ဆံပင္ပါးတဲ့ေယာင္းေတြအတြက္ Hair styling လုပ္နည္း (၅) နည္း

ဆံပင္ပါးလို႔ စိတ္ညစ္ေနသလား ?

ေယာင္းတို႔ေရ … ဆံပင္ပါးတာကလည္း တစ္ခါတေလက် စိတ္ညစ္စရာ ေကာင္းလြန္းပါတယ္… အၿမဲလိုလိုျပားကပ္ကပ္နဲ႔ ေရမ်ားစိုလိုက္ရင္ ႂကြက္စုတ္လံုးလံုးျဖစ္ေရာ … သူမ်ားေတြလို အံုထူထူေလးနဲ႔ ဖလန္းခ်င္ေပမဲ့ မိန္းမတို႔အလို ဆံပင္မလိုက္ႏိုင္ဆိုသလို ဆံပင္အလိပ္လွလွေလးေတြဟာ Stella လို ဆံပင္ပါးတဲ့သူအတြက္ေတာ့ ေဝးၿပီးရင္းေဝးပါပဲ။ ဒီေတာ့ ဆံပင္အံုမထူတဲ့သူေတြအတြက္ ဆံသားထူသေယာင္ျဖစ္ေစမယ့္ Styling tips ေလးေတြ ေဝမွ်ေပးသြားမယ္ေနာ္…

(၁) Blow-dry

Blow-dry လို႔ေခၚတဲ့ အေျခာက္မႈတ္တာက ေယာင္းဆံေကသာကို ပြေယာင္းေယာင္းျဖစ္ေစတာမို႔ အံုထူသေယာင္နဲ႔ ပံုက်ေစပါတယ္။ ဆိုင္မွာေသခ်ာေလးလုပ္ရင္ေတာ့ ပိုေကာင္းတာေပါ့ေနာ္။

(၂) ေအာက္ေနအေပၚကိုၿဖီးပါ

ဆံပင္ၿဖီးတဲ့အခါ ေအာက္ကေနအေပၚကို လွန္ၿဖီးတာက ေယာင္းရဲ႕ဆံပင္ကို ထူသေယာင္ျဖစ္ေစပါတယ္။ ဆံပင္ခ်ထားမယ္ဆိုရင္ေတာ့ ဆံပင္ကို အပိုင္းေလးေတြခြဲၿပီး ျဖည္းျဖည္းခ်င္းေျပာင္းျပန္ၿဖီးတာက စူပါေမာ္ဒယ္ေတြလို အံုထူတဲ့ဆံပင္ျဖစ္ေစမွာပါ။ ဒါေပမဲ့ ဒီနည္းက ဆံသားႏွစ္ခြျဖစ္ၿပီး ဆံပင္ကိုပ်က္စီးေစတာေၾကာင့္ Stella ကေတာ့ အားမေပးပါဘူး။

Related article >>> ေငြကုန္ေၾကးက်သက္သာစြာနဲ႔ အိမ္မွာအလြယ္တကူလုပ္ႏိုင္မယ့္ Face Mask (၃) ခု

(၃) Hair Spray

စပေရးျဖန္းထားတဲ့အခါ ဆံပင္က ေတာင့္ၿပီး ပံုသြင္းထားတဲ့အတိုင္း တစ္ေနကုန္ခံတာမို႔ ပြဲတက္စရာရွိတဲ့အခါေတြပါ အရမ္းအသံုးဝင္ပါတယ္။ ဒါေပမဲ့ ေနာက္တစ္ေန႔မွာ ဂ်ပ္ခဲႀကီးျဖစ္ေနတာမို႔ ေခါင္းထပ္ေလွ်ာ္ရတဲ့ အခ်က္ကေတာ့ သတိထားစရာပါပဲ..

