ဒီႏွစ္ထဲမွာ ျပန္ေခတ္စားလာႏိုင္တဲ့ ၉၀ ခုႏွစ္ဝန္းက်င္က ဆံပင္ပံုစံ (၅) မ်ိဳး

ငယ္ငယ္တုန္းက ဒီလိုပံုစံေတြကို အသည္းစြဲႀကိဳက္ခဲ့ဖူးမယ္ဆိုတာ ရဲရဲႀကီးအာမခံတယ္

ေယာင္းတို႔ေရ … ဖက္ရွင္က အၿမဲ တစ္ေက်ာ့ျပန္လည္တတ္တယ္ဆိုတာ အမွန္ပါပဲ။ အခုလည္း ၉၀ ခုႏွစ္ဝန္းက်င္က ဆံပင္ပံုစံေတြ ျပန္ေခတ္စားလာမယ္တဲ့။ Stella ကေတာ့ ၉၀ ခုႏွစ္ ဆံပင္ပံုဆိုတာနဲ႔ ငယ္ငယ္က အေမစည္းေပးတဲ့ နာနတ္သီးၾကက္ေတာင္စည္းႏွစ္ဖက္ပဲ ေျပးျမင္ေတာ့တာပဲ။ ကဲပါ … စကားရွည္မေနေတာ့ပါဘူး။ ဘယ္လိုဆံပင္ပံုေတြ ေခတ္စားလာဦးမလဲဆိုတာပဲ ၾကည့္လိုက္ၾကတာေပါ့။

(၁) ခပ္ပြပြဆံပင္ပံုေတြ

၉၀ ခုႏွစ္ဝန္းက်င္က ေခတ္အစားဆံုးဆံပင္ပံုကို ေျပာပါဆိုရင္ ထူထူပြပြဆံပင္ေတြကိုပဲ လက္ညွိဳးထိုးျပရမွာပဲ။ အခုဒီဆံပင္ပံုက ျပန္ေခတ္စားေတာ့မယ္ဆိုေတာ့ ေပ်ာ္ၿပီေလ …

Related article >>> Sensitive skin ပိုင္ရွင္လား ? ညအိပ္ရာမဝင္ခင္ ဒီအဆင့္ (၄) ဆင့္ကို လုပ္ျဖစ္ေအာင္လုပ္ပါ

(၂) ဆံပင္အေျဖာင့္အရွည္ေတြ

သူ႔ေခတ္သူ႔အခါက နာမည္ေက်ာ္ေတြျဖစ္တဲ့ Britney Spears, Kate Moss, Naomi Campbell တို႔ရဲ႕ ဆံပင္အေျဖာင့္အရွည္ေတြကလည္း ဒီႏွစ္ထဲမွာ ျပန္ေရပန္းစားလာႏိုင္ေျခရွိပါတယ္။ ဘာအေရာင္ဆိုးဆိုး လိုက္ဖက္တဲ့ဆံပင္ပံုစံမို႔လို႔ ႏွစ္ခါစဥ္းစားမေနဘဲ ေျပးသာညွပ္လိုက္ပါေတာ့။

(၃) ခပ္ႀကီးႀကီးဆံပင္အေခြအလိပ္ေတြ

ဆံပင္ကို ေဘးခြဲၿပီး အလိပ္ႀကီးႀကီးေတြလိပ္ထားတဲ့ ဆံပင္ပံုစံကလည္း ၉၀ ခုႏွစ္ဝန္းက်င္က ဝက္ဝက္ကြဲေခတ္စားခဲ့တာပါ။ ခုခ်ိန္မွာလည္း ဒီဆံပင္ပံုနဲ႔သာ ပြဲတက္ရင္ အရမ္းလွေနမွာအမွန္ပါပဲ။

Related article >>> ၂၀၁၉ မိုးရာသီနဲ႔အတူ ေရပန္းစားလာဦးမယ့္ အေရာင္ကာလာဆန္း (၄) မ်ိဳး

