Beauty

ဒီအလွျပင္ပစၥည္း (၇) မ်ိဳးကို ပိုက္ဆံသပ္သပ္ အကုန္ခံၿပီး မဝယ္ပါနဲ႔

ဒါေတြကို မ်က္စိစံုမွိတ္ဝယ္တယ္ဆိုတာ ပိုက္ဆံကို ေလထဲ ဝဲပစ္လိုက္သလုိပါပဲေနာ္။

အလွျပင္ပစၥည္းဆိုရင္ ေဈးဘယ္ေလာက္ပဲ ေပးရေပးရ ေကာင္းရင္ၿပီးေရာဆိုတဲ့ ေယာင္းေယာင္းေတြ လက္ညွိဳးေထာင္။ သက္ဆိုင္ရာ ဘရန္းေတြကေတာ့ေလ ပစၥည္းစံုေအာင္လုိ႔ လိုတာေရာ၊ မလုိတာေရာ အကုန္အသုပ္စံု ထုတ္မွာပါပဲ။ ကိုယ္က တရုတ္သိုင္းတတ္ၿပီး ေရွာင္ရွားတတ္မွ ဂ်င္းမမိမွာဗ်ား။ ဆိုေတာ့ လံုးဝမဝယ္သင့္တဲ့ ပစၥည္း (၇) မ်ိဳးကေတာ့…

(၁) ေန႔လိမ္းခရင္မ္ (Day cream)

မိတ္ကပ္မလိမ္းခင္ အသားအေရ ထိန္းသိမ္းတဲ့ ပစၥည္းေပါင္း ေသာင္းေျခာက္ေထာင္ကို ထိုင္လိမ္းလိုက္ရမွ ေက်နပ္ၾကတာဆိုေတာ့ ေန႔လိမ္းခရင္မ္လား လာထား၊ တိုနာ၊ ေရဓာတ္ျဖည့္ခရင္မ္၊ ေနေလာင္ဒဏ္ ကာကြယ္တဲ့ခရင္မ္ အကုန္ပြတ္ပဲ။ ဒါေပမဲ့ ေန႔လိမ္းခရမ္လို႔ေခၚတဲ့ Day ခရင္မ္က သီးသန္႔ႀကီးဝယ္သံုးရေလာက္တဲ့အထိ အေရးႀကီးတဲ့ပစၥည္း မဟုတ္ပါဘူးေနာ္။

ဘာလို႔လဲဆိုေတာ့ ေန႔လိမ္းခရင္မ္ထဲမွာ SPF (ေနေလာင္ဒဏ္ကို ကာကြယ္တဲ့ ဓာတ္) Anti-oxidant (အရြယ္တင္ႏုပ်ိဳေစတဲ့ဓာတ္)၊ moisturizing (ေရဓာတ္ျဖည့္ေပးတဲ့ဓာတ္) စတာေတြပဲပါဝင္တာမို႔ တျခားပစၥည္းေတြနဲ႔ ထူးမျခားနားပါပဲ။ ေန႔ဘက္မွာ ေနေလာင္ဒဏ္ကာကြယ္တဲ့ခရင္မ္လိမ္း ၿပီး ညဘက္မွာ ကိုယ္သံုးေနက်ပစၥည္းေတြ သံုးရင္လည္း ဒီဟာနဲ႔မထူးမျခားနားပဲမို႔ သူ႕အတြက္ သီးသန္႔ဝယ္ေပးဖို႔ မလိုပါဘူးေနာ္… 

(၂) မ်က္လံုးခရင္မ္ (Eye cream)

