Beauty

ေဆာင္းတြင္းမွာ ေယာင္းအိတ္ထဲ မျဖစ္မေန ေဆာင္ထားသင့္တဲ့ အလွကုန္ပစၥည္း (၅) မ်ိဳး

ဒါေလးသိထားေတာ့ မိတ္ကပ္တစ္အိတ္လံုးကို သြားေလရာသယ္စရာမလိုေတာ့ဘူးေပါ့ေအ 😉😉😉

ေဆာင္းတြင္းဆိုတဲ့သေဘာက အင္မတန္မွ အသားအေရ ေျခာက္ေသြ႔၊ အက္ကြဲ စုတ္ျပတ္သတ္ တတ္တဲ့ကာလဆိုေတာ့ အိတ္ထဲမွာ ေရဘူးအပါအဝင္ ေရဓာတ္ျဖည့္ေပးႏိုင္မယ့္ ပစၥည္းမွန္သမွ်ကို သြားေလရာအရပ္မ်က္ႏွာတိုင္း သယ္သြားရတာ ေမာလွၿပီဆိုတဲ့ေယာင္းတို႔အတြက္ လံုးဝ မရွိလို႔မျဖစ္ဘူးဆိုတဲ့ ပစၥည္း ၅ မ်ိဳးကို ဒီေဆာင္းပါးေလးထဲမွာ ႏွင္းကေဖာ္ျပေပးသြားမွာပါ။ (ကိုယ္တိုင္လည္း ဒါေတြပဲသြားေလရာသယ္သြားတယ္ ငိငိ :P) ကဲ ဒီလိုဆိုရင္ အတူတူ ဆက္ဖတ္ၾကည့္လိုက္ရေအာင္ေနာ္…

(၁) ကူရွင္မိတ္ကပ္

ေဆာင္းတြင္းမို႔ အဆီမျပန္ဘူးလို႔ေတာ့ ေယာင္လို႔မွမထင္လိုက္ပါနဲ႔ေနာ္။ တျခား ေႏြရာသီေလာက္ အမ်ားႀကီးမျပန္ေပမဲ့ T-zone (နဖူးတစ္ျပင္၊ ႏွာရိုးေတာက္ေလွ်ာက္) မွာေတာ့ အနည္းနဲ႔အမ်ား အဆီျပန္တတ္ပါတယ္။ ဒါေၾကာင့္ ျပန္ျပန္ၿပီး မိတ္ကပ္ကိုပုတ္ (Touch up) ေပးဖို႔အတြက္ မိတ္ကပ္ကိုေတာ့ မျဖစ္မေနထည့္ထားဖို႔လိုပါတယ္။ ဒါေပမဲ့ ခါတိုင္းသံုးေနက် 2-way ေတြက်ျပန္ေတာ့လည္း မ်က္ႏွာကို ဖံုဖံုသိပ္သိပ္နဲ႔ အဆီေတြကိုပါ ျပန္ၿပီး သိပ္သြားေစတာမို႔ မိတ္ကပ္ရည္ မျပစ္မက်ဲနဲ႔ ေျပာင္ေျပာင္တင္းတင္းေလး ျဖစ္ေနေစမယ့္ ကူရွင္မိတ္ကပ္ကို ေဆာင္ထားလိုက္ပါ။

(၂) Shea Butter ပါဝင္တဲ့ ႏႈတ္ခမ္းနီ

အရင္ဆံုး Shea Butter ဆိုတာဘာလဲ ရွင္းျပေပးမယ္ေနာ္။ Shea Butter ဆိုတာ Shea အပင္ရဲ႕ ပင္စည္ကေန ထြက္လာတဲ့ အဆီေတြကို ေထာပတ္အေနနဲ႔ လုပ္ထားတာျဖစ္ပါတယ္။ ဒီ Shea Butter က ဗီတာမင္ဓာတ္ေတြ ႂကြယ္ဝစြာပါဝင္တဲ့အျပင္ ႏႈတ္ခမ္းသားကို ေရဓာတ္ျဖည့္ေပးၿပီး ေခ်ာေမြ႔ေစပါတယ္တဲ့။ ဒီေလာက္ဆို ႏွင္းဘာလို႔ ေယာင္းအိတ္ထဲမွာ ဒီႏႈတ္ခမ္းနီကို ေဆာင္ခိုင္းထားလဲဆိုတာ သိေလာက္ေရာေပါ့။

