Beauty

Double Cleansing ေန႔စဥ္ ျပဳလုပ္ေပးမယ္ဆိုရင္ ဒီလိုေကာင္းက်ိဳးေတြ ရလာပါလိမ့္မယ္..

ခက္ခက္ခဲခဲ မလုပ္ရဘဲ ထင္ရွားသိသာတဲ့ အက်ိဳးေတြ ရမွာ ဆိုေတာ့လည္း… 

ဘာမွမေျပာရေသးခင္ Double Cleansing ဆိုတာ ဘာလဲ အရင္ေျပာၾကည့္ရေအာင္… ခက္ခဲနက္နဲတဲ့ အသားအေရထိန္းသိမ္းနည္းေတာ့ မဟုတ္ပါဘူး။ Double Cleansing ဆိုတာက မိတ္ကပ္ဖ်က္ေဆးနဲ႔ တစ္ခါ မ်က္ႏွာကို သန္႔စင္ၿပီး ေနာက္မွ မ်က္ႏွာသစ္ဆပ္ျပာနဲ႔ တစ္ခါ ထပ္ၿပီး သန္႔စင္တဲ့ အဆင့္ (၂)ဆင့္ကို Double Cleansing လို႔ေခၚတာပါ။

Double Cleansing လုပ္ျခင္းက ဘယ္ေလာက္ေကာင္းေၾကာင္းညႊန္းမယ္ဆိုရင္ မိတ္ကပ္ဖ်က္ေဆးေခတ္မစားခင္အခ်ိန္ေတြမွာ ဘယ္လိုသန္႔စင္ခဲ့ၾကလဲဆိုတာ ေယာင္းတို႔ေမးခြန္းထုတ္လာႏိုင္ပါတယ္။ ဒီေမးခြန္းအတြက္ အေျဖကို ေယာင္းတို႔ကိုယ္တုိင္ပဲ ရွာေတြ႕ႏုိင္ပါတယ္။ မိတ္ကပ္ဖ်က္ေဆးေတြ မသံုးခဲ့ခင္က အသားအေရနဲ႔ မိတ္ကပ္ဖ်က္ေဆးေတြ ေခတ္စားလာတဲ့ေနာက္ပိုင္း ကိုယ္နဲ႔ သင့္ေလ်ာ္တဲ့ မိတ္ကပ္ဖ်က္ေဆးကို သံုးၿပီးခ်ိန္ အသားအေရနဲ႔ ႏႈိင္းယွဥ္ၾကည့္လိုက္ပါ… အဲ့လိုဆို ရွင္းလင္းသြားပါလိမ့္မယ္..

ကဲ… ဒါဆို မိတ္ကပ္ဖ်က္ေဆးသုံးလက္စေယာင္းတို႔ ပိုၿပီးအားတက္လာေအာင္ရယ္ ၊ မသုံးေသးတဲ့ေယာင္းတို့လည္း Double Cleansing ရဲ႕ေကာင္းကြက္ေတြကို ႐ႈျမင္နိုင္ေအာင္ရယ္ ရည္ရြယ္ၿပီး ဒီဒီကေန Double Cleansing ျပဳလုပ္ျခင္းရဲ႕ေကာင္းက်ိဳးေလးေတြကို ေဝမွ်ေပးလိုက္ပါတယ္ရွင္..

၁။ မ်က္ႏွာက အညစ္အေၾကးေတြ အကုန္စင္ၾကယ္ႏိုင္မယ္။

မ်က္ႏွာသစ္ေဆးနဲ႔ ဘယ္ႏွစ္ႀကိမ္သစ္သစ္ ေယာင္းတို႔မ်က္ႏွာျပင္က အညစ္အေၾကးေတြကို အကုန္ေျပာင္စင္ေအာင္ မသန္႕စင္ႏိုင္ပါဘူး။ Long Lasting (မ်က္ႏွာေပၚမွာ တာရွည္ခံတဲ့) ပါတဲ့ အလွကုန္ေတြ လိမ္းျခယ္ထားရင္ ပိုဆိုးေပါ့… အသားအေရ ၾကည္လင္မႈ ေပ်ာက္ဆုံးလာၿပီး ၾကာေလ မိတ္ကပ္လိမ္းရ မညက္ေလ ျဖစ္လာမွာပါ။ မိတ္ကပ္ဖ်က္ေဆးနဲ႔ ေျပာင္စင္ေအာင္ အရင္ဖ်က္ၿပီး မ်က္ႏွာသစ္ေဆးနဲ႔ ထပ္သန္႔စင္ေပးမွသာ ေယာင္းတို႔ရဲ႕ မ်က္ႏွာေလးက ၾကည္လင္ဝင္းပႏိုင္မွာပါ။

Related article >>> သဘာဝအတိုင္းဖန္သားေလးလိုဝင္းေျပာင္ေနေစမယ့္အသားအေရထိန္းသိမ္းနည္း (၁၀)ဆင့္

