Beauty

ဒီလိုအမွားေပါင္းေသာင္းေျခာက္ေထာင္နဲ႔ ဆံပင္ေလမႈတ္ေနတာေတြရပ္လိုက္ပါေတာ့ !!!

ျမင္ေယာင္ေနတယ္ ဒါေတြဆက္လုပ္သြားရင္ေတာ့ ကတံုးျဖစ္ေတာ့မယ္ဆိုတာ…

>>> Zawgyi >>>

ဆံပင္ကို အံုထူထူသန္သန္နဲ႔ အရွည္ထားခ်င္လိုက္တာလည္း ေယာင္းတို႔အျပင္ႏွစ္ေယာက္မရွိဘူးေနာ္။ ဒါေပမဲ့တကယ္တမ္း ေသခ်ာဂရုစိုက္လားဆိုေတာ့လည္း ႏိုးပဲမဟုတ္လား။ ခုလည္းၾကည့္ ႏွစ္ရက္ျခားတစ္ခါေလာက္ ေလွ်ာ္ၿပီး ေလမႈတ္တာေတာင္ ေသခ်ာမွန္ေအာင္ မႈတ္ၾကရဲ႕လားမသိဘူးေနာ္။ (သူမ်ားေတြကိုသာေျပာေနတာ ကိုယ္လည္း သိပ္မထူးျခားနားပါပဲ :P) ဆိုေတာ့ ေလမႈတ္တဲ့အခါ မွားတတ္တဲ့ (မွားေနၾကတဲ့) အမွားေလးေတြကို ဂရုစိုက္ၾကရန္အလို႔ငွာ ဒီေဆာင္းပါးေလးထဲမွာေရးေပးလိုက္ပါတယ္။ ဒီအခ်က္ေတြထဲက တစ္ခုကိုျဖစ္ျဖစ္၊ တစ္ခုထက္ပိုတာပဲျဖစ္ျဖစ္ လုပ္မိေနရင္ေတာ့ အျမန္ဆံုးျပန္ျပင္ဖို႔လိုမယ္ေနာ္။

(၁) ေလမမႈတ္ခင္ႀကိဳအေျခာက္မခံဘူး။

ေရခ်ိဳးခန္းထဲက ေရခ်ိဳးေခါင္းေလွ်ာ္ၿပီးထြက္လာတာနဲ႔ တဝူးဝူးနဲ႔ေလမႈတ္ေနတာေတြ ရပ္တန္းကရပ္လိုက္ပါေတာ့ေနာ္။ ဆံပင္အဖ်ားေတြ ႏွစ္ခြျဖစ္ၿပီး အပိုင္းပိုင္းျပတ္တတ္ပါတယ္။ ဒါေၾကာင့္ ေရေတြတေတာက္ေတာက္ က်ေနတဲ့အခ်ိန္မွာ ေလတန္းမမႈတ္ဘဲ ဆံပင္ကိုပုဝါေလးနဲ႔ထုတ္ထားၿပီး အရင္ဆံုးေရေတြစုပ္ပါေစ။ မိတ္ကပ္လိမ္းဘာညာ လုပ္ၿပီးေတာ့မွ ပုဝါကိုျဖည္ခ်ၿပီး ဆံပင္နည္းနည္းပါးပါး ဖြသုတ္၊ အားလံုးၿပီးသြားေတာ့မွ ေလမႈတ္ရင္ ဆံပင္အထိနာတာ သက္သာသြားပါလိမ့္မယ္။

(၂) ဦးေရျပားကိုတိုက္ရိုက္ေလမႈတ္တယ္။

အဲ့မွာ ဆံပင္ေတြဆိုတာ အေထြးလိုက္ အားႀကီးနဲ႔ကို ကၽြတ္မွာ ပူမေနနဲ႔။ 😛  ဦးေရျပားဆိုတာ ေခါင္းေလွ်ာ္ရည္တိုက္ရိုက္ထိရင္ေတာင္ ဆံသားအျမစ္ေတြက သိပ္မခိုင္ခ်င္ျဖစ္ေနတာ အဲ့အပူႀကီးနဲ႕လည္းထိေရာ အဟင္းဟင္းေတြျဖစ္ကုန္ေရာ။ ဦးေရျပားတင္မကဘူး ဆံပင္နဲ႔အရမ္းနီးရင္ေတာင္ ဆံပင္အရမ္းဖြာထြက္တာမ်ိဳးေတြ ျဖစ္တတ္တာမို႔ ေလမႈတ္ရင္ ေခါင္းနဲ႔ နည္းနည္းခြာၿပီး မႈတ္ၾကပါလို႔။

Related Article >>> ဆံပင္ခြဲေၾကာင္းေတြကို မ်က္စိတစ္မွိတ္အတြင္း ဘယ္လုိ ေဖ်ာက္ၾကမလဲ?