Related Article >>> ဒီႏွစ္ ေဆာင္းမွာ အျပတ္လန္းႏိုင္ဖို႔အတြက္ Jacket ဖက္ရွင္(၈) မ်ိဳး

(၃) ေရဓာတ္ျဖည့္ေပးတဲ့ မ်က္ႏွာစပေရး

ဒီစပေရးကေတာ့ ေဆာင္းတြင္းရယ္မွမဟုတ္ဘူး အဲကြန္းခန္းထဲမွာ တစ္ေနကုန္ေနရတဲ့ ေယာင္းေတြလည္း လံုးဝေဆာင္ထားသင့္တဲ့ ပစၥည္းပါ။ အသားအေရက ေျခာက္ကပ္ကပ္ႀကီးနဲ႔ အက္ေနတယ္လို႔ ခံစားရတာနဲ႔ ဒီစပေရးေလးကို ထုတ္ၿပီး ေကာက္ျဖန္းလိုက္ပါ။ ခ်က္ခ်င္းအသားအေရစိုျပည္သြားပါလိမ့္မယ္။ ႏွင္းကေတာ့ Glydire ရဲ႕ Firdo လို႔ေခၚတဲ့ စပေရးေလးသံုးျဖစ္တယ္။ သူက ေရဓာတ္ကို ေကာင္းေကာင္းျဖည့္ေပးတဲ့အျပင္ ျဖန္းလိုက္တာနဲ႔ အသားထဲကို လံုးဝေအးၿပီး စိိမ့္ဝင္သြားတာ။ အရြယ္ေလးကလည္း အိတ္ေဆာင္အရြယ္ေလးဆိုေတာ့ သယ္ရျပဳရလြယ္တယ္။ ဒါ့အျပင္ Taiwan Excellence 2016 ဆုကိုလည္းရထားေတာ့ စိတ္ခ်လက္ခ်သံုးလို႔ရတယ္ေလ။ ေဈးႏႈန္းကလည္း သင့္တင့္တာမို႔ ႏွင္းလက္စြဲျဖစ္ေနတာေပါ့ 😛 (ၿပီးေတာ့ သူ႔မွာက ဒီစပေရးအျပင္ ျမန္မာႏိုင္ငံရာသီဥတုနဲ႔ ကိုက္ညီေအာင္ ထုတ္လုပ္ထားတဲ့ တျခားပစၥည္းေတြလည္း အမ်ားႀကီးရွိေသးတယ္တဲ့။) For Her Myanmar Club မန္ဘာဝင္ ေယာင္းေယာင္းတို႔ကေတာ့ ဒီတစ္လ Box ေလးမွာပါတာမို႔ စမ္းသံုးၾကည့္လိုက္ေနာ္ :* 

(၄) ခရင္မ္အမ်ိဳးအစားပါးနီ

ေသြးမရွိသလို ျဖဴေဖြးတတ္တဲ့ ရာသီဥတုမွာ သဘာဝဆန္ဆန္ ပန္းႏုေရာင္ပါးေလးျဖစ္ေနဖို႔ဆိုတာ ဒီလိုဆီအနည္းငယ္ပါဝင္တဲ့ ခရင္မ္အမ်ိဳးအစားကို သံုးမွအဆင္ေျပမွာပါ။ ၿပီးေတာ့ အသားအေရေပၚမွာလည္း သဘာဝဆန္တဲ့ ေရာင္ေျပးေလးသန္းေနေစတာမို႔ တျခားေပါင္ဒါအမႈန္႔ေတြအစား ခရင္မ္ကိုမွ stick (အေခ်ာင္း) နဲ႔ဆိုရင္ေတာ့ အိတ္ထဲေဆာင္သြားဖို႔ ပိုၿပီးအဆင္ေျပတာေပါ့။ (မ်က္လံုးကို အေရာင္ထည့္ဖို႔လုိေနရင္လည္း အဲဒီပါးနီေလးနဲ႔ပဲ ပြတ္ၿပီး လက္ညွိဳးထိပ္ေလးနဲ႔ နည္းနည္းျဖန္႔ေပးလိုက္။)

