Beauty

ေရႊအိုေရာင္ အသားအေရပိုင္ရွင္တို႔နဲ႔ အလိုက္ဖက္ဆံုး အသားေရာင္ ႏႈတ္ခမ္းနီ (၆) မ်ိဳး

ဆိုးလိုက္တုန္းကေတာ့ လွမယ္ထင္လို႔ေလ… ထြက္လာေတာ့မွ ျဖဴဖပ္ျဖဴေလ်ာ္ႀကီးတဲ့လား -_- 

အသားေရာင္ ႏႈတ္ခမ္းနီက ၃ ႏွစ္ေလာက္အတြင္း ေဈးကြက္ထဲမွာ ေတာင္းဆိုမႈအမ်ားဆံုး ျဖစ္လာပါတယ္တဲ့ကြယ္… ဒါေပမဲ့ ေယာင္းတို႔ သိၾကတဲ့အတိုင္း ဒီအေရာင္ကို စထြင္လိုက္တာ အေနာက္ႏိုင္ငံကဆိုေတာ့ ဒီျမန္မာႏိုင္ငံမွာ သြင္းတဲ့အေရာင္ေတြက ပန္းေရာင္ေအာက္ခံအေရာင္ေတြျဖစ္ရင္ျဖစ္၊ မျဖစ္ရင္ အသားအေရနဲ႔ ႏႈတ္ခမ္းနီအေရာင္က တစ္ထပ္တည္းက်ၿပီး ျဖဴဖပ္ျဖဴေလ်ာ္ ျဖစ္ရင္ျဖစ္ေနတာမ်ိဳးေတြ ေတြ႔ရေတာ့ အဆင္မေျပဘူးေလေနာ္႔။ အဲဒါေၾကာင့္ ေရႊျမန္မာတို႔ရဲ႕ အသားအေရနဲ႔ အလိုက္ဖက္ဆံုးျဖစ္မယ့္ အသားေရာင္ ႏႈတ္ခမ္းနီေလးေတြကို ဒီေဆာင္းပါးထဲမွာ ေဖာ္ျပေပးသြားမွာပါ။ အဲ့ေတာ့ ထံုးစံအတိုင္း အတူတူ ၾကည့္လုိက္ၾကရေအာင္… 

ႏႈတ္ခမ္းနီအေရာင္အေၾကာင္း မေျပာခင္မွာ ေရႊအိုေရာင္အသားအေရဆိုတာကို အရင္ဆံုးအဓိပၸာယ္ဖြင့္ခ်င္ပါတယ္။ ေရႊအိုေရာင္အသားအေရဆိုတာ အဝါေရာင္သန္းေနတဲ့ အသားအေရပိုင္ရွင္ကိုေျပာတာပါ။ (ျဖဴသည္ျဖစ္ေစ၊ ညိဳသည္ျဖစ္ေစ ကိုယ့္ရဲ႕ base undertone အဝါေရာင္ဆိုရင္ ေရႊအိုေရာင္ အသားအေရပိုင္ရွင္ပါပဲ။) ဆိုေတာ့ ႏႈတ္ခမ္းနီအေရာင္ေတြဆီ ဆက္သြားၾကမယ္ေနာ္… 

(၁) Honey Nude (ပ်ားရည္အသားေရာင္)

ေယာင္းတို႔ ပ်ားရည္အေရာင္ကို ရင္းရင္းႏွီးႏွီးျမင္ဖူးတယ္မလား? ဒီႏႈတ္ခမ္းနီအေရာင္ကေတာ့ လိေမၼာ္နည္းနည္းေဖာက္တဲ့ အသားအေရာင္ေပါ့ေနာ္။ ဒီအေရာင္ကေတာ့ အသားလတ္သူ (မျဖဴမညိဳ ပံုမွန္အသားအေရာင္) နဲ႔ အသားနည္းနည္းေလးညိဳတဲ့ ေယာင္းေတြနဲ႔ အရမ္းလိုက္ဖက္တဲ့အေရာင္ေလးပါ။

Related Article >>> ယံုၾကည္မႈကို ျမွင့္တင္ေပးႏိုင္တဲ့ အနီေရာင္ႏႈတ္ခမ္းနီ

(၂) Plum Nude (ဆီးသီးအသားေရာင္)

