Beauty

တက္တူးကိုေတာင္ ေဖ်ာက္ပစ္ႏိုင္တဲ့ မိတ္ကပ္ရည္

အရမ္းနဲ႔မွ ႀကိဳက္ေနရပါၿပီလို႔ 🤑🤑🤑

မိတ္ကပ္အရည္ (foundation) ေရြးတဲ့အခါမွာ အမ်ားဆံုးထည့္တြက္ၾကတာက ကိုယ့္မ်က္ႏွာေပၚမွာ တာရွည္ခံဖို႔နဲ႔ ရွိသမွ်အမည္းစက္ေတြနဲ႔ အသားအေရမညီညာတာေတြကို မ်က္လွည့္ျပလိုက္သလို ေပ်ာက္သြားဖို႔ အဓိကထားၿပီး ေရြးၾကတာမလား။ ဒါေပမဲ့လည္း အလွျပင္ပစၥည္းတို႔ရဲ႕ ဂ်င္းေပါင္းခ်ဳပ္ထံုးစံအတိုင္း full coverage (မိတ္ကပ္အျပည့္) လုိ႔ပဲေျပာေျပာ တကယ္မဟုတ္မွန္းသိလာရေတာ့ ဝယ္ဖို႔ေတာင္ေၾကာက္ရြံ႕ေနရၿပီေလ။ (အဲ့ဒုကၡကို ႏွင္းလည္းႀကံဳရတယ္ :’) )

ဆိုေတာ့ ဒီေဆာင္းပါးေလးထဲမွာ အမည္းစက္ေတြဘာေတြအျပင္ တက္တူးကိုပါယာယီေပ်ာက္သြားေအာင္ ေဖ်ာက္ပစ္ႏိုင္တဲ့ မိတ္ကပ္အရည္တစ္မ်ိဳးအေၾကာင္း ေျပာျပခ်င္ပါတယ္။ ေနာက္ၿပီး ဒီမိတ္ကပ္က ကမာၻေက်ာ္ ဘေလာ့ဂါျဖစ္တဲ့ Jefree Star ရဲ႕ Approval (ေထာက္ခံခ်က္) ကိုရထားတဲ့ မိတ္ကပ္ျဖစ္တာမို႔ သူ႔ရဲ႕တူမတူတဲ့ အရည္အေသြးေတြက ဘာေတြျဖစ္မလဲဆိုတာ အတူတူဆက္ၾကည့္လိုက္ရေအာင္…

[embedyt] https://www.youtube.com/watch?v=wdD8oG8pOZQ[/embedyt]

Related Article >>> သဘာ၀က်က် Foundationလိမ္းၾကမယ္

Dermacol တံဆိပ္ကေတာ့ ၁၉၆၆ ခုႏွစ္ကတည္းက Barrandov Film Studios မွာထုတ္လုပ္ခဲ့ပါတယ္။ ဒီတံဆိပ္ကထုတ္လုပ္တဲ့ မိတ္ကပ္ေတြက ေဟာလိဝုဒ္မွာရွိတဲ့ နာမည္ႀကီးဆယ္လီေတြကို ရည္ရြယ္ၿပီး ဒီပစၥည္းထုတ္ဖို႔အတြက္ အလွအပပစၥည္းကၽြမ္းက်င္သူေတြ၊ ထုတ္လုပ္မႈအဆင့္ဆင့္ကို ကၽြမ္းက်င္ပညာရွင္ေတြနဲ႔ တီဗီဖန္သားျပင္ေပၚက မိတ္ကပ္ပံုစံ ရုပ္ထြက္ကို ခြဲျခားေပးတဲ့ ကၽြမ္းက်င္ပညာရွင္ေတြ အမ်ားႀကီးပူးေပါင္းထားတာမို႔ ထြက္လာတဲ့ပစၥည္းေတြက အေကာင္းဆံုးတကာ့ အေကာင္းဆံုးဆိုတဲ့ အရည္အေသြးေတြပဲျဖစ္ေနတာေပါ့။

