Parachute Advansed Coconut oil
Beauty

အုန္းဆီက ဆံေကသာက်န္းမာေရးအတြက္ အေကာင္းဆံုးဆိုေပမဲ့ အုန္းဆီလိမ္းရမွာ ေၾကာက္တုန္းပဲလား?

အုန္းဆီက ဆံေကသာအတြက္ ဘာေတြ အဓိက ေကာင္းလဲဆိုေတာ့…

>>> Zawgyi >>>

ေယာင္းတို႔ေရ … ငယ္ငယ္ကဆို အဘြားတို႔ အေမတို႔က အိပ္ရာႏိုးလာတာနဲ႔ ဆံပင္ကို စိတ္ရွည္လက္ရွည္အုန္းဆီထည့္တာျမင္ေတာ့ ဘာလို႔မ်ားအုန္းဆီထည့္တာလဲလို႔ အေတြးဝင္ခဲ့ဖူးတယ္။ အသက္ကေလးရလာမွ အုန္းဆီရဲ႕ အသံုးဝင္ပံုေတြကို သိလာရေတာ့တာပဲ။ အုန္းဆီက ဆံပင္အတြက္ ဘာေတြအက်ိဳးျပဳလဲဆိုေတာ့ …

(၁) ဆံပင္သန္ေစတယ္

အုန္းဆီက ဆံပင္ကို အရင္းကေန အဖ်ားအထိအားျဖည့္ေပးတဲ့အျပင္ ဆံပင္ထြက္ႏႈန္းျမန္ေအာင္ လႈံ႕ေဆာ္ေပးတာေၾကာင့္ ဆံပင္ကို နက္ေမွာင္သန္စြမ္းေစပါတယ္။

(၂) ေဗာက္ေပ်ာက္ေစတယ္

မိန္းကေလးေတြရဲ႕ မဟာရန္သူေတာ္ႀကီးကေတာ့ဂေဗာက္ပါပဲ။ အထူးသျဖင့္ ဒီလိုမိုးရာသီမွာေပါ့။ အုန္းဆီက ဦးေရျပားအတြင္းပိုင္းအထိ အားျဖည့္ေပးတာေၾကာင့္ ဦးေရျပားေျခာက္ေသြ႕လို႔ ျဖစ္လာတဲ့ ေဗာက္အႏၱရာယ္ကလည္း ကာကြယ္ေပးပါတယ္။

(၃) ဆံသားေျခာက္ေသြ႕ျခင္းကို ကာကြယ္ေပးတယ္

ဆံပင္ကို မၾကာခဏဆိုသလို ေကာက္လိုက္ျဖာင့္လိုက္ေဆးဆိုးလိုက္လုပ္တတ္တဲ့သူေတြ ၾကံဳေတြ႕ရတာကေတာ့ ဆံသားပ်က္စီးေျခာက္ေသြ႔တာပါ။ ေျခာက္ေသြ႔ေနတဲ့ဆံသားကို အုန္းဆီပံုမွန္လိမ္းေပးရင္ အုန္းဆီက ေရဓာတ္ျဖည့္ေပးၿပီး အခ်ိန္တိုအတြင္းမွာပဲ ဆံသားကို ျပဳျပင္ေပးပါတယ္။

(၄) ဆံပင္ကၽြတ္သက္သာေစတယ္

Stella က ဆံပင္ကၽြတ္သန္တဲ့ထဲမွာပါတယ္။ ကိုယ္ကဆံပင္ရွည္ႀကိဳက္သူဆိုေတာ့ ကိုယ့္ဆံပင္ေလးမ်ားကၽြတ္ရင္ စိတ္ဆင္းေတြကိုရဲလို႔။ အုန္းဆီကို ညတိုင္းပံုမွန္လိမ္းအိပ္ၿပီးတဲ့ေနာက္မွာေတာ့ သိသိသာသာကိ ဆံပင္ကၽြတ္သက္သာလာတာပါပဲ။

