အသားအေရကို တျမည့္ျမည့္ဖ်က္ဆီးေနတဲ့ ခရမ္းလြန္ေရာင္ျခည္မ်ား ရဲ႕အႏၱရာယ္

ေႏြရာသီရဲ႕ေနေရာင္ထဲမွာဆိုရင္ေတာ့ မေတြးရဲစရာပါ      

အခုတေလာ အရမ္းေခတ္စားေနတဲ့ Selfie ဓာတ္ပံုက Sunkiss Skin လို႔ေခၚတဲ့ ေနေရာင္က မ်က္ႏွာေပၚျဖာက်ေနတဲ့အခ်ိန္ ဝင္းမြတ္ေနတဲ့ အသားအေရကို အမိအရရိုက္ထားတာပါပဲ။ ဒါေပမဲ့ တကယ့္ရန္သူေတာ္စစ္စစ္ကို ဒီလိုယံုမွတ္ၿပီး ပံုအပ္ေနၾကတာက တကယ့္ျပႆနာ။ ဟင္ ဒီလိုေနေရာင္ေလးက ဘာမ်ားလုပ္ႏိုင္မွာမို႔လို႔လဲဆိုရင္ေတာ့ ဒီပိုစ့္ကို အဆံုးထိသာဖတ္လိုက္ပါေတာ့လို႔။ (ဖတ္ရင္းနဲ႔ အသည္းကြဲၿပီး မငိုေၾကးေနာ္။)

ႏွင္းတို႔ေန႔တိုင္း ထိေတြ႔ေနက် ေနေရာင္ထဲမွာ UVA, UVB နဲ႔ UVC လို႔ေခၚတဲ့ ခရမ္းလြန္ေရာင္ျခည္ေတြ ရွိပါတယ္။ အိုဇုန္းလႊာေပါက္ၿပဲပ်က္စီးခ်ိန္ကစၿပီး အဲဒီခရမ္းလြန္ေရာင္ျခည္ေတြက ေနေရာင္နဲ႔အတူပါလာတာမို႔ လူ႔အေရျပားေပၚ တိုက္ရိုက္က်ေရာက္လာပါတယ္။ ခရမ္းလြန္ေရာင္ျခည္ေတြအေၾကာင္း ေျပာမယ္ဆိုရင္ ႏွင္းတို႔ရဲ႕ အေရျပားမွာရွိတဲ့ အလႊာ ၃ လႊာအေၾကာင္းကိုလည္း မပါမေနထည့္ေျပာမွရမယ္ထင္ပါတယ္။ အေရျပား ၃ လႊာထဲမွာဆိုရင္ Epidermis (အေပၚဆံုးအလႊာ)၊ Dermis (အလယ္အလႊာ) နဲ႔ Hypodermis (ေအာက္ဆံုးအလႊာ) ဆိုၿပီး ၃ မ်ိဳးရွိပါတယ္။  (အျပည့္အစံုကိုေတာ့ ေနာက္တစ္ပုဒ္မွာ ေမွ်ာ္ပါရွင္ :P)

Related Article >>> ဝက္ျခံေတြကို သဘာဝဆန္ဆန္မိတ္ကပ္ေလးနဲ႔ပဲ ဘယ္လိုဆရာက်က် ေဖ်ာက္ၾကမလဲ?

ခရမ္းလြန္ေရာင္ျခည္ေတၤထဲမွာ အရွည္ဆုံးကေတာ့ UVA rays ေတြပါ။ ႏွင္းတို႔အေရျပားရဲ႕ ဒုတိယအလႊာျဖစ္တဲ့ Epidermis အထိဝင္ေရာက္ႏိုင္ၿပီး ေကာ္လဂ်င္၊ အလက္စတင္နဲ႔ ေခၽြး၊ အဆီဂလင္းေတြကို ဖ်က္ဆီးပစ္ၿပီး အဆီအရမ္းျပန္တာ၊ ငယ္ငယ္ရြယ္ရြယ္နဲ႔ အေရးအေၾကာင္း၊ တင္းတိပ္အကြက္ေတြ ျဖစ္လာတာမ်ိဳး ၊ မ်က္ႏွာမွာ ေခၽြးေပါက္က်ယ္ၿပီး လိေမၼာ္ခြံလိုအသားအေရျဖစ္လာတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။

