ထိခိုက်မခံနိုင်တဲ့ အသားအရေတွေအတွက် Bioderma ရဲ့ Atoderm Cleanser Review

Bioderma က ထုတ်​တဲ့ Atoderm Intensive Gel Moussant (Cleanser) ​လေးအ​ကြောင်း နည်းနည်းလေး လက်တို့ချင်တယ် ယောင်းတို့ရေ… 

Bioderma ဆိုတဲ့ brand က​တော့ မြန်​မာပြည်​ကိုဝင်​လာတာ သိပ်​မကြာ​သေးပါဘူး။ အရင်​က နန္ဒာတင်​​ပေးခဲ့တဲ့ ​နေ​ရောင်​ကာလိမ်း​ဆေးအ​ကြောင်း ဖတ်​ခဲ့ဖူးရင်​​တော့ ဒီ brand နဲ့ ပတ်​သက်​ပြီး နန္ဒာဘယ်​​လောက်​ညွှန်း​ပေးထားတယ်​ဆိုတာကို သိပြီးသားဖြစ်​မှာပါ။ အာ့​​လေး​ ပြန်​ဖတ်​ချင်​ရင်​​တော့ ဒီ link ​လေးကို ဝင်​ပြီး ဖတ်​ကြည့်​လို့ရပါတယ်​​နော်​။

Bioderma မှာဆိုရင်​​တော့ အသားအရည်​အမျိုးအစားကိုလိုက်ပြီး skincare series ​တွေ အမျိုးမျိုးခွဲခြားထုတ်​လုပ်​ထားပါတယ်​။ အဲ့ထဲကမှ Normal to Dry Sensitive Skin သမား​တွေအတွက်​က​တော့ (ပုံမှန်မှ ခြောက်သွေ့ပြီး ထိခိုက်မခံတဲ့အသားအရေတွေထိ)  Atoderm ကို ​ရွေးချယ်​အသုံးပြုနိုင်​ပါတယ်​။ Atoderm က skincare ပစ္စည်း​တွေရဲ့အားသာချက်​က​တော့ သူက ​ခြောက်​​သွေ့ပြီး ထိခိုက်​ပျက်​စီးလွယ်​တဲ့အသားအရေ​မျိုးအတွက်​ အဓိကထားထုတ်​လုပ်​ထားတာဖြစ်​တာကြောင့် ဓာတ်​မတည့်တာနဲ့ ထိခိုက်​လွယ်​တဲ့ အ​ရေပြားရဲ့တုံ့ပြန်​မှုကို ​လျှော့ချ​ပေးပါတယ်​။

Atoderm-intensive-foaming

ခု နန္ဒာ​ပြောပြမယ့် Foaming Gel က ညွှန်းထားတဲ့အတိုင်းဆို family friendly ဖြစ်​တာမို့ (မိသားစုလိုက်သုံးလို့ရတာမို့) က​လေး​လေး​တွေကအစ အသုံးပြုလို့ရပါတယ်​တဲ့​နော်​။ သူ့ရဲ့အဓိကအားသာချက်​​တွေက​တော့ –

Fragrance Free(အနံ့မပါတဲ့ ပစ္စည်း) ဖြစ်​တာမို့ artificial fragrance (ဖန်တီးယူထားတဲ့ အနံ့) ​တွေ မပါပါဘူး။ အနံ့မထည့်ထားဘူးဆို​ပေမဲ့ သူ့မှာပါဝင်​တဲ့ ingredients (ပါဝင်​ပစ္စည်း) ​တွေရဲ့အနံ့​ကြောင့် ဆေးနံ့လိုမျိုး​လေး​တော့ ရှိ​နေပါတယ်​။

