပၚထပ္ေလးကိုေတာ့ Doru White ရဲ႕ two way ေပါင္ဒါ နံပါတ္ (၉၁) ၅၈၀၀တန္ကို သံုးပါတယ္။ မ်က္ႏွာအတြက္က ၂၄၃၀၀ ျဖစ္သြားၿပီေနာ္။

ႏွင္းသံုးတဲ့အေရာင္ကေတာ့ ၂၂၀ ပါ <3
အဝါေဖာက္တဲ့အျဖဴေလး သံုးျဖစ္ပါတယ္

မ်က္ခံုး

မ်က္ခံုးကိုေတာ့ Miniso ကေန တစ္ေခ်ာင္း ၄၀၀၀ နဲ႔ဝယ္ထားတာေလးပဲ သံုးျဖစ္တယ္။ သူက ႏွစ္ဘက္ပါတယ္ေယာင္းရဲ႕။ တစ္ဘက္က ေဘးတစ္ေစာင္းခဲနဲ႔ တစ္ဘက္ကက်ေတာ့ ဘရပ္ရွ္ေလးဆိုေတာ့ သပ္သပ္ႀကီးထပ္ဝယ္စရာမလုိေတာ့ဘူး။ ၿပီးေတာ့ ခဲကလည္း အရမ္းထင္းေနတဲ့ဟာႀကီးမဟုတ္ဘဲ ခပ္မွိန္မွိန္ေလးပဲဆိုေတာ့ တစ္ခ်က္ခ်င္းစီ ဆြဲလည္းအဆင္ေျပတယ္ေလ။ အားလံုးဆြဲၿပီးရင္ေတာ့ အေမႊးေတြေနရာတက်ျဖစ္သြားေအာင္ ဘရပ္ရွ္ေလးနဲ႔ ျပန္ဖီးေပးလိုက္ေပါ့။

ပံုစံေလးကလည္းလွ

မ်က္လံုး

ႏွင္းကေလ မ်က္လံုးကို ဘာဘာညာညာေတြမျခယ္ဘဲ မ်က္ေတာင္ေလးပဲေကာ့ၿပီး သြားရတာကို ႀကိဳက္လို႔ မ်က္ေတာင္ေကာ့ေဆးေလးပဲ ေကာင္းေကာင္းဝယ္သံုးတယ္ေယာင္းေရ။ Hearty Heart ရဲ႕ Double Scoop Mascara ေလးကေတာ့ တကယ္ကို ေန႔စဥ္သံုးအေနနဲ႔ အဆင္ေျပတယ္။ အေပၚမ်က္ေတာင္အတြက္တင္မကဘဲ ေအာက္မ်က္ေတာင္အတြက္ပါ ထည့္ေပးထားေတာ့ စိတ္ရႈပ္ခံၿပီး ျပဴးၿပဲေကာ့ေနစရာ မလိုေတာ့ဘူးေလ။ ဒါေပမဲ့ သူကေတာ့ မ်က္ခမ္းေပၚမွာ ျပန္႔တတ္တာမို႔ တစ္ေန႔လံုး ေနပူထဲေတာက္ေလွ်ာက္ ထြက္ရရင္ေတာ့ မသံုးပါနဲ႔။ သူက ေဈးေလးလည္း ေပါတယ္။ ၄၇၅၅ က်ပ္ဆိုေတာ့ ၄၈၀၀ ေပါ့။ တစ္ခါတေလ လိုင္နာသံုးရမယ္ဆိုရင္ေတာ့ Maybelline ရဲ႕ Hyper tight  လိုင္နာေလးသံုးပါတယ္။ ႏွင္းက ယိုးဒယားမွာ ေဈးခ်တုန္း ဝယ္ထားတာဆိုေတာ့ ၈၆၀၀ ပဲက်တယ္။ ဘာလို႔ဒီ Hyper Tight ေလးကို ေရြးလဲဆိုေတာ့ သူ႔ရဲ႕ ဘူးပံုစံကိုက ေဘးတစ္ေစာင္းေလးျဖစ္တဲ့အျပင္ ထိပ္ကလည္း ခပ္ခၽြန္ခၽြန္ေလးဆိုေတာ့ ဆြဲရတာ အရမ္းမခက္ေတာ့ဘူးရယ္။ ၿပီးရင္ မျပန္႔တတ္ဘူးသိလား။ တစ္ေနကုန္ ေခၽြးေတြေရာ ေရေတြေရာ အမ်ိဳးစံု ႀကိဳးခုန္ၿပီး ထိတာေတာင္ နည္းနည္းပါးပါး ကြက္သြားတာပဲရွိတာ။ အရည္ေတြေပ်ာ္မက်လာဘူး။