Plum အေရာင္က အသားေရာင္တိုင္းနဲ႔ လုိက္ဖက္တယ္ဆိုေပမဲ့ အသားညိဳတဲ့ေယာင္းေတြ ဆိုးလိုက္တဲ့အခါမွာ ပိုၿပီးစူးရွတဲ့ အသြင္ကိုျဖစ္ေစပါတယ္။ ဒီလိုပါပဲ.. Plum nude ကလည္း ေရႊအိုေရာင္ကိုမွ အသားညိဳတဲ့ဘက္ကိုသြားတဲ့ ေယာင္းေတြအတြက္ အထူးသင့္ေတာ္တဲ့ အေရာင္ေလးပါပဲ။ (Plum အေရာင္ကက်ေတာ့ ေန႔ဘက္ ထသြားထလာ ဆိုးဖို႔အတြက္ဆို မသင့္ေတာ္ဘူးေလ။)

(၃) Hepburn Honey Nude (မက္မြန္သီးကိုမွ အညိဳဘက္ပိုသမ္းတဲ့ အသားေရာင္)

မက္မြန္သီးေရာင္က အဝါေဖာက္တဲ့ အသားေရာင္အတြက္ တကယ့္ကို အေကာင္းဆံုး အေရာင္ပါ။ အဲဒီမက္မြန္ကိုမွ အညိဳေလး ထပ္ေဖာက္ထားေတာ့ အသားျဖဴတဲ့ ေယာင္းေတြအတြက္ အရမ္းျဖဴေဖ်ာ႔ေဖ်ာ႔ႀကီး မျဖစ္ေနေတာ့ဘဲ ရွက္ေသြးေလးသမ္းေနတဲ့ ႏႈတ္ခမ္းတစ္စံု ဖန္ဆင္းေပးႏိုင္ၿပီေပါ့။

Hepburn Honey Nude

(၄) Deep Rose Nude (ႏွင္းဆီရင့္ရင့္ အသားေရာင္)

ႏွင္းဆီရင့္ဆိုေတာ့ မ်က္လံုးထဲမယ္ ဘယ္အေရာင္ ေျပးျမင္ရမွန္းမသိ ျဖစ္တယ္မလား? ခရမ္းေရာင္အပုပ္ကိုမွ အသားေရာင္ေရာထားလုိ႔ ႏွင္းဆီရင့္ေရာင္လို႔ေခၚတာပါ။ ခရမ္းဆိုေတာ့ ေရႊအိုေရာင္နဲ႔ လုိက္ပါ့မလားဆိုၿပီး ေမးေတာ့မယ္မလား? သူ႔ခရမ္းက ပန္းေရာင္သမ္းတဲ့ ခရမ္းမဟုတ္ဘဲ အပုပ္ေရာင္ျဖစ္တဲ့အျပင္ ဒီအေရာင္ကို အညိဳနည္းနည္းရင့္တာနဲ႔ ေပါင္းလိုက္ေတာ့ အသားညိဳတဲ့ေယာင္းေတြ ပြဲတက္တဲ့အခါ ထက္ျမက္ၿပီးျပတ္သားတဲ့ အသြင္ကို ေဆာင္ယူေပးပါလိမ့္မယ္။ (အသားျဖဴတဲ့ ေယာင္းေတြကေတာ့ မ်က္ႏွာက ခပ္ပုပ္ပုပ္လိုမ်ိဳး ျဖစ္သြားတတ္တာမို႔ ျဖစ္ႏိုင္ရင္ မေရြးေစခ်င္။)

Deep rose nude

Related Article >>> လိုက္ဖက္တဲ့ ႏႈတ္ခမ္းနီအေရာင္ေလး ေရြးၾကမယ္

(၅) Tribeca Tan Nude (လိေမၼာ္သမ္းတဲ့ အသားေရာင္)

လိေမၼာ္သမ္းတယ္ဆိုမွေတာ့ ဒီေရႊအိုေရာင္အသားနဲ႔ မလိုက္ဘဲ ဘယ္ေနမလဲေနာ္… သူ႔ရဲ႕အေရာင္က လိေမၼာ္အရမ္းေတာက္တာမ်ိဳး မဟုတ္ဘဲ coral လို႔ေခၚတဲ့ သႏၱာေက်ာက္တန္းအေရာင္နဲ႔ သြားတူတာမို႔ ေၾကးနီေရာင္ အသားေရပိုင္ရွင္ေတြနဲ႔ အင္မတန္ကို သင့္ေတာ္တဲ့ အေရာင္မ်ိဳးပါ။ အသားျဖဴတဲ့လူေရာ၊ ညိဳတဲ့လူေရာ အိတ္ထဲေဆာင္ထားသင့္တဲ့ အေရာင္ဆိုရင္လည္း မမွားပါဘူး။

