Beauty

မ်က္ခံုးတက္တူးမထိုးခင္နဲ႔ ထုိးၿပီးတဲ့အခ်ိန္မွာ ဘာေတြ ဂရုစိုက္သင့္လဲ?

ကာလာျပည့္ျပည့္နဲ႔ အလွဆံုးမ်က္ခံုးေလးပိုင္ဆိုင္ေစဖို႔…

မ်က္ေတာင္ဆက္တာနဲ႔ မ်က္ခံုးတက္တူးထိုးတာက ၂၀၁၈ ႏွစ္လယ္ပိုင္းေလာက္ကေန ေခတ္စားလာၿပီး အခုခ်ိန္ထိဝက္ဝက္ကြဲ ဆက္ၾက၊ ထိုးၾကတုန္းဆိုတာ ေယာင္းတို႔သိၾကတယ္ဟုတ္? အရင္တုန္းကေတာ့ တက္တူးဆိုတာနဲ႔ အလိုလို ေၾကာက္ေနတာမ်ိဳးေတြ၊ “ထိုးလိုက္ရင္ ေဆးကအစိမ္းေရာင္ႀကီးနဲ႔ မလွမပပံုကို တစ္သက္လံုးမ်က္ႏွာေပၚတင္ထားရမွာ” ဆိုတဲ့ အယူအဆေတြေၾကာင့္ မ်က္ခံုးတက္တူးထိုးဖို႔ဆို တြန္႔ေနတတ္ၾကေပမဲ့ အခုေနာက္ပိုင္းမွာေတာ့ အခ်ိန္ကုန္ လူပင္ပန္းသက္သာၿပီး တစ္ခါထိုးထားရံုနဲ႔ ႏွစ္ခ်ီခံတဲ့ ဒီနည္းလမ္းကို ဦးစားေပးေရြးခ်ယ္လာၾကပါၿပီ။ ဆိုေတာ့ ထံုးစံအတိုင္း တာဝန္အရေတာ့ ေျပာခြင့္ေပးပါေပါ့။ မ်က္ခံုးတက္တူးနဲ႔ ပတ္သက္တဲ့ Before & After Care ေလးကို ဒီေန႔ေဆာင္းပါးထဲမွာ ႏွင္းနဲ႔ အတူတူ ေလ့လာၾကစို႔ေနာ္။

မထိုးခင္ဂရုစိုက္ရမည့္အခ်က္မ်ား (Before Care)

မ်က္ခံုးတက္တူးမထိုးခင္ တစ္ပတ္အတြင္းမွာေတာ့…

(၁) ဓာတုပစၥည္းမ်ားမ်ားပါၿပီး အားျပင္းတဲ့မိတ္ကပ္၊ အသားအေရထိန္းသိမ္းတဲ့ပစၥည္းေတြ မသံုးရပါဘူး။

(၂) မ်က္ခံုးတက္တူးမထိုးခင္အခ်ိန္မွာ အားအရမ္းစိုက္ထုတ္ရတဲ့ ကိုယ္လက္လႈပ္ရွားမႈေတြ မလုပ္ပါနဲ႔။

(၃) ငါးႀကီးဆီ၊ ဗီတာမင္ E စတာေတြကို မထိုးခင္ ၄၈ နာရီအတြင္း လံုးဝမစားပါနဲ႔။

(၄) မ်က္ခံုးေမႊးရိတ္တာ၊ Waxing လုပ္တာနဲ႔ ႏႈတ္တာ စတဲ့လုပ္ငန္းစဥ္ေတြကို မ်က္ခံုးမရိတ္ခင္ ၃ ရက္အလိုမွာႀကိဳလုပ္ထားပါ။

(၅) မထိုးခင္ႏွစ္ရက္အလိုမွာ အရက္၊ ကဖိန္းပါတဲ့အစားအေသာက္ေတြကို ေရွာင္ၾကဥ္ပါ။

(၆) ရာသီစက္ဝန္းျဖစ္ေနတဲ့အခ်ိန္မွာ သြားမထိုးပါနဲ႔။ အကယ္၍ထိုးမယ္ဆိုရင္လည္း လုပ္ေပးမယ့္ပညာရွင္ကို ႀကိဳတင္အသိေပးထားပါ။ 