လိုင္နာထိပ္ရဲ႕ ေထာင့္ခ်ိဳးကိုေမး

ဘလင္းဘလင္းဟိုင္းလိုက္

အခုက ဘလင္းဘလင္းေခတ္ဆိုေတာ့ ဟိုင္းလိုက္ကလည္း မပါမျဖစ္ ထည့္ရမွာပဲေလ။ ႏွင္းကေတာ့ ဟိုင္းလိုက္ကို အသစ္ထပ္ဝယ္သံုးမေနဘဲ ရွဲဒိုးေတြထဲမွာပဲပါတဲ့ ဘလင္းဘလင္းအျဖစ္ဆံုး အလက္အလက္အမ်ားဆံုးပါတဲ့ အကြက္ကိုပဲ လက္ကေလးနဲ႔ယူၿပီး ပါးရိုးေပၚမွာတင္ျဖစ္တယ္။ ဒါ့အျပင္ အသံုးအမ်ားဆံုးက Tony Moly ရဲ႕ Cushion Pot လို႔ေခၚတဲ့ ရွဲဒိုးအကြက္အေသးေလးထဲမွာမွ ေရႊေရာင္ကို သံုးျဖစ္ပါတယ္။ ေဈးႏႈန္းေလးကေတာ့  ၁၀၅၀၀ပါ။ ႏႈတ္ခမ္းနီကေတာ့ ေယာင္းတို႔ဆီမွာရွိၿပီးသားမို႔ တကူးတကထည့္ၿပီး မညႊန္းေတာ့ဘူးေနာ္။ ပါးနီကိုလည္း အဲဒီႏႈတ္ခမ္းနီဆိုးၿပီး လက္က်န္အေရာင္ေလးေတြကို လက္ညွိဳးထိပ္ေလးနဲ႔ ခပ္ဖြဖြေလးယူၿပီး ပါးေပၚျဖန္႔ေပးရံုပါပဲ။

လက္ညွိဳးေလးနဲ႔ဖိဆြဲၿပီး လင္းခ်င္တဲ့ ေနရာေတြေပၚမွာ ဖြဖြေလးပြတ္လိုက္ပါ

Related Article >>> မိတ္ကပ္ကို ပန္းပုထုထားသလို သူတို႔ဘယ္လိုလိမ္းၾကလဲ?

ကဲ အားလံုးေပါင္းၾကည့္တဲ့အခါ ၅၂၂၀၀ တိတိက်ပါတယ္။ မ်က္ႏွာ္တစ္ခုလံုးကို ႏွင္းအိမ္မွာ သံုးတဲ့ ဘရန္းေတြပဲ ထည့္ေပးထားတာပါေနာ္။ ဘတ္ဂ်က္ဆိုလို႔ ေဈးအေပါတကာ့ အေပါဆုံးေတြ မဟုတ္ရပါဘူးေနာ္.. ကြာလတီလည္းေကာင္းေကာင္းေလးနဲ႔ ေဈးလည္း အဲ့ေလာက္မႀကီးတဲ့ဘရန္းေလးေတြေပါ့… ပံုေလးေတြလည္း ထည့္ေပးထားတာဆိုေတာ့ ဝယ္ရတာလြယ္ကူၿပီး အဆင္လည္း ေျပလိမ့္မယ္လို႔ ယံုၾကည္ပါတယ္။ တျခား အလွအပနဲ႔ပတ္သက္ၿပီးလည္း ထပ္မွ်ေဝေပးဦးမွာမို႔ For Her Myanmar Page ကိုေစာင့္ၾကည့္ေပးေနာ္။