ဒီမိတ္ကပ္ရဲ႕ texture (မိတ္ကပ္အသား) ကေတာ့ ပ်စ္ၿပီးခရင္မ္အမ်ိဳးအစားျဖစ္ၿပီး preservative-free (ဓာတုပစၥည္းမပါဝင္) တဲ့အမ်ိဳးအစားျဖစ္ပါတယ္။ ဖံုဖံုသိပ္သိပ္ ရလဒ္ေလး (Mattifying Effect) ထြက္ပါတယ္။ တျခားဘေလာ့ဂါေတြရဲ႕ ရီဗ်ဴးေတြအရဆိုရင္ ဒီမိတ္ကပ္က တကယ္လည္းပ်စ္ၿပီး ေတာ္ေတာ္ coverage ေကာင္းလို႔ တျခားအမည္းစက္နဲ႔ မ်က္ကြင္းညိဳတာေတြကို ေပ်ာက္သြားေအာင္ ေဖ်ာက္ပစ္ႏိုင္တယ္ဆိုေပမဲ့ အရမ္းသိပ္လြန္းလို႔ အေရးေၾကာင္းေတြပါေပၚတဲ့အထိျဖစ္ပါတယ္တဲ့။

ေနာက္ၿပီး မိတ္ကပ္သားအရမ္းထူတာမို႔ ေန႔စဥ္ထသြားထလာမိတ္ကပ္အေနနဲ႔ သံုးဖို႔အတြက္မသင့္ေတာ္ပါဘူး။  SPF 30 PA (ေနေလာင္ဒဏ္ကာကြယ္တဲ့အာနိသင္) ပါဝင္ၿပီး ေရစိုခံတဲ့အျပင္ အသားအေရအားလံုးနဲ႔သင့္ေတာ္ပါတယ္။ (အထိအခိုက္မခံတဲ့ အသားအေရပိုင္ရွင္ေတြသံုးရင္ေတာင္ ယားယံျခင္း၊ နီျမန္းျခင္း လံုးဝရွိမွာမဟုတ္ပါဘူးတဲ့။)

အပ္ခ်ေလာင္းဆိုၿပီး အကုန္ေပ်ာက္ကုန္ေရာ

ဘူးပံုစံကေတာ့ အလက္လက္ေတြပါဝင္တဲ့ ေရႊေရာင္ညွစ္ဘူးပံုစံျဖစ္ၿပီး မိတ္ကပ္အရည္ ၃၀ ဂရမ္ပါဝင္ပါတယ္။ အသံုးျပဳတဲ့အခါမွာလည္း မိတ္ကပ္သားသိပ္သည္းမႈ ၅၀% အထိပါဝင္တာမို႔ တစ္စက္ေလာက္ညွစ္လိုက္ရံုနဲ႔ မ်က္ႏွာတစ္ျပင္လံုးမွာ လံုလံုေလာက္ေလာက္ အသံုးျပဳႏိုင္ပါတယ္။ မ်က္ႏွာမွာပိုၿပီး တာရွည္ခံေအာင္ မိတ္ကပ္မလိမ္းခင္မွာ ေအာက္ခံ (Primer) နည္းနည္းလိမ္းေပးၿပီး ေနာက္ဆံုးေပါင္ဒါအမႈန္႔ (Setting Powder) နဲ႔အၿပီးသတ္လိုက္ဖို႔လည္း အညႊန္းစာထဲမွာေျပာထားပါတယ္။