Related Article >>> မ်က္ခံုးတက္တူးအမ်ိဳးအစား (၃) မ်ိဳးအေၾကာင္း

ထိုးၿပီးခ်ိန္တြင္ဂရုစိုက္ရမည့္အခ်က္မ်ား (After Care)

မ်က္ခံုးတက္တူးထိုးတဲ့အခါ မထိုးခင္အခ်ိန္ထက္ ထိုးၿပီးအခ်ိန္က ပိုၿပီးဂရုစိုက္ရပါတယ္။ ဘာလို႔လဲဆိုေတာ့ အနာမက်က္ခင္ အနာေဖးကိုခြာလိုက္တာမ်ိဳး၊ ယားလို႔ကုတ္လိုက္တာမ်ိဳး၊ ေခၽြးထြက္ေနလို႔ အတင္းပြတ္သုတ္လိုက္တာမ်ိဳးနဲ႔ မ်က္ႏွာကို ဆပ္ျပာ၊ ေရေတြနဲ႔စြတ္သစ္ၿပီး ပြတ္သုတ္တာမ်ိဳးေတြက မ်က္ခံုးတက္တူးကို အေရာင္မွိန္သြားေစတာမ်ိဳး၊ ဟိုတစ္ကြက္ဒီတစ္ကြက္ျဖစ္သြားေစတာမ်ိဳး ျဖစ္တတ္တာေၾကာင့္ အနားေဖးတက္တဲ့ ၃ ရက္နဲ႔ အနာက်က္မယ့္ ၁၀ ရက္အတြင္းမွာေတာ့ ဒီအခ်က္ေလးေတြကို အထူး ဂရုစိုက္ေစခ်င္ပါတယ္။

(၁) တက္တူးထိုးထားတဲ့ေနရာကို သန္႔သန္႔ရွင္းရွင္းထားေပးပါ။

(၂) တက္တူးထိုးၿပီး ၃ ရက္အတြင္း ေရလံုးဝမထိရပါဘူး။ ၃ ရက္ေက်ာ္သြားရင္ေတာ့ ေရနဲ႔ဖြဖြေလးသစ္လုိ႔ရေပမဲ့ မ်က္ႏွာသစ္ဆပ္ျပာ၊ မိတ္ကပ္ဖ်က္ေဆးရည္၊ မိတ္ကပ္ဖ်က္တဲ့ခရင္မ္ စတာေတြကိုလံုးဝ (လံုးဝ) သံုးလို႔မရပါဘူး။

(၃) အနားေဖးက ယားလာရင္လည္း လက္သည္းနဲ႔အတင္းကုတ္ဖဲ့တာမ်ိဳး၊ အနာေဖးကိုခြာခ်လိုက္တာမ်ိဳးမလုပ္ဘဲ လက္ထိပ္ေလးနဲ႔ပဲ ျဖည္းျဖည္းခ်င္းဖိၿပီး အယားသက္သာေအာင္ လုပ္ေပးပါ။ (သက္ဆိုင္ရာဆရာဝန္ရဲ႕ ညႊန္ၾကားခ်က္နဲ႔ အနာက်က္ေဆးေတာ့ ေသာက္လုိ႔ရပါတယ္။)

(၄) တစ္လအတြင္း ေနေရာင္ျခည္နဲ႔တိုက္ရိုက္လံုးဝ မထိေတြ႔ပါနဲ႔။

(၅) ၁၀ ရက္အတြင္း ေခၽြးမ်ားမ်ားထြက္ေစမယ့္ ကိုယ္လက္လႈပ္ရွားေလ့က်င့္ခန္းမ်ားကို ေရွာင္က်ဥ္ပါ။

(၆) မ်က္ႏွာကိုဓာတုပစၥည္းပါဝင္မႈႏႈန္းမ်ားတဲ့ ပစၥည္းေတြသံုးၿပီးသစ္တာမ်ိဳး၊ ခပ္ၾကမ္းၾကမ္းပြတ္တာမ်ိဳး၊ အတင္းႏွိပ္နယ္တာမ်ိဳးေတြကို ေရွာင္ၾကဥ္ပါ။

