BB,CC and DD cream ေတြက တကယ္ မိတ္ကပ္သားပါးတာလား?

ေဂ်ာ္တကင္းေတြ မမိေစဖို႔ 

ေယာင္းတို႔ ၾကံဳဖူးလားေတာ့ မသိဘူး။ ဆိုင္ထဲ ဝင္လိုက္လို႔ေလ BB cream, CC cream ေလးမ်ား မကိုင္လိုက္နဲ႔ ကိုင္လိုက္တာနဲ႔ ‘ဒါက မိတ္ကပ္သားအရမ္းပါးတယ္ ညီမေလးရဲ႕.. အဆင္ေျပမွာ မဟုတ္ဘူး.. ဒါေလးကမွ မ်က္ႏွာမွာ အဖုအထစ္ေတြအမ်ားႀကီး ရွိတဲ့ လူမ်ိဳးအတြက္ အဓိကထုတ္ထားတာ’ ဆိုၿပီး ေဖာင္ေဒးရွင္းဘက္ပဲ ယက္ကန္ယက္ကန္ ပါသြားဖူးတယ္မလား? ကိုယ္လည္းမသိဘူးေလေနာ္႔။ ၾကာေတာ့ အဲ့အဆိုႀကီးက တကယ္လိုလုိ သူမ်ားေတြကို ပတ္ၿပီး ဆရာလုပ္ခဲ့တာ။ ဒီဘက္မွာ ထရိန္နင္စတက္ေတာ့မွ ကိုယ့္ရဲ႕သက္တမ္းတစ္ဝက္စာေလာက္က ‘အမေလး ဂ်င္းမိပါၿပီရွင္၊ ဂ်င္းမိသြားပါၿပီရွင့္၊ ဂ်င္းေလးကို ပက္လက္ေမွာက္ခံု မိသြားပါၿပီရွင္’ ျဖစ္ခဲ့တာကို သိလိုက္ရတာ။ တကယ္ေရာ သူတို႔က မိတ္ကပ္သား ပါးေနတာလား?

Related Article >>> မိတ္ကပ္လိမ္းသူတိုင္း သိထားသင့္တဲ့ AA BB CC DD EE နဲ႔ PP

အမယ္ ခ်က္ခ်င္းအေျဖကို ေပးမယ္ထင္သြားတယ္ေပါ့? ဘယ္ရမလဲ ဉာဏ္စမ္းေလးနဲ႔ အရင္ဦးေႏွာက္စားဦးမွာ။ ပထမဦးဆံုး BB cream ထဲမွာဘာေတြပါလဲ၊ CC cream ထဲမွာ ဘာေတြပါလဲဆိုေတာကို သြားၾကည့္ၾကမယ္ေနာ္။

BB cream ကို Beauty Balm cream လို႔လည္း ေခၚပါတယ္တဲ့။ အဓိပၸာယ္ကေတာ့ အလွအပကိုေဆာင္က်ဥ္းေပးမယ့္ ခရင္မ္ေပါ့။ သူ႔နာမည္ေလးအတိုင္းပဲ တကယ္လည္း ေယာင္းတို႔ရဲ႕ မ်က္ႏွာအသားအေရမွာလိုအပ္တဲ့ ေရဓာတ္ (Moisturizing)၊ အရြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္ျခင္းကို ကာကြယ္ေပးတဲ့ဓာတ္ (Anti-Aging)၊ အသားအေရကို ပိုၿပီးၾကည္လင္ေတာက္ပေစတဲ့ဓာတ္ (Brightening)၊  ခရမ္းလြန္ေရာင္ျခည္ကို ကာကြယ္ေပးတဲ့ဓာတ္ (SPF/PA)၊ မိတ္ကပ္ေအာက္ခံ (Primer)၊ အျပစ္အနာအဆာေတြကို ဖံုးအုပ္ေပးတဲ့မိတ္ကပ္အထူ (Concealer) နဲ႔ ဝက္ျခံကိုထိန္းသိမ္းေပးတဲ့ (Acne-Control) စတဲ့ Skincare effect ေလးေတြပါဝင္ပါတယ္။

