Beauty

ေယာင္းရဲ႕ခ်စ္ခ်စ္ေကာင္ေလး မျဖစ္မေနသိထားသင့္တဲ့ ေယာင္းရဲ႕အေျခခံအလွအပေရးရာ…

မသိရေကာင္းလားဟဲ့ ဆိုၿပီးမၾကာခဏေနာက္ဂ်ိန္ပေလးရတဲ့ အတြဲေလးေတြအတြက္ မင္မင့္လက္ေဆာင္ 😛

ဒီေခါင္းစဥ္နဲ႔ေဆာင္းပါးေလး ေရးပါေစလို႔ ဆုေတာင္းခဲ့ဖူးတဲ့ ေယာင္းေလးေတြရွိရင္ လက္ညွိဳးေထာင္။ အႏွီပုရိသအမ်ားစုက သူတို႔ရဲ႕ အေရျပားတစ္ေထာက္စာေလးကိုေတာင္ ဂရုစိုက္ဖို႔သိပ္စိတ္ကူးမရွိတာ ကိုယ္ေတြလို ရႈပ္ေထြးေပြလီလြန္းတဲ့ အလွအပေရးရာ ကိစၥရပ္ေတြဆိုရင္ ေဝလားေဝးေပါ့ေယာင္းတို႔ရယ္။ ဘယ္ေလာက္ အာေပါက္မတတ္ေျပာေျပာ သတိမရေလေတာ့ ကိုယ္လည္းစိတ္ေတြဆိုး ထုေထာင္းရိုက္ႏွက္ရတာ ပင္ပန္းေလာက္ေရာေပါ့။ ဒါေပမဲ့လည္း စိတ္မပူပါနဲ႔။ ဒီေဆာင္းပါးေလးကို ၃ မိနစ္ေလာက္အခ်ိန္ေပးဖတ္ခိုင္းရံုနဲ႔ ဒီဒုကၡေတြကင္းသြားပါလိမ့္မယ္ေနာ္။ ကဲ ဒါဆိုရင္ စလိုက္ၾကရေအာင္။

(၁) ကိုယ့္အသားအေရအမ်ိဳးအစားကို သိပါေစ။

အသားအေရအမ်ိဳးအစားဆိုတာ စကြင္းကဲအဆင့္ထဲမွာ အေရးအႀကီးဆံုးနဲ႔ အေျခခံအက်ဆံုးပဲေလ။ ဘယ္စကြင္းကဲပစၥည္း (သို႔) မိတ္ကပ္အမ်ိဳးအစားကိုဝယ္ဝယ္ ကိုယ့္အသားအေရနဲ႔ကိုက္ဖို႔ဆိုတာကို နံပါတ္ (၁) ဦးစားေပးအေနနဲ႔ စဥ္းစားေပးရမွာကိုး။ ဆိုေပမဲ့ တကယ္တမ္း စစ္စစ္ေပါက္ေပါက္ခြဲထုတ္ရရင္ အသားအေရအမ်ိဳးအစားဆိုတာ (၈) မ်ိဳးေလာက္ရွိတာမို႔ အားလံုးေျပာလိုက္ရင္ အလံျဖဴျပသြားဖို႔ က်ိန္းေသပါတယ္။ ဒါေၾကာင့္ အေျခခံျဖစ္တဲ့ အဆီျပန္၊ အသားေျခာက္နဲ႔ ထိခိုက္လြယ္အသားအေရဆိုၿပီး ၃ မ်ိဳးေလာက္ သူတို႔ သိထားရင္ကို အဆင္ေျပပါၿပီ။ က်န္တဲ့အေသးစိတ္ကိုေတာ့ ေနာက္ ျဖည္းျဖည္းခ်င္း ေျပာျပသြားေပါ့ေနာ္… 

Related Article >>> ေဆးရခက္တဲ့ beauty sponge နဲ႔ brush ေတြကို အသစ္ေလးအတိုင္း ျဖဴေဖြးသြားေစဖို႔