(၄) ဆံၿမိတ္

အခုေခတ္ bangs ေတြနဲ႔ ၉၀ ခုႏွစ္ဝန္းက်င္က bangs ေတြ မတူတဲ့အခ်က္ကေတာ့ အရင္ေခတ္ bangs ေတြက ပိုထူပိုကုပ္ပါတယ္။ ျမန္မာႏိုင္ငံမွာလည္း ဒီလို bangs ေတြေခတ္စားလိုက္ေသးတယ္ေနာ္။ ဒီေတာ့ သူမ်ားနဲ႔လည္း မတူခ်င္ဘူး bangs လည္း ညွပ္ခ်င္တယ္ဆိုရင္ေတာ့ ဒီ hairstyles ကို အားေပးပါတယ္ ေယာင္းတို႔ေရ..

(၅) တိုတိုကပ္ကပ္ဆံပင္ပံုစံ

တိုေပ့ကပ္ေပ့ဆိုတဲ့ ဆံပင္ပံုစံေတြက ၉၀ ခုႏွစ္ေတြကေန စခဲ့တယ္ဆိုတာ မွတ္မိေသးလား ေယာင္းတို႔? အတိုကိုမွ အထပ္အထပ္ပံုစံေတြ ညွပ္ထားတဲ့ ဆံပင္ပံုစံက ၉၀ ခုႏွစ္ဝန္းက်င္ေတြမွာ မိန္းကေလးတိုင္း လိုက္ညွပ္ရေလာက္ေအာင္ ေရပန္းစားခဲ့တဲ့ ဆံပင္ပါ။ ခုလည္း တစ္ေခတ္ျပန္ထလာၿပီေနာ္..

Related article >>> အေရာင္ဆန္းေတြကို ဆရာက်က်တြဲဖက္ဝတ္ဆင္ႏိုင္ဖို႔ ဖက္ရွင္နည္းလမ္း (၅) သြယ္

ကဲ … ဒီေလာက္ဆိုရင္ ေယာင္းတို႔လည္း ဘယ္လိုဆံပင္ပံုစံေတြ ေခတ္စားလာေတာ့မွာလဲဆိုတာ Stella သတင္းေပးခ်က္အရ သိကုန္ၾကၿပီေပါ့ေနာ္။ ဒါဆို သူမ်ားေတြ မသိခင္ျမန္ျမန္ေလး သြားညွပ္လိုက္ၾကဖို႔ မေမ့ၾကနဲ႔ဦး …

Stella (For Her Myanmar)

<<< Unicode >>>

ငယ်ငယ်တုန်းက ဒီလိုပုံစံတွေကို အသည်းစွဲကြိုက်ခဲ့ဖူးမယ်ဆိုတာ ရဲရဲကြီးအာမခံတယ်

ယောင်းတို့ရေ … ဖက်ရှင်က အမြဲ တစ်ကျော့ပြန်လည်တတ်တယ်ဆိုတာ အမှန်ပါပဲ။ အခုလည်း ၉၀ ခုနှစ်ဝန်းကျင်က ဆံပင်ပုံစံတွေ ပြန်ခေတ်စားလာမယ်တဲ့။ Stella ကတော့ ၉၀ ခုနှစ် ဆံပင်ပုံဆိုတာနဲ့ ငယ်ငယ်က အမေစည်းပေးတဲ့ နာနတ်သီးကြက်တောင်စည်းနှစ်ဖက်ပဲ ပြေးမြင်တော့တာပဲ။ ကဲပါ … စကားရှည်မနေတော့ပါဘူး။ ဘယ်လိုဆံပင်ပုံတွေ ခေတ်စားလာဦးမလဲဆိုတာပဲ ကြည့်လိုက်ကြတာပေါ့။

(၁) ခပ်ပွပွဆံပင်ပုံတွေ

၉၀ ခုနှစ်ဝန်းကျင်က ခေတ်အစားဆုံးဆံပင်ပုံကို ပြောပါဆိုရင် ထူထူပွပွဆံပင်တွေကိုပဲ လက်ညှိုးထိုးပြရမှာပဲ။ အခုဒီဆံပင်ပုံက ပြန်ခေတ်စားတော့မယ်ဆိုတော့ ပျော်ပြီလေ …