၂။ Glow ဖို႔အတြက္ အေထာက္အပံ့ေကာင္း ျဖစ္လာမယ္။

မ်က္ႏွာေလး Glow ဖို႔ဆိုတာ ခုေနာက္ပိုင္း ေယာင္းေလးေတြ ေတာ္ေတာ္မ်ားမ်ားရဲ႕ Goal တစ္ခု (ပန္းတိုင္) ျဖစ္လာပါတယ္။ မ်က္ႏွာ Glow ဖို႔အတြက္ ဘယ္ေလာက္ေကာင္းတဲ့ အလွကုန္ေတြပဲသုံးသုံး မ်က္နွာမွာ အညစ္အေၾကးေတြရွိရင္ေတာ့ ေယာင္းတို႔ အိပ္မက္ေတြ အေကာင္အထည္ ေပၚလာႏိုင္မွာ မဟုတ္ပါဘူး။ အညစ္အေၾကးကင္းတဲ့ မ်က္နွာျပင္ေပၚမွာသာ ၾကည္လင္ဝင္းပဖို႔အတြက္ အားျဖည့္ႏိုင္မွာပါ။

၃။ မိတ္ကပ္ကြက္တာေတြ သက္သာသြားမယ္။

မ်က္နွာမွာ ကပ္က်န္ေနတဲ့ အႂကြင္းအက်န္ေတြကို ေန႕စဥ္ေျပာင္စင္ေအာင္ ျပဳလုပ္ေပးႏိုင္မယ္ဆိုရင္ အသားအေရက တညီတညာတည္း ေျပျပစ္ေခ်ာမြတ္ေနမွာပါ။ မ်က္ႏွာအသားအေရ ေခ်ာမြတ္လာတာနဲ႔အမွ် ဘာမိတ္ကပ္ကပ္လိမ္းလိမ္းကို အဆင္ေျပေနၿပီေပါ့… မိတ္ကပ္ကြက္တာေတာ့ လုံးလုံးလ်ားလ်ား ေပ်ာက္ကင္းသြားမွာပါ။

ဒီေလာက္ဆုိုရင္ Double Cleansing က မ်က္ႏွာအသားအေရအတြက္ ဘယ္ေလာက္ထိအေရးပါတယ္ဆိုတာ ေယာင္းတို႔ သိေလာက္ပါၿပီေနာ္။ မ်က္ႏွာအသားအေရအတြက္ မျဖစ္မေနလုပ္ေဆာင္ေပးသင့္တာမို႔ Double Cleansing ျပဳလုပ္ဖို႔ ေမ့ေလ်ာ့ေနတတ္တဲ့ ေယာင္းတို႕လည္း သတိျပဳႏိုင္ၾကပါေစ။

DiDi (For Her Myanmar)

<<< Unicode >>>

ခက်ခက်ခဲခဲ မလုပ်ရဘဲ ထင်ရှားသိသာတဲ့ အကျိုးတွေ ရမှာ ဆိုတော့လည်း… 

ဘာမှမပြောရသေးခင် Double Cleansing ဆိုတာ ဘာလဲ အရင်ပြောကြည့်ရအောင်… ခက်ခဲနက်နဲတဲ့ အသားအရေထိန်းသိမ်းနည်းတော့ မဟုတ်ပါဘူး။ Double Cleansing ဆိုတာက မိတ်ကပ်ဖျက်ဆေးနဲ့ တစ်ခါ မျက်နှာကို သန့်စင်ပြီး နောက်မှ မျက်နှာသစ်ဆပ်ပြာနဲ့ တစ်ခါ ထပ်ပြီး သန့်စင်တဲ့ အဆင့် (၂)ဆင့်ကို Double Cleansing လို့ခေါ်တာပါ။

Double Cleansing လုပ်ခြင်းက ဘယ်လောက်ကောင်းကြောင်းညွှန်းမယ်ဆိုရင် မိတ်ကပ်ဖျက်ဆေးခေတ်မစားခင်အချိန်တွေမှာ ဘယ်လိုသန့်စင်ခဲ့ကြလဲဆိုတာ ယောင်းတို့မေးခွန်းထုတ်လာနိုင်ပါတယ်။ ဒီမေးခွန်းအတွက် အဖြေကို ယောင်းတို့ကိုယ်တိုင်ပဲ ရှာတွေ့နိုင်ပါတယ်။ မိတ်ကပ်ဖျက်ဆေးတွေ မသုံးခဲ့ခင်က အသားအရေနဲ့ မိတ်ကပ်ဖျက်ဆေးတွေ ခေတ်စားလာတဲ့နောက်ပိုင်း ကိုယ်နဲ့ သင့်လျော်တဲ့ မိတ်ကပ်ဖျက်ဆေးကို သုံးပြီးချိန် အသားအရေနဲ့ နှိုင်းယှဉ်ကြည့်လိုက်ပါ… အဲ့လိုဆို ရှင်းလင်းသွားပါလိမ့်မယ်..