Related Article >>> ေဆာင္းရာသီမွာ ေရမ်ားမ်ားေသာက္သင့္တဲ့ အေၾကာင္းရင္း (၅ ) ခ်က္

(၅) ရိုးရိုးမ်က္ေတာင္ေကာ့ေဆး

သိေနတယ္ မ်က္ေတာင္ေကာ့ေဆးမွာ ရွယ္ရွိလို႔လားလို႔။ ေရစိုခံနဲ႔ ရိုးရိုးဆိုၿပီး ႏွစ္မ်ိဳးရွိလို႔ပါယူတို႔ေရ။ ေရစိုခံမ်က္ေတာင္ေကာ့ေဆးေတြက မ်က္ေတာင္ေတြကို ပိုမိုေျခာက္ေသြ႔ေစႏိုင္ၿပီး ဖ်က္ရတာလည္း အင္မတန္မွခက္ခဲတာမို႔ မ်က္ေတာင္တစ္ခုပဲကြက္ၿပီး ခဲေနသလိုျဖစ္ေစပါတယ္။ ဒါေၾကာင့္ ရိုးရိုးမ်က္ေတာင္ေကာ့ေဆးကိုပဲ ေဆာင္ထားပါလို႔။

တျခားဘာမွမယူခ်င္ေန ဒီ ၅ ခုကိုေတာ့ မျဖစ္မေနကို သယ္သြားရမယ္ေနာ္။ ဒါမွ သူမ်ားေတြ ထံုထံုထိုင္းထိုင္းနဲ႔ ေျခာက္ကပ္ကပ္ႀကီးျဖစ္ေနတဲ့အခ်ိန္မွာေတာင္ ကိုယ္ကသဘာဝဆန္ဆန္ သပ္သပ္ရပ္ရပ္နဲ႔ လွလွေလးျဖစ္ေနမွာေပါ့လို႔။ ေၾသာ္ ၿပီးေတာ့ ႏွင္းေျပာတဲ့ Glydire ရဲ႕ Firdo စပေရးေလးကို စမ္းသံုးၾကည့္ခ်င္တယ္ဆိုရင္ေတာ့ ဒီ Page ေလးမွာ သြားေလ့လာလို႔ရပါတယ္လို႔။

ႏွစ္သစ္မွာ စိတ္သစ္၊ လူသစ္နဲ႔ တစ္ႏွစ္ပတ္လံုး အလွမပ်က္ ေခၽြးမထြက္ဘဲ ေနႏိုင္ၾကပါေစလို႔လည္း ႏွင္းကဆုေတာင္းေပးပါတယ္ေနာ္ 😘 😘 😘

Hnin Ei Oo (For Her Myanmar)

>> Unicode >>>

ါလေးသိထားတော့ မိတ်ကပ်တစ်အိတ်လုံးကို သွားလေရာသယ်စရာမလိုတော့ဘူးပေါ့အေ 

ဆောင်းတွင်းဆိုတဲ့သဘောက အင်မတန်မှ အသားအရေ ခြောက်သွေ့၊ အက်ကွဲ စုတ်ပြတ်သတ် တတ်တဲ့ကာလဆိုတော့ အိတ်ထဲမှာ ရေဘူးအပါအဝင် ရေဓာတ်ဖြည့်ပေးနိုင်မယ့် ပစ္စည်းမှန်သမျှကို သွားလေရာအရပ်မျက်နှာတိုင်း သယ်သွားရတာ မောလှပြီဆိုတဲ့ယောင်းတို့အတွက် လုံးဝ မရှိလို့မဖြစ်ဘူးဆိုတဲ့ ပစ္စည်း ၅ မျိုးကို ဒီဆောင်းပါးလေးထဲမှာ နှင်းကဖော်ပြပေးသွားမှာပါ။ (ကိုယ်တိုင်လည်း ဒါတွေပဲသွားလေရာသယ်သွားတယ် ငိငိ :P) ကဲ ဒီလိုဆိုရင် အတူတူ ဆက်ဖတ်ကြည့်လိုက်ရအောင်နော်…

