Beauty Celebrity News

Gigi Hadid ရဲ႕ တစ္ေန႔တာ စားေသာက္တဲ့ပံုစံနဲ႔ ေလ့က်င့္ခန္း

အလွနတ္မိမယ္ရဲ႕ တစ္ေန႔စာပလန္ ဒီဇိုင္းကာလာဘာညာ အေနအထားဟာဆိုရင္ေတာ့ျဖင့္….

GiGi Hadid လို႔႔ေျပာလိုက္တာနဲ႔ သိပ္လွတဲ့ ခႏၶာကိုယ္ ေကာက္ေၾကာင္း၊ ဆြဲေဆာင္မႈအျပည့္ရွိၿပီး သိပ္လွတဲ့မ်က္ႏွာ၊ ကမာၻေက်ာ္ ဗစ္တိုးရီးယားစီးကရက္ေမာ္ဒယ္လ္လို႔ ေခါင္းထဲမွာ အခ်က္အလက္ေတြက တန္းစီၿပီးထြက္လာမွာပဲေနာ္… ဒီလို အစစအရာရာ ျပည့္စံုေနတဲ့ အလွနတ္မိမယ္တစ္ေယာက္ ျဖစ္လာဖို႔အတြက္ ေနာက္ကြယ္မွာ အားထုတ္မႈေတြအမ်ားႀကီး လိုက္ေနတယ္ဆိုတာကိုေတာ့ အထူးတလည္ ေျပာေနစရာမလိုေတာ့ပါဘူး ထင္ပါရဲ႕ ေယာင္းတို႔ေရ… GiGi လို လွခ်င္ပါတယ္ဆိုတဲ့ ေယာင္းေယာင္းေတြကို GiGi ရဲ႕ တစ္ေန႔တာ အစားအေသာက္နဲ႔ ေလ့က်င့္ခန္းပံုစံကို ဒီေဆာင္းပါးေလးထဲမွာ ေဖာ္ျပေပးသြားမွာပါ။ ကဲ ဆက္ၾကည့္ရေအာင္ေနာ္…

GiGi ရဲ႕ခႏၶာကိုယ္ကေတာ့ ဟိုးငယ္ဘဝကတည္းက အခ်ိဳးက်ၿပီးလွပခဲ့ပါတယ္တဲ့။ ဘာလို႔လဲဆိုေတာ့ သူ(မ) ဟာအားကစားအရမ္းလိုက္စားသူျဖစ္ၿပီး ငယ္စဥ္ကတည္းက ျမင္းစီးအားကစားကို မွန္မွန္လုပ္ခဲ့တာေၾကာင့္ပါ။ ေမာ္ဒယ္လ္ျဖစ္လာတဲ့အခ်ိန္မွာေတာ့ လက္ေဝွ႕ေန႔တုိင္းထိုးပါတယ္တဲ့။ ေန႔စဥ္ပံုမွန္အားကစားမလုပ္ခင္ ေသြးပူေလ့က်င့္ခန္းအေနနဲ႔ သဲအိတ္ကို ခပ္နာနာထိုးေလ့ရွိပါတယ္။

GiGi ဟာ တျခားခႏၶာကုိယ္အစိတ္အပိုင္းေတြထက္စာရင္ သူ(မ) ရဲ႕ ဗိုက္သားကို ဦးစားေပးၿပီး ေလ့က်င့္သူပါ။ ၁၀မိနစ္စာ လက္ေဝွ႕ထိုးၿပီးတာနဲ႔ အိပ္ထမတင္ အႀကိမ္ ၄၀ (၃) ေၾကာ့၊ စက္ဘီးနင္းတဲ့ပံုစံ အိပ္ထမတင္ အႀကိမ္ ၄၀ (၃) ေၾကာ့၊ ေနာက္ဆံုးပိတ္အေနနဲ႔ ၁ မိနစ္စာ plank ေထာက္တာကို ေန႔တိုင္းထည့္ၿပီး ေလ့က်င့္ပါတယ္။