Hnin Ei Oo (For Her Myanmar)

<<< Unicode >>>

၅၀၀၀၀ တည်းနဲ့ ဆိုပြီး မယုံနိုင်ဘူးမလား… ဖတ်ကြည့်လက်… ဖတ်ကြည့်လက်!!!! 😛 

မိတ်ကပ်ပစ္စည်းဝယ်ခါနီးတိုင်း ဘတ်ဂျက်ချိန်ရတာနဲ့ ခေါင်းကိုက်ပြီး အသက်ထွက်ချင်စိတ်ပေါက်တတ်ကြတာ သဘာဝပါပဲနော်။ အဲဒီဖီလင်ကို နှင်းလည်းသိတယ်။ နှင်းလည်း အရင်တုန်းကတော့ လိုသည်ဖြစ်စေ၊ မလိုသည်ဖြစ်စေ မည်းမည်းမြင်ရာပစ္စည်းပေါင်းစုံကို ဝယ်တာဝယ်တာဆိုတာလေ… ကုန်ပေါင်းလည်း မနည်းလှ… အခုကျတော့ အိမ်ကလည်း မုန့်ဖိုးမပေးတော့ဘူးဆိုတော့ ကိုယ့်မှာရှိတဲ့ ပိုက်ဆံလေးကို ခြစ်ချုပ်ပြီး မနည်းစုဝယ်နေရတဲ့ အနေအထားဆိုတော့ ဈေးလေးပေါပြီး တကယ်ကောင်းတဲ့ ပစ္စည်းတွေကိုပဲ ရှာဖွေရင်း ဝယ်ဖြစ်တော့တယ်။ အဲဒါကြောင့် ယောင်းတို့လည်း အဆင်ပြေအောင် မျက်နှာ်တစ်ခုလုံး ပြင်ဆင်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေ ဝယ်တဲ့အခါ ဘက်ဂျက် ၅၀၀၀၀ ပတ်ဝန်းကျင် အတွင်းဝင်အောင် နှင်းရွေးပေးပါ့မယ်နော်။

ပထမဆုံး နှင်းရဲ့ မျက်နှာအသားအရေက ပေါင်းစပ်နဲ့ ပုံမှန်အမျိုးအစား ကြားထဲကပါ။ အဆီလည်း အရမ်းမပြန်သလို ခြောက်လည်း အရမ်းမခြောက်ပါဘူး။ ပြီးရင် နှင်းက မိတ်ကပ်သားကို အရမ်းမထူဘဲ ပါးပါးကြည်ကြည်လေး လိမ်းရတာ ကြိုက်တတ်သူမို့ ဒီပစ္စည်းလေးတွေကို ရွေးထားပါတယ်နော်။

Related Article >>> Baking Makeup ဆွာ ဘာကြီးလဲ?

မိတ်ကပ်

အပေါ်မှာပြောထားသလိုပဲ နှင်းကမိတ်ကပ်ကို ပါးပါးကြည်ကြည်လေးနဲ့ ကိုယ့်အသားအရေပေါ်တစ်ထပ်တည်း ကျနေတဲ့ မိတ်ကပ်ကိုမှ ကြိုက်တာဆိုတော့ Maybelline ရဲ့ Dream Satin Skin Liquid Foundation (၁၈၅၀၀ ကျပ်)ကို သုံးပါတယ်။ (အဆီပြန်တတ်တဲ့လူကတော့ သူနဲ့ဈေးအတူတူဖြစ်တဲ့  Flawless Transformation ကိုသုံးပေးနော်) အပေါ်ထပ်လေးကိုတော့ Doru White ရဲ့ two way ပေါင်ဒါ နံပါတ် (၉၁) ၅၈၀၀တန်ကို သုံးပါတယ်။ မျက်နှာအတွက်က ၂၄၃၀၀ ဖြစ်သွားပြီနော်။