(၃) ဆံသားကိုအလႊာမခြဲဘဲ ေလမႈတ္တယ္။

ဒါကေတာ့ ႏွင္းကိုယ္တိုင္လည္း ျပင္ရမယ့္အခ်က္ပါ။ မ်ားေသာအားျဖင့္ ေလမႈတ္တဲ့အခါ အလႊာမခြဲေတာ့ ဒီအတုိင္းအေပၚကိုပဲ မႈတ္သြားေရာ။ အေလာသံုးဆယ္နဲ႔ဆိုေတာ့ ေအာက္ဘက္ကဆံပင္ေတြ မေျခာက္ေသးတာကိုလည္း သတိမထားမိ၊ အျပင္လည္းထြက္ေရာ ဆံပင္ကစိုစိုစိစိနဲ႔ ပံုမက်ပန္းမက်ေတြျဖစ္ေရာ။ (ႏွင္းတို႔လိုဆံပင္ဂုတ္ေထာက္ေနတဲ့ လူေတြဆိုပိုသိသာတယ္။ ပံုမက်ေတာ့ ဆံပင္ကလန္လန္ႀကီးျဖစ္ေနေရာေလ။) အၿမဲတမ္းဆံပင္ေလမႈတ္တဲ့အခါ အေပၚဘက္နဲ႔ ေအာက္ဘက္ကိုအလႊာေတြခြဲၿပီး မႈတ္ပါ။

(၄) ေခါင္းလိမ္းဆီမလိမ္းဘူး။

ေလမႈတ္ၿပီးတဲ့အခ်ိန္ ေခါင္းလိမ္းဆီမလိမ္းတာက ဆံသားေတြပ်က္စီးဖို႔အတြက္ အားေပးေနသလိုပါပဲ။ ဦးေရျပားမွာရွိတဲ့ အဆီေတြအားလံုးကို စုပ္ထုပ္လိုက္သလိုျဖစ္သြားတာမို႔ ေလမႈတ္ၿပီးသြားတဲ့အခါ ဗီတာမင္ E ပါတဲ့ေခါင္းလိမ္းဆီကို ျပန္လိမ္းေပးသင့္ပါတယ္ေနာ္။ ဒါမွ ဆံပင္အရမ္းမပ်က္စီးေတာ့မွာ။

Related Article >>> နာရီပိုင္းအတြင္း ဆံပင္ရွည္သြားေအာင္…

(၅) အမ်ိဳးအစားမွန္တဲ့ဘီးမသံုးဘူး။

ခရီးသြားတုန္း ေဟာ္တယ္ကရတဲ့ ပလတ္စတစ္ဘီးေလးေတြပဲသံုးေနတာေတြ ရပ္လိုက္ပါ။ ဘီးတစ္ေခ်ာင္းမွာ အနည္းဆံုး အေလးခ်ိန္ေတာ့ရွိရပါမယ္။ ေနာက္ၿပီး သတၱဳနဲ႔လုပ္ထားတဲ့ ဘီးေတြကလည္း အပူကူးလြယ္ၿပီး ဆံပင္အပူေလာင္တာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ ေနာက္ၿပီး ေလမႈတ္တဲ့အခ်ိန္မွာ တစ္ခါတည္းဆံပင္ပံုသြင္းရမွာမို႔ ဘီးလိပ္သံုးရမယ့္ေနရာမွာ ရိုးရိုးဘီးအျပားပဲသံုးရင္ ကိုယ့္ဆံပင္က ပံုပ်က္သြားတတ္ပါတယ္။ ဒါေၾကာင့္ ကိုယ္လိုခ်င္တဲ့ဆံပင္အေနအထားကိုၾကည့္ၿပီး ဘီးကိုေသခ်ာေရြးသံုးပါ။

ေယာင္းတို႔ေရ ဆံပင္ကႏွင္းတို႔ရဲ႕ ဒုတိယမ်က္ႏွာပါေနာ္။ အံုလိုက္က်င္းလိုက္ ဆံပင္ကၽြတ္လာမွ? ပ်က္စီးလာေတာ့မွ ဘာလို႔လဲဆိုၿပီး အေျဖရွာေနတာထက္ ဒီလိုေလမႈတ္တဲ့အေျခခံေလးကေနစၿပီး ထိန္းသိမ္းသြားရင္ေတာ့ ပိုၿပီးအဆင္ေျပပါလိမ့္မယ္။ အရမ္းပင္ပင္ပန္းပန္းနဲ႔ ေထြေထြထူးထူးလည္း ေျပာင္းစရာမလိုဘူးေလေနာ့္။