တက္တူးလည္းေပ်ာက္

Related Article >>> BB နဲ႔ Foundation ယွဥ္ေရြးရမယ္ဆိုရင္…

တစ္ကမာၻလံုးရဲ႕ ထိပ္တန္းနံပါတ္ ၁ ပစၥည္းျဖစ္ေနေတာ့ အတုေတြထြက္တာဆိုတာကလည္း ေပါခ်င္းေသာခ်င္းပဲေလ။ အဲ့ေတာ့ ဂ်င္းမမိရေလေအာင္ သူ႔ရဲ႕ မူရင္းဝက္ဘ္ဆိုဒ္မွာ အတုအစစ္ခြဲနည္းကို ေျပာထားပါတယ္။ အဓိကအားျဖင့္ ဒီမိတ္ကပ္အရည္ရဲ႕ ေဖာ္ျမဴလာက အလူမီနီယမ္နဲ႔ပဲ ဓာတ္ျပဳျခင္းမရွိတာေၾကာင့္ သူ႔ရဲ႕ဘူးခြံကို ဒီအလူမီနီယမ္နဲ႔ပဲ သံုးထားပါတယ္။ ေနာက္ၿပီး ဘူးခြံရဲ႕အေရာင္ကလည္း ေရႊအိုေရာင္စစ္စစ္ျဖစ္ၿပီး မိတ္ကပ္အရည္ရဲ႕ အရည္အေသြးကလည္း ယွဥ္လို႔မရေအာင္ အရမ္းကြာပါတယ္။

ဟိုင္း ငါပါအစစ္ပါ
ပါကင္ေတြကို ေသခ်ာၾကည့္ပါဘာညာ

ဒီမိတ္ကပ္အရည္ကေတာ့ ေလာေလာဆယ္ ႏိုင္ငံတကာေဈးကြက္ထဲမွာ အေကာင္းဆံုး Full Coverage Foundation အေနနဲ႔ရပ္တည္ေနၿပီး မိတ္ကပ္ပညာရွင္ေတာ္ေတာ္မ်ားမ်ားရဲ႕ လက္စြဲတစ္လက္လည္း ျဖစ္ေနပါတယ္။ ဒါေပမဲ့လို႔ ပံုမွန္ထသြားထလာ မိတ္ကပ္တစ္ခုအေနနဲ႔ကေတာ့ အဲ့ေလာက္ထိ လုိအပ္တဲ့အေနအထားတစ္ခုမွာ မဟုတ္ပါဘူး။ သံုးခ်င္သပါ့ဆိုရင္ တစ္ခါတေလေလာက္သာ သင့္ေတာ္ေၾကာင္း အႀကံေပးလိုပါတယ္ေနာ္။ 

<<<Unicode version below>>>

တက်တူးကိုတောင်ဖျောက်ပစ်နိုင်တဲ့ မိတ်ကပ်အရည်

မိတ်ကပ်အရည် (foundation) ရွေးတဲ့အခါမှာ အများဆုံးထည့်တွက်ကြတာက ကိုယ့်မျက်နှာပေါ်မှာ တာရှည်ခံဖို့နဲ့ ရှိသမျှအမည်းစက်တွေနဲ့ အသားအရေမညီညာတာတွေကို မျက်လှည့်ပြလိုက်သလို ပျောက်သွားဖို့ အဓိကထားပြီး ရွေးကြတာမလား။ ဒါပေမဲ့လည်း အလှပြင်ပစ္စည်းတို့ရဲ့ ဂျင်းပေါင်းချုပ်ထုံးစံအတိုင်း full coverage (မိတ်ကပ်အပြည့်) လို့ပဲပြောပြော တကယ်မဟုတ်မှန်းသိလာရတော့ ဝယ်ဖို့တောင်ကြောက်ရွံ့နေရပြီလေ။ (အဲ့ဒုက္ခကို နှင်းလည်းကြုံရတယ် :’) )

ဆိုတော့ ဒီဆောင်းပါးလေးထဲမှာ အမည်းစက်တွေဘာတွေအပြင် တက်တူးကိုပါယာယီပျောက်သွားအောင် ဖျောက်ပစ်နိုင်တဲ့ မိတ်ကပ်အရည်တစ်မျိုးအကြောင်း ပြောပြချင်ပါတယ်။ နောက်ပြီး ဒီမိတ်ကပ်က ကမ္ဘာကျော် ဘလော့ဂါဖြစ်တဲ့ Jefree Star ရဲ့ Approval (ထောက်ခံချက်) ကိုရထားတဲ့ မိတ်ကပ်ဖြစ်တာမို့ သူ့ရဲ့တူမတူတဲ့ အရည်အသွေးတွေက ဘာတွေဖြစ်မလဲဆိုတာ အတူတူဆက်ကြည့်လိုက်ရအောင်…