ကဲ… ဒါဆို မိတ်ကပ်ဖျက်ဆေးသုံးလက်စယောင်းတို့ ပိုပြီးအားတက်လာအောင်ရယ် ၊ မသုံးသေးတဲ့ယောင်းတို့လည်း Double Cleansing ရဲ့ကောင်းကွက်တွေကို ရှုမြင်နိုင်အောင်ရယ် ရည်ရွယ်ပြီး ဒီဒီကနေ Double Cleansing ပြုလုပ်ခြင်းရဲ့ကောင်းကျိုးလေးတွေကို ဝေမျှပေးလိုက်ပါတယ်ရှင်..

၁။ မျက်နှာက အညစ်အကြေးတွေ အကုန်စင်ကြယ်နိုင်မယ်။

မျက်နှာသစ်ဆေးနဲ့ ဘယ်နှစ်ကြိမ်သစ်သစ် ယောင်းတို့မျက်နှာပြင်က အညစ်အကြေးတွေကို အကုန်ပြောင်စင်အောင် မသန့်စင်နိုင်ပါဘူး။ Long Lasting (မျက်နှာပေါ်မှာ တာရှည်ခံတဲ့) ပါတဲ့ အလှကုန်တွေ လိမ်းခြယ်ထားရင် ပိုဆိုးပေါ့… အသားအရေ ကြည်လင်မှု ပျောက်ဆုံးလာပြီး ကြာလေ မိတ်ကပ်လိမ်းရ မညက်လေ ဖြစ်လာမှာပါ။ မိတ်ကပ်ဖျက်ဆေးနဲ့ ပြောင်စင်အောင် အရင်ဖျက်ပြီး မျက်နှာသစ်ဆေးနဲ့ ထပ်သန့်စင်ပေးမှသာ ယောင်းတို့ရဲ့ မျက်နှာလေးက ကြည်လင်ဝင်းပနိုင်မှာပါ။

Related article >>> သဘာဝအတိုင်းဖန်သားလေးလိုဝင်းပြောင်နေစေမယ့်အသားအရေထိန်းသိမ်းနည်း (၁၀)ဆင့်

၂။ Glow ဖို့အတွက် အထောက်အပံ့ကောင်း ဖြစ်လာမယ်။

မျက်နှာလေး Glow ဖို့ဆိုတာ ခုနောက်ပိုင်း ယောင်းလေးတွေ တော်တော်များများရဲ့ Goal တစ်ခု (ပန်းတိုင်) ဖြစ်လာပါတယ်။ မျက်နှာ Glow ဖို့အတွက် ဘယ်လောက်ကောင်းတဲ့ အလှကုန်တွေပဲသုံးသုံး မျက်နှာမှာ အညစ်အကြေးတွေရှိရင်တော့ ယောင်းတို့ အိပ်မက်တွေ အကောင်အထည် ပေါ်လာနိုင်မှာ မဟုတ်ပါဘူး။ အညစ်အကြေးကင်းတဲ့ မျက်နှာပြင်ပေါ်မှာသာ ကြည်လင်ဝင်းပဖို့အတွက် အားဖြည့်နိုင်မှာပါ။

၃။ မိတ်ကပ်ကွက်တာတွေ သက်သာသွားမယ်။

မျက်နှာမှာ ကပ်ကျန်နေတဲ့ အကြွင်းအကျန်တွေကို နေ့စဉ်ပြောင်စင်အောင် ပြုလုပ်ပေးနိုင်မယ်ဆိုရင် အသားအရေက တညီတညာတည်း ပြေပြစ်ချောမွတ်နေမှာပါ။ မျက်နှာအသားအရေ ချောမွတ်လာတာနဲ့အမျှ ဘာမိတ်ကပ်ကပ်လိမ်းလိမ်းကို အဆင်ပြေနေပြီပေါ့… မိတ်ကပ်ကွက်တာတော့ လုံးလုံးလျားလျား ပျောက်ကင်းသွားမှာပါ။

ဒီလောက်ဆိုရင် Double Cleansing က မျက်နှာအသားအရေအတွက် ဘယ်လောက်ထိအရေးပါတယ်ဆိုတာ ယောင်းတို့ သိလောက်ပါပြီနော်။ မျက်နှာအသားအရေအတွက် မဖြစ်မနေလုပ်ဆောင်ပေးသင့်တာမို့ Double Cleansing ပြုလုပ်ဖို့ မေ့လျော့နေတတ်တဲ့ ယောင်းတို့လည်း သတိပြုနိုင်ကြပါစေ။

DiDi (For Her Myanmar)

Yin Sandi Ko
Yin Sandi Ko
ညီမက‌ေတာ့ ဒီဒီပါ .စာေရးရတာကို ရူးသြပ္သူမို႔ ေယာင္းတို႔ကိုဆြဲေဆာင္နိုင္မယ့္ အေရးအသားေတြနဲ႔ ေယာင္းတို႔ေပ်ာ္ေစဖို႔ အၿမဲႀကိဳးစားေနသူပါ။

Leave a Reply

Your email address will not be published. Required fields are marked *