Beauty

EDM ပြဲေတြမွာ အထာက်ေနေစမယ့္ အလန္းစား မိတ္ကပ္အျပင္အဆင္မ်ား

လြယ္လြယ္နဲ႔ျမန္ျမန္ျပင္ၿပီး ပြဲတက္ၾကမယ္ အိုးးးးေရ႕

<<<Zawgyi>>>

ကဲ …ႏွစ္သစ္မွာ အသစ္အသစ္ေသာ EDM ပြဲေတြလာေတာ့မယ္ေနာ္။ ဆိုေတာ့ကား ပြဲသြားမယ့္ ေယာင္းတို႔အတြက္ ပြဲထဲမွာ အထူးျခားဆံုး၊ အလန္းဆံုးျဖစ္ေနေစဖို႔ ဒီမိတ္ကပ္ အျပင္အဆင္ေလးေတြကို  အခ်ိန္မီရွာေဖြ ေရးသားေပးလိုက္ပါတယ္လို႔။

ျမစိမ္းေရာင္ ဘလင္းဘလင္း မ်က္ဝန္းတစ္စံု

ပါတီပြဲမွာ ထင္းခနဲျဖစ္ေနေစဖို႔ ေတာက္ပတဲ့ ႏႈတ္ခမ္းတစံု ဒါမွမဟုတ္ မ်က္ဝန္းတစ္စံုနဲ႔တင္ ၿပီးျပည့္စံုႏုိင္တယ္ဆိုတာ ေဟာလိဝုဒ္ မင္းသမီးေခ်ာေလး (Megan ရဲ ႔အသည္းတစ္ေယာက္) ျဖစ္တဲ့ Lucy Hale ရဲ ႔ look ကုိ ၾကည့္တာနဲ႔တင္ သိႏိုင္ပါတယ္ေနာ္။ ျမစိမ္းေရာင္ (Emerald) မ်က္လံုးမိတ္ကပ္နဲ႔ Nude (အသားေရာင္) ႏႈတ္ခမ္းတစ္စံုနဲ႔ဆို ဘယ္ေလာက္ေတာင္ မိမိုက္ေနလဲလို႔။

 

ေခ်ာကလက္ႏႈတ္ခမ္းနဲ႔ အညိဳေရာင္မ်က္ဝန္း

အရမ္းထင္းထင္းႀကီး ျဖစ္မေနဘဲ Glitter (အလက္အမႈန္ေလးေတြ) ပါတဲ့ အညိဳေရာင္အိုင္းရွဲဒိုးလ္ေလးနဲ႔ ခပ္ထင္းထင္းေခ်ာကလက္ေရာင္ ႏႈတ္ခမ္းတစ္စံု ကေတာ့ အသားျဖဴသူေရာ ညိဳသူပါ လုိက္ဖက္ႏိုင္တဲ့ ပါတီမိတ္ကပ္အျပင္အဆင္ တစ္ခုျဖစ္ပါတယ္ေနာ္႔။

Related Article >>> ေငြ ၅၀၀၀၀ ဝန္းက်င္နဲ႔ မိတ္ကပ္ပစၥည္းအစံု အက္ဒ္မင္ဘယ္လိုဝယ္လဲ ?

အရာရာဟာ အနီပါ။

ဒီဇင္ဘာပိတ္ရက္ နဲ႔ အနီေရာင္ဆိုတာ ခြဲမရတဲ့ အမႊာပါေနာ္။ အနီေဖ်ာ႔ေဖ်ာ႔ Shimmer (ပုလဲေျပာင္) အနည္းငယ္ပါတဲ့ အိုင္းရွဲဒိုးလ္ရယ္၊ အနီဘက္သြားတဲ့ ပါးနီခပ္ရဲရဲေလးရယ္၊ ၾကည့္လိုက္တာနဲ႔ တက္ႂကြတဲ့ အသြင္ေဆာင္တဲ့ အနီေရာင္ႏႈတ္ခမ္းသားေလးရယ္ ဆို … အိုး … လံုးဝကို နတ္မိမယ္ေလးပဲေနာ္။