[embedyt] https://www.youtube.com/watch?v=wdD8oG8pOZQ[/embedyt]

Dermacol တံဆိပ်ကတော့ ၁၉၆၆ ခုနှစ်ကတည်းက Barrandov Film Studios မှာထုတ်လုပ်ခဲ့ပါတယ်။ ဒီတံဆိပ်ကထုတ်လုပ်တဲ့ မိတ်ကပ်တွေက ဟောလိဝုဒ်မှာရှိတဲ့ နာမည်ကြီးဆယ်လီတွေကို ရည်ရွယ်ပြီး ဒီပစ္စည်းထုတ်ဖို့အတွက် အလှအပပစ္စည်းကျွမ်းကျင်သူတွေ၊ ထုတ်လုပ်မှုအဆင့်ဆင့်ကို ကျွမ်းကျင်ပညာရှင်တွေနဲ့ တီဗီဖန်သားပြင်ပေါ်က ယ့်မိတ်ကပ်ပုံစံ ရုပ်ထွက်ကို ခွဲခြားပေးတဲ့ ကျွမ်းကျင်ပညာရှင်တွေ အများကြီးပူးပေါင်းထားတာမို့ ထွက်လာတဲ့ပစ္စည်းတွေက အကောင်းဆုံးတကာ့ အကောင်းဆုံးဆိုတဲ့ အရည်အသွေးတွေပဲဖြစ်နေတာပေါ့။

ဒီမိတ်ကပ်ရဲ့ texture (မိတ်ကပ်အသား) ကတော့ ပျစ်ပြီးခရင်မ်အမျိုးအစားဖြစ်ပြီး preservative-free (ဓာတုပစ္စည်းမပါဝင်) တဲ့အမျိုးအစားဖြစ်ပါတယ်။ ဖုံဖုံသိပ်သိပ် ရလဒ်လေး (Mattifying Effect) ထွက်ပါတယ်။ တခြားဘလော့ဂါတွေရဲ့ ရီဗျူးတွေအရဆိုရင် ဒီမိတ်ကပ်က တကယ်လည်းပျစ်ပြီး တော်တော် coverage ကောင်းလို့ တခြားအမည်းစက်နဲ့ မျက်ကွင်းညိုတာတွေကို ပျောက်သွားအောင် ဖျောက်ပစ်နိုင်တယ်ဆိုပေမဲ့ အရမ်းသိပ်လွန်းလို့ အရေးကြောင်းတွေပါပေါ်တဲ့အထိဖြစ်ပါတယ်တဲ့။

နောက်ပြီး မိတ်ကပ်သားအရမ်းထူတာမို့ နေ့စဉ်ထသွားထလာမိတ်ကပ်အနေနဲ့ သုံးဖို့အတွက်မသင့်တော်ပါဘူး။ SPF 30 PA (နေလောင်ဒဏ်ကာကွယ်တဲ့အာနိသင်) ပါဝင်ပြီး ရေစိုခံတဲ့အပြင် အသားအရေအားလုံးနဲ့သင့်တော်ပါတယ်။ (အထိအခိုက်မခံတဲ့ အသားအရေပိုင်ရှင်တွေသုံးရင်တောင် ယားယံခြင်း၊ နီမြန်းခြင်း လုံးဝရှိမှာမဟုတ်ပါဘူးတဲ့။)

 