UVB rays ေတြကေတာ့ အလယ္အလတ္လိႈင္းေလးပါ။ သူကေတာ့ ႏွင္းတို႔အေရျပားရဲ႕ အေပၚဆံုးအလႊာကိုေရာက္လာႏိုင္ၿပီး အဲဒီအေပၚဆံုးအလႊာမွာရွိတဲ့ Mellanocyte ဆဲလ္ (မယ္လနင္ဆဲလ္) ေတြကို ဖ်က္ဆီးပစ္ကာ မဲလ္နင္ထြက္ႏႈန္းကို ကေမာက္ကမျဖစ္ေစပါတယ္။ (အခု ႏိုင္ငံျခားသူေတြ ညိဳခ်င္လို႔ ေနေလာင္ဒဏ္ခံၾကတာေလ။ အဲဒါသူတို႔က မဲလ္လနင္ဓာတ္အထြက္နည္းလို႔မ်ားေအာင္ ေနနဲ႔တိုက္ရိုက္ထိခိုင္းထားတာပါ။ ၿပီးေတာ့ တခ်ိဳ႕အာရွသူေလးေတြ အသားျဖဴခ်င္လို႔ အသားျဖဴေဆးေတြေသာက္ ၊ ေဆးထိုးတယ္ဆိုတာက ရွိၿပီးသားမယ္လ္လနင္ဓာတ္ကို ေလွ်ာ႔ခ်ပစ္တာမို႔ ႏွစ္နည္းလံုးအႏၱရာယ္ရွိပါတယ္ေနာ္။)

ေနာက္ဆံုး UVC ေရာင္ျခည္ကေတာ့ အားလံုးထဲမွာ အတိုဆံုးပါ။ ဒီေရာင္ျခည္ကိုေတာ့ အိုဇုန္းလႊာကကာထားတာမို႔ ကမာၻေျမေပၚမေရာက္လာႏိုင္ေသးေပမဲ့ ေရာက္လာတဲ့အခ်ိန္မွာေတာ့ အေရျပားကင္ဆာျဖစ္တဲ့အထိ လူ႔အသားအေရကို ထိခိုက္ေစပါလိမ့္မယ္။

Related Article >>> မ်က္ေတာင္အတုဆက္တာနဲ႔ ရိုးရိုးမ်က္ေတာင္အတုတပ္တာမွာ ဘယ္ဟာကိုေရြးခ်ယ္သင့္လဲ?

 ဒီေလာက္အႏၱရာယ္မ်ားတဲ့ ခရမ္းလြန္ေရာင္ျခည္ကို ေၾကာက္တယ္ဆိုၿပီး ဒီအတိုင္းပဲထားၾကေတာ့မွာလား?  ျပႆနာရွိရင္ အေျဖကေတာ့ရွိစၿမဲမို႔ ကာကြယ္ႏိုင္မယ့္ နည္းလမ္းေတာ့ရွိပါတယ္။ ေယာင္းတို႔အရင္က အပိုလို႔ထင္ေကာင္းထင္မယ့္ ေနေလာင္ဒဏ္ကာကြယ္တဲ့ခရင္မ္ေတြကို ထုတ္လိမ္းပါ။ 

ျမန္မာႏိုင္ငံရဲ႕ ရာသီဥတုအေျခအေနအရ SPF45 နဲ႔ PA+++ အနည္းဆံုးပါတဲ့ sunscreen ေတြနဲ႔မွ အဆင္ေျပမွာမို႔ ေတြ႔ကရာေတာ့ ေကာက္မလိမ္းၾကပါနဲ႔ ေယာင္းတို႔ေရ။ ေနာက္ၿပီးေတာ့ ထံုးစံအတိုင္း အသားေျခာက္သူေတြနဲ႔ ပံုမွန္အသားအေရ ပိုင္ရွင္ေတြကေတာ့ ခရင္မ္အမ်ိဳးအစားေရြးၿပီး အဆီျပန္သူေတြနဲ႔ ေပါင္းစပ္အသားအေရပိုင္ရွင္ေလးေတြကေတာ့ အသားထဲကိုစိမ့္ဝင္ႏိုင္တဲ့ ဂ်ယ္လ္အမ်ိဳးအစား (သို႔) ခပ္ေပါ့ေပါ့ခရင္မ္အမ်ိဳးအစားကို ေရြးခ်ယ္အသံုးျပဳေပးနိုင္ပါတယ္။ ဒါဆိုရင္ ေယာင္းတို႔အခုျဖစ္ေနတဲ့ အေရျပားျပႆနာေလးေတြ သက္သာသြားပါလိမ့္မယ္ေနာ္။