(၆) Chocolate Brown Shade (ေခ်ာကလက္အသားေရာင္)

ပံုမွန္အသားအေရ (Neutral skin tone) ေတြအတြက္ ဒီလို ေခ်ာကလက္ေရာင္ေလးက မျဖဴမေဖ်ာ႔ဘဲ သဘာဝဆန္ဆန္ ျဖစ္ေနေစမွာပါ။ (အသားျဖဴသူေတြအတြက္ကေတာ့ အရမ္းညိဳၿပီး အသားညိဳတဲ့ ေယာင္းေတြအတြက္ကေတာ့ နည္းနည္းပုပ္သြားမယ္လို႔ ထင္တယ္။) ေခ်ာကလက္အေရာင္ဆိုေပမဲ့ အညိဳဆင္ႀကီးမဟုတ္ဘဲ ခပ္ဝါဝါဘက္ေလး နည္းနည္းေဖာက္သြားတာပါ။ (အနီးစပ္ဆံုး ဥပမာေျပာရရင္ ကြီးစိုင္းရဲ႕ My Bae အေရာင္လိုမ်ိဳးေပါ့ေယာင္းရယ္။)

Chocolate Nude

မိတ္ကပ္ကို ခပ္ပါးပါးနဲ႔ သဘာဝဆန္ဆန္ေလး လိမ္းခ်င္တဲ့ ေယာင္းတို႔အတြက္ ဒီလိုအသားေရာင္ ႏႈတ္ခမ္းနီေလးေတြက မေဆာင္မျဖစ္ေဆာင္ထားသင့္ပါတယ္ေနာ္။ အသားေရာင္လို႔ လြယ္လြယ္ဆိုၾကေပမဲ့ သူ႔မွာလည္း ေအာက္ခံအေရာင္ေပၚမူတည္ၿပီး အမ်ိဳးမ်ိဳးကြဲေသးတာမို႔ ေသခ်ာေရြးႏိုင္မွ ေတာ္ကာက်မယ္ေနာ္…

Hnin Ei Oo (For Her Myanmar)

References : independent, Teen Vogue

<<< Unicode >>>

ဆိုးလိုက်တုန်းကတော့ လှမယ်ထင်လို့လေ… ထွက်လာတော့မှ ဖြူဖပ်ဖြူလျော်ကြီးတဲ့လား -_- 

အသားရောင် နှုတ်ခမ်းနီက ၃ နှစ်လောက်အတွင်း ဈေးကွက်ထဲမှာ တောင်းဆိုမှုအများဆုံး ဖြစ်လာပါတယ်တဲ့ကွယ်… ဒါပေမဲ့ ယောင်းတို့ သိကြတဲ့အတိုင်း ဒီအရောင်ကို စထွင်လိုက်တာ အနောက်နိုင်ငံကဆိုတော့ ဒီမြန်မာနိုင်ငံမှာ သွင်းတဲ့အရောင်တွေက ပန်းရောင်အောက်ခံအရောင်တွေဖြစ်ရင်ဖြစ်၊ မဖြစ်ရင် အသားအရေနဲ့ နှုတ်ခမ်းနီအရောင်က တစ်ထပ်တည်းကျပြီး ဖြူဖပ်ဖြူလျော် ဖြစ်ရင်ဖြစ်နေတာမျိုးတွေ တွေ့ရတော့ အဆင်မပြေဘူးလေနော့်။ အဲဒါကြောင့် ရွှေမြန်မာတို့ရဲ့ အသားအရေနဲ့ အလိုက်ဖက်ဆုံးဖြစ်မယ့် အသားရောင် နှုတ်ခမ်းနီလေးတွေကို ဒီဆောင်းပါးထဲမှာ ဖော်ပြပေးသွားမှာပါ။ အဲ့တော့ ထုံးစံအတိုင်း အတူတူ ကြည့်လိုက်ကြရအောင်…