CC cream မွာေတာ့ BB cream နဲ႔အေပၚ ၆ မ်ိဳးလံုးပါဝင္တာတူၿပီး ေနာက္ဆံုး Acne-Control ေနရာမွာ သူက Color Corrector လို႔ေခၚတဲ့ ေအာက္ခံအသားအေရကို ညီသြားေအာင္ အေရာင္ညွိေပးတဲ့ မိတ္ကပ္သားပဲ အစားထိုးပါဝင္ပါတယ္။ ထူးထူးျခားျခား DD cream ကေတာ့ BB နဲ႔ CC ႏွစ္မ်ိဳးလံုးမွာရွိတဲ့ effect အားလံုးပါဝင္ၿပီး အသားအေရထိန္းသိမ္းတဲ့ အဆင့္ စုစုေပါင္း ၈ မ်ိဳးရွိတဲ့ မိတ္ကပ္အရည္ပါေနာ္။ အင္းးး ဒီေလာက္ Skincare ေတြအမ်ားႀကီးပါေနရင္ေတာ့ တကယ္ပဲ မိတ္ကပ္သားပါးၿပီထင္ပါရဲ႕….

Related Article >>> BB နဲ႔ Foundation ယွဥ္ေရြးရမယ္ဆိုရင္…

တကယ္တမ္းက်ေတာ့ မိတ္ကပ္သားအထူအပါးက သူတို႔ကိုထုတ္တဲ့ တံဆိပ္အေပၚမွာပဲ မူတည္ပါတယ္။ ႏွင္းတို႔သံုးေနက် မိတ္ကပ္အရည္ေတြမွာ မိတ္ကပ္ပါးတာ၊ ထူတာမ်ိဳးရွိသလို BB,CC နဲ႔ DD cream ကလည္း သူတို႔နဲ႔ သေဘာတရား အတူတူပါပဲ။

တစ္ခုထူးျခားတာက ဒီBB,CC နဲ႔ DD cream ေတြမွာ အသားအေရထိန္းသိမ္းတဲ့ဓာတ္ေတြ အမ်ားႀကီးပါဝင္ေနတာမို႔ ထိလြယ္ခိုက္လြယ္တဲ့ အသားအေရပိုင္ရွင္ေတြနဲ႔ အထူးသင့္ေတာ္တာေတာ့ အမွန္ပါပဲ။ ဘာလို႔လဲဆိုေတာ့ ဒီလိုအသားအေရပိုင္ရွင္ေတြက မိတ္ကပ္အတင္မခံဘူး၊ တင္လိုက္တာနဲ႔ အဖုေတြက ပိုထြက္လာတယ္ ဆိုတာမ်ိဳးျဖစ္တတ္ၾကတယ္။ အဲဒါဘာလို႔လဲဆိုေတာ့ ေယာင္းေလးတို႔ လိမ္းလိုက္တဲ့ မိတ္ကပ္ထဲမွာ SPF ေလာက္ပဲအမ်ားဆံုးပါၿပီး က်န္တာက ရိုးရိုးမိတ္ကပ္ေတြပဲ ျဖစ္ေနလို႔ပါ။

 ဒါေပမဲ့ ေတာ္ေတာ္မ်ားမ်ား ဆန္းဆန္းတင့္ အသားအေရပိုင္ရွင္သမားေတြက ဒီအမ်ိဳးအစားသည္ မိတ္ကပ္သားပါးတယ္ေျပာလို႔ လက္ေရွာင္ေနၾကတာေတြ႔ရေတာ့ အက္ဒ္မင္ႏွင္းတစ္ေယာက္ ေျပးလႊားရွာေဖြ၊ ထရိန္နင္ဆင္းထားတဲ့ အသိေလးေတြနဲ႔ေပါင္းစပ္ၿပီး ဒီေဆာင္းပါးေလးကို ေရးျဖစ္သြားတာပါလို႔။