 ေၾကာင္ပံုစံလိုင္နာနဲ႔ အညိဳေရာင္ႏႈတ္ခမ္းနီ

ကိုယ္က အနီေရာင္ႏႈတ္ခမ္းနဲ႔ ေတာက္ပတဲ့ ဘလင္းဘလင္း မ်က္လံုးျပင္ပံုေတြ မႀကိဳက္ဘူးဆုိရင္ေတာ့ ပံုမွာပါတဲ့ ႏုိင္ငံေက်ာ္ Victoria’s Secret Brand ရဲ ႔ နတ္သမီး (Angel) တစ္ေယာက္ျဖစ္တဲ့အျပင္  Sports Illustrated Swimsuit Issue (အြန္လိုင္းမဂၢဇင္း)  ရဲ႕ေမာ္ဒယ္လ္တစ္ေယာက္ျဖစ္တဲ့ Lily Aldridge ျပင္ထားတဲ့ ဒီမိတ္ကပ္ look ကုိ ျပင္ႏုိင္ပါတယ္။ Cat Eye (ေၾကာင္မ်က္လံုးပံုစံ) လိုင္နာကို ခပ္နက္နက္ ဆြဲထားၿပီး ခပ္ေဖ်ာ႔ေဖ်ာ႔ Nude (အသားေရာင္) ႏႈတ္ခမ္းနီ နဲ႔ဆို အထာက်က် လန္းေနမွာ အေသခ်ာပဲေလ။

ဂရိနတ္ဘုရားမပံုစံ

ခ်စ္စရာေကာင္းလွတဲ့ Lily Collins (Megan အသည္းေနာက္တစ္ေယာက္ :P) ကို မိတ္ကပ္ပညာရွင္ Fiona Stiles က ဆြဲေဆာင္မႈရွိၿပီး လံုးဝကို Dramatic (ပြဲတက္အျပင္အဆင္) မ်ိဳးျဖစ္ေနေအာင္ Smoky Eyes (ခပ္မိႈင္းမိႈင္းမ်က္လံုးျခယ္သတဲ့ပံုစံ) ခပ္ထင္းထင္းနဲ႔ ျပင္ဆင္ျခယ္သထားပါတယ္။ Bold (ထင္း) ေနတဲ့မ်က္လံုးနဲ႔ လိုက္ဖက္ေအာင္ ႏႈတ္ခမ္းကိုေတာ့ ခပ္ေဖ်ာ႔ေဖ်ာ ့ အသားေရာင္ေလး ဆိုးေပးထားပါတယ္။ ဒီ မိတ္ကပ္ Look ကေပၚတာ ၾကာေနၿပီျဖစ္ေပမဲ့ ဘယ္ေတာ့မွ ရိုးမသြားႏိုင္မယ့္ပံုစံ ျဖစ္တာကိုေတာ့ ျငင္းလို႔မရဘူးမလား။

လိေမၼာ္ေရာင္ ႏႈတ္ခမ္းေလးနဲ႔ အသားေရာင္မ်က္လံုးရွဲဒိုး

ဒီ မိတ္ကပ္ Look ကေတာ့ လံုးဝကို ညိွဳ႕အားျပင္းတဲ့ ပံုစံမ်ိဳးပါ။ ေရႊေရာင္နဲ႔ အညိဳေရာင္ အိုင္းရွဲဒိုးကို ေရာစပ္ျခယ္သထားၿပီး အုတ္က်ိဳးမက် လိေမၼာ္မက် ႏႈတ္ခမ္းေလးနဲ႔ လွခ်င္တိုင္းလွေနတာကေတာ့ မင္းသမီးေခ်ာ Jennifer Lawrence ပါ။ ပြဲတီပြဲမွာ ကိုယ္ႀကိတ္ႀကိဳက္ေနတဲ့ ေကာင္ေလးပါ လာမယ္ဆိုရင္ေတာ့ အမ်ားႀကီး မစဥ္းစားနဲ႔။ ဒီ look နဲ႔ ဆို ေႂကြဆင္းသြားမွာ ယံု။ 😉

Related Article >>> မ်က္လံုးျခယ္ရတာ အခက္အခဲျဖစ္ေနတဲ့ ေယာင္းတို႔အတြက္ အေျခခံအိုင္းရွဲဒိုးအခ်က္ (၈) ခ်က္

ေအးခ်မ္းတဲ့ ေငြေရာင္ (သို႕) စိမ္းကားတဲ့ ေငြေရာင္

ခပ္မုိက္မိုက္ ခပ္ေခ်ေခ် ေလဒီအသြင္ ျဖစ္ခ်င္တာဆုိရင္ေတာ့ အနီေရာင္မသံုးဘဲ ေတာက္ပစူးရဲတဲ့ အၾကည့္နဲ႔ Gigi Hadid ရဲ ႔ ဒီမိတ္ကပ္ Look ကိုေရြးလုိက္ပါ။ အသားေရာင္ႏႈတ္ခမ္းနီ, ႏွင္းမႈန္ေလးေတြလို ေငြေရာင္ အိုင္းရွဲဒိုးနဲ႔ မ်က္ဝန္း၊ စိုျပည္တဲ့ အသားေရပံုစံမိတ္ကပ္ အျပင္အဆင္နဲ႔ဆို လံုးဝကို ျပည့္စံုသြားမွာေနာ္!!!!!!!