(၂) တိုနာ၊ ႏို႔ရည္နဲ႔ ခရင္မ္ စတဲ့ အသံုးမ်ားတဲ့ ပစၥည္းေတြရဲ႕ အေခၚအေဝၚကို သိပါေစ။

ဒီအခ်က္ကေတာ့ ဆိုင္ထဲဝင္သြားတဲ့အခါ ေျပာသမွ်နားေထာင္ၿပီး ေတြ႔ကရာေကာက္ဝယ္လာမွာစိုးလို႔ပါေနာ္။ ကိုယ္က ဝယ္ခိုင္းလိုက္တာတိုနာ ဘုမသိဘမသိနဲ႔ မ်က္ႏွာေပၚလိမ္းလို႔ရရင္ၿပီးေရာ ဘာျဖစ္ျဖစ္အားလံုးဝယ္လာရင္ ကိုယ္က သံုးရမွာလည္းခက္၊ မသံုးရင္လည္း သူမ်ားေစတနာကို ေစာ္ကားရာေရာက္ၿပီး တစ္ဖက္သားရဲ႕ ခံစားခ်က္ကို ထိခိုက္ေစႏိုင္လို႔ေလ။ ဒါေၾကာင့္ ကိုယ္သံုးေနက်ပစၥည္းေတြရဲ႕ အေခၚအေဝၚေလးေတြကို မွတ္မိပါေစေနာ္။

(၃) ပါကင္လွတိုင္း ပစၥည္းေကာင္း မဟုတ္တဲ့အေၾကာင္း သိပါေစ။

ဒါကေတာ့ ေယာင္းေယာင္းတို႔ရဲ႕ခ်စ္သူေကာင္ေလးေတြတင္ မဟုတ္ဘဲ ေယာင္းေယာင္းတို႔ကိုယ္တိုင္ကပါ သတိျပဳရမယ့္ အခ်က္ေလးပါပဲေနာ္။ ေကာင္ေလးေတြကို မွာခ်င္တာက ပါကင္ဘူးပံုလွလွေလးနဲ႔မို႔ ကိုယ့္ေကာင္မေလးႀကိဳက္မွာပဲဆိုၿပီး ေကာက္ဝယ္မသားပါနဲ႔။ ခဏေတာ့ အားကနဲေအာ္ဟစ္ၿပီး သိပ္ႀကိဳက္သေယာင္ျပႏိုင္ေပမဲ့ တကယ္တမ္းေရရွည္သံုးဖို႔အတြက္က်ေတာ့ အဆင္မေျပတာေတြ ရွိလာႏုိင္ပါတယ္။ ဒါေၾကာင့္ ကိုယ့္ခ်စ္ခ်စ္ေလးကို အလွၾကည့္ရံုေလာက္အသံုးဝင္တဲ့ ပစၥည္းမ်ိဳးဝယ္ေပးဖို႔က်ေတာ့ ပိုက္ဆံကုန္ရံုပဲ ရွိမွာမို႔ သူေကာင္းေကာင္းသံုးလို႔ရမယ့္ပစၥည္းမ်ိဳးပဲ ဝယ္ေပးပါလို႔။

Related Article >>> မ်က္ႏွာေပၚက အမဲစက္နဲ႔အမာရြတ္ေတြကို ေခ်ဖ်က္ႏိုင္မယ့္နည္းလမ္း(၄)သြယ္

(၄) ေယာက်္ားေလးသံုးနဲ႔ မိန္းကေလးသံုးပစၥည္းေတြက မတူေၾကာင္း သိပါေစ။

“မင္းတို႔မိန္းကေလးေတြမ်ား အလုပ္ကိုရႈပ္တယ္။ ငါတို႔ဆို မ်က္ႏွာသစ္တယ္ ေနာက္ထပ္တစ္မ်ိဳးႏွစ္မ်ိဳး ထပ္ သံုးလိုက္ရင္ေတာင္ အေကာင္ျဖစ္ေနၿပီ၊ မင္းပစၥည္းကုန္ေနလည္း ငါ့ပစၥည္းခဏသံုးထားကြာ” ဆိုသူမ်ား ဒီစာပိုဒ္ကို ေသခ်ာဖတ္ေစခ်င္ပါတယ္ေနာ္။ ေယာက်ာ္းေလးနဲ႔ မိန္းကေလးဆိုတာ ခႏၶာကိုယ္ဖြဲ႕စည္းတည္ေဆာက္ပံုနဲ႔ ေဟာ္မုန္းေတြကိုက ကြဲျပားေနတာမို႔ သံုးရတဲ့ပစၥည္းတစ္ခုခ်င္းစီ၊ ပါဝင္တဲ့ ပါဝင္ပစၥည္းေတြလည္း လံုးဝ မတူပါဘူးေနာ္… အဲဒါကို အတင္းေရာခ်ၿပီး ေတြ႔ကရာပစၥည္းေတြ မသံုးခိုင္းပါနက္လို႔… ဒီပ်က္ရွင္ရွိတယ္ 😛 