အကူအညီျဖစ္္လိမ့္မယ္လို႔လည္း ယံုၾကည္ပါတယ္ေနာ္။ ေနာက္ေန႔ေတြမွာလည္း ဒါမ်ိဳးေလးေတြ ထပ္ေရးဦးမွာမုိ႔ ဆက္ဆက္ေစာင့္ၾကည့္ေပးပါဦးေနာ္။

Hnin Ei Oo (For Her Myanmar)

<<< Unicode >>>

ဂျော်တကင်းတွေ မမိစေဖို့

ယောင်းတို့ ကြုံဖူးလားတော့ မသိဘူး။ ဆိုင်ထဲ ဝင်လိုက်လို့လေ BB cream, CC cream လေးများ မကိုင်လိုက်နဲ့ ကိုင်လိုက်တာနဲ့ ‘ဒါက မိတ်ကပ်သားအရမ်းပါးတယ် ညီမလေးရဲ့.. အဆင်ပြေမှာ မဟုတ်ဘူး.. ဒါလေးကမှ မျက်နှာမှာ အဖုအထစ်တွေအများကြီး ရှိတဲ့ လူမျိုးအတွက် အဓိကထုတ်ထားတာ’ ဆိုပြီး ဖောင်ဒေးရှင်းဘက်ပဲ ယက်ကန်ယက်ကန် ပါသွားဖူးတယ်မလား? ကိုယ်လည်းမသိဘူးလေနော့်။ ကြာတော့ အဲ့အဆိုကြီးက တကယ်လိုလို သူများတွေကို ပတ်ပြီး ဆရာလုပ်ခဲ့တာ။ ဒီဘက်မှာ ထရိန်နင်စတက်တော့မှ ကိုယ့်ရဲ့သက်တမ်းတစ်ဝက်စာလောက်က ‘အမလေး ဂျင်းမိပါပြီရှင်၊ ဂျင်းမိသွားပါပြီရှင့်၊ ဂျင်းလေးကို ပက်လက်မှောက်ခုံ မိသွားပါပြီရှင်’ ဖြစ်ခဲ့တာကို သိလိုက်ရတာ။ တကယ်ရော သူတို့က မိတ်ကပ်သား ပါးနေတာလား?

Related Article >>> မိတ်ကပ်လိမ်းသူတိုင်း သိထားသင့်တဲ့ AA BB CC DD EE နဲ့ PP

အမယ် ချက်ချင်းအဖြေကို ပေးမယ်ထင်သွားတယ်ပေါ့? ဘယ်ရမလဲ ဉာဏ်စမ်းလေးနဲ့ အရင်ဦးနှောက်စားဦးမှာ။ ပထမဦးဆုံး BB cream ထဲမှာဘာတွေပါလဲ၊ CC cream ထဲမှာ ဘာတွေပါလဲဆိုတောကို သွားကြည့်ကြမယ်နော်။

BB cream ကို Beauty Balm cream လို့လည်း ခေါ်ပါတယ်တဲ့။ အဓိပ္ပာယ်ကတော့ အလှအပကိုဆောင်ကျဉ်းပေးမယ့် ခရင်မ်ပေါ့။ သူ့နာမည်လေးအတိုင်းပဲ တကယ်လည်း ယောင်းတို့ရဲ့ မျက်နှာအသားအရေမှာလိုအပ်တဲ့ ရေဓာတ် (Moisturizing)၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးတဲ့ဓာတ် (Anti-Aging)၊ အသားအရေကို ပိုပြီးကြည်လင်တောက်ပစေတဲ့ဓာတ် (Brightening)၊ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးတဲ့ဓာတ် (SPF/PA)၊ မိတ်ကပ်အောက်ခံ (Primer)၊ အပြစ်အနာအဆာတွေကို ဖုံးအုပ်ပေးတဲ့မိတ်ကပ်အထူ (Concealer) နဲ့ ဝက်ခြံကိုထိန်းသိမ်းပေးတဲ့ (Acne-Control) စတဲ့ Skincare effect လေးတွေပါဝင်ပါတယ်။