နှုတ်ခမ်းနီအရောင်အကြောင်း မပြောခင်မှာ ရွှေအိုရောင်အသားအရေဆိုတာကို အရင်ဆုံးအဓိပ္ပာယ်ဖွင့်ချင်ပါတယ်။ ရွှေအိုရောင်အသားအရေဆိုတာ အဝါရောင်သန်းနေတဲ့ အသားအရေပိုင်ရှင်ကိုပြောတာပါ။ (ဖြူသည်ဖြစ်စေ၊ ညိုသည်ဖြစ်စေ ကိုယ့်ရဲ့ base undertone အဝါရောင်ဆိုရင် ရွှေအိုရောင် အသားအရေပိုင်ရှင်ပါပဲ။) ဆိုတော့ နှုတ်ခမ်းနီအရောင်တွေဆီ ဆက်သွားကြမယ်နော်…

(၁) Honey Nude (ပျားရည်အသားရောင်)

ယောင်းတို့ ပျားရည်အရောင်ကို ရင်းရင်းနှီးနှီးမြင်ဖူးတယ်မလား? ဒီနှုတ်ခမ်းနီအရောင်ကတော့ လိမ္မော်နည်းနည်းဖောက်တဲ့ အသားအရောင်ပေါ့နော်။ ဒီအရောင်ကတော့ အသားလတ်သူ (မဖြူမညို ပုံမှန်အသားအရောင်) နဲ့ အသားနည်းနည်းလေးညိုတဲ့ ယောင်းတွေနဲ့ အရမ်းလိုက်ဖက်တဲ့အရောင်လေးပါ။

Related Article >>> ယုံကြည်မှုကို မြှင့်တင်ပေးနိုင်တဲ့ အနီရောင်နှုတ်ခမ်းနီ

(၂) Plum Nude (ဆီးသီးအသားရောင်)

Plum အရောင်က အသားရောင်တိုင်းနဲ့ လိုက်ဖက်တယ်ဆိုပေမဲ့ အသားညိုတဲ့ယောင်းတွေ ဆိုးလိုက်တဲ့အခါမှာ ပိုပြီးစူးရှတဲ့ အသွင်ကိုဖြစ်စေပါတယ်။ ဒီလိုပါပဲ.. Plum nude ကလည်း ရွှေအိုရောင်ကိုမှ အသားညိုတဲ့ဘက်ကိုသွားတဲ့ ယောင်းတွေအတွက် အထူးသင့်တော်တဲ့ အရောင်လေးပါပဲ။ (Plum အရောင်ကကျတော့ နေ့ဘက် ထသွားထလာ ဆိုးဖို့အတွက်ဆို မသင့်တော်ဘူးလေ။)

(၃) Hepburn Honey Nude (မက်မွန်သီးကိုမှ အညိုဘက်ပိုသမ်းတဲ့ အသားရောင်)

မက်မွန်သီးရောင်က အဝါဖောက်တဲ့ အသားရောင်အတွက် တကယ့်ကို အကောင်းဆုံး အရောင်ပါ။ အဲဒီမက်မွန်ကိုမှ အညိုလေး ထပ်ဖောက်ထားတော့ အသားဖြူတဲ့ ယောင်းတွေအတွက် အရမ်းဖြူဖျော့ဖျော့ကြီး မဖြစ်နေတော့ဘဲ ရှက်သွေးလေးသမ်းနေတဲ့ နှုတ်ခမ်းတစ်စုံ ဖန်ဆင်းပေးနိုင်ပြီပေါ့။

Hepburn Honey Nude

(၄) Deep Rose Nude (နှင်းဆီရင့်ရင့် အသားရောင်)

နှင်းဆီရင့်ဆိုတော့ မျက်လုံးထဲမယ် ဘယ်အရောင် ပြေးမြင်ရမှန်းမသိ ဖြစ်တယ်မလား? ခရမ်းရောင်အပုပ်ကိုမှ အသားရောင်ရောထားလို့ နှင်းဆီရင့်ရောင်လို့ခေါ်တာပါ။ ခရမ်းဆိုတော့ ရွှေအိုရောင်နဲ့ လိုက်ပါ့မလားဆိုပြီး မေးတော့မယ်မလား? သူ့ခရမ်းက ပန်းရောင်သမ်းတဲ့ ခရမ်းမဟုတ်ဘဲ အပုပ်ရောင်ဖြစ်တဲ့အပြင် ဒီအရောင်ကို အညိုနည်းနည်းရင့်တာနဲ့ ပေါင်းလိုက်တော့ အသားညိုတဲ့ယောင်းတွေ ပွဲတက်တဲ့အခါ ထက်မြက်ပြီးပြတ်သားတဲ့ အသွင်ကို ဆောင်ယူပေးပါလိမ့်မယ်။ (အသားဖြူတဲ့ ယောင်းတွေကတော့ မျက်နှာက ခပ်ပုပ်ပုပ်လိုမျိုး ဖြစ်သွားတတ်တာမို့ ဖြစ်နိုင်ရင် မရွေးစေချင်။)

