အသက္(၃၀)အရြယ္မွာ စမတ္က်ေနဖို႔ အခ်က္(၇)ခ်က္

တည္ၿငိမ္တဲ့အလွကို ပိုလြင္ေအာင္ ဘယ္အရာေတြက ပံ့ပိုးေပးမလဲ?

Rin ဒီတစ္ပတ္အတြက္ ေဆာင္းပါးကိုေတာ့ fashion tips ေတြေျပာဖို႔ ေရြးထားေပးပါတယ္။ ထူးထူးျခားျခား ျဖစ္သြားေအာင္ ဆယ္ေက်ာ္သက္ေတြအတြက္ မဟုတ္ဘဲ သက္လတ္ပိုင္း ရင့္က်က္တဲ့ မမေတြအတြက္ေပါ့။ အသက္၃၀မွာ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ အလွဟာ ရင့္က်က္တည္ၿငိမ္တဲ့အလွပါ။ တစ္နည္းေျပာရမယ္ဆိုရင္  အထက္တန္းက်တဲ့ အလွေပါ့။ ေဈးႀကီးေပးဝယ္မွ အထက္တန္းတန္းက်က်ျဖစ္တာ မဟုတ္ဘူးေနာ္… မွန္မွန္ကန္ကန္ ေရြးခ်ယ္တတ္ဖို႔သာ အေရးႀကီးတာပါ။

အသက္၃၀အရြယ္အတြက္ သိထားသင့္တဲ့ fashion tipsေတြက…..

(၁) ဂ်င္းေဘာင္းဘီ ေရြးခ်ယ္တဲ့အခါမွာ အရမ္းက်ပ္တဲ့ skinny jeansေတြကို ေရွာင္ပါ။

အသက္၃၀ ဆိုတာ တည္ၿငိမ္ရင့္က်က္တဲ့ အလွကို ျပသရမယ့္ အရြယ္ျဖစ္လို႔ ကေလးဆန္ၿပီး ကိုယ့္ကို အထင္ေသးေစမယ့္ ေဘာင္းဘီ က်ပ္က်ပ္ေတြ ဝတ္တာ ေရွာင္သင့္ပါတယ္။ ခႏၶာကိုယ္နဲ႔ အေနေတာ္ မက်ပ္မပြ ေဘာင္းဘီေတြသာ ေရြးဝယ္ထားသင့္တယ္ေနာ္။

(၂) ရိုးရိုးရွင္းရွင္း ကိုယ္က်ပ္အကႌ်ေလး တစ္ထည္ေတာ့ ေယာင္းတို႔ အဝတ္ဗီရိုထဲမွာ မရွိမျဖစ္ ေဆာင္ထားပါ။

ကိုယ္က်ပ္ အကႌ်ေလးက ေယာင္းတို႔ရဲ႕ လွပတဲ့ ခႏၶာကိုယ္ကို ေပၚလြင္ေစၿပီး အထက္တန္းက်တဲ့ အသြင္ကိုေပးႏိုင္မွာပါ။ အမည္းေရာင္နဲ႔ အသားေရာင္ကေတာ့ ဆြဲေဆာင္မႈ အရွိဆံုးေပါ့။

Related Article >>> ဆြယ္တာေလး ၂ထည္ရွိရံုနဲ႔ လန္းေနမယ့္ ေဆာင္းဖက္ရွင္

(၃) ဒူးဖံုး စကဒ္အရွည္ေတြ ဝတ္ပါ။

အမ်ားအျမင္ ခန္႔ညားေအာင္ စကဒ္အတိုေတြ ဝတ္တာရပ္ၿပီး ဒူးဖံုးစကပ္ေတြ ဝတ္သင့္ပါတယ္။
အပြင့္ရိုက္စကဒ္ အရွည္ေလးေတြက တည္ၿငိမ္ၿပီး မိန္းမဆန္တဲ့ အလွကို ေပးႏိုင္မွာပါ။ Pencil စကဒ္ေတြ ဝတ္မယ္ဆိုရင္ classyျဖစ္တဲ့ နက္ျပာေရာင္နဲ႔ အနက္ေရာင္ကို ေရြးခ်ယ္ ဝတ္သင့္ပါတယ္။