(၄) Dry Shampoo

ဒါကေတာ့ Stella အႀကိဳက္ဆံုးနည္းလမ္းပါ။ ေခါင္းမေလွ်ာ္ရေသးတဲ့အခ်ိန္ အဆီထြက္ၿပီး ဆံပင္ျပားကပ္ကပ္ျဖစ္ေနၿပီဆို Dry Shampoo ေကာက္သံုးလိုက္ပါတယ္။ အထူးသျဖင့္ ဒီလိုေႏြရာသီမွာ မရွိမျဖစ္ပါ။ အခ်ိန္သိပ္ေပးစရာမလိုဘဲ ဆံပင္ပံုက်သြားတာမို႔ အိတ္ထဲမွာ ေဆာင္ထားသင့္တဲ့ အရာတစ္ခုပါပဲ ေယာင္းတို႔ေရ…

(၅) ဆံပင္အလိပ္

ဆံပင္ပါးတဲ့ေကာင္မေလးအမ်ားစုရဲ႕ အိပ္မက္က ထူထူအိအိဆံပင္အေခြအလိပ္ေတြပါ။ ရုပ္ရွင္ေတြ မဂၢဇင္းေတြထဲမွာ ဆံပင္အေခြအလိပ္ေလးေတြနဲ႔ မင္းသမီးေတြ ေမာ္ဒယ္ေတြကိုေတြ႔ရင္ သိပ္အားက်ရတာေပါ့။ အဲ့လိုအေခြအလိပ္ေလးေတြကို ဆံပင္အံုမထူလည္း ပိုင္ဆိုင္ႏိုင္ပါၿပီ။ အရင္ဆံုး ဆိုင္မွာ အထပ္ထပ္ဆံပင္စတိုင္လ္ေလးညွပ္လိုက္ပါ။ ၿပီးရင္ေတာ့ အိမ္မွာ အပူေခ်ာင္းနဲ႔ ကိုယ့္ဟာကိုယ္အလိပ္ႀကီးႀကီးလိပ္ၿပီး စပေရးျဖန္းလိုက္ပါ။ ဒါဆိုေယာင္းလည္း ဆံပင္အေခြလိပ္လိပ္ေလးေတြ ရၿပီးေပါ့။

Related article >>> ခ်င္းကို သံုးၿပီး ဆံပင္သန္ေအာင္ လုပ္ၾကမယ္…

ကဲ … ဒီေလာက္ဆိုရင္ ဆံပင္ပါးတဲ့ေယာင္းေတြလည္း ဆံပင္ကို အံုထူသေယာင္ျဖစ္ေအာင္ ဘယ္လို styling လုပ္ရမလဲဆိုတာ သိၾကေလာက္ၿပီေပါ့ေနာ္။ ဒီထက္ပိုၿပီး ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈအျပည့္နဲ႔ လန္းေနႏိုင္ပါေစ ေယာင္းေရ …

Stella (For Her Myanmar)

<<< Unicode >>>

ဆံပင်ပါးလို့ စိတ်ညစ်နေသလား ?

ယောင်းတို့ရေ … ဆံပင်ပါးတာကလည်း တစ်ခါတလေကျ စိတ်ညစ်စရာ ကောင်းလွန်းပါတယ်… အမြဲလိုလိုပြားကပ်ကပ်နဲ့ ရေများစိုလိုက်ရင် ကြွက်စုတ်လုံးလုံးဖြစ်ရော … သူများတွေလို အုံထူထူလေးနဲ့ ဖလန်းချင်ပေမဲ့ မိန်းမတို့အလို ဆံပင်မလိုက်နိုင်ဆိုသလို ဆံပင်အလိပ်လှလှလေးတွေဟာ Stella လို ဆံပင်ပါးတဲ့သူအတွက်တော့ ဝေးပြီးရင်းဝေးပါပဲ။ ဒီတော့ ဆံပင်အုံမထူတဲ့သူတွေအတွက် ဆံသားထူသယောင်ဖြစ်စေမယ့် Styling tips လေးတွေ ဝေမျှပေးသွားမယ်နော်…

(၁) Blow-dry

Blow-dry လို့ခေါ်တဲ့ အခြောက်မှုတ်တာက ယောင်းဆံကေသာကို ပွယောင်းယောင်းဖြစ်စေတာမို့ အုံထူသယောင်နဲ့ ပုံကျစေပါတယ်။ ဆိုင်မှာသေချာလေးလုပ်ရင်တော့ ပိုကောင်းတာပေါ့နော်။