ဘယ္ေတာ့မွ ရိုးမသြားတဲ့ Red Lips (အနီေရာင္ႏႈတ္ခမ္း)

“When in doubt, wear RED” (ဘယ္လိုျပင္လို႔ျပင္ရမွန္းမသိရင္ အနီေရာင္ကိုသာေရြးခ်ယ္ပါ။) ဆုိတဲ့ စကားေလးအတုိင္းပဲ။ ဘာလုပ္ရမွန္းမသိ စိတ္ရႈပ္လာရင္ေတာ့ အနီေရာင္ႏႈတ္ခမ္းနီေလးသာ ေကာက္ဆိုးလုိက္ပါ။ ပြဲသြားခါနီး ျပင္ဆင္ဖို႔ အခ်ိန္သိပ္မရေတာ့ဘူး ဆုိရင္ေတာ့ ျပင္ေနက် Daily Look (ထသြားထလာ) ပံုစံမ်ိဳးကိုပဲ အနီေရာင္ႏႈတ္ခမ္းနီ ရဲရဲေလးသာ ေကာက္ဆိုးပလိုက္။ Aquaman ရဲ ႔မင္းသမီးေလး Amber Heard (Megan အသည္းပဲ သူလည္း :D) လိုမ်ိဳး က်က္သေရရွိရွိ နဲ႔ ၾကည့္မဝကို လွေနမွာပါ ေယာင္းတို႔ေရ။

ဒါဆုိရင္ေတာ့ ပါတီပြဲေတြမွာ လွေနဖို႔ ရယ္ဒီျဖစ္ေနမယ္ ထင္ပါတယ္။ ဘယ္ဟာေလးက ေယာင္းတို႔ရဲ ႔ အႀကိဳက္ဆံုးမိတ္ကပ္အျပင္အဆင္လဲဆိုတာ ေျပာျပေပးခဲ့ဦးေနာ္။

ႏွစ္သစ္မွာ စိတ္သစ္လူသစ္နဲ႔ က်န္းမာေပ်ာ္ရႊင္ၾကပါေစ လုိ႔….

ဓာတ္ပံုအသံုးျပဳခြင့္ ေပးပါေသာ ညီမေလး Rosella May အား အထူးပင္ ေက်းဇူးတင္ရွိပါသည္။

With Love,

Megan (For Her Myanmar)

<<<Unicode>>>

လွယ်လွယ်နဲ့မြန်မြန်ပြင်ပြီး ပွဲတက်ကြမယ် အိုးးးးရေ့

ကဲ …နှစ်သစ်မှာ အသစ်အသစ်သော EDM ပွဲတွေလာတော့မယ်နော်။ ဆိုတော့ကား ပွဲသွားမယ့် ယောင်းတို့အတွက် ပွဲထဲမှာ အထူးခြားဆုံး၊ အလန်းဆုံးဖြစ်နေစေဖို့ ဒီမိတ်ကပ် အပြင်အဆင်လေးတွေကို  အချိန်မီရှာဖွေ ရေးသားပေးလိုက်ပါတယ်လို့။

မြစိမ်းရောင် ဘလင်းဘလင်း မျက်ဝန်းတစ်စုံ

ပါတီပွဲမှာ ထင်းခနဲဖြစ်နေစေဖို့ တောက်ပတဲ့ နှုတ်ခမ်းတစုံ ဒါမှမဟုတ် မျက်ဝန်းတစ်စုံနဲ့တင် ပြီးပြည့်စုံနိုင်တယ်ဆိုတာ ဟောလိဝုဒ် မင်းသမီးချောလေး (Megan ရဲ့အသည်းတစ်ယောက်) ဖြစ်တဲ့ Lucy Hale ရဲ့ look ကို ကြည့်တာနဲ့တင် သိနိုင်ပါတယ်နော်။ မြစိမ်းရောင် (Emerald) မျက်လုံးမိတ်ကပ်နဲ့ Nude (အသားရောင်) နှုတ်ခမ်းတစ်စုံနဲ့ဆို ဘယ်လောက်တောင် မိမိုက်နေလဲလို့။