အသားအေရထိန္းသိမ္းတဲ့ပစၥည္းေတြလိမ္းရင္ မ်က္လံုးနားတစ္ဝိုက္ကို မလိမ္းနဲ႔ေနာ္။ ယားတတ္တယ္၊ စပ္တတ္တယ္ ဘာညာ။ (ဒါ ေရာင္းတဲ့မမေတြ ေျပာေနက်စကား) ဆိုလိုခ်င္တာက မ်က္လံုးနဲ႔ ပတ္သက္တာကို ထုတ္ေပးထားတယ္။ အဲဒါ ဝယ္သံုး ဆိုတာမ်ိဳး။ ႏွင္းေျပာျပမယ္ ေယာင္းရဲ႕။ အကယ္၍ မ်က္လံုး အေရျပားမွာေတာင္ ဒီလို လကၡဏာေတြ ျပေနၿပီဆိုရင္ မ်က္ႏွာ္တစ္ခုလံုးမွာ တည့္ေနစရာအေၾကာင္းကို မရွိတာပါ။ ဒါေပမဲ့လို႔ မ်က္တြင္းက်တာ၊ မ်က္ကြင္းညိဳတာနဲ႔ တျခားအေရးေၾကာင္း ျပႆနာေတြကို ေျဖရွင္းဖို႔အတြက္ဆိုရင္ တစ္မ်ိဳးေပါ့။ ဒါေတာင္မွ ႏွစ္ရွည္လမ်ား နင့္ေနေအာင္ သံုးရမယ္ဆိုတဲ့အခ်က္ကိုေတာ့ ထည့္စဥ္းစားရပါလိမ့္မယ္။ 

Related Article >>> လက္တစ္ေဖ်ာက္အတြင္း မ်က္ကြင္းညိဳညိဳေလးေတြ ေပ်ာက္ေအာင္ အဆင့္ (၃) ဆင့္ပဲလုိပါတယ္။

(၃) ႏႈတ္ခမ္းဆိုးေဆး ေအာက္ခံ (Lip primer)

မ်က္ႏွာ္မွာက မိတ္ကပ္ပ်က္တာ၊ ကြက္တာျဖစ္တတ္လို႔ ေအာက္ခံလိမ္းတာကို လက္ခံလို႔ရေသးတယ္။ ႏႈတ္ခမ္းနီဆိုတာမ်ိဳးက ေယာင္းရယ္ ဘယ္ေလာက္ပဲ ေအာက္ခံေတြလိမ္းလိမ္း ကိုယ္အစားတစ္ခုခုစားရင္ ဒါမွမဟုတ္ မြခ်ိမြခ်ိလုပ္ရံုနဲ႔ နည္းနည္းေတာ့ ကြက္သြားတာမ်ိဳး၊ မွိန္သြားတာမ်ိဳးရွိတယ္ေလ။ (မပ်က္ခ်င္ရင္ေတာ့ ႏႈတ္ခမ္းပက္ၾကားအက္ေလာက္တဲ့အထိ ေျခာက္ကပ္ေနတဲ့ ႏႈတ္ခမ္းနီမ်ိဳး ဝယ္ဆိုး။ မပ်က္ဘူး ပ်ံ႕ရံုေလးပဲ ပ်ံ႕မွာ :P) အဲဒါကို ‘ဟင့္အင္း မရပါဘူး ေခးကေတာ့ ဘယ္အခ်ိန္ ဘယ္ေနရာ ဘယ္လိုမြမြ ဆိုးစကလိုပဲ ျပည့္ျပည့္ဖူးဖူး ခိုင္လီႏႈတ္ခမ္းမ်ိဳးပဲျဖစ္ခ်င္လို႔ ဝယ္သံုးဦးမွာ’ ဆိုရင္လည္းသေဘာ။ ၿပီးမွကုန္ပါၿပီဆိုၿပီး မငိုနဲ႔။

(၄) တိုနာ (Toner)