နှင်းသုံးတဲ့အရောင်ကတော့ ၂၂၀ ပါ <3
အဝါဖောက်တဲ့အဖြူလေး သုံးဖြစ်ပါတယ်

မျက်ခုံး

မျက်ခုံးကိုတော့ Miniso ကနေ တစ်ချောင်း ၄၀၀၀ နဲ့ဝယ်ထားတာလေးပဲ သုံးဖြစ်တယ်။ သူက နှစ်ဘက်ပါတယ်ယောင်းရဲ့။ တစ်ဘက်က ဘေးတစ်စောင်းခဲနဲ့ တစ်ဘက်ကကျတော့ ဘရပ်ရှ်လေးဆိုတော့ သပ်သပ်ကြီးထပ်ဝယ်စရာမလိုတော့ဘူး။ ပြီးတော့ ခဲကလည်း အရမ်းထင်းနေတဲ့ဟာကြီးမဟုတ်ဘဲ ခပ်မှိန်မှိန်လေးပဲဆိုတော့ တစ်ချက်ချင်းစီ ဆွဲလည်းအဆင်ပြေတယ်လေ။ အားလုံးဆွဲပြီးရင်တော့ အမွှေးတွေနေရာတကျဖြစ်သွားအောင် ဘရပ်ရှ်လေးနဲ့ ပြန်ဖီးပေးလိုက်ပေါ့။

ပုံစံလေးကလည်းလှ

မျက်လုံး

နှင်းကလေ မျက်လုံးကို ဘာဘာညာညာတွေမခြယ်ဘဲ မျက်တောင်လေးပဲကော့ပြီး သွားရတာကို ကြိုက်လို့ မျက်တောင်ကော့ဆေးလေးပဲ ကောင်းကောင်းဝယ်သုံးတယ်ယောင်းရေ။ Hearty Heart ရဲ့ Double Scoop Mascara လေးကတော့ တကယ်ကို နေ့စဉ်သုံးအနေနဲ့ အဆင်ပြေတယ်။ အပေါ်မျက်တောင်အတွက်တင်မကဘဲ အောက်မျက်တောင်အတွက်ပါ ထည့်ပေးထားတော့ စိတ်ရှုပ်ခံပြီး ပြူးပြဲကော့နေစရာ မလိုတော့ဘူးလေ။ ဒါပေမဲ့ သူကတော့ မျက်ခမ်းပေါ်မှာ ပြန့်တတ်တာမို့ တစ်နေ့လုံး နေပူထဲတောက်လျှောက် ထွက်ရရင်တော့ မသုံးပါနဲ့။ သူက ဈေးလေးလည်း ပေါတယ်။ ၄၇၅၅ ကျပ်ဆိုတော့ ၄၈၀၀ ပေါ့။ တစ်ခါတလေ လိုင်နာသုံးရမယ်ဆိုရင်တော့ Maybelline ရဲ့ Hyper tight  လိုင်နာလေးသုံးပါတယ်။ နှင်းက ယိုးဒယားမှာ ဈေးချတုန်း ဝယ်ထားတာဆိုတော့ ၈၆၀၀ ပဲကျတယ်။ ဘာလို့ဒီ Hyper Tight လေးကို ရွေးလဲဆိုတော့ သူ့ရဲ့ ဘူးပုံစံကိုက ဘေးတစ်စောင်းလေးဖြစ်တဲ့အပြင် ထိပ်ကလည်း ခပ်ချွန်ချွန်လေးဆိုတော့ ဆွဲရတာ အရမ်းမခက်တော့ဘူးရယ်။ ပြီးရင် မပြန့်တတ်ဘူးသိလား။ တစ်နေကုန် ချွေးတွေရော ရေတွေရော အမျိုးစုံ ကြိုးခုန်ပြီး ထိတာတောင် နည်းနည်းပါးပါး ကွက်သွားတာပဲရှိတာ။ အရည်တွေပျော်မကျလာဘူး။