Soap Free .. ဆပ်​ပြာမပါဝင်​ပါဘူး။ မျက်​နှာသစ်​​ဆေးကို ဆပ်​ပြာမပါဘူးဆို​တော့ ဘယ်​လိုကြီးလဲ ထင်​​နေကြမှာစိုးလို့ နန္ဒာ​ နည်းနည်း​လောက် ​ထပ်​ရှင်းပြချင်​ပါတယ်​။ များ​သောအားဖြင့် ပုံမှန်​မျက်​နှာသစ်​​ဆေး​တွေမှာ ဆပ်​ပြာလုပ်​ရင်​သုံးတဲ့ အဆီဓာတ်​တစ်​မျိုးမျိုး (သဘာဝကရတဲ့အဆီ ဒါမှမဟုတ်​ တိရစ္ဆာန်​ဆီ) နဲ့ အယ်​ကာလိုင်းလို့​ခေါ်တဲ့ အမြှုပ်​ထ​စေနိုင်​တဲ့ ဓာတ်​ပစ္စည်း​တွေ (ဥပမာ – Sodium hydroxide) ပါဝင်​ပါတယ်​။ သူတို့က​တော့ မျက်​နှာ​ပေါ်မှာရှိတဲ့ PH ပမာဏကို နည်းနည်း​လေး က​မောက်​ကမဖြစ်စေတဲ့အတွက်​ မျက်​နှာသစ်​ပြီးတဲ့အခါကျရင်​ ​​အ​ရေပြား​ပေါ်မှာရှိသင့်တဲ့ ရေဓာတ်​ကိုထိန်းမထားနိုင်​ဘဲ မျက်​နှာတင်းတင်းကြီး ဖြစ်​​​နေသလို ခံစားရ​စေနိုင်​ပါတယ်​။ ​နောက်​ပြီး အမြှုပ်​အရမ်းထတဲ့ မျက်​နှာသစ်ဆေး​တွေက sensitive skin (ထိခိုက်လွယ်တဲ့ အသားအရေ)​တွေအတွက်​ လုံးဝရန်​သူပါပဲ။ တစ်​ခုသိထားရမှာက soap free လို့​ပြောတိုင်း အမြှုပ်​မထတာမျိုး​တော့ မဟုတ်​ပါဘူး​နော်​။ soap free formula (ဆပ်ပြာမပါတဲ့ ဖော်မြူလာ) သုံးထားတဲ့ မျက်နှာသစ်ဆေး​တွေကျ​တော့ သူ့ရဲ့အမြှုပ်​​လေး​တွေက ပိုနူးညံ့ပြီး allergic (ဓာတ်မတည့်မှု) ဖြစ်​တာမျိုး၊ အ​ရေပြားက အလွန်​အမင်းတုံ့ပြန်​ပြီး ဝက်​ခြံ​တွေထွက်​လာတာမျိုးစတဲ့ အ​ခြေအ​နေ​တွေကို အများကြီး​လျှော့ချ​ပေးနိုင်​ပါတယ်​။

Related Article >>> သင့်ရဲ့ အသားအရေ အမျိုးအစားပေါ်မူတည်ပြီး မျက်နှာသစ်ဆေးရွေးချယ်နည်း

Atoderm Cleanser ​လေးကို နှစ်​ပတ်​​လောက်​သုံးကြည့်ပြီး သိသိသာသာ ခံစားရတာကေ​တာ့ သူ့ရဲ့အမြှုပ်​​လေး​တွေက အရမ်းနူးညံ့ပြီး​တော့ မျက်​နှာသစ်​ပြီးတဲ့အခါမှာလည်း ​​ခြောက်​​သွေ့တင်းကြပ်​တဲ့ ခံစားမှုမျိုး လုံးဝမခံစားရပါဘူး။ မျက်​နှာ​ပေါ်မှာ အစိုဓာတ်​​လေးကျန်​​နေပြီး​တော့ ကိုင်​ကြည့်လိုက်​ရင်​ နူးညံ့ပြီး ​ချော​ချောအိအိ​လေးဖြစ်​​နေတာက နန္ဒာ​တော်​​တော်​ သ​ဘောကျမိတဲ့အချက်​ပါပဲ။ သူက အ​ရေပြားယားယံတာနဲ့ အနီ​ရောင်​သန်းတာကိုလည်း ​လျှော့ချပေးတာ​ကြောင့်​မို့ ဝက်​ခြံရှိ​နေရင်​ ဝက်​ခြံ​ကြောင့် နီရဲ​နေတဲ့အ​ရေပြားကို relax ဖြစ်​​စေပါတယ်​။ ​နောက်​ ​ခြောက်​​သွေ့ပြီး ထိခိုက်​လွယ်​တဲ့ အသားအရည်​​ပိုင်​ရှင်​​တွေ မကြာခဏခံစားရ​လေ့ရှိတဲ့ allergic (ဓာတ်မတည့်တာ) ဖြစ်​တာ၊ ​ခြောက်​​သွေ့ယားယံတာမျိုးကိုလည်း သက်​သာ​စေပါတယ်​​နော်​။