CC cream မှာတော့ BB cream နဲ့အပေါ် ၆ မျိုးလုံးပါဝင်တာတူပြီး နောက်ဆုံး Acne-Control နေရာမှာ သူက Color Corrector လို့ခေါ်တဲ့ အောက်ခံအသားအရေကို ညီသွားအောင် အရောင်ညှိပေးတဲ့ မိတ်ကပ်သားပဲ အစားထိုးပါဝင်ပါတယ်။ ထူးထူးခြားခြား DD cream ကတော့ BB နဲ့ CC နှစ်မျိုးလုံးမှာရှိတဲ့ effect အားလုံးပါဝင်ပြီး အသားအရေထိန်းသိမ်းတဲ့ အဆင့် စုစုပေါင်း ၈ မျိုးရှိတဲ့ မိတ်ကပ်အရည်ပါနော်။ အင်းးး ဒီလောက် Skincare တွေအများကြီးပါနေရင်တော့ တကယ်ပဲ မိတ်ကပ်သားပါးပြီထင်ပါရဲ့….

Related Article >>> BB နဲ့ Foundation ယှဉ်ရွေးရမယ်ဆိုရင်…

တကယ်တမ်းကျတော့ မိတ်ကပ်သားအထူအပါးက သူတို့ကိုထုတ်တဲ့ တံဆိပ်အပေါ်မှာပဲ မူတည်ပါတယ်။ နှင်းတို့သုံးနေကျ မိတ်ကပ်အရည်တွေမှာ မိတ်ကပ်ပါးတာ၊ ထူတာမျိုးရှိသလို BB,CC နဲ့ DD cream ကလည်း သူတို့နဲ့ သဘောတရား အတူတူပါပဲ။

တစ်ခုထူးခြားတာက ဒီBB,CC နဲ့ DD cream တွေမှာ အသားအရေထိန်းသိမ်းတဲ့ဓာတ်တွေ အများကြီးပါဝင်နေတာမို့ ထိလွယ်ခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေနဲ့ အထူးသင့်တော်တာတော့ အမှန်ပါပဲ။ ဘာလို့လဲဆိုတော့ ဒီလိုအသားအရေပိုင်ရှင်တွေက မိတ်ကပ်အတင်မခံဘူး၊ တင်လိုက်တာနဲ့ အဖုတွေက ပိုထွက်လာတယ် ဆိုတာမျိုးဖြစ်တတ်ကြတယ်။ အဲဒါဘာလို့လဲဆိုတော့ ယောင်းလေးတို့ လိမ်းလိုက်တဲ့ မိတ်ကပ်ထဲမှာ SPF လောက်ပဲအများဆုံးပါပြီး ကျန်တာက ရိုးရိုးမိတ်ကပ်တွေပဲ ဖြစ်နေလို့ပါ။

ဒါပေမဲ့ တော်တော်များများ ဆန်းဆန်းတင့် အသားအရေပိုင်ရှင်သမားတွေက ဒီအမျိုးအစားသည် မိတ်ကပ်သားပါးတယ်ပြောလို့ လက်ရှောင်နေကြတာတွေ့ရတော့ အက်ဒ်မင်နှင်းတစ်ယောက် ပြေးလွှားရှာဖွေ၊ ထရိန်နင်ဆင်းထားတဲ့ အသိလေးတွေနဲ့ပေါင်းစပ်ပြီး ဒီဆောင်းပါးလေးကို ရေးဖြစ်သွားတာပါလို့။

အကူအညီဖြစ်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်နော်။ နောက်နေ့တွေမှာလည်း ဒါမျိုးလေးတွေ ထပ်ရေးဦးမှာမို့ ဆက်ဆက်စောင့်ကြည့်ပေးပါဦးနော်။

Hnin Ei Oo (For Her Myanmar)

No Comments Yet

Comments are closed