(၁) ကူရှင်မိတ်ကပ်

ဆောင်းတွင်းမို့ အဆီမပြန်ဘူးလို့တော့ ယောင်လို့မှမထင်လိုက်ပါနဲ့နော်။ တခြား နွေရာသီလောက် အများကြီးမပြန်ပေမဲ့ T-zone (နဖူးတစ်ပြင်၊ နှာရိုးတောက်လျှောက်) မှာတော့ အနည်းနဲ့အများ အဆီပြန်တတ်ပါတယ်။ ဒါကြောင့် ပြန်ပြန်ပြီး မိတ်ကပ်ကိုပုတ် (Touch up) ပေးဖို့အတွက် မိတ်ကပ်ကိုတော့ မဖြစ်မနေထည့်ထားဖို့လိုပါတယ်။ ဒါပေမဲ့ ခါတိုင်းသုံးနေကျ 2-way တွေကျပြန်တော့လည်း မျက်နှာကို ဖုံဖုံသိပ်သိပ်နဲ့ အဆီတွေကိုပါ ပြန်ပြီး သိပ်သွားစေတာမို့ မိတ်ကပ်ရည် မပြစ်မကျဲနဲ့ ပြောင်ပြောင်တင်းတင်းလေး ဖြစ်နေစေမယ့် ကူရှင်မိတ်ကပ်ကို ဆောင်ထားလိုက်ပါ။

(၂) Shea Butter ပါဝင်တဲ့ နှုတ်ခမ်းနီ

အရင်ဆုံး Shea Butter ဆိုတာဘာလဲ ရှင်းပြပေးမယ်နော်။ Shea Butter ဆိုတာ Shea အပင်ရဲ့ ပင်စည်ကနေ ထွက်လာတဲ့ အဆီတွေကို ထောပတ်အနေနဲ့ လုပ်ထားတာဖြစ်ပါတယ်။ ဒီ Shea Butter က ဗီတာမင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့အပြင် နှုတ်ခမ်းသားကို ရေဓာတ်ဖြည့်ပေးပြီး ချောမွေ့စေပါတယ်တဲ့။ ဒီလောက်ဆို နှင်းဘာလို့ ယောင်းအိတ်ထဲမှာ ဒီနှုတ်ခမ်းနီကို ဆောင်ခိုင်းထားလဲဆိုတာ သိလောက်ရောပေါ့။

Related Article >>> ဒီနှစ် ဆောင်းမှာ အပြတ်လန်းနိုင်ဖို့အတွက် Jacket ဖက်ရှင်(၈) မျိုး

(၃) ရေဓာတ်ဖြည့်ပေးတဲ့ မျက်နှာစပရေး

ဒီစပရေးကတော့ ဆောင်းတွင်းရယ်မှမဟုတ်ဘူး အဲကွန်းခန်းထဲမှာ တစ်နေကုန်နေရတဲ့ ယောင်းတွေလည်း လုံးဝဆောင်ထားသင့်တဲ့ ပစ္စည်းပါ။ အသားအရေက ခြောက်ကပ်ကပ်ကြီးနဲ့ အက်နေတယ်လို့ ခံစားရတာနဲ့ ဒီစပရေးလေးကို ထုတ်ပြီး ကောက်ဖြန်းလိုက်ပါ။ ချက်ချင်းအသားအရေစိုပြည်သွားပါလိမ့်မယ်။ နှင်းကတော့ Glydire ရဲ့ Firdo လို့ခေါ်တဲ့ စပရေးလေးသုံးဖြစ်တယ်။ သူက ရေဓာတ်ကို ကောင်းကောင်းဖြည့်ပေးတဲ့အပြင် ဖြန်းလိုက်တာနဲ့ အသားထဲကို လုံးဝအေးပြီး စိမ့်ဝင်သွားတာ။ အရွယ်လေးကလည်း အိတ်ဆောင်အရွယ်လေးဆိုတော့ သယ်ရပြုရလွယ်တယ်။ ဒါ့အပြင် Taiwan Excellence 2016 ဆုကိုလည်းရထားတော့ စိတ်ချလက်ချသုံးလို့ရတယ်လေ။ ဈေးနှုန်းကလည်း သင့်တင့်တာမို့ နှင်းလက်စွဲဖြစ်နေတာပေါ့ 😛 (ပြီးတော့ သူ့မှာက ဒီစပရေးအပြင် မြန်မာနိုင်ငံရာသီဥတုနဲ့ ကိုက်ညီအောင် ထုတ်လုပ်ထားတဲ့ တခြားပစ္စည်းတွေလည်း အများကြီးရှိသေးတယ်တဲ့။) For Her Myanmar Club မန်ဘာဝင် ယောင်းယောင်းတို့ကတော့ ဒီတစ်လ Box လေးမှာပါတာမို့ စမ်းသုံးကြည့်လိုက်နော် :*