မ်က္လံုးျပဴးေနၿပီမလား။ မျပဴးနဲ႔သလား ႏွင္းလည္း အိမ္မွာ ေဈးႀကီးေပး ဝယ္သံုးေနတဲ့ပစၥည္းပဲ။ တိုနာသံုးရတဲ့ အဓိကရည္ရြယ္ခ်က္က မ်က္ႏွာေပၚမွာက်န္ေနတတ္တဲ့ အညစ္အေၾကးေတြကို သန္႔စင္ေစဖို႔နဲ႔ ေခၽြးေပါက္ေတြ က်ဥ္းေစဖို႔ အတြက္မလား။ ဒီမွာတစ္ခုေျပာျပမယ္။ ေခၽြးေပါက္ဆိုတဲ့အမ်ိဳးက က်ယ္ၿပီးရင္ ျပန္မက်ဥ္းတတ္ဘူးသလာ့ (အသားတင္းသြားတယ္လို႔ ခံစားရတာက အဲယ္လ္ကိုေဟာေၾကာင့္) ေနာက္ၿပီး အညစ္အေၾကးအားလံုးကုိ မသန္႔စင္ေစႏိုင္ဘူးဆိုရင္ ဘာကိစၥ မိတ္ကပ္ဖ်က္ေဆးနဲ႔ မ်က္ႏွာသစ္ေဆးကို ေဈးႀကီးေပး ဝယ္သံုးေနရဦးမွာလဲေနာ္။ ဒါေပမဲ့ အကယ္၍ တိုနာက တိုနာရိုးရိုးမ်ိဳး မဟုတ္ဘဲ တျခားဂုဏ္သတိၱ (ေရဓာတ္ျဖည့္၊ အသားျဖဴစသည္ျဖင့္) တစ္မ်ိဳးမ်ိဳးပါခဲ့ရင္ေတာ့ သံုးခ်င္ရင္ သံုးလို႔ရပါတယ္။

(၅) အေၾကာျပတ္ရာကို ကုသေပးတဲ့ပစၥည္း (Stretch Mark Treatments)

ကိုယ့္ခႏၶာကိုယ္ေပၚမွာ အေၾကာျပတ္ရာေတြနဲ႔မို႔ အတိုအျပတ္ဝတ္ဖို႔ ယံုၾကည္မႈနည္းတတ္ၾကပါတယ္။ ဒါေၾကာင့္လည္း လက္လွမ္းမွီရာကို ဆြဲယူကုရင္း ေဈးကြက္ထဲမွာ လူသံုးအမ်ားဆံုး အလွျပင္ပစၥည္းေတြထဲက တစ္ခုျဖစ္လာတာေပါ့။ ဒါေပမဲ့လည္း ကံမေကာင္းခ်င္ေတာ့ အေၾကာျပတ္ရာဆိုတာ တစ္ခုျဖစ္ၿပီးတာနဲ႔ တစ္သက္လံုးကုမရေတာ့တဲ့ ေသရာပါအမွတ္ပါ။ အခုသူတို႔ေရာင္းေနၾကတဲ့ ပစၥည္းေတြက အၿပီးေပ်ာက္ေစတာ မဟုတ္ဘဲ ေလ်ာ႔ပါးေစတာမို႔ ဒါကိုတခုတ္တရ ဝယ္မလိမ္းဘဲ ကိုယ့္အသားအေရကို ေရဓာတ္ျပည့္ေအာင္ လိုးရွင္းလိမ္းရင္လည္း အဆင္ေျပပါတယ္ ေယာင္းေရ.. 

Related Article >>> ပိုက္ဆံမရွိခါမွ ဝင္လာတတ္ေသာ ကုန္ေပါက္(၅)မ်ိဳး

(၆) မ်က္ႏွာေပါင္းတင္မ်က္ႏွာဖံုး (Face Mask)

တစ္ခါသံုးအခ်ပ္ေတြကို ေဈးႀကီးေပးဝယ္တာကလည္း ပိုက္ဆံေတြကို ေလထဲလႊင့္ပစ္ေနသလိုမ်ိဳးပါပဲေနာ္။ ‘ညတုန္းက mask ကပ္လိုက္တာေလ၊ မနက္လည္းက်ေရာ မ်က္ႏွာေလးကို ႏူးအိေနတာပဲ’ ဆိုတာမ်ိဳး ျဖစ္ေနရင္လည္း ဒီ mask ကအရမ္းကို ေကာင္းေနလို႔ဆိုတာမ်ိဳး မဟုတ္ဘဲ ကိုယ့္ရဲ႕သံုးေနက် အသားအေရထိန္းသိမ္းတဲ့ ပစၥည္းေတြမွာ ကိုယ့္အတြက္ လိုအပ္တဲ့ ဓာတ္ရွိမေနဘဲ ကိုယ္သံုးလိုက္တဲ့ Mask ထဲမွာ အဲဒီဓာတ္ ပါေနလို႔ပါ။ အဲဒါေၾကာင့္ အဲဒီ Face Mask မွာပါတဲ့ပစၥည္းနဲ႔ တျခားေရဓာတ္ျဖည့္ေပးတာလား၊ ဘာလားညာလား စသည္ျဖင့္ေသခ်ာဖတ္ၿပီး လိုအပ္တာကို ကိုယ့္ရဲ႕ေန႔စဥ္ အသားအေရထိန္းသိမ္းတဲ့ အဆင့္ထဲထည့္ေပးပါ။