ဒီေလာက္ဆိုရင္ေတာ့ ေတာ္ေတာ္ေလး အဆင္ေျပတဲ့အေနထားတစ္ခုကို ေရာက္ေနၿပီရယ္။ ေနာက္ၿပီး ေယာင္းေလးေတြကိုလည္း တစ္ခုမွာခ်င္တာက အႏွီပုရိသတို႔သည္ စိတ္အရႈပ္မခံတတ္တာ၊ ေခါင္းသိပ္အစားမခံခ်င္တာ စတဲ့ သေဘာေလးတခ်ိဳ႕ ရွိတတ္တာက မ်ားတာမို႔ ကိုယ့္စိတ္နဲ႔မကိုက္တိုင္း ဝုန္းဒိုင္းႀကဲေနတာထက္ ေအးေအးေဆးေဆး ေသခ်ာရွင္းျပေပးဖို႔ ႏွင္းက အၾကံေပးခ်င္ပါတယ္ေနာ္။ ဘာပဲျဖစ္ျဖစ္ သူ႔တာဝန္မဟုတ္ဘဲ ကိုယ့္အေပၚစိတ္ဝင္တစားရွိတာေလာက္နဲ႔တင္ စိတ္ေက်နပ္စရာေကာင္းပါတယ္ေလ…

အဲဒါေၾကာင့္ မသိတာကို အျပစ္တင္လိုက္မွာထက္ သိသေလာက္ေလး ကိုယ့္အေပၚတာဝန္ေက်ခ်င္တဲ့ စိတ္ကိုတန္ဖိုးထား ေလးစားေပးလိုက္ပါလို႔ ေျပာရင္း ဒီေဆာင္းပါးေလးကို နိဂုံးခ်ဳပ္ပါရေစရွင္။

Hnin Ei Oo (For Her Myanmar)

<<< Unicode >>>

မသိရကောင်းလားဟဲ့ ဆိုပြီးမကြာခဏနောက်ဂျိန်ပလေးရတဲ့ အတွဲလေးတွေအတွက် မင်မင့်လက်ဆောင် 😛

ဒီခေါင်းစဉ်နဲ့ဆောင်းပါးလေး ရေးပါစေလို့ ဆုတောင်းခဲ့ဖူးတဲ့ ယောင်းလေးတွေရှိရင် လက်ညှိုးထောင်။ အနှီပုရိသအများစုက သူတို့ရဲ့ အရေပြားတစ်ထောက်စာလေးကိုတောင် ဂရုစိုက်ဖို့သိပ်စိတ်ကူးမရှိတာ ကိုယ်တွေလို ရှုပ်ထွေးပွေလီလွန်းတဲ့ အလှအပရေးရာ ကိစ္စရပ်တွေဆိုရင် ဝေလားဝေးပေါ့ယောင်းတို့ရယ်။ ဘယ်လောက် အာပေါက်မတတ်ပြောပြော သတိမရလေတော့ ကိုယ်လည်းစိတ်တွေဆိုး ထုထောင်းရိုက်နှက်ရတာ ပင်ပန်းလောက်ရောပေါ့။ ဒါပေမဲ့လည်း စိတ်မပူပါနဲ့။ ဒီဆောင်းပါးလေးကို ၃ မိနစ်လောက်အချိန်ပေးဖတ်ခိုင်းရုံနဲ့ ဒီဒုက္ခတွေကင်းသွားပါလိမ့်မယ်နော်။ ကဲ ဒါဆိုရင် စလိုက်ကြရအောင်။