Hnin Ei Oo (For Her Myanmar)

>>> Unicode >>>

မြင်ယောင်နေတယ် ဒါတွေဆက်လုပ်သွားရင်တော့ ကတုံးဖြစ်တော့မယ်ဆိုတာ…

ဆံပင်ကို အုံထူထူသန်သန်နဲ့ အရှည်ထားချင်လိုက်တာလည်း ယောင်းတို့အပြင်နှစ်ယောက်မရှိဘူးနော်။ ဒါပေမဲ့တကယ်တမ်း သေချာဂရုစိုက်လားဆိုတော့လည်း နိုးပဲမဟုတ်လား။ ခုလည်းကြည့် နှစ်ရက်ခြားတစ်ခါလောက် လျှော်ပြီး လေမှုတ်တာတောင် သေချာမှန်အောင် မှုတ်ကြရဲ့လားမသိဘူးနော်။ (သူများတွေကိုသာပြောနေတာ ကိုယ်လည်း သိပ်မထူးခြားနားပါပဲ :P) ဆိုတော့ လေမှုတ်တဲ့အခါ မှားတတ်တဲ့ (မှားနေကြတဲ့) အမှားလေးတွေကို ဂရုစိုက်ကြရန်အလို့ငှာ ဒီဆောင်းပါးလေးထဲမှာရေးပေးလိုက်ပါတယ်။ ဒီအချက်တွေထဲက တစ်ခုကိုဖြစ်ဖြစ်၊ တစ်ခုထက်ပိုတာပဲဖြစ်ဖြစ် လုပ်မိနေရင်တော့ အမြန်ဆုံးပြန်ပြင်ဖို့လိုမယ်နော်။

(၁) လေမမှုတ်ခင်ကြိုအခြောက်မခံဘူး။

ရေချိုးခန်းထဲက ရေချိုးခေါင်းလျှော်ပြီးထွက်လာတာနဲ့ တဝူးဝူးနဲ့လေမှုတ်နေတာတွေ ရပ်တန်းကရပ်လိုက်ပါတော့နော်။ ဆံပင်အဖျားတွေ နှစ်ခွဖြစ်ပြီး အပိုင်းပိုင်းပြတ်တတ်ပါတယ်။ ဒါကြောင့် ရေတွေတတောက်တောက် ကျနေတဲ့အချိန်မှာ လေတန်းမမှုတ်ဘဲ ဆံပင်ကိုပုဝါလေးနဲ့ထုတ်ထားပြီး အရင်ဆုံးရေတွေစုပ်ပါစေ။ မိတ်ကပ်လိမ်းဘာညာ လုပ်ပြီးတော့မှ ပုဝါကိုဖြည်ချပြီး ဆံပင်နည်းနည်းပါးပါး ဖွသုတ်၊ အားလုံးပြီးသွားတော့မှ လေမှုတ်ရင် ဆံပင်အထိနာတာ သက်သာသွားပါလိမ့်မယ်။

(၂) ဦးရေပြားကိုတိုက်ရိုက်လေမှုတ်တယ်။

အဲ့မှာ ဆံပင်တွေဆိုတာ အထွေးလိုက် အားကြီးနဲ့ကို ကျွတ်မှာ ပူမနေနဲ့။ 😛  ဦးရေပြားဆိုတာ ခေါင်းလျှော်ရည်တိုက်ရိုက်ထိရင်တောင် ဆံသားအမြစ်တွေက သိပ်မခိုင်ချင်ဖြစ်နေတာ အဲ့အပူကြီးနဲ့လည်းထိရော အဟင်းဟင်းတွေဖြစ်ကုန်ရော။ ဦးရေပြားတင်မကဘူး ဆံပင်နဲ့အရမ်းနီးရင်တောင် ဆံပင်အရမ်းဖွာထွက်တာမျိုးတွေ ဖြစ်တတ်တာမို့ လေမှုတ်ရင် ခေါင်းနဲ့ နည်းနည်းခွာပြီး မှုတ်ကြပါလို့။

Related Article >>> ဆံပင်ခွဲကြောင်းတွေကို မျက်စိတစ်မှိတ်အတွင်း ဘယ်လို ဖျောက်ကြမလဲ?