 

(၄)ရွပ္အက်ႌရိုးရိုးေလးေတြ မ်ားမ်ားဝယ္ထားပါ။

ရွပ္အက်ႌအျဖဴေျပာင္ေလးကို ခုနက ေျပာသြားတဲ့ pencil စကဒ္အနီေလးတြဲဝတ္လိုက္မယ္ဆိုရင္ မရိုးမဆန္းနဲ႔လွပေနမွာပါ။ ေယာင္းတို႔ အဝတ္ဘီရိုထဲမွာ ရွပ္အက်ႌရိုးရိုးေလးေတြ အမ်ားႀကီးဝယ္ထားတဲ့အခါ ႀကိဳက္ႏွစ္သက္ရာ စကဒ္၊ ဂ်င္း တို႔နဲ႔ တြဲၿပီး ရိုးရွင္းတဲ့ အလွကို ဖန္တီးႏိုင္တယ္။

Related Article >>> ရင့္က်က္မႈ ေဖာ္စပ္ရန္ လိုက္နာသင့္သည့္ အခ်က္(၁၀)ခ်က္

 

(၅)အရည္အေသြးေကာင္းတဲ့ အတြင္းခံေတြဝယ္ဖို႔ မႏွေျမာပါနဲ႔။

ေယာင္းတို႔ေရ တစ္ေန႔တာကို ယံုၾကည္ခ်က္ရွိရွိလွေနေစဖို႔ အတြင္းခံေတြရဲ႕ အခန္းက႑ကလည္း အေရးႀကီးပါတယ္။ မိန္းမတစ္ေယာက္ရဲ႕ အလွကို အေကာင္းဆံုးပံ့ပိုး ေပးႏိုင္တာက အတြင္းခံအဝတ္ေတြဆိုတာ မေမ့ပါနဲ႔။

(၆) လက္ကိုင္အိတ္ေကာင္းတစ္လံုး ရွိသင့္ပါတယ္။

အလုပ္ႀကိဳးစားတဲ့ မိမိကိုယ္ကို ဂုဏ္ျပဳတဲ့အေနနဲ႔ ေဈးႀကီးႀကီး၊ အရည္အေသြးေကာင္းေကာင္း လက္ကိုင္အိတ္တစ္လံုးေတာ့ ဆုခ်သင့္တယ္ေနာ္။ အနက္ေရာင္ သားေရအိတ္တစ္လံုးက ဘယ္ဝတ္စံုနဲ႔မဆို လိုက္ဖက္မွာပါ။

(၇) ေရေမႊးသံုးပါ။

ေယာင္းတို႔ေရ ဒါ့အျပင္ မိမိကို ကိုယ္စားျပဳတဲ့ ကိုယ္သင္းနံ႔တစ္မ်ိဳးရွိဖို႔ အမ်ိဳးအစားေကာင္းတဲ့ ေရေမႊးပုလင္းေလးေတြ ေဆာင္ထားဖို႔လည္း မေမ့ပါနဲ႔။

 

ဒီအခ်က္ေတြ အၿပင္ အေရးအႀကီးဆံုး အခ်က္က ဘာလဲသိလား?

(၈) ကုိယ့္ကိုယ္ကိုယ္ ယံုၾကည္မႈ

ဖက္ရွင္ ဘယ္ေလာက္လန္းလန္း ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈ မရွိဘူးဆိုရင္ေတာ့ လန္းတယ္ ဆြဲေဆာင္မႈ ရွိတယ္လို႔ ဘယ္ဆိုႏိုင္ေလမလဲ။ သူမ်ားေတြ အျမင္ေပၚ မွီခိုတဲ့ ယံုၾကည္မႈမဟုတ္ဘဲ ကိုယ့္ကိုယ္ကိုယ္ အေကာင္းျမင္တတ္တဲ့ ယံုၾကည္မႈမ်ိဳးေပါ့။

 

ကဲ…. ေအာင္ျမင္ေက်ာ္ၾကားၿပီး ဆြဲေဆာင္မႈရွိတဲ့ မမေတြ ျဖစ္ၾကပါေစရွင္။

Stay Pretty!