အပ်ချလောင်းဆိုပြီး အကုန်ပျောက်ကုန်ရော

ဘူးပုံစံကတော့ အလက်လက်တွေပါဝင်တဲ့ ရွှေရောင်ညှစ်ဘူးပုံစံဖြစ်ပြီး မိတ်ကပ်အရည် ၃၀ ဂရမ်ပါဝင်ပါတယ်။ အသုံးပြုတဲ့အခါမှာလည်း မိတ်ကပ်သားသိပ်သည်းမှု ၅၀% အထိပါဝင်တာမို့ တစ်စက်လောက်ညှစ်လိုက်ရုံနဲ့ မျက်နှာတစ်ပြင်လုံးမှာ လုံလုံလောက်လောက် အသုံးပြုနိုင်ပါတယ်။ မျက်နှာမှာပိုပြီး တာရှည်ခံအောင် မိတ်ကပ်မလိမ်းခင်မှာ အောက်ခံ (Primer) နည်းနည်းလိမ်းပေးပြီး နောက်ဆုံးပေါင်ဒါအမှုန့် (Setting Powder) နဲ့အပြီးသတ်လိုက်ဖို့လည်း အညွှန်းစာထဲမှာပြောထားပါတယ်။

တက်တူးလည်းပျောက်

တစ်ကမ္ဘာလုံးရဲ့ ထိပ်တန်းနံပါတ် ၁ ပစ္စည်းဖြစ်နေတော့ အတုတွေထွက်တာဆိုတာကလည်း ပေါချင်းသောချင်းပဲလေ။ အဲ့တော့ ဂျင်းမမိရလေအောင် သူ့ရဲ့ မူရင်းဝက်ဘ်ဆိုဒ်မှာ အတုအစစ်ခွဲနည်းကို ပြောထားပါတယ်။ အဓိကအားဖြင့် ဒီမိတ်ကပ်အရည်ရဲ့ ဖော်မြူလာက အလူမီနီယမ်နဲ့ပဲ ဓာတ်ပြုခြင်းမရှိတာကြောင့် သူ့ရဲ့ဘူးခွံကို ဒီအလူမီနီယမ်နဲ့ပဲ သုံးထားပါတယ်။ နောက်ပြီး ဘူးခွံရဲ့အရောင်ကလည်း ရွှေအိုရောင်စစ်စစ်ဖြစ်ပြီး မိတ်ကပ်အရည်ရဲ့ အရည်အသွေးကလည်း ယှဉ်လို့မရအောင် အရမ်းကွာပါတယ်။

ဟိုင်း ငါပါအစစ်ပါ
ပါကင်တွေကို သေချာကြည့်ပါဘာညာ

ဒီမိတ်ကပ်အရည်ကတော့ လောလောဆယ် နိုင်ငံတကာဈေးကွက်ထဲမှာ အကောင်းဆုံး Full Coverage Foundation အနေနဲ့ရပ်တည်နေပြီး မိတ်ကပ်ပညာရှင်တော်တော်များများရဲ့ လက်စွဲလည်းဖြစ်ပါတယ်။ ဒါပေမဲ့လို့ ပုံမှန်ထသွားထလာ မိတ်ကပ်တစ်ခုအနေနဲ့ကတော့ အဲ့လောက်ထိ လိုအပ်တဲ့အနေအထားတစ်ခုမှာ မဟုတ်ပါဘူး။ သုံးချင်သပါ့ဆိုရင် တစ်ခါတလေလောက်သာ သင့်တော်ကြောင်း အကြံပေးလိုပါတယ်နော်။

Hnin Ei Oo (For Her Myanmar)

References : Real, Fakeinfluenster

Hnin Ei Oo
Hnin Ei Oo
အလွအပ၊ ဖက္ရွင္၊ gym နဲ႔ပတ္သက္တဲ့ ဗဟုသုတေတြ၊ အခ်စ္ေရး စတဲ့က႑ေတြကို အဓိကထားေရးတဲ့ စာေရးသူေပါက္စေလး ေတ်ာက္ပါ 😁 အခြီနဲ႔ စိတ္ဓာတ္ခြန္အားေပးစာေတြကိုလည္း ဒဲ့တိုးေတြ ေရးတတ္ပါေသးတယ္ 😛

Leave a Reply

Your email address will not be published. Required fields are marked *