Beauty

ပိုးသားေလးလို ေတာက္ေျပာင္ေခ်ာေမြ႔တဲ့ ဆံေကသာ ပိုင္ဆိုင္ႏိုင္ဖို႔

ဆံႏြယ္ေလးေတြ သံစဥ္ေတးလိပ္ျပာဆိုတာမ်ိဳး ျဖစ္သြားရေအာင္… 🤔🤔

ဆံႏြယ္ေလးကို ပိုးသားေလးလို ေတာက္ေျပာင္ေစခ်င္တဲ့လူရွိရင္ လက္ေထာင္ …
အားလံုးပဲ ဟုတ္ ? ဆံပင္ေလးလွလွပပျဖစ္ေနတဲ့ေန႔ဆို ကိုယ္ေတြမ်ား ကြန္ဖီးဒန္႔လယ္ဗယ္ ဆိုးဟိုက္ေနာ္… က်န္းမာေတာက္ေျပာင္တဲ့ ဆံေကသာေလးပိုင္ဆိုင္ရဖို႔ဆိုတာကလည္း လြယ္တဲ့ကိစၥမဟုတ္ပါဘူး။ ဒါေပမဲ့ ဒီေဆာင္ရန္ေရွာင္ရန္အခ်က္ေတြကို လိုက္နာရင္ ပိုးသားလိုဆံႏြယ္ေလးေတြကို အျမန္ဆံုးပိုင္ဆိုင္ရမယ္ဆိုတာ ယံုၾကည္လိုက္ပါ။

(၁) ေခါင္းေလွ်ာ္ရင္ နည္းမွန္လမ္းမွန္နဲ႔ ေလွ်ာ္ပါ။

နည္းမွန္လမ္းမွန္ဆိုတာ အျခားမဟုတ္ပါဘူး။ ေခါင္းေလွ်ာ္ရည္သံုးရင္ က်ပ္ျပားေစ့ပမာဏေလာက္ထည့္ၿပီး ဆံပင္အရင္းနဲ႔ ဦးေရျပားကို ႏွိပ္နယ္ေပးပါ။ ဆံပင္ေပ်ာ့ေဆး (conditioner) ကိုေတာ့ ဆံပင္အဖ်ားေတြမွာ သံုးေပးၿပီး သံုးမိနစ္ေလာက္ ေပါင္းထားပါ။ ေနာက္တစ္ခ်က္က ေခါင္းေလွ်ာ္ရင္ ေရေအးနဲ႔ေလွ်ာ္တာက ဆံပင္ေတြကို ေရဓာတ္ျဖည့္ေပးႏုိင္ပါတယ္။

(၂) ဦးေရျပားကို ဗီတာမင္ E ဓာတ္ျပည့္ဝေနပါေစ။

ဗီတာမင္ E က ဆံသားက်န္းမာဖို႔ အဓိကလိုအပ္ခ်က္ဆိုတာ ေယာင္းတို႔ သိၾကမယ္ ထင္ပါတယ္။ ဗီတာမင္ E က ဦးေရျပားရဲ႕ ေသြးလည္ပတ္မႈကို အားေကာင္းေစၿပီး ဆံပင္ရႈပ္ျခင္း၊ ဆံပင္ကၽြတ္ျခင္းနဲ႔ ဆံသားကၽြတ္ဆတ္ျခင္းကို ေလ်ာ့နည္းေစပါတယ္။ Silk-n Shine ရဲ႕ Super Silky daily haircoat က ရွားေစာင္းလက္ပတ္မွ ထုတ္ယူထားတဲ့အဆီပါဝင္တာေၾကာင့္ ဗီတာမင္ E ဓာတ္ကို အားျဖည့္ေပးၿပီး ဦးေရျပားကို ေအးျမေစပါတယ္။ ေရဓာတ္လည္းျဖည့္ေပးတာေၾကာင့္ ဆံပင္ကို သံုးဆပိုၿပီး ေခ်ာေမြ႔ေတာက္ေျပာင္ေစပါတယ္။

 

Related article >>> ေျခာက္ေသြ႕တဲ့ဆံသားေတြကို ထိန္းသိမ္းနည္းအဆင့္ဆင့္

(၃) ျပင္းထန္တဲ့အပူဓာတ္နဲ႔ ပံုသြင္းတာကို ေရွာင္ပါ။

ဆံပင္အေျခာက္ခံတာျဖစ္ျဖစ္၊ စက္ဆြဲတာျဖစ္ျဖစ္၊ ဆံပင္ေကာက္တာျဖစ္ျဖစ္ လွ်ပ္စစ္ပစၥည္းေတြသံုးၿပီး ပံုသြင္းေတာ့မယ္ဆိုရင္ အပူကာပစၥည္းေတြကို ၾကားခံအေနနဲ႔ သံုးေပးတာမမွားပါဘူး။ ဒီလိုဆိုရင္ေတာ့ အပူဒဏ္ေၾကာင့္ ဆံပင္ေတြက်ိဳးေက်ပ်က္စီးတာမ်ိဳးမျဖစ္ေတာ့ဘဲ က်န္းမာလွပၿပီး ပံုက်တဲ့ ဆံေကသာကို ပိုင္ဆုိင္ႏုိင္မွာပါ။