(၅) ဆံပင္ကိုေပ်ာ့ေပ်ာင္းေစတယ္

အုန္းဆီရဲ႕အားသာခ်က္ကေတာ့ ဆံပင္ကို ေပ်ာ့ေပ်ာင္းေစတာပဲ။ ဆံပင္ၾကမ္းတဲ့အခါ အဖ်ားႏွစ္ခြျဖစ္တာေတြ၊ ဆံပင္ညွိတာေတြျဖစ္ၿပီး ဆံပင္ေတြအေထြးလိုက္ျပတ္က်တာမ်ိဳးေတြ ့ျဖစ္တတ္ပါတယ္။ ဒါေတြကိုလည္း အုန္းဆီက အသာေလးကာကြယ္ေပးႏိုင္ပါတယ္ေနာ္။

အုန္းဆီရဲ႕ ဆံပင္ကိုအက်ိဳးျပဳပံုေတြကေတာ့ အမ်ားႀကီးမွ အမ်ားႀကီးပါပဲ။ ဒါေပမဲ့ Stella တို႔လို ေခတ္ကာလသားသမီးေတြက အုန္းဆီကို သေဘာမက်ၾကဘူး။ ဘာလို႔ဆို အနံ႔ကလည္းျပင္းသလို ဆံပင္မွာအဆီထြက္သလို ရႊဲရႊဲေျပာင္ေျပာင္ႀကီးျဖစ္ေနတာ မႀကိဳက္ၾကဘူးေလ။ ၿပီးရင္ အုန္းဆီလိမ္းထားတိုင္း ဆံပင္ကကပ္ကပ္ႀကီးျဖစ္ေနေတာ့ အလွပ်က္တယ္မွတ္လား ?

ဆံသားလည္း ေကာင္းေစခ်င္၊ အုန္းဆီလည္း မလိမ္းခ်င္ျဖစ္ေနတုန္း ကယ္တင္ရွင္ကို သြားေတြ႕တာပဲ။ ကယ္တင္ရွင္က ဘယ္သူလဲဆိုေတာ့ Parachute ရဲ႕ Advansed Coconut Hair Oil ေလးေပါ့။ သူက ၁၀၀% လတ္ဆတ္တဲ့ သဘာဝ အုန္းသီးကထုတ္လုပ္ထားတဲ့ အုန္းဆီဆိုေတာ့ အနံ့မျပင္းဘူး သင္းသင္းေလးပဲ။ ၿပီးေတာ့ ပ်က္စီးေနတဲ့ဆံပင္ကိုေတာင္မွ အခ်ိန္တိုအတြင္းမွာ ျပဳျပင္ေပးတယ္။ ေစးကပ္မႈလည္း လံုးဝမရွိလို႔ ေန႔စဥ္႐ုံးသြားေက်ာင္းသြားေနရသူေတြအတြက္ ကြက္တိကို အဆင္ေျပတာေပါ့။ ဒါတင္မကေသးဘူးေနာ္ … သူကဦးေရျပားကို ေအးျမေစၿပီး တစ္ေနကုန္လည္း ဆံေကသာကို ဆံရင္းမွ အဖ်ားထိ အေကာင္းဆုံး အားျဖည့္ေပးႏိုင္ေသးတယ္။ အုန္းသီးရဲ႕အဆီအႏွစ္ေတြနဲ႔ ေပါင္းစပ္ျပဳလုပ္ထားတာမို႔ ဆံေကသာကိုအာနိသင္အျပည့္နဲ႔ ျပဳျပင္ေပးႏိုင္တာ ေျပာစရာကိုမလိုေတာ့ပါဘူး။

အုန္းဆီရဲ႕ အက်ိဳးေက်းဇူးေတြကိုလည္း Stella က ေယာင္းတို႔အတြက္ ေဝမွ်ေပးလိုက္ၿပီ။ တစ္ျခားအုန္းဆီေတြလို ဆီေၾကးနံ႔ နံျခင္းလည္း မရွိ ရႊဲရႊဲေျပာင္ေျပာင္ႀကီး ျဖစ္မေနေစဘဲ ဆံရင္း ကေန အဖ်ားထိ အေကာင္းဆုံးအားျဖည့္ေပးႏိုင္တဲ့ Parachute အုန္းဆီေလးနဲ႔လည္း မိတ္ဆက္ေပးလိုက္ၿပီဆိုေတာ့ ဆံေကသာကို အားျဖည့္ေပးတဲ့ အုန္းဆီလိမ္းဖို႔ လက္မတြန္႔ၾကနဲ႔ေတာ့ေနာ္။