Rin (For Her Myanmar)

တည်ငြိမ်တဲ့အလှကို ပိုလွင်အောင် ဘယ်အရာတွေက ပံ့ပိုးပေးမလဲ?

Rin ဒီတစ်ပတ်အတွက် ဆောင်းပါးကိုတော့ fashion tips တွေပြောဖို့ ရွေးထားပေးပါတယ်။ ထူးထူးခြားခြား ဖြစ်သွားအောင် ဆယ်ကျော်သက်တွေအတွက် မဟုတ်ဘဲ သက်လတ်ပိုင်း ရင့်ကျက်တဲ့ မမတွေအတွက်ပေါ့။ အသက်၃၀မှာ အမျိုးသမီးတစ်ယောက်ရဲ့ အလှဟာ ရင့်ကျက်တည်ငြိမ်တဲ့အလှပါ။ တစ်နည်းပြောရမယ်ဆိုရင်  အထက်တန်းကျတဲ့ အလှပေါ့။ ဈေးကြီးပေးဝယ်မှ အထက်တန်းတန်းကျကျဖြစ်တာ မဟုတ်ဘူးနော်… မှန်မှန်ကန်ကန် ရွေးချယ်တတ်ဖို့သာ အရေးကြီးတာပါ။

အသက်၃၀အရွယ်အတွက် သိထားသင့်တဲ့ fashion tipsတွေက…..

(၁) ဂျင်းေဘာင်းဘီ ရွေးချယ်တဲ့အခါမှာ အရမ်းကျပ်တဲ့ skinny jeansတွေကို ရှောင်ပါ။

အသက်၃၀ ဆိုတာ တည်ငြိမ်ရင့်ကျက်တဲ့ အလှကို ပြသရမယ့် အရွယ်ဖြစ်လို့ ကလေးဆန်ပြီး ကိုယ့်ကို အထင်သေးစေမယ့် ဘောင်းဘီ ကျပ်ကျပ်တွေ ဝတ်တာ ရှောင်သင့်ပါတယ်။ ခန္ဓာကိုယ်နဲ့ အနေတော် မကျပ်မပွ ဘောင်းဘီတွေသာ ရွေးဝယ်ထားသင့်တယ်နော်။

(၂) ရိုးရိုးရှင်းရှင်း ကိုယ်ကျပ်အင်္ကျီလေး တစ်ထည်တော့ ယောင်းတို့ အဝတ်ဗီရိုထဲမှာ မရှိမဖြစ် ဆောင်ထားပါ။

ကိုယ်ကျပ် အင်္ကျီလေးက ယောင်းတို့ရဲ့ လှပတဲ့ ခန္ဓာကိုယ်ကို ပေါ်လွင်စေပြီး အထက်တန်းကျတဲ့ အသွင်ကိုပေးနိုင်မှာပါ။ အမည်းရောင်နဲ့ အသားရောင်ကတော့ ဆွဲဆောင်မှု အရှိဆုံးပေါ့။

Related Article >>> ဆွယ်တာလေး ၂ထည်ရှိရုံနဲ့ လန်းနေမယ့် ဆောင်းဖက်ရှင်

(၃) ဒူးဖုံး စကဒ်အရှည်တွေ ဝတ်ပါ။

အများအမြင် ခန့်ညားအောင် စကဒ်အတိုတွေ ဝတ်တာရပ်ပြီး ဒူးဖုံးစကပ်တွေ ဝတ်သင့်ပါတယ်။
အပွင့်ရိုက်စကဒ် အရှည်လေးတွေက တည်ငြိမ်ပြီး မိန်းမဆန်တဲ့ အလှကို ပေးနိုင်မှာပါ။ Pencil စကဒ်တွေ ဝတ်မယ်ဆိုရင် classyဖြစ်တဲ့ နက်ပြာရောင်နဲ့ အနက်ရောင်ကို ရွေးချယ် ဝတ်သင့်ပါတယ်။