(၄) ဆံပင္ေပါင္းပါ။
ညအိပ္ရာမဝင္ခင္ ဆံပင္ကို ေပါင္းၿပီးမွ အိပ္တာက ေယာင္းတို႔ရဲ႕ ဆံႏြယ္ေလးေတြကို အားျပည့္ေစပါတယ္။ အုန္းဆီ (သို႔) သံလြင္ဆီကို ဦးေရျပားကေန ဆံပင္အဖ်ားအထိ လိမ္းၿပီး မ်က္ႏွာသုတ္ပုဝါနဲ႔ တစ္ညေပါင္းထားလိုက္ပါ။ မနက္ႏိုးလို႔ ေခါင္းျပန္ေလွ်ာ္လိုက္ရင္ မထင္မွတ္ထားေလာက္ေအာင္ ႏူးညံ့ေတာက္ေျပာင္ေနမွာ အမွန္ပါပဲ။

Related article >>> ဒီႏွစ္ထဲမွာ ျပန္ေခတ္စားလာႏိုင္တဲ့ ၉၀ ခုႏွစ္ဝန္းက်င္က ဆံပင္ပံုစံ (၅) မ်ိဳး

(၅) အိုမီဂါ (၃) ပါတဲ့အစားအစာေတြ စားေပးပါ။

ငါးႀကီးဆီမွာ အဓိကပါတဲ့ Omega 3 fatty acid ဆိုတာ ေယာင္းတို႔ၾကားဖူးၾကမွာပါ။ ဒီဓာတ္က ဆံသားနဲ႔ လက္သည္းခြံေတြ ပ်က္စီးျခင္းကေန ကာကြယ္ေပးပါတယ္။ တကယ္လို႔ ေယာင္းက Stella လိုမ်ိဳး ငါးႀကီးဆီကို လံုးဝမႀကိဳက္တဲ့သူျဖစ္ေနရင္လည္း ကိစၥမရွိပါဘူး။ Omega 3 fatty acid က ၾကက္ဥအႏွစ္၊ ငါးေသတၱာ၊ ဆယ္လ္မြန္ငါး နဲ႔ အေစ့အဆန္ေတြမွာလည္း ျပည့္ျပည့္ဝဝပါဝင္တာေၾကာင့္ ကိုယ္ႀကိဳက္တာေလးကို ေရြးစားၿပီး က်န္းမာလွပတဲ့ဆံပင္ေလးပိုင္ဆိုင္ႏိုင္ပါတယ္။

ကဲ … ဒီအခ်က္ေလးေတြကို ဂရုတစိုက္လုပ္ေပးၿပီး ပိုးသားေလးလို ေခ်ာေမြ႔ေတာက္ေျပာင္တဲ့ ဆံေကသာေလးကို ပိုင္ဆိုင္ႏိုင္ပါေစေနာ္ …

Stella (For Her Myanmar)

<<< Unicode >>>

ဆံနွယ်လေးတွေ သံစဉ်တေးလိပ်ပြာဆိုတာမျိုး ဖြစ်သွားရအောင်… 🤔🤔

ဆံနွယ်လေးကို ပိုးသားလေးလို တောက်ပြောင်စေချင်တဲ့လူရှိရင် လက်ထောင် …
အားလုံးပဲ ဟုတ် ? ဆံပင်လေးလှလှပပဖြစ်နေတဲ့နေ့ဆို ကိုယ်တွေများ ကွန်ဖီးဒန့်လယ်ဗယ် ဆိုးဟိုက်နော်… ကျန်းမာတောက်ပြောင်တဲ့ ဆံကေသာလေးပိုင်ဆိုင်ရဖို့ဆိုတာကလည်း လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီဆောင်ရန်ရှောင်ရန်အချက်တွေကို လိုက်နာရင် ပိုးသားလိုဆံနွယ်လေးတွေကို အမြန်ဆုံးပိုင်ဆိုင်ရမယ်ဆိုတာ ယုံကြည်လိုက်ပါ။