Deep rose nude

Related Article >>> လိုက်ဖက်တဲ့ နှုတ်ခမ်းနီအရောင်လေး ရွေးကြမယ်

(၅) Tribeca Tan Nude (လိမ္မော်သမ်းတဲ့ အသားရောင်)

လိမ္မော်သမ်းတယ်ဆိုမှတော့ ဒီရွှေအိုရောင်အသားနဲ့ မလိုက်ဘဲ ဘယ်နေမလဲနော်… သူ့ရဲ့အရောင်က လိမ္မော်အရမ်းတောက်တာမျိုး မဟုတ်ဘဲ coral လို့ခေါ်တဲ့ သန္တာကျောက်တန်းအရောင်နဲ့ သွားတူတာမို့ ကြေးနီရောင် အသားရေပိုင်ရှင်တွေနဲ့ အင်မတန်ကို သင့်တော်တဲ့ အရောင်မျိုးပါ။ အသားဖြူတဲ့လူရော၊ ညိုတဲ့လူရော အိတ်ထဲဆောင်ထားသင့်တဲ့ အရောင်ဆိုရင်လည်း မမှားပါဘူး။

(၆) Chocolate Brown Shade (ချောကလက်အသားရောင်)

ပုံမှန်အသားအရေ (Neutral skin tone) တွေအတွက် ဒီလို ချောကလက်ရောင်လေးက မဖြူမဖျော့ဘဲ သဘာဝဆန်ဆန် ဖြစ်နေစေမှာပါ။ (အသားဖြူသူတွေအတွက်ကတော့ အရမ်းညိုပြီး အသားညိုတဲ့ ယောင်းတွေအတွက်ကတော့ နည်းနည်းပုပ်သွားမယ်လို့ ထင်တယ်။) ချောကလက်အရောင်ဆိုပေမဲ့ အညိုဆင်ကြီးမဟုတ်ဘဲ ခပ်ဝါဝါဘက်လေး နည်းနည်းဖောက်သွားတာပါ။ (အနီးစပ်ဆုံး ဥပမာပြောရရင် ကွီးစိုင်းရဲ့ My Bae အရောင်လိုမျိုးပေါ့ယောင်းရယ်။)

Chocolate Nude

မိတ်ကပ်ကို ခပ်ပါးပါးနဲ့ သဘာဝဆန်ဆန်လေး လိမ်းချင်တဲ့ ယောင်းတို့အတွက် ဒီလိုအသားရောင် နှုတ်ခမ်းနီလေးတွေက မဆောင်မဖြစ်ဆောင်ထားသင့်ပါတယ်နော်။ အသားရောင်လို့ လွယ်လွယ်ဆိုကြပေမဲ့ သူ့မှာလည်း အောက်ခံအရောင်ပေါ်မူတည်ပြီး အမျိုးမျိုးကွဲသေးတာမို့ သေချာရွေးနိုင်မှ တော်ကာကျမယ်နော်…

Hnin Ei Oo (For Her Myanmar)

References : independent, Teen Vogue

Hnin Ei Oo
Hnin Ei Oo
အလွအပ၊ ဖက္ရွင္၊ gym နဲ႔ပတ္သက္တဲ့ ဗဟုသုတေတြ၊ အခ်စ္ေရး စတဲ့က႑ေတြကို အဓိကထားေရးတဲ့ စာေရးသူေပါက္စေလး ေတ်ာက္ပါ 😁 အခြီနဲ႔ စိတ္ဓာတ္ခြန္အားေပးစာေတြကိုလည္း ဒဲ့တိုးေတြ ေရးတတ္ပါေသးတယ္ 😛

Leave a Reply

Your email address will not be published. Required fields are marked *