(၄)ရှပ်အင်္ကျီရိုးရိုးလေးတွေ များများဝယ်ထားပါ။

ရှပ်အင်္ကျီအဖြူပြောင်လေးကို ခုနက ပြောသွားတဲ့ pencil စကဒ်အနီလေးတွဲဝတ်လိုက်မယ်ဆိုရင် မရိုးမဆန်းနဲ့လှပနေမှာပါ။ ယောင်းတို့ အဝတ်ဘီရိုထဲမှာ ရှပ်အင်္ကျီရိုးရိုးလေးတွေ အများကြီးဝယ်ထားတဲ့အခါ ကြိုက်နှစ်သက်ရာ စကဒ်၊ ဂျင်း တို့နဲ့ တွဲပြီး ရိုးရှင်းတဲ့ အလှကို ဖန်တီးနိုင်တယ်။

Related Article >>> ရင့်ကျက်မှု ဖော်စပ်ရန် လိုက်နာသင့်သည့် အချက်(၁၀)ချက်

(၅) အရည်အသွေးကောင်းတဲ့ အတွင်းခံတွေဝယ်ဖို့ မနှမြောပါနဲ့။

ယောင်းတို့ရေ တစ်နေ့တာကို ယုံကြည်ချက်ရှိရှိလှနေစေဖို့ အတွင်းခံတွေရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ မိန်းမတစ်ယောက်ရဲ့ အလှကို အကောင်းဆုံးပံ့ပိုး ပေးနိုင်တာက အတွင်းခံအဝတ်တွေဆိုတာ မမေ့ပါနဲ့။

(၆) လက်ကိုင်အိတ်ကောင်းတစ်လုံး ရှိသင့်ပါတယ်။

အလုပ်ကြိုးစားတဲ့ မိမိကိုယ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဈေးကြီးကြီး၊ အရည်အသွေးကောင်းကောင်း လက်ကိုင်အိတ်တစ်လုံးတော့ ဆုချသင့်တယ်နော်။ အနက်ရောင် သားရေအိတ်တစ်လုံးက ဘယ်ဝတ်စုံနဲ့မဆို လိုက်ဖက်မှာပါ။

(၇) ရေမွှေးသုံးပါ။

ယောင်းတို့ရေ ဒါ့အပြင် မိမိကို ကိုယ်စားပြုတဲ့ ကိုယ်သင်းနံ့တစ်မျိုးရှိဖို့ အမျိုးအစားကောင်းတဲ့ ရေမွှေးပုလင်းလေးတွေ ဆောင်ထားဖို့လည်း မမေ့ပါနဲ့။

ဒီအချက်တွေ အပြင် အရေးအကြီးဆုံး အချက်က ဘာလဲသိလား?

(၈) ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု

ဖက်ရှင် ဘယ်လောက်လန်းလန်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိဘူးဆိုရင်တော့ လန်းတယ် ဆွဲဆောင်မှု ရှိတယ်လို့ ဘယ်ဆိုနိုင်လေမလဲ။ သူများတွေ အမြင်ပေါ် မှီခိုတဲ့ ယုံကြည်မှုမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်တတ်တဲ့ ယုံကြည်မှုမျိုးပေါ့။

ကဲ…. အောင်မြင်ကျော်ကြားပြီး ဆွဲဆောင်မှုရှိတဲ့ မမတွေ ဖြစ်ကြပါစေရှင်။

Stay Pretty!

Rin (For Her Myanmar)

No Comments Yet

Comments are closed