(၃) ဆံသားကိုအလွှာမခွဲဘဲ လေမှုတ်တယ်။

ဒါကတော့ နှင်းကိုယ်တိုင်လည်း ပြင်ရမယ့်အချက်ပါ။ များသောအားဖြင့် လေမှုတ်တဲ့အခါ အလွှာမခွဲတော့ ဒီအတိုင်းအပေါ်ကိုပဲ မှုတ်သွားရော။ အလောသုံးဆယ်နဲ့ဆိုတော့ အောက်ဘက်ကဆံပင်တွေ မခြောက်သေးတာကိုလည်း သတိမထားမိ၊ အပြင်လည်းထွက်ရော ဆံပင်ကစိုစိုစိစိနဲ့ ပုံမကျပန်းမကျတွေဖြစ်ရော။ (နှင်းတို့လိုဆံပင်ဂုတ်ထောက်နေတဲ့ လူတွေဆိုပိုသိသာတယ်။ ပုံမကျတော့ ဆံပင်ကလန်လန်ကြီးဖြစ်နေရောလေ။) အမြဲတမ်းဆံပင်လေမှုတ်တဲ့အခါ အပေါ်ဘက်နဲ့ အောက်ဘက်ကိုအလွှာတွေခွဲပြီး မှုတ်ပါ။

(၄) ခေါင်းလိမ်းဆီမလိမ်းဘူး။

လေမှုတ်ပြီးတဲ့အချိန် ခေါင်းလိမ်းဆီမလိမ်းတာက ဆံသားတွေပျက်စီးဖို့အတွက် အားပေးနေသလိုပါပဲ။ ဦးရေပြားမှာရှိတဲ့ အဆီတွေအားလုံးကို စုပ်ထုပ်လိုက်သလိုဖြစ်သွားတာမို့ လေမှုတ်ပြီးသွားတဲ့အခါ ဗီတာမင် E ပါတဲ့ခေါင်းလိမ်းဆီကို ပြန်လိမ်းပေးသင့်ပါတယ်နော်။ ဒါမှ ဆံပင်အရမ်းမပျက်စီးတော့မှာ။

Related Article >>> နာရီပိုင်းအတွင်း ဆံပင်ရှည်သွားအောင်…

(၅) အမျိုးအစားမှန်တဲ့ဘီးမသုံးဘူး။

ခရီးသွားတုန်း ဟော်တယ်ကရတဲ့ ပလတ်စတစ်ဘီးလေးတွေပဲသုံးနေတာတွေ ရပ်လိုက်ပါ။ ဘီးတစ်ချောင်းမှာ အနည်းဆုံး အလေးချိန်တော့ရှိရပါမယ်။ နောက်ပြီး သတ္တုနဲ့လုပ်ထားတဲ့ ဘီးတွေကလည်း အပူကူးလွယ်ပြီး ဆံပင်အပူလောင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ နောက်ပြီး လေမှုတ်တဲ့အချိန်မှာ တစ်ခါတည်းဆံပင်ပုံသွင်းရမှာမို့ ဘီးလိပ်သုံးရမယ့်နေရာမှာ ရိုးရိုးဘီးအပြားပဲသုံးရင် ကိုယ့်ဆံပင်က ပုံပျက်သွားတတ်ပါတယ်။ ဒါကြောင့် ကိုယ်လိုချင်တဲ့ဆံပင်အနေအထားကိုကြည့်ပြီး ဘီးကိုသေချာရွေးသုံးပါ။

ယောင်းတို့ရေ ဆံပင်ကနှင်းတို့ရဲ့ ဒုတိယမျက်နှာပါနော်။ အုံလိုက်ကျင်းလိုက် ဆံပင်ကျွတ်လာမှ? ပျက်စီးလာတော့မှ ဘာလို့လဲဆိုပြီး အဖြေရှာနေတာထက် ဒီလိုလေမှုတ်တဲ့အခြေခံလေးကနေစပြီး ထိန်းသိမ်းသွားရင်တော့ ပိုပြီးအဆင်ပြေပါလိမ့်မယ်။ အရမ်းပင်ပင်ပန်းပန်းနဲ့ ထွေထွေထူးထူးလည်း ပြောင်းစရာမလိုဘူးလေနော့်။

Hnin Ei Oo (For Her Myanmar)

Hnin Ei Oo
Hnin Ei Oo
အလွအပ၊ ဖက္ရွင္၊ gym နဲ႔ပတ္သက္တဲ့ ဗဟုသုတေတြ၊ အခ်စ္ေရး စတဲ့က႑ေတြကို အဓိကထားေရးတဲ့ စာေရးသူေပါက္စေလး ေတ်ာက္ပါ 😁 အခြီနဲ႔ စိတ္ဓာတ္ခြန္အားေပးစာေတြကိုလည္း ဒဲ့တိုးေတြ ေရးတတ္ပါေသးတယ္ 😛

Leave a Reply

Your email address will not be published. Required fields are marked *