Related article >>> Sensitive skin ပိုင်ရှင်လား ? ညအိပ်ရာမဝင်ခင် ဒီအဆင့် (၄) ဆင့်ကို လုပ်ဖြစ်အောင်လုပ်ပါ

(၂) ဆံပင်အဖြောင့်အရှည်တွေ

သူ့ခေတ်သူ့အခါက နာမည်ကျော်တွေဖြစ်တဲ့ Britney Spears, Kate Moss, Naomi Campbell တို့ရဲ့ ဆံပင်အဖြောင့်အရှည်တွေကလည်း ဒီနှစ်ထဲမှာ ပြန်ရေပန်းစားလာနိုင်ခြေရှိပါတယ်။ ဘာအရောင်ဆိုးဆိုး လိုက်ဖက်တဲ့ဆံပင်ပုံစံမို့လို့ နှစ်ခါစဉ်းစားမနေဘဲ ပြေးသာညှပ်လိုက်ပါတော့။

(၃) ခပ်ကြီးကြီးဆံပင်အခွေအလိပ်တွေ

ဆံပင်ကို ဘေးခွဲပြီး အလိပ်ကြီးကြီးတွေလိပ်ထားတဲ့ ဆံပင်ပုံစံကလည်း ၉၀ ခုနှစ်ဝန်းကျင်က ဝက်ဝက်ကွဲခေတ်စားခဲ့တာပါ။ ခုချိန်မှာလည်း ဒီဆံပင်ပုံနဲ့သာ ပွဲတက်ရင် အရမ်းလှနေမှာအမှန်ပါပဲ။

Related article >>> ၂၀၁၉ မိုးရာသီနဲ့အတူ ရေပန်းစားလာဦးမယ့် အရောင်ကာလာဆန်း (၄) မျိုး

(၄) ဆံမြိတ်

အခုခေတ် bangs တွေနဲ့ ၉၀ ခုနှစ်ဝန်းကျင်က bangs တွေ မတူတဲ့အချက်ကတော့ အရင်ခေတ် bangs တွေက ပိုထူပိုကုပ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီလို bangs တွေခေတ်စားလိုက်သေးတယ်နော်။ ဒီတော့ သူများနဲ့လည်း မတူချင်ဘူး bangs လည်း ညှပ်ချင်တယ်ဆိုရင်တော့ ဒီ hairstyles ကို အားပေးပါတယ် ယောင်းတို့ရေ..

(၅) တိုတိုကပ်ကပ်ဆံပင်ပုံစံ

တိုပေ့ကပ်ပေ့ဆိုတဲ့ ဆံပင်ပုံစံတွေက ၉၀ ခုနှစ်တွေကနေ စခဲ့တယ်ဆိုတာ မှတ်မိသေးလား ယောင်းတို့? အတိုကိုမှ အထပ်အထပ်ပုံစံတွေ ညှပ်ထားတဲ့ ဆံပင်ပုံစံက ၉၀ ခုနှစ်ဝန်းကျင်တွေမှာ မိန်းကလေးတိုင်း လိုက်ညှပ်ရလောက်အောင် ရေပန်းစားခဲ့တဲ့ ဆံပင်ပါ။ ခုလည်း တစ်ခေတ်ပြန်ထလာပြီနော်..

Related article >>> အရောင်ဆန်းတွေကို ဆရာကျကျတွဲဖက်ဝတ်ဆင်နိုင်ဖို့ ဖက်ရှင်နည်းလမ်း (၅) သွယ်

ကဲ … ဒီလောက်ဆိုရင် ယောင်းတို့လည်း ဘယ်လိုဆံပင်ပုံစံတွေ ခေတ်စားလာတော့မှာလဲဆိုတာ Stella သတင်းပေးချက်အရ သိကုန်ကြပြီပေါ့နော်။ ဒါဆို သူများတွေ မသိခင်မြန်မြန်လေး သွားညှပ်လိုက်ကြဖို့ မမေ့ကြနဲ့ဦး …

Stella (For Her Myanmar)

No Comments Yet

Comments are closed