Women of Tomorrow 2
ပြဲအေၾကာင္း အေသးစိတ္ကို သိလိုပါက >> http://bit.ly/2WK7oFQ

တျခား ပုခံုးနဲ႔ လက္ေမာင္း ေလ့က်င့္ခန္းေတြအတြက္ကေတာ့ လက္ေဝွ႕ကိုပဲ ဦးစားေပးထိုးရင္း ေလ့က်င့္ပါတယ္တဲ့။ ေအာက္ပိုင္းကိုေတာ့ တင္ထိုင္တဲ့ေလ့က်င့္ခန္း (squad) အႀကိမ္ ၄၀ (၃) ေၾကာ့၊ ဆူမိုတင္ထိုင္တဲ့ေလ့က်င့္ခန္း (sumo squad) အႀကိမ္ ၄၀ (၃) ေၾကာ့၊ ေျခကန္တဲ့ေလ့က်င့္ခန္းကိုေတာ့ အႀကိမ္ ၄၀ (၃) ေၾကာ့ေဆာ့ပါတယ္တဲ့။ သူ(မ) ရဲ႕ထရိန္နာ အတင္းတုပ္ပံုအရဆိုရင္ သူ(မ) က အခန္းထဲ ေအာင္းၿပီး ေလ့က်င့္ခန္းေတြ လုပ္ေနရတာထက္စာရင္ အျပင္မွာ လႈပ္ရွားမႈေတြလုပ္ရတာ ပိုႀကိဳက္တတ္သူပါတဲ့ေလ။

Gigi hadid
ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေလး ေလ့က်င့္ခန္းလုပ္ေစခ်င္ 😛

Related Article >>> အင္စတာဂရမ္ မွာ ပံုတစ္ခါတင္တိုင္း ေဒၚလာသိန္းခ်ီရတဲ့နာမည္ေက်ာ္(၉) ဦး

GiGi ရဲ႕ေနာက္လွ်ိဳ႕ဝွက္ခ်က္တစ္ခုကေတာ့ အစားအေသာက္ကို သင့္တင့္မွ်တၿပီး က်န္းမာေရးနဲ႔ညီညႊတ္ေအာင္ ေသခ်ာတြက္ခ်က္ၿပီး စားေသာက္တာပါပဲ။ သူ(မ)ဟာ ေလ့က်င့္ခန္းထက္စာရင္ အစားအေသာက္ကို ပိုၿပီး သတိထားစားေသာက္ဖို႔ ေျပာတတ္သူပါ။ မနက္စာကိုေတာ့ ႀကိတ္ေျခထားတဲ့ ၾကက္ဥျပဳတ္၊ ဝက္ေပါင္ေျခာက္နဲ႔ ေပါင္မုန္႔မီးကင္၊ လိေမၼာ္ေဖ်ာ္ရည္နဲ႔ ေကာ္ဖီကို အမ်ားႀကီးစားသူပါ။

Gigi hadid

ေန႔လယ္စာကိုေတာ့ သူ(မ) ႀကိဳက္ႏွစ္သက္တဲ့ အရြက္သုပ္ တစ္မ်ိဳးမ်ိဳး၊ အသီးေဖ်ာ္ရည္ကို စားေသာက္ၿပီး ညဘက္မွာေတာ့ ဆူရွီနဲ႔ ေဖ်ာ္ရည္ကို စားတတ္ပါတယ္။ ေနာက္ၿပီး သူ(မ) ဟာ သူ(မ) စားေသာက္မယ့္အစားအေသာက္ေတြကို ကိုယ္တိုင္ ျပင္ဆင္ခ်က္ျပဳတ္တတ္သူပါ။ ေနာက္ၿပီး ေရခဲမုန္႔အတြက္လည္း တစ္ေနရာစာ ခ်န္တတ္ပါေသးတယ္။ ဒါေပမဲ့ ဒီလိုပံုစံကို ေန႔တိုင္းစားတာမဟုတ္ပါဘူး။

Cheat day ဆိုတဲ့သူစားခ်င္တာ ေသာက္ခ်င္တာေတြကို တမုန္းစားတဲ့ ေန႔လည္းရွိပါတယ္။ ခ်ိစ္ဘာဂါႀကိဳက္သူမို႔ Cheat Day  ဆိုရင္ ခ်ိစ္ဘာဂါနဲ႔ အာလူးေခ်ာင္းေၾကာ္ေတြကို အသားကုန္ထိုင္စားေနတတ္တဲ့ သူ(မ) ကို နယူးေယာက္ၿမိဳ႕ရဲ႕ ဘာဂါဆိုင္မွာ ေတြ႔ရပါလိမ့္မယ္ 😛 ေနာက္ၿပီး အသီးေဖ်ာ္ရည္နဲ႔ ေရကိုလည္း သတိရရင္ရသလို အမ်ားႀကီးေသာက္ပါတယ္တဲ့။ ဒါေၾကာင့္ စိုစိုျပည္ျပည္နဲ႔ လွေနတာကိုး။