ချောကလက်နှုတ်ခမ်းနဲ့ အညိုရောင်မျက်ဝန်း

အရမ်းထင်းထင်းကြီး ဖြစ်မနေဘဲ Glitter (အလက်အမှုန်လေးတွေ) ပါတဲ့ အညိုရောင်အိုင်းရှဲဒိုးလ်လေးနဲ့ ခပ်ထင်းထင်းချောကလက်ရောင် နှုတ်ခမ်းတစ်စုံ ကတော့ အသားဖြူသူရော ညိုသူပါ လိုက်ဖက်နိုင်တဲ့ ပါတီမိတ်ကပ်အပြင်အဆင် တစ်ခုဖြစ်ပါတယ်နော့်။

Related Article >>> ငွေ ၅၀၀၀၀ ဝန်းကျင်နဲ့ မိတ်ကပ်ပစ္စည်းအစုံ အက်ဒ်မင်ဘယ်လိုဝယ်လဲ ?

အရာရာဟာ အနီပါ။

ဒီဇင်ဘာပိတ်ရက် နဲ့ အနီရောင်ဆိုတာ ခွဲမရတဲ့ အမွှာပါနော်။ အနီဖျော့ဖျော့ Shimmer (ပုလဲပြောင်) အနည်းငယ်ပါတဲ့ အိုင်းရှဲဒိုးလ်ရယ်၊ အနီဘက်သွားတဲ့ ပါးနီခပ်ရဲရဲလေးရယ်၊ ကြည့်လိုက်တာနဲ့ တက်ကြွတဲ့ အသွင်ဆောင်တဲ့ အနီရောင်နှုတ်ခမ်းသားလေးရယ် ဆို … အိုး … လုံးဝကို နတ်မိမယ်လေးပဲနော်။

 ကြောင်ပုံစံလိုင်နာနဲ့ အညိုရောင်နှုတ်ခမ်းနီ

ကိုယ်က အနီရောင်နှုတ်ခမ်းနဲ့ တောက်ပတဲ့ ဘလင်းဘလင်း မျက်လုံးပြင်ပုံတွေ မကြိုက်ဘူးဆိုရင်တော့ ပုံမှာပါတဲ့ နိုင်ငံကျော် Victoria’s Secret Brand ရဲ့ နတ်သမီး (Angel) တစ်ယောက်ဖြစ်တဲ့အပြင်  Sports Illustrated Swimsuit Issue (အွန်လိုင်းမဂ္ဂဇင်း)  ရဲ့မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ Lily Aldridge ပြင်ထားတဲ့ ဒီမိတ်ကပ် look ကို ပြင်နိုင်ပါတယ်။ Cat Eye (ကြောင်မျက်လုံးပုံစံ) လိုင်နာကို ခပ်နက်နက် ဆွဲထားပြီး ခပ်ဖျော့ဖျော့ Nude (အသားရောင်) နှုတ်ခမ်းနီ နဲ့ဆို အထာကျကျ လန်းနေမှာ အသေချာပဲလေ။

ဂရိနတ်ဘုရားမပုံစံ

ချစ်စရာကောင်းလှတဲ့ Lily Collins (Megan အသည်းနောက်တစ်ယောက် :P) ကို မိတ်ကပ်ပညာရှင် Fiona Stiles က ဆွဲဆောင်မှုရှိပြီး လုံးဝကို Dramatic (ပွဲတက်အပြင်အဆင်) မျိုးဖြစ်နေအောင် Smoky Eyes (ခပ်မှိုင်းမှိုင်းမျက်လုံးခြယ်သတဲ့ပုံစံ) ခပ်ထင်းထင်းနဲ့ ပြင်ဆင်ခြယ်သထားပါတယ်။ Bold (ထင်း) နေတဲ့မျက်လုံးနဲ့ လိုက်ဖက်အောင် နှုတ်ခမ်းကိုတော့ ခပ်ဖျော့ဖျော့ အသားရောင်လေး ဆိုးပေးထားပါတယ်။ ဒီ မိတ်ကပ် Look ကပေါ်တာ ကြာနေပြီဖြစ်ပေမဲ့ ဘယ်တော့မှ ရိုးမသွားနိုင်မယ့်ပုံစံ ဖြစ်တာကိုတော့ ငြင်းလို့မရဘူးမလား။