လိုင်နာထိပ်ရဲ့ ထောင့်ချိုးကိုမေး

ဘလင်းဘလင်းဟိုင်းလိုက်

အခုက ဘလင်းဘလင်းခေတ်ဆိုတော့ ဟိုင်းလိုက်ကလည်း မပါမဖြစ် ထည့်ရမှာပဲလေ။ နှင်းကတော့ ဟိုင်းလိုက်ကို အသစ်ထပ်ဝယ်သုံးမနေဘဲ ရှဲဒိုးတွေထဲမှာပဲပါတဲ့ ဘလင်းဘလင်းအဖြစ်ဆုံး အလက်အလက်အများဆုံးပါတဲ့ အကွက်ကိုပဲ လက်ကလေးနဲ့ယူပြီး ပါးရိုးပေါ်မှာတင်ဖြစ်တယ်။ ဒါ့အပြင် အသုံးအများဆုံးက Tony Moly ရဲ့ Cushion Pot လို့ခေါ်တဲ့ ရှဲဒိုးအကွက်အသေးလေးထဲမှာမှ ရွှေရောင်ကို သုံးဖြစ်ပါတယ်။ ဈေးနှုန်းလေးကတော့  ၁၀၅၀၀ပါ။ နှုတ်ခမ်းနီကတော့ ယောင်းတို့ဆီမှာရှိပြီးသားမို့ တကူးတကထည့်ပြီး မညွှန်းတော့ဘူးနော်။ ပါးနီကိုလည်း အဲဒီနှုတ်ခမ်းနီဆိုးပြီး လက်ကျန်အရောင်လေးတွေကို လက်ညှိုးထိပ်လေးနဲ့ ခပ်ဖွဖွလေးယူပြီး ပါးပေါ်ဖြန့်ပေးရုံပါပဲ။

လက်ညှိုးလေးနဲ့ဖိဆွဲပြီး လင်းချင်တဲ့ နေရာတွေပေါ်မှာ ဖွဖွလေးပွတ်လိုက်ပါ

Related Article >>> မိတ်ကပ်ကို ပန်းပုထုထားသလို သူတို့ဘယ်လိုလိမ်းကြလဲ?

ကဲ အားလုံးပေါင်းကြည့်တဲ့အခါ ၅၂၂၀၀ တိတိကျပါတယ်။ မျက်နှာ်တစ်ခုလုံးကို နှင်းအိမ်မှာ သုံးတဲ့ ဘရန်းတွေပဲ ထည့်ပေးထားတာပါနော်။ ဘတ်ဂျက်ဆိုလို့ ဈေးအပေါတကာ့ အပေါဆုံးတွေ မဟုတ်ရပါဘူးနော်.. ကွာလတီလည်းကောင်းကောင်းလေးနဲ့ ဈေးလည်း အဲ့လောက်မကြီးတဲ့ဘရန်းလေးတွေပေါ့… ပုံလေးတွေလည်း ထည့်ပေးထားတာဆိုတော့ ဝယ်ရတာလွယ်ကူပြီး အဆင်လည်း ပြေလိမ့်မယ်လို့ ယုံကြည်ပါတယ်။ တခြား အလှအပနဲ့ပတ်သက်ပြီးလည်း ထပ်မျှဝေပေးဦးမှာမို့ For Her Myanmar Page ကိုစောင့်ကြည့်ပေးနော်။

Hnin Ei Oo (For Her Myanmar)

Hnin Ei Oo
Hnin Ei Oo
အလွအပ၊ ဖက္ရွင္၊ gym နဲ႔ပတ္သက္တဲ့ ဗဟုသုတေတြ၊ အခ်စ္ေရး စတဲ့က႑ေတြကို အဓိကထားေရးတဲ့ စာေရးသူေပါက္စေလး ေတ်ာက္ပါ 😁 အခြီနဲ႔ စိတ္ဓာတ္ခြန္အားေပးစာေတြကိုလည္း ဒဲ့တိုးေတြ ေရးတတ္ပါေသးတယ္ 😛

Leave a Reply

Your email address will not be published. Required fields are marked *