ကြိုက်​တဲ့အချက်​​လေး​တွေ ​ပြောပြီးသွား​တော့ မကြိုက်​တာ​လေး​တွေလည်း ​ပြောရဦးမယ်​။

Fragrance freeလို့ ​ပြောထား​ပေမဲ့ ဒီ cleanser မှာ (​ယောင်းတို့မြင်​​အောင်​​ပြောရရင်​) ချော်​လဲလို့ ဒူးပြဲတဲ့အခါ တို့​ပေးရတဲ့ ပိုးသတ်​​ဆေးအနံ့လိုမျိုး ​ဆေးနံ့ရပါတယ်​။ အနံ့က နည်းနည်းလည်းပြင်းတာမို့ နန္ဒာ​ကတော့ မျက်​နှာသစ်​တိုင်း အဲ့အနံ့ကြီးရ​နေတာကို သိပ်​​တော့စိတ်​တိုင်းမကျမိဘူး ။

နောက်​တစ်​ခုက သူ့ရဲ့ gel .. အ​ရောင်​က​တော့ အပြာ​ရောင်​ကြည်​ကြည်​​လေးမို့ ​တော်​​တော်​လှပါတယ်​။ ပြဿနာတစ်​ခုက gel လို့​ပြော​ပေမယ့်​ အရည်​​နည်းနည်းကြဲတာမို့ လက်​​ပေါ်ညှစ်​ချလိုက်​တဲ့အခါတိုင်း ကိုယ်​လိုချင်​တဲ့ပမာဏထက်​ပိုပြီး အများကြီးကျကျလာတတ်​​တော့ လက်​ဖဝါး​ပေါ် မနည်းထိန်းပြီး ထည့်ရတယ်​ပေါ့​နော်​။ နန္ဒာ ခုသုံး​နေတာက 200 ml ပါတဲ့ tube type မို့ လက်​ထဲညှစ်​ချရတာမျိုးပါ။ 500 ml ဆိုရင်​​တော့ သူ့ဘူးက အ​ပေါ်မှာ pump ​လေးပါတာမို့ လက်​နဲ့ဖိညှစ်​​ပေးပြီး ကိုယ်​လိုချင်​တဲ့ပမာဏကို အလွယ်​တကူချိန်​ပြီး ညှစ်​ယူဖို့ ပိုအဆင်​​ပြေတာ​ပေါ့​နော်​။

ဒီ​လောက်​ဆို Bioderma က Atoderm Cleanser ​လေးအ​ကြောင်း ​ယောင်းတို့သိသွားကြ​လောက်​ပြီ လို့ထင်​ပါတယ်​။ Sensitive Skin အတွက်​ အဓိကထုတ်​ထားတယ်​ဆို​ပေမဲ့ သူ့ရဲ့နူးညံ့ပြီး အ​ရေပြားအတွင်းပိုင်းထိ သန့်​စင်​​ပေးနိုင်​တဲ့အမြှုပ်လေး​တွေ​ကြောင့် မျက်​နှာသစ်​ပြီးတိုင်း မျက်​နှာ​လေးနူးညံ့စိုအိ​နေတာမျိုးကို သ​ဘောကျတတ်​တဲ့သူတိုင်းအတွက်​ အဆင်​​ပြေစေမယ့် မျက်​နှာသစ်​​ဆေး​လေးဖြစ်​တာ​မို့ နန္ဒာက​တော့ Rating 4 out of 5 ​ပေးပြီး ညွှန်းပါတယ်​​နော်​။ သြော်..နန္ဒာက မျက်နှာအတွက် အဓိကသုံးခဲ့လို့ မျက်နှာအတွက် ရေးထားပေမဲ့ body အတွက်လည်း အသုံးပြုလို့ ရတယ်နော်။

လှနိုင်ကြပါစေ ယောင်းတို့ရေ…

Nandar ( For Her Myanmar )

No Comments Yet

Comments are closed