လိမ္မော်ရောင် နှုတ်ခမ်းလေးနဲ့ အသားရောင်မျက်လုံးရှဲဒိုး

ဒီ မိတ်ကပ် Look ကတော့ လုံးဝကို ညှို့အားပြင်းတဲ့ ပုံစံမျိုးပါ။ ရွှေရောင်နဲ့ အညိုရောင် အိုင်းရှဲဒိုးကို ရောစပ်ခြယ်သထားပြီး အုတ်ကျိုးမကျ လိမ္မော်မကျ နှုတ်ခမ်းလေးနဲ့ လှချင်တိုင်းလှနေတာကတော့ မင်းသမီးချော Jennifer Lawrence ပါ။ ပွဲတီပွဲမှာ ကိုယ်ကြိတ်ကြိုက်နေတဲ့ ကောင်လေးပါ လာမယ်ဆိုရင်တော့ အများကြီး မစဉ်းစားနဲ့။ ဒီ look နဲ့ ဆို ကြွေဆင်းသွားမှာ ယုံ။ 😉

Related Article >>> မျက်လုံးခြယ်ရတာ အခက်အခဲဖြစ်နေတဲ့ ယောင်းတို့အတွက် အခြေခံအိုင်းရှဲဒိုးအချက် (၈) ချက်

အေးချမ်းတဲ့ ငွေရောင် (သို့) စိမ်းကားတဲ့ ငွေရောင်

ခပ်မိုက်မိုက် ခပ်ချေချေ လေဒီအသွင် ဖြစ်ချင်တာဆိုရင်တော့ အနီရောင်မသုံးဘဲ တောက်ပစူးရဲတဲ့ အကြည့်နဲ့ Gigi Hadid ရဲ့ ဒီမိတ်ကပ် Look ကိုရွေးလိုက်ပါ။ အသားရောင်နှုတ်ခမ်းနီ, နှင်းမှုန်လေးတွေလို ငွေရောင် အိုင်းရှဲဒိုးနဲ့ မျက်ဝန်း၊ စိုပြည်တဲ့ အသားရေပုံစံမိတ်ကပ် အပြင်အဆင်နဲ့ဆို လုံးဝကို ပြည့်စုံသွားမှာနော်!!!!!!!

ဘယ်တော့မှ ရိုးမသွားတဲ့ Red Lips (အနီရောင်နှုတ်ခမ်း)

“When in doubt, wear RED” (ဘယ်လိုပြင်လို့ပြင်ရမှန်းမသိရင် အနီရောင်ကိုသာရွေးချယ်ပါ။) ဆိုတဲ့ စကားလေးအတိုင်းပဲ။ ဘာလုပ်ရမှန်းမသိ စိတ်ရှုပ်လာရင်တော့ အနီရောင်နှုတ်ခမ်းနီလေးသာ ကောက်ဆိုးလိုက်ပါ။ ပွဲသွားခါနီး ပြင်ဆင်ဖို့ အချိန်သိပ်မရတော့ဘူး ဆိုရင်တော့ ပြင်နေကျ Daily Look (ထသွားထလာ) ပုံစံမျိုးကိုပဲ အနီရောင်နှုတ်ခမ်းနီ ရဲရဲလေးသာ ကောက်ဆိုးပလိုက်။ Aquaman ရဲ့မင်းသမီးလေး Amber Heard (Megan အသည်းပဲ သူလည်း :D) လိုမျိုး ကျက်သရေရှိရှိ နဲ့ ကြည့်မဝကို လှနေမှာပါ ယောင်းတို့ရေ။

ဒါဆိုရင်တော့ ပါတီပွဲတွေမှာ လှနေဖို့ ရယ်ဒီဖြစ်နေမယ် ထင်ပါတယ်။ ဘယ်ဟာလေးက ယောင်းတို့ရဲ့ အကြိုက်ဆုံးမိတ်ကပ်အပြင်အဆင်လဲဆိုတာ ပြောပြပေးခဲ့ဦးနော်။

နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ကျန်းမာပျော်ရွှင်ကြပါစေ လို့။

ဓာတ်ပုံအသုံးပြုခွင့် ပေးပါသော ညီမလေး Rosella May အား အထူးပင် ကျေးဇူးတင်ရှိပါသည်။

With Love,

Megan (For Her Myanmar)

Megan
ကြၽန္မနာမည္ကေတာ့ ေမသူသူေအာင္ျဖစ္ပါတယ္။For Her Myanmar မွာ Fashion နဲ႔ Beauty ပိုင္း ကို အဓိကေရးေနတဲ့သူတေယာက္ျဖစ္ၿပီး အျခားျပင္ပ ဗဟုသုတေလးအခ်ိဳ႕နဲ႔ မိန္းကေလးေတြအတြက္ အက်ိဳးရွိေစမယ့္ စာေလးေတြလည္း ေရးျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *