နှုတ်ခမ်းနီကို မျက်နှာအလှအပအတွက် အသုံးပြုနည်း (၈) မျိုး

နှုတ်ခမ်းနီအရောင်လေး ကြိုက်လို့ ဝယ်လိုက်မိကာမှဘဲ ဆိုးကြည့်လိုက်မှ ကိုယ်နဲ့မလိုက်ဖက်ဘူးဆိုရင် လွှင့်ပစ်ရမှာလည်း နှမြောစရာကြီးရယ်လေ နော်… ကဲ.. ဒါဆို ဒီနည်းလမ်းလေးတွေ သုံးကြည့်ကြမယ်လေ…

ယောင်းဝယ်ပြီး မသုံးဖြစ်တဲ့ နှုတ်ခမ်းနီတွေ ရှိနေရင် ဒီစာလေးကို ဖတ်ဖြစ်အောင် ဖတ်လိုက်ပါနော်… ယောင်း အတွက် သေချာပေါက် အသုံးဝင်မယ့် နည်းလမ်းတွေပါနော်..

  • မျက်ကွင်းညိုညို ဖျောက်ကြမယ်..

ယောင်းက အသားနည်းနည်းညိုတဲ့ ယောင်းဆိုရင်တော့ အနီရောင် နှုတ်ခမ်းနီ ကို အသုံးပြုပြီး ယောင်းမျက်ကွင်းညိုညိုလေးတွေကို ဖုံးထားလို့ ရပါတယ်… အသားလတ်တဲ့ ယောင်းဆိုရင်တော့ မက်မွန်ရောင် နှုတ်ခမ်းနီကို အသုံးပြုပေးပါ… အသားဖြူတဲ့ ယောင်း ကတော့ အသားရောင် နှုတ်ခမ်းနီ ကို အသုံးပြုပေးလို့ ရပါတယ်… မျက်ဝန်းအောက်က မျက်ကွင်းညိုညိုလေး တွေပေါ်မှာ နှုတ်ခမ်းနီကို အစက်ကလေးတွေချပြီးရင် beauty blender ကို အသုံးပြုပြီး သေချာလေး ညီအောင် ညှိပေးဖို့ လိုပါလိမ့်မယ်… ပြီးရင်တော့ ကွန်စီလာကို လိမ်းဖို့ တော့မမေ့ပါနဲ့ … ကွန်စီလာ ကို မလိမ်းပဲထားရင် မျက်ဝန်းတစ်ဝိုက်နား ကြည့်ရတာ အရောင်မှုန်မှုန်မှိုင်းမှိုင်း ဖြစ်နေပါလိမ့်မယ်…

  • မျက်ခုံးမွှေးဆွဲတဲ့အခါ အသုံးပြုလို့ ရပါတယ်..

ယောင်း ရဲ့ ဆံပင်အရောင် နဲ့ လိုက်ဖက်တဲ့ နှုတ်ခမ်းနီကာလာ ယောင်းမှာ ရှိတယ် ဆိုရင်တော့ ချက်ချင်းပဲ မျက်ခုံးမွှေးဆွဲတဲ့နေရာမှာ ယူပြီး အသုံးပြုလိုက်ပါတော့… ဒါပင်မယ့် matte အမျိုးအစား နှုတ်ခမ်းနီ ဖြစ်ဖို့ တော့ လိုပါလိမ့်မယ်နော်… Angled Brush ကို အသုံးပြုပြီးတော့ ယောင်း မျက်ခုံးမွှေး အလည်ကနေ စဆွဲပေးပါ… ပြီးရင်တော့ ဂွမ်းတံလေးကို ယူပြီးတော့ သေချာ ညီအောင် ဖြေချပေးပါ… နောက်ဆုံး အဆင့်မှာတော့ မျက်ခုံးအောက်နားလေးတွေမှာ ကွန်စီလာ ကို သုံးပြီး အနားသတ်လေး သေချာဆွဲပေးနော်…

Related Article >>> နှုတ်ခမ်းနီတောင့်ပုံစံကပြောတဲ့ သင့်ရဲ့စိတ်နေစိတ်ထား

  • မျက်ခုံး ဆွဲထားတဲ့ အရောင် ပြောင်းချင်တဲ့အခါ

ယောင်း က ခုနက ဆွဲထားတဲ့ မျက်ခုံးအရောင်ကို သဘောမကျဘူးဆိုရင် နောက်ထပ် အရောင်တစ်မျိုး ကို သုံးပြီးတော့ အရောင်ပြောင်းပေးလို့ ရပါတယ်… ယောင်းပြောင်းချင်တဲ့ နှုတ်ခမ်းနီအရောင်ကို မျက်တောင်ကော့တဲ့ အတံလေးကို အသုံးပြုပြီးတော့ မျက်ခုံးပေါ်မှာ ဆွဲပေးပါ… အဲ့ဒါဆိုရင်တော့ ယောင်း ပြောင်းချင်တဲ့ အရောင် ကို လွယ်လွယ်လေး ပြောင်းနိုင်ပါပြီ….

  • Contour လုပ်တဲ့နေရာမှာ အသုံးပြုခြင်း

ယောင်း သုံးမယ့်နှုတ်ခမ်းနီက ယောင်းရဲ့ အသားရောင်ထက် အနည်းဆုံး ၁ဆ သို့မဟုတ် ၂ ဆတော့ ရင့်ပါစေ… ယောင်း နှုတ်ခမ်းနီက အသားရောင် အမျိုးအစား တင်မကပဲ matte အမျိုးအစား ဖြစ်စေဖို့အတွက်ပါ တစ်ချက်သတိထားပေးပါ… မဟုတ်ရင် ယောင်းမျက်နှာလေးပေါ်မှာ လွယ်လွယ်ကူကူနဲ့ blend လုပ်နိုင်ဖို့ အဆင်ပြေမှာ မဟုတ်ပါဘူး… ပြီးရင် ယောင်း contour လုပ်ထားတဲ့ နေရာတွေပေါ်မှာ ပေါင်ဒါလေး လိမ်းဖို့ မမေ့ပါနဲ့ …

  • ပါးနီ အဖြစ် အသုံးပြုကြည့်ရအောင်

ဒီနည်းလမ်းကတော့ အက်ဒမင် အကြိုက်ဆုံးနည်းလမ်းတစ်ခုပါ… အက်ဒမင်ကတော့ ပန်းရောင် သို့မဟုတ် လိမ္မော်ရောင် နှုတ်ခမ်းနီ ကို အသုံးပြုလေ့ရှိပါတယ်… နှုတ်ခမ်းနီကို လက်ချောင်းလေးနဲ့ ယူပြီးတော့ ယောင်းပါးအို့ လေးပေါ်တင်ပြီး ဖြေးဖြေးလေး လိမ်းပေးပါ… မလိမ်းခင်မှာ ပြုံးထားပေးပါ… အဲ့လို ယောင်းပြုံးထားတဲ့အချိန်မှာ ဖောင်းနေတဲ့ ပါးအို့ လေးပေါ်ကို လိမ်းပေးတာက ယောင်းအတွက် မှန်ကန်တဲ့ ပါးနီလိမ်းချယ်နည်းလေး ဖြစ်မှာပါ… သဘာဝကျကျနဲ့လည်းလှနိုင်ပြီးတော့ ပါးနီသပ်သပ်ထပ်ဝယ်စရာလည်း မလိုတော့ အရမ်း အဆင်ပြေတဲ့ နည်းလေး တစ်ခုဆို မမှားပါဘူးနော်…

  • အိုင်းရှဲဒိုး အဖြစ် အသုံးပြုခြင်း

ယောင်းဆီမှာ matte အမျိုးအစား နှုတ်ခမ်းနီတစ်ချောင်းရှိနေပြီ ဆိုရင် အပြင်သွားတဲ့အချိန် အိုင်းရှဲဒိုး အဖြစ် အသုံးပြုကြည့်လိုက်ပါ… သေချာ blend လုပ်ပေးဖို့ တော့ မမေ့ပါနဲ့ … ပြီးတော့ အသစ်အဆန်းတွေဆိုရင် စမ်းသပ်ကြည့်ချင်တဲ့ ယောင်းတွေအတွက် တစ်ခု ပြောပြချင်ပါတယ်.. ယောင်းမှာ Lip Gloss တစ်ချောင်းရှိတယ် ဆိုရင် အိုင်းရှဲဒိုး အဖြစ် အသုံးပြုပြီး အများနဲ့ မတူ တမူထူးခြားတဲ့ မျက်လုံးအလှဖန်တီးမှု မျိုး ဖန်တီးလို့ ရပါတယ်… အဲ့ဒါမျိုးကတော့ ကိုယ့်စိတ်ကြိုက် မိတ်ကပ်ဖန်တီးပြီး ဓာတ်ပုံကို အမှတ်တရသိမ်းထားချင်တဲ့ ယောင်းတွေ ပဲ အသုံးပြုဖို့ အကြံပေးပါရစေ… ကြာကြာမခံနိုင်တဲ့ အတွက် အပြင်သွားတဲ့အချိန်မှာ အသုံးမပြုတာက ပိုကောင်းပါတယ်..

Related Article >>> ကိုယ့်အသားအရောင်နဲ့လိုက်ဖက်တဲ့ နှုတ်ခမ်းနီအရောင်ရွေးချယ်နည်း

  • အိုင်းလိုင်နာ အဖြစ် အသုံးပြုခြင်း

ပုံမှန်အသုံးပြုနေတဲ့ အညိုရောင် ၊ အမဲရောင် အိုင်းလိုင်နာတွေ ကို အသုံးမပြုချင်တော့ဘူး ဆိုရင်တော့ ယောင်းမှာရှိတဲ့ အရောင်ဆန်းဆန်း matte အမျိုးအစား နှုတ်ခမ်းနီလေးတွေကို အသုံးပြုပြီး အိုင်းလိုင်နာအဖြစ် အသုံးပြုလို့ ရပါတယ်… တစ်ခုမှာချင်တာက waterline မှာတော့ သွားပြီး အသုံးမပြုပါနဲ့ …

  • Mascara အဖြစ် လည်း သုံးလို့ ရတယ်တဲ့နော်

ယောင်းဆီမှာ ကုန်သွားတဲ့ mascara ဘူးထဲက မျက်တောင်ကော့တဲ့အတံလေး ကို အသုံးပြုပြီးတော့ နှုတ်ခမ်းနီလေးကိုယူပြီး မျက်တောင်လေးပေါ်မှာ လိမ်းပေးလိုက်ပါ… ကြာကြာမခံမှာကို စိုးရိမ်တယ် ဆိုရင်တော့ clear mascara လေး သုံးပြီးတော့ မျက်တောင်လေး ထပ်ကော့ပေးလိုက်ပါ…

အခုဆိုရင် နှုတ်ခမ်းနီ ကို နည်းလမ်းအမျိုးမျိုးနဲ့ အသုံးပြုလို့ ရတယ် ဆိုတာ သိသွားပြီ ဆိုတော့ ကိုယ်နဲ့ မလိုက်တဲ့ နှုတ်ခမ်းနီတွေပေမယ့် လွှင့်ပစ်ဖို့လည်း နှမြောနေလို့ဆိုပြီး သိမ်းထားစရာမလိုတော့ဘူးလေနော်… နှုတ်ခမ်းနီတွေ က အရောင်ပြောင်း အနံ့ ပြောင်းသွားပြီဆိုရင် မနှမြောနေဘဲ တစ်ခါတည်း လွင့်ပြစ်လိုက်ပါ… ချစ်ရတဲ့ယောင်း တွေ တစ်နေ့ထက် တစ်နေ့ အလှတွေ ပိုတိုးလို့ ကြော့ရှင်းတဲ့ မဒီလေးတွေ ဖြစ်နိုင်ကြပါစေလို့ ..

Akari ( For Her Myanmar )

Source – https://www.youtube.com/watch?v=XW0V2SZidYM

No Comments Yet

Comments are closed