(၇) ႏွစ္ပတ္အတြင္း ေရလံုးဝ မကူးပါနဲ႔။

(၈) တစ္ပတ္အတြင္း မ်က္ခံုးေမႊးကို ခဲနဲ႔ထပ္ဆြဲတာ၊ အေရာင္ထပ္တင္တာမ်ိဳးေတြ လံုးဝမလုပ္ပါနဲ႔။

(၉) တက္တူးထိုးထားတဲ့ ေနရာတစ္ဝိုက္မွာ မိတ္ကပ္လိမ္းျခယ္ျခင္းကို ေရွာင္ၾကဥ္ပါ။

Related Article >>> တစ္ေန႔ကို ၀.၁ စကၠန္႔အတြင္း ဒီလိုမ်က္ခံုးလွလွေလးရေအာင္ ဘယ္လိုလုပ္ထားတာလဲ?

မ်က္ခံုးတက္တူးထိုးတဲ့ေနရာမွာ အေရးအႀကီးဆံုးက အနာက်က္ဖို႔ပါပဲေနာ္။ ဒီလိုအနာက်က္ဖို႔အတြက္ အခ်ိန္က ၁၀ ရက္ေလာက္ပဲၾကာတာဆိုေပမဲ့ လူ႔သဘာဝအရေတာ့ တစ္ခုခုထူးထူးျခားျခားလုပ္ထားရင္ လုပ္ထားတဲ့ေနရာကိုပဲ ေသခ်ာဂရုစိုက္ အာရံုထားတတ္တာမို႔ ယားယံတဲ့အခ်ိန္ကုတ္မိတာမ်ိဳး၊ အနာေဖးစကြာတဲ့အခ်ိန္မွာ ကြာက်လာတာကို စိတ္မရွည္ေတာ့ဘဲ ဆြဲခြာတာမ်ိဳးေတြက ေယာင္းတို႔ရဲ႕တက္တူးကို အက်ည္းတန္သြားေစႏုိင္ပါတယ္။ ဒါေၾကာင့္ ခက္ခဲေပမဲ့ ေသခ်ာစိတ္ရွည္ရွည္ေလးနဲ႔ အနာက်က္ေအာင္ပဲ ေစာင့္ၾကပါလို႔။

Hnin Ei Oo (For Her Myanmar)

References : browmethod, eyebrowdoctor

<<< Unicode >>>

ကာလာပြည့်ပြည့်နဲ့ အလှဆုံးမျက်ခုံးလေးပိုင်ဆိုင်စေဖို့…

မျက်တောင်ဆက်တာနဲ့ မျက်ခုံးတက်တူးထိုးတာက ၂၀၁၈ နှစ်လယ်ပိုင်းလောက်ကနေ ခေတ်စားလာပြီး အခုချိန်ထိဝက်ဝက်ကွဲ ဆက်ကြ၊ ထိုးကြတုန်းဆိုတာ ယောင်းတို့သိကြတယ်ဟုတ်? အရင်တုန်းကတော့ တက်တူးဆိုတာနဲ့ အလိုလို ကြောက်နေတာမျိုးတွေ၊ “ထိုးလိုက်ရင် ဆေးကအစိမ်းရောင်ကြီးနဲ့ မလှမပပုံကို တစ်သက်လုံးမျက်နှာပေါ်တင်ထားရမှာ” ဆိုတဲ့ အယူအဆတွေကြောင့် မျက်ခုံးတက်တူးထိုးဖို့ဆို တွန့်နေတတ်ကြပေမဲ့ အခုနောက်ပိုင်းမှာတော့ အချိန်ကုန် လူပင်ပန်းသက်သာပြီး တစ်ခါထိုးထားရုံနဲ့ နှစ်ချီခံတဲ့ ဒီနည်းလမ်းကို ဦးစားပေးရွေးချယ်လာကြပါပြီ။ ဆိုတော့ ထုံးစံအတိုင်း တာဝန်အရတော့ ပြောခွင့်ပေးပါပေါ့။ မျက်ခုံးတက်တူးနဲ့ ပတ်သက်တဲ့ Before & After Care လေးကို ဒီနေ့ဆောင်းပါးထဲမှာ နှင်းနဲ့ အတူတူ လေ့လာကြစို့နော်။

 

မထိုးခင်ဂရုစိုက်ရမည့်အချက်များ (Before Care)

မျက်ခုံးတက်တူးမထိုးခင် တစ်ပတ်အတွင်းမှာတော့…

(၁) ဓာတုပစ္စည်းများများပါပြီး အားပြင်းတဲ့မိတ်ကပ်၊ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေ မသုံးရပါဘူး။

(၂) မျက်ခုံးတက်တူးမထိုးခင်အချိန်မှာ အားအရမ်းစိုက်ထုတ်ရတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ မလုပ်ပါနဲ့။

(၃) ငါးကြီးဆီ၊ ဗီတာမင် E စတာတွေကို မထိုးခင် ၄၈ နာရီအတွင်း လုံးဝမစားပါနဲ့။

(၄) မျက်ခုံးမွှေးရိတ်တာ၊ Waxing လုပ်တာနဲ့ နှုတ်တာ စတဲ့လုပ်ငန်းစဉ်တွေကို မျက်ခုံးမရိတ်ခင် ၃ ရက်အလိုမှာကြိုလုပ်ထားပါ။

(၅) မထိုးခင်နှစ်ရက်အလိုမှာ အရက်၊ ကဖိန်းပါတဲ့အစားအသောက်တွေကို ရှောင်ကြဉ်ပါ။

(၆) ရာသီစက်ဝန်းဖြစ်နေတဲ့အချိန်မှာ သွားမထိုးပါနဲ့။ အကယ်၍ထိုးမယ်ဆိုရင်လည်း လုပ်ပေးမယ့်ပညာရှင်ကို ကြိုတင်အသိပေးထားပါ။ 

Related Article >>> မျက်ခုံးတက်တူးအမျိုးအစား (၃) မျိုးအကြောင်း

ထိုးပြီးချိန်တွင်ဂရုစိုက်ရမည့်အချက်များ (After Care)

မျက်ခုံးတက်တူးထိုးတဲ့အခါ မထိုးခင်အချိန်ထက် ထိုးပြီးအချိန်က ပိုပြီးဂရုစိုက်ရပါတယ်။ ဘာလို့လဲဆိုတော့ အနာမကျက်ခင် အနာဖေးကိုခွာလိုက်တာမျိုး၊ ယားလို့ကုတ်လိုက်တာမျိုး၊ ချွေးထွက်နေလို့ အတင်းပွတ်သုတ်လိုက်တာမျိုးနဲ့ မျက်နှာကို ဆပ်ပြာ၊ ရေတွေနဲ့စွတ်သစ်ပြီး ပွတ်သုတ်တာမျိုးတွေက မျက်ခုံးတက်တူးကို အရောင်မှိန်သွားစေတာမျိုး၊ ဟိုတစ်ကွက်ဒီတစ်ကွက်ဖြစ်သွားစေတာမျိုး ဖြစ်တတ်တာကြောင့် အနားဖေးတက်တဲ့ ၃ ရက်နဲ့ အနာကျက်မယ့် ၁၀ ရက်အတွင်းမှာတော့ ဒီအချက်လေးတွေကို အထူး ဂရုစိုက်စေချင်ပါတယ်။

(၁) တက်တူးထိုးထားတဲ့နေရာကို သန့်သန့်ရှင်းရှင်းထားပေးပါ။

(၂) တက်တူးထိုးပြီး ၃ ရက်အတွင်း ရေလုံးဝမထိရပါဘူး။ ၃ ရက်ကျော်သွားရင်တော့ ရေနဲ့ဖွဖွလေးသစ်လို့ရပေမဲ့ မျက်နှာသစ်ဆပ်ပြာ၊ မိတ်ကပ်ဖျက်ဆေးရည်၊ မိတ်ကပ်ဖျက်တဲ့ခရင်မ် စတာတွေကိုလုံးဝ (လုံးဝ) သုံးလို့မရပါဘူး။