(၁) ကိုယ့်အသားအရေအမျိုးအစားကို သိပါစေ။

အသားအရေအမျိုးအစားဆိုတာ စကွင်းကဲအဆင့်ထဲမှာ အရေးအကြီးဆုံးနဲ့ အခြေခံအကျဆုံးပဲလေ။ ဘယ်စကွင်းကဲပစ္စည်း (သို့) မိတ်ကပ်အမျိုးအစားကိုဝယ်ဝယ် ကိုယ့်အသားအရေနဲ့ကိုက်ဖို့ဆိုတာကို နံပါတ် (၁) ဦးစားပေးအနေနဲ့ စဉ်းစားပေးရမှာကိုး။ ဆိုပေမဲ့ တကယ်တမ်း စစ်စစ်ပေါက်ပေါက်ခွဲထုတ်ရရင် အသားအရေအမျိုးအစားဆိုတာ (၈) မျိုးလောက်ရှိတာမို့ အားလုံးပြောလိုက်ရင် အလံဖြူပြသွားဖို့ ကျိန်းသေပါတယ်။ ဒါကြောင့် အခြေခံဖြစ်တဲ့ အဆီပြန်၊ အသားခြောက်နဲ့ ထိခိုက်လွယ်အသားအရေဆိုပြီး ၃ မျိုးလောက် သူတို့ သိထားရင်ကို အဆင်ပြေပါပြီ။ ကျန်တဲ့အသေးစိတ်ကိုတော့ နောက် ဖြည်းဖြည်းချင်း ပြောပြသွားပေါ့နော်… 

Related Article >>> ဆေးရခက်တဲ့ beauty sponge နဲ့ brush တွေကို အသစ်လေးအတိုင်း ဖြူဖွေးသွားစေဖို့

(၂) တိုနာ၊ နို့ရည်နဲ့ ခရင်မ် စတဲ့ အသုံးများတဲ့ ပစ္စည်းတွေရဲ့ အခေါ်အဝေါ်ကို သိပါစေ။

ဒီအချက်ကတော့ ဆိုင်ထဲဝင်သွားတဲ့အခါ ပြောသမျှနားထောင်ပြီး တွေ့ကရာကောက်ဝယ်လာမှာစိုးလို့ပါနော်။ ကိုယ်က ဝယ်ခိုင်းလိုက်တာတိုနာ ဘုမသိဘမသိနဲ့ မျက်နှာပေါ်လိမ်းလို့ရရင်ပြီးရော ဘာဖြစ်ဖြစ်အားလုံးဝယ်လာရင် ကိုယ်က သုံးရမှာလည်းခက်၊ မသုံးရင်လည်း သူများစေတနာကို စော်ကားရာရောက်ပြီး တစ်ဖက်သားရဲ့ ခံစားချက်ကို ထိခိုက်စေနိုင်လို့လေ။ ဒါကြောင့် ကိုယ်သုံးနေကျပစ္စည်းတွေရဲ့ အခေါ်အဝေါ်လေးတွေကို မှတ်မိပါစေနော်။

(၃) ပါကင်လှတိုင်း ပစ္စည်းကောင်း မဟုတ်တဲ့အကြောင်း သိပါစေ။

ဒါကတော့ ယောင်းယောင်းတို့ရဲ့ချစ်သူကောင်လေးတွေတင် မဟုတ်ဘဲ ယောင်းယောင်းတို့ကိုယ်တိုင်ကပါ သတိပြုရမယ့် အချက်လေးပါပဲနော်။ ကောင်လေးတွေကို မှာချင်တာက ပါကင်ဘူးပုံလှလှလေးနဲ့မို့ ကိုယ့်ကောင်မလေးကြိုက်မှာပဲဆိုပြီး ကောက်ဝယ်မသားပါနဲ့။ ခဏတော့ အားကနဲအော်ဟစ်ပြီး သိပ်ကြိုက်သယောင်ပြနိုင်ပေမဲ့ တကယ်တမ်းရေရှည်သုံးဖို့အတွက်ကျတော့ အဆင်မပြေတာတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ချစ်ချစ်လေးကို အလှကြည့်ရုံလောက်အသုံးဝင်တဲ့ ပစ္စည်းမျိုးဝယ်ပေးဖို့ကျတော့ ပိုက်ဆံကုန်ရုံပဲ ရှိမှာမို့ သူကောင်းကောင်းသုံးလို့ရမယ့်ပစ္စည်းမျိုးပဲ ဝယ်ပေးပါလို့။