Gigi hadid
ရွင္တို႔ အစာအငတ္ခံေနတဲ့အခ်ိန္ ကၽြန္မကေတာ့ ခ်ိစ္ဘာဂါနဲ႔ ၿငိမ့္ေနတာပါေနာ္ 😛

Related Article >>>> Wonder Woman ဇာတ္ေကာင္အတြက္ Gal Gadot ဘာေတြလုပ္ခဲ့ရလဲ

ကဲ ဝိတ္က်ဖို႔အတြက္ တစ္ေန႔လံုး ေရပဲေသာက္ၿပီး တျခားဘာမွမစားဘူးဆိုတဲ့ မမေတြ ဘယ့္ႏွယ္ရွိစ? ဝိတ္ခ်တယ္ဆိုတာ လံုးဝ မစားမေသာက္ ေနတာမ်ိဳးမဟုတ္ဘဲ စိတ္အလိုလိုက္ၿပီး မစားဖို႔၊ ကိုယ့္စိတ္ကိုယ္ ထိန္းသိမ္းၿပီး ေနာက္ကေလ့က်င့္ခန္းေလးလည္း ကူဖို႔ေျပာတာပါ။ အခ်ိဳေတြ၊ ေဟာ့ေပါ့နဲ႔ မာလာရွမ္းေကာေတြကုိ ကိုယ့္စိတ္တိုင္းက် စားခ်င္သေလာက္စားေနသေရြ႕ေတာ့ အဟင္းေနာ္.. အဟင္း…

ကိုယ္ကေမာ္ဒယ္မွမဟုတ္တာ ဝလည္းလွတာပဲ ဆိုေပမဲ့ ကိုယ့္က်န္းမာေရးကို ထိခိုက္လာတဲ့အထိဆိုရင္ေတာ့ သတိထားဆင္ျခင္ဖို႔ သင့္ပါတယ္လို႔ သတိေပးလိုက္ပါရေစ ေယာင္းတို႔ေရ…

Hnin Ei Oo (For Her Myanmar)

References: Fashion Lady, Popsugar

<<< Unicode >>>

အလှနတ်မိမယ်ရဲ့ တစ်နေ့စာပလန် ဒီဇိုင်းကာလာဘာညာ အနေအထားဟာဆိုရင်တော့ဖြင့်….

GiGi Hadid လို့ပြောလိုက်တာနဲ့ သိပ်လှတဲ့ ခန္ဓာကိုယ် ကောက်ကြောင်း၊ ဆွဲဆောင်မှုအပြည့်ရှိပြီး သိပ်လှတဲ့မျက်နှာ၊ ကမ္ဘာကျော် ဗစ်တိုးရီးယားစီးကရက်မော်ဒယ်လ်လို့ ခေါင်းထဲမှာ အချက်အလက်တွေက တန်းစီပြီးထွက်လာမှာပဲနော်… ဒီလို အစစအရာရာ ပြည့်စုံနေတဲ့ အလှနတ်မိမယ်တစ်ယောက် ဖြစ်လာဖို့အတွက် နောက်ကွယ်မှာ အားထုတ်မှုတွေအများကြီး လိုက်နေတယ်ဆိုတာကိုတော့ အထူးတလည် ပြောနေစရာမလိုတော့ပါဘူး ထင်ပါရဲ့ ယောင်းတို့ရေ… GiGi လို လှချင်ပါတယ်ဆိုတဲ့ ယောင်းယောင်းတွေကို GiGi ရဲ့ တစ်နေ့တာ အစားအသောက်နဲ့ လေ့ကျင့်ခန်းပုံစံကို ဒီဆောင်းပါးလေးထဲမှာ ဖော်ပြပေးသွားမှာပါ။ ကဲ ဆက်ကြည့်ရအောင်နော်…