Stella (For Her Myanmar)

>>> Unicode >>>

အုန်းဆီက ဆံကေသာအတွက် ဘာတွေ အဓိက ကောင်းလဲဆိုတော့…

ယောင်းတို့ရေ … ငယ်ငယ်ကဆို အဘွားတို့ အမေတို့က အိပ်ရာနိုးလာတာနဲ့ ဆံပင်ကို စိတ်ရှည်လက်ရှည်အုန်းဆီထည့်တာမြင်တော့ ဘာလို့များအုန်းဆီထည့်တာလဲလို့ အတွေးဝင်ခဲ့ဖူးတယ်။ အသက်ကလေးရလာမှ အုန်းဆီရဲ့ အသုံးဝင်ပုံတွေကို သိလာရတော့တာပဲ။ အုန်းဆီက ဆံပင်အတွက် ဘာတွေအကျိုးပြုလဲဆိုတော့ …

(၁) ဆံပင်သန်စေတယ်

အုန်းဆီက ဆံပင်ကို အရင်းကနေ အဖျားအထိအားဖြည့်ပေးတဲ့အပြင် ဆံပင်ထွက်နှုန်းမြန်အောင် လှုံ့ဆော်ပေးတာကြောင့် ဆံပင်ကို နက်မှောင်သန်စွမ်းစေပါတယ်။

(၂) ဗောက်ပျောက်စေတယ်

မိန်းကလေးတွေရဲ့ မဟာရန်သူတော်ကြီးကတော့ဂဗောက်ပါပဲ။ အထူးသဖြင့် ဒီလိုမိုးရာသီမှာပေါ့။ အုန်းဆီက ဦးရေပြားအတွင်းပိုင်းအထိ အားဖြည့်ပေးတာကြောင့် ဦးရေပြားခြောက်သွေ့လို့ ဖြစ်လာတဲ့ ဗောက်အန္တရာယ်ကလည်း ကာကွယ်ပေးပါတယ်။

(၃) ဆံသားခြောက်သွေ့ခြင်းကို ကာကွယ်ပေးတယ်

ဆံပင်ကို မကြာခဏဆိုသလို ကောက်လိုက်ဖြာင့်လိုက်ဆေးဆိုးလိုက်လုပ်တတ်တဲ့သူတွေ ကြုံတွေ့ရတာကတော့ ဆံသားပျက်စီးခြောက်သွေ့တာပါ။ ခြောက်သွေ့နေတဲ့ဆံသားကို အုန်းဆီပုံမှန်လိမ်းပေးရင် အုန်းဆီက ရေဓာတ်ဖြည့်ပေးပြီး အချိန်တိုအတွင်းမှာပဲ ဆံသားကို ပြုပြင်ပေးပါတယ်။

(၄) ဆံပင်ကျွတ်သက်သာစေတယ်

Stella က ဆံပင်ကျွတ်သန်တဲ့ထဲမှာပါတယ်။ ကိုယ်ကဆံပင်ရှည်ကြိုက်သူဆိုတော့ ကိုယ့်ဆံပင်လေးများကျွတ်ရင် စိတ်ဆင်းတွေကိုရဲလို့။ အုန်းဆီကို ညတိုင်းပုံမှန်လိမ်းအိပ်ပြီးတဲ့နောက်မှာတော့ သိသိသာသာကိ ဆံပင်ကျွတ်သက်သာလာတာပါပဲ။

(၅) ဆံပင်ကိုပျော့ပျောင်းစေတယ်

အုန်းဆီရဲ့အားသာချက်ကတော့ ဆံပင်ကို ပျော့ပျောင်းစေတာပဲ။ ဆံပင်ကြမ်းတဲ့အခါ အဖျားနှစ်ခွဖြစ်တာတွေ၊ ဆံပင်ညှိတာတွေဖြစ်ပြီး ဆံပင်တွေအထွေးလိုက်ပြတ်ကျတာမျိုးတွေ့ဖြစ်တတ်ပါတယ်။ ဒါတွေကိုလည်း အုန်းဆီက အသာလေးကာကွယ်ပေးနိုင်ပါတယ်နော်။