With Love,

Hnin Ei Oo (For Her Myanmar)

<<<Unicode>>>

 

နွေရာသီရဲ့နေရောင်ထဲမှာဆိုရင်တော့ မတွေးရဲစရာပါ      

အခုတလော အရမ်းခေတ်စားနေတဲ့ Selfie ဓာတ်ပုံက Sunkiss Skin လို့ခေါ်တဲ့ နေရောင်က မျက်နှာပေါ်ဖြာကျနေတဲ့အချိန် ဝင်းမွတ်နေတဲ့ အသားအရေကို အမိအရရိုက်ထားတာပါပဲ။ ဒါပေမဲ့ တကယ့်ရန်သူတော်စစ်စစ်ကို ဒီလိုယုံမှတ်ပြီး ပုံအပ်နေကြတာက တကယ့်ပြဿနာ။ ဟင် ဒီလိုနေရောင်လေးက ဘာများလုပ်နိုင်မှာမို့လို့လဲဆိုရင်တော့ ဒီပိုစ့်ကို အဆုံးထိသာဖတ်လိုက်ပါတော့လို့။ (ဖတ်ရင်းနဲ့ အသည်းကွဲပြီး မငိုကြေးနော်။)

နှင်းတို့နေ့တိုင်း ထိတွေ့နေကျ နေရောင်ထဲမှာ UVA, UVB နဲ့ UVC လို့ခေါ်တဲ့ ခရမ်းလွန်ရောင်ခြည်တွေ ရှိပါတယ်။ အိုဇုန်းလွှာပေါက်ပြဲပျက်စီးချိန်ကစပြီး အဲဒီခရမ်းလွန်ရောင်ခြည်တွေက နေရောင်နဲ့အတူပါလာတာမို့ လူ့အရေပြားပေါ် တိုက်ရိုက်ကျရောက်လာပါတယ်။ ခရမ်းလွန်ရောင်ခြည်တွေအကြောင်း ပြောမယ်ဆိုရင် နှင်းတို့ရဲ့ အရေပြားမှာရှိတဲ့ အလွှာ ၃ လွှာအကြောင်းကိုလည်း မပါမနေထည့်ပြောမှရမယ်ထင်ပါတယ်။ အရေပြား ၃ လွှာထဲမှာဆိုရင် Epidermis (အပေါ်ဆုံးအလွှာ)၊ Dermis (အလယ်အလွှာ) နဲ့ Hypodermis (အောက်ဆုံးအလွှာ) ဆိုပြီး ၃ မျိုးရှိပါတယ်။  (အပြည့်အစုံကိုတော့ နောက်တစ်ပုဒ်မှာ မျှော်ပါရှင် :P)

Related Article >>> ဝက်ခြံတွေကို သဘာဝဆန်ဆန်မိတ်ကပ်လေးနဲ့ပဲ ဘယ်လိုဆရာကျကျ ဖျောက်ကြမလဲ?

UVA rays တွေကတော့ အားလုံးထဲမှာ အရှည်ဆုံးခရမ်းလွန်ရောင်ခြည်ပါ။ သူက နှင်းတို့အရေပြားရဲ့ ဒုတိယအလွှာဖြစ်တဲ့ Epidermis အထိဝင်ရောက်နိုင်ပြီး ကော်လဂျင်၊ အလက်စတင်နဲ့ ချွေး၊ အဆီဂလင်းတွေကို ဖျက်ဆီးပစ်ပြီး အဆီအရမ်းပြန်တာ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ အရေးအကြောင်း၊ တင်းတိပ်အကွက်တွေ ဖြစ်လာတာမျိုး ၊ မျက်နှာမှာ ချွေးပေါက်ကျယ်ပြီး လိမ္မော်ခွံလိုအသားအရေဖြစ်လာတာမျိုးတွေ ဖြစ်တတ်ပါတယ်။