(၇) ႏႈတ္ခမ္းေပါင္းတင္တဲ့အမႈန္႔ၾကမ္း (Lip Scrub)

Lip scrub ဆိုတာ အမွန္ေတာ့ ႏႈတ္ခမ္းနီအဆီကို ေျခာက္ေအာင္လုပ္ၿပီး အမႈန္႔ၾကမ္းျဖစ္သြားေအာင္ ျပန္ျပဳျပင္ထားတဲ့ ပစၥည္းတစ္ခုပါပဲ။ ဒါေၾကာင့္ သူ႔ကို တခုတ္တရ သက္သက္ေဈးႀကီးေပးၿပီး ဝယ္ေနစရာမလိုပါဘူးေနာ္။ အဲဒီအစား ႏႈတ္ခမ္းေတြ ေျခာက္ေသြ႔ေနတဲ့အခါမွာဆိုရင္ ပုဝါေလးတစ္ခုကို ၾကက္သီးေႏြးေရေလးထဲမွာ ႏွစ္ၿပီး ႏႈတ္ခမ္းေပၚ ဖြဖြေလး သုတ္ေပးရင္ ရပါၿပီ။

ႏွင္းအခုေျပာသြားတဲ့ပစၥည္းေတြကို ဝယ္သံုးမွျဖစ္မယ္ဆိုတဲ့ေယာင္းေတြကလည္း ကိုယ္သံုးေနက် skincare ပစၥည္းေတြလို ေဈးႀကီးေပးဝယ္ရတာမ်ိဳး မဟုတ္ဘဲ ပံုမွန္သင့္တင့္တဲ့ အေနအထားေလာက္ဆို အဆင္ေျပပါတယ္။ အဓိကက မလိုအပ္တဲ့ ေနရာေတြမွာ အပိုေတြေၾကာင့္ ေယာင္းတို႔ ပိုက္ဆံေတြ အမ်ားႀကီးမကုန္ေစခ်င္လို႔ပါေနာ္… 

Hnin Ei Oo (For Her Myanmar)

References : hermoneybrightside

<<< Unicode >>>

ဒါတွေကို မျက်စိစုံမှိတ်ဝယ်တယ်ဆိုတာ ပိုက်ဆံကို လေထဲ ဝဲပစ်လိုက်သလိုပါပဲနော်။

အလှပြင်ပစ္စည်းဆိုရင် ဈေးဘယ်လောက်ပဲ ပေးရပေးရ ကောင်းရင်ပြီးရောဆိုတဲ့ ယောင်းယောင်းတွေ လက်ညှိုးထောင်။ သက်ဆိုင်ရာ ဘရန်းတွေကတော့လေ ပစ္စည်းစုံအောင်လို့ လိုတာရော၊ မလိုတာရော အကုန်အသုပ်စုံ ထုတ်မှာပါပဲ။ ကိုယ်က တရုတ်သိုင်းတတ်ပြီး ရှောင်ရှားတတ်မှ ဂျင်းမမိမှာဗျား။ ဆိုတော့ လုံးဝမဝယ်သင့်တဲ့ ပစ္စည်း (၇) မျိုးကတော့…

(၁) နေ့လိမ်းခရင်မ် (Day cream)

မိတ်ကပ်မလိမ်းခင် အသားအရေ ထိန်းသိမ်းတဲ့ ပစ္စည်းပေါင်း သောင်းခြောက်ထောင်ကို ထိုင်လိမ်းလိုက်ရမှ ကျေနပ်ကြတာဆိုတော့ နေ့လိမ်းခရင်မ်လား လာထား၊ တိုနာ၊ ရေဓာတ်ဖြည့်ခရင်မ်၊ နေလောင်ဒဏ် ကာကွယ်တဲ့ခရင်မ် အကုန်ပွတ်ပဲ။ ဒါပေမဲ့ နေ့လိမ်းခရမ်လို့ခေါ်တဲ့ Day ခရင်မ်က သီးသန့်ကြီးဝယ်သုံးရလောက်တဲ့အထိ အရေးကြီးတဲ့ပစ္စည်း မဟုတ်ပါဘူးနော်။