(၄) ခရင်မ်အမျိုးအစားပါးနီ

သွေးမရှိသလို ဖြူဖွေးတတ်တဲ့ ရာသီဥတုမှာ သဘာဝဆန်ဆန် ပန်းနုရောင်ပါးလေးဖြစ်နေဖို့ဆိုတာ ဒီလိုဆီအနည်းငယ်ပါဝင်တဲ့ ခရင်မ်အမျိုးအစားကို သုံးမှအဆင်ပြေမှာပါ။ ပြီးတော့ အသားအရေပေါ်မှာလည်း သဘာဝဆန်တဲ့ ရောင်ပြေးလေးသန်းနေစေတာမို့ တခြားပေါင်ဒါအမှုန့်တွေအစား ခရင်မ်ကိုမှ stick (အချောင်း) နဲ့ဆိုရင်တော့ အိတ်ထဲဆောင်သွားဖို့ ပိုပြီးအဆင်ပြေတာပေါ့။ (မျက်လုံးကို အရောင်ထည့်ဖို့လိုနေရင်လည်း အဲဒီပါးနီလေးနဲ့ပဲ ပွတ်ပြီး လက်ညှိုးထိပ်လေးနဲ့ နည်းနည်းဖြန့်ပေးလိုက်။)

Related Article >>> ဆောင်းရာသီမှာ ရေများများသောက်သင့်တဲ့ အကြောင်းရင်း (၅ ) ချက်

(၅) ရိုးရိုးမျက်တောင်ကော့ဆေး

သိနေတယ် မျက်တောင်ကော့ဆေးမှာ ရှယ်ရှိလို့လားလို့။ ရေစိုခံနဲ့ ရိုးရိုးဆိုပြီး နှစ်မျိုးရှိလို့ပါယူတို့ရေ။ ရေစိုခံမျက်တောင်ကော့ဆေးတွေက မျက်တောင်တွေကို ပိုမိုခြောက်သွေ့စေနိုင်ပြီး ဖျက်ရတာလည်း အင်မတန်မှခက်ခဲတာမို့ မျက်တောင်တစ်ခုပဲကွက်ပြီး ခဲနေသလိုဖြစ်စေပါတယ်။ ဒါကြောင့် ရိုးရိုးမျက်တောင်ကော့ဆေးကိုပဲ ဆောင်ထားပါလို့။

တခြားဘာမှမယူချင်နေ ဒီ ၅ ခုကိုတော့ မဖြစ်မနေကို သယ်သွားရမယ်နော်။ ဒါမှ သူများတွေ ထုံထုံထိုင်းထိုင်းနဲ့ ခြောက်ကပ်ကပ်ကြီးဖြစ်နေတဲ့အချိန်မှာတောင် ကိုယ်ကသဘာဝဆန်ဆန် သပ်သပ်ရပ်ရပ်နဲ့ လှလှလေးဖြစ်နေမှာပေါ့လို့။ သြော် ပြီးတော့ နှင်းပြောတဲ့ Glydire ရဲ့ Firdo စပရေးလေးကို စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ ဒီ Page လေးမှာ သွားလေ့လာလို့ရပါတယ်လို့။

နှစ်သစ်မှာ စိတ်သစ်၊ လူသစ်နဲ့ တစ်နှစ်ပတ်လုံး အလှမပျက် ချွေးမထွက်ဘဲ နေနိုင်ကြပါစေလို့လည်း နှင်းကဆုတောင်းပေးပါတယ်နော်

Hnin Ei Oo (For Her Myanmar)

Hnin Ei Oo
Hnin Ei Oo
အလွအပ၊ ဖက္ရွင္၊ gym နဲ႔ပတ္သက္တဲ့ ဗဟုသုတေတြ၊ အခ်စ္ေရး စတဲ့က႑ေတြကို အဓိကထားေရးတဲ့ စာေရးသူေပါက္စေလး ေတ်ာက္ပါ 😁 အခြီနဲ႔ စိတ္ဓာတ္ခြန္အားေပးစာေတြကိုလည္း ဒဲ့တိုးေတြ ေရးတတ္ပါေသးတယ္ 😛

Leave a Reply

Your email address will not be published. Required fields are marked *