(၂) အောက်နေအပေါ်ကိုဖြီးပါ

ဆံပင်ဖြီးတဲ့အခါ အောက်ကနေအပေါ်ကို လှန်ဖြီးတာက ယောင်းရဲ့ဆံပင်ကို ထူသယောင်ဖြစ်စေပါတယ်။ ဆံပင်ချထားမယ်ဆိုရင်တော့ ဆံပင်ကို အပိုင်းလေးတွေခွဲပြီး ဖြည်းဖြည်းချင်းပြောင်းပြန်ဖြီးတာက စူပါမော်ဒယ်တွေလို အုံထူတဲ့ဆံပင်ဖြစ်စေမှာပါ။ ဒါပေမဲ့ ဒီနည်းက ဆံသားနှစ်ခွဖြစ်ပြီး ဆံပင်ကိုပျက်စီးစေတာကြောင့် Stella ကတော့ အားမပေးပါဘူး။

Related article >>> ငွေကုန်ကြေးကျသက်သာစွာနဲ့ အိမ်မှာအလွယ်တကူလုပ်နိုင်မယ့် Face Mask (၃) ခု

(၃) Hair Spray

စပရေးဖြန်းထားတဲ့အခါ ဆံပင်က တောင့်ပြီး ပုံသွင်းထားတဲ့အတိုင်း တစ်နေကုန်ခံတာမို့ ပွဲတက်စရာရှိတဲ့အခါတွေပါ အရမ်းအသုံးဝင်ပါတယ်။ ဒါပေမဲ့ နောက်တစ်နေ့မှာ ဂျပ်ခဲကြီးဖြစ်နေတာမို့ ခေါင်းထပ်လျှော်ရတဲ့ အချက်ကတော့ သတိထားစရာပါပဲ..

(၄) Dry Shampoo

ဒါကတော့ Stella အကြိုက်ဆုံးနည်းလမ်းပါ။ ခေါင်းမလျှော်ရသေးတဲ့အချိန် အဆီထွက်ပြီး ဆံပင်ပြားကပ်ကပ်ဖြစ်နေပြီဆို Dry Shampoo ကောက်သုံးလိုက်ပါတယ်။ အထူးသဖြင့် ဒီလိုနွေရာသီမှာ မရှိမဖြစ်ပါ။ အချိန်သိပ်ပေးစရာမလိုဘဲ ဆံပင်ပုံကျသွားတာမို့ အိတ်ထဲမှာ ဆောင်ထားသင့်တဲ့ အရာတစ်ခုပါပဲ ယောင်းတို့ရေ…

(၅) ဆံပင်အလိပ်

ဆံပင်ပါးတဲ့ကောင်မလေးအများစုရဲ့ အိပ်မက်က ထူထူအိအိဆံပင်အခွေအလိပ်တွေပါ။ ရုပ်ရှင်တွေ မဂ္ဂဇင်းတွေထဲမှာ ဆံပင်အခွေအလိပ်လေးတွေနဲ့ မင်းသမီးတွေ မော်ဒယ်တွေကိုတွေ့ရင် သိပ်အားကျရတာပေါ့။ အဲ့လိုအခွေအလိပ်လေးတွေကို ဆံပင်အုံမထူလည်း ပိုင်ဆိုင်နိုင်ပါပြီ။ အရင်ဆုံး ဆိုင်မှာ အထပ်ထပ်ဆံပင်စတိုင်လ်လေးညှပ်လိုက်ပါ။ ပြီးရင်တော့ အိမ်မှာ အပူချောင်းနဲ့ ကိုယ့်ဟာကိုယ်အလိပ်ကြီးကြီးလိပ်ပြီး စပရေးဖြန်းလိုက်ပါ။ ဒါဆိုယောင်းလည်း ဆံပင်အခွေလိပ်လိပ်လေးတွေ ရပြီးပေါ့။

Related article >>> ချင်းကို သုံးပြီး ဆံပင်သန်အောင် လုပ်ကြမယ်…

ကဲ … ဒီလောက်ဆိုရင် ဆံပင်ပါးတဲ့ယောင်းတွေလည်း ဆံပင်ကို အုံထူသယောင်ဖြစ်အောင် ဘယ်လို styling လုပ်ရမလဲဆိုတာ သိကြလောက်ပြီပေါ့နော်။ ဒီထက်ပိုပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့ လန်းနေနိုင်ပါစေ ယောင်းရေ …

Stella (For Her Myanmar)

No Comments Yet

Comments are closed