ဘာလို့လဲဆိုတော့ နေ့လိမ်းခရင်မ်ထဲမှာ SPF (နေလောင်ဒဏ်ကို ကာကွယ်တဲ့ ဓာတ်) Anti-oxidant (အရွယ်တင်နုပျိုစေတဲ့ဓာတ်)၊ moisturizing (ရေဓာတ်ဖြည့်ပေးတဲ့ဓာတ်) စတာတွေပဲပါဝင်တာမို့ တခြားပစ္စည်းတွေနဲ့ ထူးမခြားနားပါပဲ။ နေ့ဘက်မှာ နေလောင်ဒဏ်ကာကွယ်တဲ့ခရင်မ်လိမ်း ပြီး ညဘက်မှာ ကိုယ်သုံးနေကျပစ္စည်းတွေ သုံးရင်လည်း ဒီဟာနဲ့မထူးမခြားနားပဲမို့ သူ့အတွက် သီးသန့်ဝယ်ပေးဖို့ မလိုပါဘူးနော်…

(၂) မျက်လုံးခရင်မ် (Eye cream)

အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေလိမ်းရင် မျက်လုံးနားတစ်ဝိုက်ကို မလိမ်းနဲ့နော်။ ယားတတ်တယ်၊ စပ်တတ်တယ် ဘာညာ။ (ဒါ ရောင်းတဲ့မမတွေ ပြောနေကျစကား) ဆိုလိုချင်တာက မျက်လုံးနဲ့ ပတ်သက်တာကို ထုတ်ပေးထားတယ်။ အဲဒါ ဝယ်သုံး ဆိုတာမျိုး။ နှင်းပြောပြမယ် ယောင်းရဲ့။ အကယ်၍ မျက်လုံး အရေပြားမှာတောင် ဒီလို လက္ခဏာတွေ ပြနေပြီဆိုရင် မျက်နှာ်တစ်ခုလုံးမှာ တည့်နေစရာအကြောင်းကို မရှိတာကွာ။ဒါပေမဲ့လို့ မျက်တွင်းကျတာ၊ မျက်ကွင်းညိုတာနဲ့ တခြားအရေးကြောင်း ပြဿနာတွေကို ဖြေရှင်းဖို့အတွက်ဆိုရင် တစ်မျိုးပေါ့။ ဒါတောင်မှ နှစ်ရှည်လများ နင့်နေအောင် သုံးရမယ်ဆိုတဲ့အချက်ကိုတော့ ထည့်စဉ်းစားရပါလိမ့်မယ်။

Related Article >>> လက်တစ်ဖျောက်အတွင်း မျက်ကွင်းညိုညိုလေးတွေ ပျောက်အောင် အဆင့် (၃) ဆင့်ပဲလိုပါတယ်။

(၃) နှုတ်ခမ်းဆိုးဆေး အောက်ခံ (Lip primer)

မျက်နှာ်မှာက မိတ်ကပ်ပျက်တာ၊ ကွက်တာဖြစ်တတ်လို့ အောက်ခံလိမ်းတာကို လက်ခံလို့ရသေးတယ်။ နှုတ်ခမ်းနီဆိုတာမျိုးက ယောင်းရယ် ဘယ်လောက်ပဲ အောက်ခံတွေလိမ်းလိမ်း ကိုယ်အစားတစ်ခုခုစားရင် ဒါမှမဟုတ် မွချိမွချိလုပ်ရုံနဲ့ နည်းနည်းတော့ ကွက်သွားတာမျိုး၊ မှိန်သွားတာမျိုးရှိတယ်လေ။ (မပျက်ချင်ရင်တော့ နှုတ်ခမ်းပက်ကြားအက်လောက်တဲ့အထိ ခြောက်ကပ်နေတဲ့ နှုတ်ခမ်းနီမျိုး ဝယ်ဆိုး။ မပျက်ဘူး ပျံ့ရုံလေးပဲ ပျံ့မှာ :P) အဲဒါကို ‘ဟင့်အင်း မရပါဘူး ခေးကတော့ ဘယ်အချိန် ဘယ်နေရာ ဘယ်လိုမွမွ ဆိုးစကလိုပဲ ပြည့်ပြည့်ဖူးဖူး ခိုင်လီနှုတ်ခမ်းမျိုးပဲဖြစ်ချင်လို့ ဝယ်သုံးဦးမှာ’ ဆိုရင်လည်းသဘော။ ပြီးမှကုန်ပါပြီဆိုပြီး မငိုနဲ့။