Related Article >>> မျက်နှာပေါ်က အမဲစက်နဲ့အမာရွတ်တွေကို ချေဖျက်နိုင်မယ့်နည်းလမ်း(၄)သွယ်

(၄) ယောကျ်ားလေးသုံးနဲ့ မိန်းကလေးသုံးပစ္စည်းတွေက မတူကြောင်း သိပါစေ။

“မင်းတို့မိန်းကလေးတွေများ အလုပ်ကိုရှုပ်တယ်။ ငါတို့ဆို မျက်နှာသစ်တယ် နောက်ထပ်တစ်မျိုးနှစ်မျိုး ထပ် သုံးလိုက်ရင်တောင် အကောင်ဖြစ်နေပြီ၊ မင်းပစ္စည်းကုန်နေလည်း ငါ့ပစ္စည်းခဏသုံးထားကွာ” ဆိုသူများ ဒီစာပိုဒ်ကို သေချာဖတ်စေချင်ပါတယ်နော်။ ယောကျာ်းလေးနဲ့ မိန်းကလေးဆိုတာ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံနဲ့ ဟော်မုန်းတွေကိုက ကွဲပြားနေတာမို့ သုံးရတဲ့ပစ္စည်းတစ်ခုချင်းစီ၊ ပါဝင်တဲ့ ပါဝင်ပစ္စည်းတွေလည်း လုံးဝ မတူပါဘူးနော်… အဲဒါကို အတင်းရောချပြီး တွေ့ကရာပစ္စည်းတွေ မသုံးခိုင်းပါနက်လို့… ဒီပျက်ရှင်ရှိတယ် 😛 

ဒီလောက်ဆိုရင်တော့ တော်တော်လေး အဆင်ပြေတဲ့အနေထားတစ်ခုကို ရောက်နေပြီရယ်။ နောက်ပြီး ယောင်းလေးတွေကိုလည်း တစ်ခုမှာချင်တာက အနှီပုရိသတို့သည် စိတ်အရှုပ်မခံတတ်တာ၊ ခေါင်းသိပ်အစားမခံချင်တာ စတဲ့ သဘောလေးတချို့ ရှိတတ်တာက များတာမို့ ကိုယ့်စိတ်နဲ့မကိုက်တိုင်း ဝုန်းဒိုင်းကြဲနေတာထက် အေးအေးဆေးဆေး သေချာရှင်းပြပေးဖို့ နှင်းက အကြံပေးချင်ပါတယ်နော်။ ဘာပဲဖြစ်ဖြစ် သူ့တာဝန်မဟုတ်ဘဲ ကိုယ့်အပေါ်စိတ်ဝင်တစားရှိတာလောက်နဲ့တင် စိတ်ကျေနပ်စရာကောင်းပါတယ်လေ…

အဲဒါကြောင့် မသိတာကို အပြစ်တင်လိုက်မှာထက် သိသလောက်လေး ကိုယ့်အပေါ်တာဝန်ကျေချင်တဲ့ စိတ်ကိုတန်ဖိုးထား လေးစားပေးလိုက်ပါလို့ ပြောရင်း ဒီဆောင်းပါးလေးကို နိဂုံးချုပ်ပါရစေရှင်။

Hnin Ei Oo (For Her Myanmar)

Hnin Ei Oo
Hnin Ei Oo
အလွအပ၊ ဖက္ရွင္၊ gym နဲ႔ပတ္သက္တဲ့ ဗဟုသုတေတြ၊ အခ်စ္ေရး စတဲ့က႑ေတြကို အဓိကထားေရးတဲ့ စာေရးသူေပါက္စေလး ေတ်ာက္ပါ 😁 အခြီနဲ႔ စိတ္ဓာတ္ခြန္အားေပးစာေတြကိုလည္း ဒဲ့တိုးေတြ ေရးတတ္ပါေသးတယ္ 😛

Leave a Reply

Your email address will not be published. Required fields are marked *