UVB rays တွေကတော့ အလယ်အလတ်လှိုင်းလေးပါ။ သူကတော့ နှင်းတို့အရေပြားရဲ့ အပေါ်ဆုံးအလွှာကိုရောက်လာနိုင်ပြီး အဲဒီအပေါ်ဆုံးအလွှာမှာရှိတဲ့ Mellanocyte ဆဲလ် (မယ်လနင်ဆဲလ်) တွေကို ဖျက်ဆီးပစ်ကာ မဲလ်ကနင်ထွက်နှုန်းကို ကမောက်ကမဖြစ်စေပါတယ်။ (အခု နိုင်ငံခြားသူတွေ ညိုချင်လို့ နေလောင်ဒဏ်ခံကြတာလေ။ အဲဒါသူတို့က မဲလ်လနင်ဓာတ်အထွက်နည်းလို့များအောင် နေနဲ့တိုက်ရိုက်ထိခိုင်းထားတာပါ။ ပြီးတော့ တချို့အာရှသူလေးတွေ အသားဖြူချင်လို့ အသားဖြူဆေးတွေသောက် ၊ ဆေးထိုးတယ်ဆိုတာက ရှိပြီးသားမယ်လ်လနင်ဓာတ်ကို လျှော့ချပစ်တာမို့ နှစ်နည်းလုံးအန္တရာယ်ရှိပါတယ်နော်။) နောက်ဆုံး UVC ရောင်ခြည်ကတော့ အားလုံးထဲမှာ အတိုဆုံးပါ။ ဒီရောင်ခြည်ကိုတော့ အိုဇုန်းလွှာကကာထားတာမို့ ကမ္ဘာမြေပေါ်မရောက်လာနိုင်သေးပေမဲ့ ရောက်လာတဲ့အချိန်မှာတော့ အရေပြားကင်ဆာဖြစ်တဲ့အထိ လူ့အသားအရေကို ထိခိုက်စေပါလိမ့်မယ်။

Related Article >>> မျက်တောင်အတုဆက်တာနဲ့ ရိုးရိုးမျက်တောင်အတုတပ်တာမှာ ဘယ်ဟာကိုရွေးချယ်သင့်လဲ?

 ဒီလောက်အန္တရာယ်များတဲ့ ခရမ်းလွန်ရောင်ခြည်ကို ကြောက်တယ်ဆိုပြီး ဒီအတိုင်းပဲထားကြတော့မှာလား?  ပြဿနာရှိရင် အဖြေကတော့ရှိစမြဲမို့ ကာကွယ်နိုင်မယ့် နည်းလမ်းတော့ရှိပါတယ်။ ယောင်းတို့အရင်က အပိုလို့ထင်ကောင်းထင်မယ့် နေလောင်ဒဏ်ကာကွယ်တဲ့ခရင်မ်တွေကို ထုတ်လိမ်းပါ။ 

မြန်မာနိုင်ငံရဲ့ ရာသီဥတုအခြေအနေအရ SPF45 နဲ့ PA+++ အနည်းဆုံးပါတဲ့ sunscreen တွေနဲ့မှ အဆင်ပြေမှာမို့ တွေ့ကရာတော့ ကောက်မလိမ်းကြပါနဲ့ ယောင်းတို့ရေ။ နောက်ပြီးတော့ ထုံးစံအတိုင်း အသားခြောက်သူတွေနဲ့ ပုံမှန်အသားအရေ ပိုင်ရှင်တွေကတော့ ခရင်မ်အမျိုးအစားရွေးပြီး အဆီပြန်သူတွေနဲ့ ပေါင်းစပ်အသားအရေပိုင်ရှင်လေးတွေကတော့ အသားထဲကိုစိမ့်ဝင်နိုင်တဲ့ ဂျယ်လ်အမျိုးအစား (သို့) ခပ်ပေါ့ပေါ့ခရင်မ်အမျိုးအစားကို ရွေးချယ်အသုံးပြုပေးနိုင်ပါတယ်။ ဒါဆိုရင် ယောင်းတို့အခုဖြစ်နေတဲ့ အရေပြားပြဿနာလေးတွေ သက်သာသွားပါလိမ့်မယ်နော်။

With Love,

Hnin Ei Oo (For Her Myanmar)

No Comments Yet

Comments are closed