GiGi ရဲ့ခန္ဓာကိုယ်ကတော့ ဟိုးငယ်ဘဝကတည်းက အချိုးကျပြီးလှပခဲ့ပါတယ်တဲ့။ ဘာလို့လဲဆိုတော့ သူ(မ) ဟာအားကစားအရမ်းလိုက်စားသူဖြစ်ပြီး ငယ်စဉ်ကတည်းက မြင်းစီးအားကစားကို မှန်မှန်လုပ်ခဲ့တာကြောင့်ပါ။ မော်ဒယ်လ်ဖြစ်လာတဲ့အချိန်မှာတော့ လက်ဝှေ့နေ့တိုင်းထိုးပါတယ်တဲ့။ နေ့စဉ်ပုံမှန်အားကစားမလုပ်ခင် သွေးပူလေ့ကျင့်ခန်းအနေနဲ့ သဲအိတ်ကို ခပ်နာနာထိုးလေ့ရှိပါတယ်။

GiGi ဟာ တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေထက်စာရင် သူ(မ) ရဲ့ ဗိုက်သားကို ဦးစားပေးပြီး လေ့ကျင့်သူပါ။ ၁၀မိနစ်စာ လက်ဝှေ့ထိုးပြီးတာနဲ့ အိပ်ထမတင် အကြိမ် ၄၀ (၃) ကြော့၊ စက်ဘီးနင်းတဲ့ပုံစံ အိပ်ထမတင် အကြိမ် ၄၀ (၃) ကြော့၊ နောက်ဆုံးပိတ်အနေနဲ့ ၁ မိနစ်စာ plank ထောက်တာကို နေ့တိုင်းထည့်ပြီး လေ့ကျင့်ပါတယ်။

Women of Tomorrow 2
ပွဲအကြောင်း အသေးစိတ်ကို သိလိုပါက >> http://bit.ly/2WK7oFQ

တခြား ပုခုံးနဲ့ လက်မောင်း လေ့ကျင့်ခန်းတွေအတွက်ကတော့ လက်ဝှေ့ကိုပဲ ဦးစားပေးထိုးရင်း လေ့ကျင့်ပါတယ်တဲ့။ အောက်ပိုင်းကိုတော့ တင်ထိုင်တဲ့လေ့ကျင့်ခန်း (squad) အကြိမ် ၄၀ (၃) ကြော့၊ ဆူမိုတင်ထိုင်တဲ့လေ့ကျင့်ခန်း (sumo squad) အကြိမ် ၄၀ (၃) ကြော့၊ ခြေကန်တဲ့လေ့ကျင့်ခန်းကိုတော့ အကြိမ် ၄၀ (၃) ကြော့ဆော့ပါတယ်တဲ့။ သူ(မ) ရဲ့ထရိန်နာ အတင်းတုပ်ပုံအရဆိုရင် သူ(မ) က အခန်းထဲ အောင်းပြီး လေ့ကျင့်ခန်းတွေ လုပ်နေရတာထက်စာရင် အပြင်မှာ လှုပ်ရှားမှုတွေလုပ်ရတာ ပိုကြိုက်တတ်သူပါတဲ့လေ။

Gigi hadid
ပျော်ပျော်ရွှင်ရွှင်လေး လေ့ကျင့်ခန်းလုပ်စေချင် 😛

Related Article >>> အင်စတာဂရမ် မှာ ပုံတစ်ခါတင်တိုင်း ဒေါ်လာသိန်းချီရတဲ့နာမည်ကျော်(၉) ဦး

GiGi ရဲ့နောက်လျှို့ဝှက်ချက်တစ်ခုကတော့ အစားအသောက်ကို သင့်တင့်မျှတပြီး ကျန်းမာရေးနဲ့ညီညွှတ်အောင် သေချာတွက်ချက်ပြီး စားသောက်တာပါပဲ။ သူ(မ)ဟာ လေ့ကျင့်ခန်းထက်စာရင် အစားအသောက်ကို ပိုပြီး သတိထားစားသောက်ဖို့ ပြောတတ်သူပါ။ မနက်စာကိုတော့ ကြိတ်ခြေထားတဲ့ ကြက်ဥပြုတ်၊ ဝက်ပေါင်ခြောက်နဲ့ ပေါင်မုန့်မီးကင်၊ လိမ္မော်ဖျော်ရည်နဲ့ ကော်ဖီကို အများကြီးစားသူပါ။