(၄) တိုနာ (Toner)

မျက်လုံးပြူးနေပြီမလား။ မပြူးနဲ့သလား နှင်းလည်း အိမ်မှာ ဈေးကြီးပေး ဝယ်သုံးနေတဲ့ပစ္စည်းပဲ။ တိုနာသုံးရတဲ့ အဓိကရည်ရွယ်ချက်က မျက်နှာပေါ်မှာကျန်နေတတ်တဲ့ အညစ်အကြေးတွေကို သန့်စင်စေဖို့နဲ့ ချွေးပေါက်တွေ ကျဉ်းစေဖို့ အတွက်မလား။ ဒီမှာတစ်ခုပြောပြမယ်။ ချွေးပေါက်ဆိုတဲ့အမျိုးက ကျယ်ပြီးရင် ပြန်မကျဉ်းတတ်ဘူးသလာ့ (အသားတင်းသွားတယ်လို့ ခံစားရတာက အဲယ်လ်ကိုဟောကြောင့်) နောက်ပြီး အညစ်အကြေးအားလုံးကို မသန့်စင်စေနိုင်ဘူးဆိုရင် ဘာကိစ္စ မိတ်ကပ်ဖျက်ဆေးနဲ့ မျက်နှာသစ်ဆေးကို ဈေးကြီးပေး ဝယ်သုံးနေရဦးမှာလဲနော်။ ဒါပေမဲ့ အကယ်၍ တိုနာက တိုနာရိုးရိုးမျိုး မဟုတ်ဘဲ တခြားဂုဏ်သတ္တိ (ရေဓာတ်ဖြည့်၊ အသားဖြူစသည်ဖြင့်) တစ်မျိုးမျိုးပါခဲ့ရင်တော့ သုံးချင်ရင် သုံးလို့ရပါတယ်။

(၅) အကြောပြတ်ရာကို ကုသပေးတဲ့ပစ္စည်း (Stretch Mark Treatments)

ကိုယ့်ခန္ဓာကိုယ်ပေါ်မှာ အကြောပြတ်ရာတွေနဲ့မို့ အတိုအပြတ်ဝတ်ဖို့ ယုံကြည်မှုနည်းတတ်ကြပါတယ်။ ဒါကြောင့်လည်း လက်လှမ်းမှီရာကို ဆွဲယူကုရင်း ဈေးကွက်ထဲမှာ လူသုံးအများဆုံး အလှပြင်ပစ္စည်းတွေထဲက တစ်ခုဖြစ်လာတာပေါ့။ ဒါပေမဲ့လည်း ကံမကောင်းချင်တော့ အကြောပြတ်ရာဆိုတာ တစ်ခုဖြစ်ပြီးတာနဲ့ တစ်သက်လုံးကုမရတော့တဲ့ သေရာပါအမှတ်ပါ။ အခုသူတို့ရောင်းနေကြတဲ့ ပစ္စည်းတွေက အပြီးပျောက်စေတာ မဟုတ်ဘဲ လျော့ပါးစေတာမို့ ဒါကိုတခုတ်တရ ဝယ်မလိမ်းဘဲ ကိုယ့်အသားအရေကို ရေဓာတ်ပြည့်အောင် လိုးရှင်းလိမ်းရင်လည်း အဆင်ပြေပါတယ် ယောင်းရေ..