အုန်းဆီရဲ့ ဆံပင်ကိုအကျိုးပြုပုံတွေကတော့ အများကြီးမှ အများကြီးပါပဲ။ ဒါပေမဲ့ Stella တို့လို ခေတ်ကာလသားသမီးတွေက အုန်းဆီကို သဘောမကျကြဘူး။ ဘာလို့ဆို အနံ့ကလည်းပြင်းသလို ဆံပင်မှာအဆီထွက်သလို ရွှဲရွှဲပြောင်ပြောင်ကြီးဖြစ်နေတာ မကြိုက်ကြဘူးလေ။ ပြီးရင် အုန်းဆီလိမ်းထားတိုင်း ဆံပင်ကကပ်ကပ်ကြီးဖြစ်နေတော့ အလှပျက်တယ်မှတ်လား ?

ဆံသားလည်း ကောင်းစေချင်၊ အုန်းဆီလည်း မလိမ်းချင်ဖြစ်နေတုန်း ကယ်တင်ရှင်ကို သွားတွေ့တာပဲ။ ကယ်တင်ရှင်က ဘယ်သူလဲဆိုတော့ Parachute ရဲ့ Advansed Coconut Hair Oil လေးပေါ့။ သူက ၁၀၀% လတ်ဆတ်တဲ့ သဘာဝ အုန်းသီးကထုတ်လုပ်ထားတဲ့ အုန်းဆီဆိုတော့ အနံ့မပြင်းဘူး သင်းသင်းလေးပဲ။ ပြီးတော့ ပျက်စီးနေတဲ့ဆံပင်ကိုတောင်မှ အချိန်တိုအတွင်းမှာ ပြုပြင်ပေးတယ်။ စေးကပ်မှုလည်း လုံးဝမရှိလို့ နေ့စဉ်ရုံးသွားကျောင်းသွားနေရသူတွေအတွက် ကွက်တိကို အဆင်ပြေတာပေါ့။ ဒါတင်မကသေးဘူးနော် … သူကဦးရေပြားကို အေးမြစေပြီး တစ်နေကုန်လည်း ဆံကေသာကို ဆံရင်းမှ အဖျားထိ အကောင်းဆုံး အားဖြည့်ပေးနိုင်သေးတယ်။ အုန်းသီးရဲ့အဆီအနှစ်တွေနဲ့ ပေါင်းစပ်ပြုလုပ်ထားတာမို့ ဆံကေသာကိုအာနိသင်အပြည့်နဲ့ ပြုပြင်ပေးနိုင်တာ ပြောစရာကိုမလိုတော့ပါဘူး။

အုန်းဆီရဲ့ အကျိုးကျေးဇူးတွေကိုလည်း Stella က ယောင်းတို့အတွက် ဝေမျှပေးလိုက်ပြီ။ တစ်ခြားအုန်းဆီတွေလို ဆီကြေးနံ့ နံခြင်းလည်း မရှိ ရွှဲရွှဲပြောင်ပြောင်ကြီး ဖြစ်မနေစေဘဲ ဆံရင်း ကနေ အဖျားထိ အကောင်းဆုံးအားဖြည့်ပေးနိုင်တဲ့ Parachute အုန်းဆီလေးနဲ့လည်း မိတ်ဆက်ပေးလိုက်ပြီဆိုတော့ ဆံကေသာကို အားဖြည့်ပေးတဲ့ အုန်းဆီလိမ်းဖို့ လက်မတွန့်ကြနဲ့တော့နော်။


Stella (For Her Myanmar)

Stella
Stella
Stella ကေတာ့ Fashion နဲ႕ Beauty ကို ဝါသနာပါလို႔ For Her Myanmar မွာ ေယာင္းေယာင္းတို႔အတြက္ beauty hacks ေတြ, fashion နဲ႕ပက္သက္တဲ့ အေၾကာင္းအရာမ်ိဳးစံုကို အဓိကေဝမွ်ေပးသြားမွာပါ။ သုတရသေတြကိုလည္း လက္လွမ္းမွီသေလာက္ ေရးေပးပါေသးတယ္။

Leave a Reply

Your email address will not be published. Required fields are marked *