Gigi hadid

နေ့လယ်စာကိုတော့ သူ(မ) ကြိုက်နှစ်သက်တဲ့ အရွက်သုပ် တစ်မျိုးမျိုး၊ အသီးဖျော်ရည်ကို စားသောက်ပြီး ညဘက်မှာတော့ ဆူရှီနဲ့ ဖျော်ရည်ကို စားတတ်ပါတယ်။ နောက်ပြီး သူ(မ) ဟာ သူ(မ) စားသောက်မယ့်အစားအသောက်တွေကို ကိုယ်တိုင် ပြင်ဆင်ချက်ပြုတ်တတ်သူပါ။ နောက်ပြီး ရေခဲမုန့်အတွက်လည်း တစ်နေရာစာ ချန်တတ်ပါသေးတယ်။ ဒါပေမဲ့ ဒီလိုပုံစံကို နေ့တိုင်းစားတာမဟုတ်ပါဘူး။

Cheat day ဆိုတဲ့သူစားချင်တာ သောက်ချင်တာတွေကို တမုန်းစားတဲ့ နေ့လည်းရှိပါတယ်။ ချိစ်ဘာဂါကြိုက်သူမို့ Cheat Day  ဆိုရင် ချိစ်ဘာဂါနဲ့ အာလူးချောင်းကြော်တွေကို အသားကုန်ထိုင်စားနေတတ်တဲ့ သူ(မ) ကို နယူးယောက်မြို့ရဲ့ ဘာဂါဆိုင်မှာ တွေ့ရပါလိမ့်မယ် 😛 နောက်ပြီး အသီးဖျော်ရည်နဲ့ ရေကိုလည်း သတိရရင်ရသလို အများကြီးသောက်ပါတယ်တဲ့။ ဒါကြောင့် စိုစိုပြည်ပြည်နဲ့ လှနေတာကိုး။

Gigi hadid
ရှင်တို့ အစာအငတ်ခံနေတဲ့အချိန် ကျွန်မကတော့ ချိစ်ဘာဂါနဲ့ ငြိမ့်နေတာပါနော် 😛

Related Article >>>> Wonder Woman ဇာတ်ကောင်အတွက် Gal Gadot ဘာတွေလုပ်ခဲ့ရလဲ

ကဲ ဝိတ်ကျဖို့အတွက် တစ်နေ့လုံး ရေပဲသောက်ပြီး တခြားဘာမှမစားဘူးဆိုတဲ့ မမတွေ ဘယ့်နှယ်ရှိစ? ဝိတ်ချတယ်ဆိုတာ လုံးဝ မစားမသောက် နေတာမျိုးမဟုတ်ဘဲ စိတ်အလိုလိုက်ပြီး မစားဖို့၊ ကိုယ့်စိတ်ကိုယ် ထိန်းသိမ်းပြီး နောက်ကလေ့ကျင့်ခန်းလေးလည်း ကူဖို့ပြောတာပါ။ အချိုတွေ၊ ဟော့ပေါ့နဲ့ မာလာရှမ်းကောတွေကို ကိုယ့်စိတ်တိုင်းကျ စားချင်သလောက်စားနေသရွေ့တော့ အဟင်းနော်.. အဟင်း…

ကိုယ်ကမော်ဒယ်မှမဟုတ်တာ ဝလည်းလှတာပဲ ဆိုပေမဲ့ ကိုယ့်ကျန်းမာရေးကို ထိခိုက်လာတဲ့အထိဆိုရင်တော့ သတိထားဆင်ခြင်ဖို့ သင့်ပါတယ်လို့ သတိပေးလိုက်ပါရစေ ယောင်းတို့ရေ…

Hnin Ei Oo (For Her Myanmar)

References: Fashion Lady, Popsugar

Hnin Ei Oo
Hnin Ei Oo
အလွအပ၊ ဖက္ရွင္၊ gym နဲ႔ပတ္သက္တဲ့ ဗဟုသုတေတြ၊ အခ်စ္ေရး စတဲ့က႑ေတြကို အဓိကထားေရးတဲ့ စာေရးသူေပါက္စေလး ေတ်ာက္ပါ 😁 အခြီနဲ႔ စိတ္ဓာတ္ခြန္အားေပးစာေတြကိုလည္း ဒဲ့တိုးေတြ ေရးတတ္ပါေသးတယ္ 😛

Leave a Reply

Your email address will not be published. Required fields are marked *