(၃) အနားဖေးက ယားလာရင်လည်း လက်သည်းနဲ့အတင်းကုတ်ဖဲ့တာမျိုး၊ အနာဖေးကိုခွာချလိုက်တာမျိုးမလုပ်ဘဲ လက်ထိပ်လေးနဲ့ပဲ ဖြည်းဖြည်းချင်းဖိပြီး အယားသက်သာအောင် လုပ်ပေးပါ။ (သက်ဆိုင်ရာဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ အနာကျက်ဆေးတော့ သောက်လို့ရပါတယ်။)

(၄) တစ်လအတွင်း နေရောင်ခြည်နဲ့တိုက်ရိုက်လုံးဝ မထိတွေ့ပါနဲ့။

(၅) ၁၀ ရက်အတွင်း ချွေးများများထွက်စေမယ့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများကို ရှောင်ကျဉ်ပါ။

(၆) မျက်နှာကိုဓာတုပစ္စည်းပါဝင်မှုနှုန်းများတဲ့ ပစ္စည်းတွေသုံးပြီးသစ်တာမျိုး၊ ခပ်ကြမ်းကြမ်းပွတ်တာမျိုး၊ အတင်းနှိပ်နယ်တာမျိုးတွေကို ရှောင်ကြဉ်ပါ။

(၇) နှစ်ပတ်အတွင်း ရေလုံးဝ မကူးပါနဲ့။

(၈) တစ်ပတ်အတွင်း မျက်ခုံးမွှေးကို ခဲနဲ့ထပ်ဆွဲတာ၊ အရောင်ထပ်တင်တာမျိုးတွေ လုံးဝမလုပ်ပါနဲ့။

(၉) တက်တူးထိုးထားတဲ့ နေရာတစ်ဝိုက်မှာ မိတ်ကပ်လိမ်းခြယ်ခြင်းကို ရှောင်ကြဉ်ပါ။

Related Article >>> တစ်နေ့ကို ဝ.၁ စက္ကန့်အတွင်း ဒီလိုမျက်ခုံးလှလှလေးရအောင် ဘယ်လိုလုပ်ထားတာလဲ?

မျက်ခုံးတက်တူးထိုးတဲ့နေရာမှာ အရေးအကြီးဆုံးက အနာကျက်ဖို့ပါပဲနော်။ ဒီလိုအနာကျက်ဖို့အတွက် အချိန်က ၁၀ ရက်လောက်ပဲကြာတာဆိုပေမဲ့ လူ့သဘာဝအရတော့ တစ်ခုခုထူးထူးခြားခြားလုပ်ထားရင် လုပ်ထားတဲ့နေရာကိုပဲ သေချာဂရုစိုက် အာရုံထားတတ်တာမို့ ယားယံတဲ့အချိန်ကုတ်မိတာမျိုး၊ အနာဖေးစကွာတဲ့အချိန်မှာ ကွာကျလာတာကို စိတ်မရှည်တော့ဘဲ ဆွဲခွာတာမျိုးတွေက ယောင်းတို့ရဲ့တက်တူးကို အကျည်းတန်သွားစေနိုင်ပါတယ်။ ဒါကြောင့် ခက်ခဲပေမဲ့ သေချာစိတ်ရှည်ရှည်လေးနဲ့ အနာကျက်အောင်ပဲ စောင့်ကြပါလို့။

Hnin Ei Oo (For Her Myanmar)

References : browmethod, eyebrowdoctor

Hnin Ei Oo
Hnin Ei Oo
အလွအပ၊ ဖက္ရွင္၊ gym နဲ႔ပတ္သက္တဲ့ ဗဟုသုတေတြ၊ အခ်စ္ေရး စတဲ့က႑ေတြကို အဓိကထားေရးတဲ့ စာေရးသူေပါက္စေလး ေတ်ာက္ပါ 😁 အခြီနဲ႔ စိတ္ဓာတ္ခြန္အားေပးစာေတြကိုလည္း ဒဲ့တိုးေတြ ေရးတတ္ပါေသးတယ္ 😛

Leave a Reply

Your email address will not be published. Required fields are marked *