Related Article >>> ပိုက်ဆံမရှိခါမှ ဝင်လာတတ်သော ကုန်ပေါက်(၅)မျိုး

(၆) မျက်နှာပေါင်းတင်မျက်နှာဖုံး (Face Mask)

တစ်ခါသုံးအချပ်တွေကို ဈေးကြီးပေးဝယ်တာကလည်း ပိုက်ဆံတွေကို လေထဲလွှင့်ပစ်နေသလိုမျိုးပါပဲနော်။ ‘ညတုန်းက mask ကပ်လိုက်တာလေ၊ မနက်လည်းကျရော မျက်နှာလေးကို နူးအိနေတာပဲ’ ဆိုတာမျိုး ဖြစ်နေရင်လည်း ဒီ mask ကအရမ်းကို ကောင်းနေလို့ဆိုတာမျိုး မဟုတ်ဘဲ ကိုယ့်ရဲ့သုံးနေကျ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေမှာ ကိုယ့်အတွက် လိုအပ်တဲ့ ဓာတ်ရှိမနေဘဲ ကိုယ်သုံးလိုက်တဲ့ Mask ထဲမှာ အဲဒီဓာတ် ပါနေလို့ပါ။ အဲဒါကြောင့် အဲဒီ Face Mask မှာပါတဲ့ပစ္စည်းနဲ့ တခြားရေဓာတ်ဖြည့်ပေးတာလား၊ ဘာလားညာလား စသည်ဖြင့်သေချာဖတ်ပြီး လိုအပ်တာကို ကိုယ့်ရဲ့နေ့စဉ် အသားအရေထိန်းသိမ်းတဲ့ အဆင့်ထဲထည့်ပေးပါ။

(၇) နှုတ်ခမ်းပေါင်းတင်တဲ့အမှုန့်ကြမ်း (Lip Scrub)

Lip scrub ဆိုတာ အမှန်တော့ နှုတ်ခမ်းနီအဆီကို ခြောက်အောင်လုပ်ပြီး အမှုန့်ကြမ်းဖြစ်သွားအောင် ပြန်ပြုပြင်ထားတဲ့ ပစ္စည်းတစ်ခုပါပဲ။ ဒါကြောင့် သူ့ကို တခုတ်တရ သက်သက်ဈေးကြီးပေးပြီး ဝယ်နေစရာမလိုပါဘူးနော်။ အဲဒီအစား နှုတ်ခမ်းတွေ ခြောက်သွေ့နေတဲ့အခါမှာဆိုရင် ပုဝါလေးတစ်ခုကို ကြက်သီးနွေးရေလေးထဲမှာ နှစ်ပြီး နှုတ်ခမ်းပေါ် ဖွဖွလေး သုတ်ပေးရင် ရပါပြီ။

နှင်းအခုပြောသွားတဲ့ပစ္စည်းတွေကို ဝယ်သုံးမှဖြစ်မယ်ဆိုတဲ့ယောင်းတွေကလည်း ကိုယ်သုံးနေကျ skincare ပစ္စည်းတွေလို ဈေးကြီးပေးဝယ်ရတာမျိုး မဟုတ်ဘဲ ပုံမှန်သင့်တင့်တဲ့ အနေအထားလောက်ဆို အဆင်ပြေပါတယ်။ အဓိကက မလိုအပ်တဲ့ နေရာတွေမှာ အပိုတွေကြောင့် ယောင်းတို့ ပိုက်ဆံတွေ အများကြီးမကုန်စေချင်လို့ပါနော်…

Hnin Ei Oo (For Her Myanmar)

References : hermoneybrightside

Hnin Ei Oo
Hnin Ei Oo
အလွအပ၊ ဖက္ရွင္၊ gym နဲ႔ပတ္သက္တဲ့ ဗဟုသုတေတြ၊ အခ်စ္ေရး စတဲ့က႑ေတြကို အဓိကထားေရးတဲ့ စာေရးသူေပါက္စေလး ေတ်ာက္ပါ 😁 အခြီနဲ႔ စိတ္ဓာတ္ခြန္အားေပးစာေတြကိုလည္း ဒဲ့တိုးေတြ ေရးတတ္ပါေသးတယ္ 😛

Leave a Reply

Your email address will not be published. Required fields are marked *