(၁) ခေါင်းလျှော်ရင် နည်းမှန်လမ်းမှန်နဲ့ လျှော်ပါ။

နည်းမှန်လမ်းမှန်ဆိုတာ အခြားမဟုတ်ပါဘူး။ ခေါင်းလျှော်ရည်သုံးရင် ကျပ်ပြားစေ့ပမာဏလောက်ထည့်ပြီး ဆံပင်အရင်းနဲ့ ဦးရေပြားကို နှိပ်နယ်ပေးပါ။ ဆံပင်ပျော့ဆေး (conditioner) ကိုတော့ ဆံပင်အဖျားတွေမှာ သုံးပေးပြီး သုံးမိနစ်လောက် ပေါင်းထားပါ။ နောက်တစ်ချက်က ခေါင်းလျှော်ရင် ရေအေးနဲ့လျှော်တာက ဆံပင်တွေကို ရေဓာတ်ဖြည့်ပေးနိုင်ပါတယ်။

(၂) ဦးရေပြားကို ဗီတာမင် E ဓာတ်ပြည့်ဝနေပါစေ။

ဗီတာမင် E က ဆံသားကျန်းမာဖို့ အဓိကလိုအပ်ချက်ဆိုတာ ယောင်းတို့ သိကြမယ် ထင်ပါတယ်။ ဗီတာမင် E က ဦးရေပြားရဲ့ သွေးလည်ပတ်မှုကို အားကောင်းစေပြီး ဆံပင်ရှုပ်ခြင်း၊ ဆံပင်ကျွတ်ခြင်းနဲ့ ဆံသားကျွတ်ဆတ်ခြင်းကို လျော့နည်းစေပါတယ်။ Silk-n Shine ရဲ့ Super Silky daily haircoat က ရှားစောင်းလက်ပတ်မှ ထုတ်ယူထားတဲ့အဆီပါဝင်တာကြောင့် ဗီတာမင် E ဓာတ်ကို အားဖြည့်ပေးပြီး ဦးရေပြားကို အေးမြစေပါတယ်။ ရေဓာတ်လည်းဖြည့်ပေးတာကြောင့် ဆံပင်ကို သုံးဆပိုပြီး ချောမွေ့တောက်ပြောင်စေပါတယ်။

 

Related article >>> ခြောက်သွေ့တဲ့ဆံသားတွေကို ထိန်းသိမ်းနည်းအဆင့်ဆင့်

(၃) ပြင်းထန်တဲ့အပူဓာတ်နဲ့ ပုံသွင်းတာကို ရှောင်ပါ။

ဆံပင်အခြောက်ခံတာဖြစ်ဖြစ်၊ စက်ဆွဲတာဖြစ်ဖြစ်၊ ဆံပင်ကောက်တာဖြစ်ဖြစ် လျှပ်စစ်ပစ္စည်းတွေသုံးပြီး ပုံသွင်းတော့မယ်ဆိုရင် အပူကာပစ္စည်းတွေကို ကြားခံအနေနဲ့ သုံးပေးတာမမှားပါဘူး။ ဒီလိုဆိုရင်တော့ အပူဒဏ်ကြောင့် ဆံပင်တွေကျိုးကျေပျက်စီးတာမျိုးမဖြစ်တော့ဘဲ ကျန်းမာလှပပြီး ပုံကျတဲ့ ဆံကေသာကို ပိုင်ဆိုင်နိုင်မှာပါ။

(၄) ဆံပင်ပေါင်းပါ။
ညအိပ်ရာမဝင်ခင် ဆံပင်ကို ပေါင်းပြီးမှ အိပ်တာက ယောင်းတို့ရဲ့ ဆံနွယ်လေးတွေကို အားပြည့်စေပါတယ်။ အုန်းဆီ (သို့) သံလွင်ဆီကို ဦးရေပြားကနေ ဆံပင်အဖျားအထိ လိမ်းပြီး မျက်နှာသုတ်ပုဝါနဲ့ တစ်ညပေါင်းထားလိုက်ပါ။ မနက်နိုးလို့ ခေါင်းပြန်လျှော်လိုက်ရင် မထင်မှတ်ထားလောက်အောင် နူးညံ့တောက်ပြောင်နေမှာ အမှန်ပါပဲ။

Related article >>> ဒီနှစ်ထဲမှာ ပြန်ခေတ်စားလာနိုင်တဲ့ ၉၀ ခုနှစ်ဝန်းကျင်က ဆံပင်ပုံစံ (၅) မျိုး

(၅) အိုမီဂါ (၃) ပါတဲ့အစားအစာတွေ စားပေးပါ။

ငါးကြီးဆီမှာ အဓိကပါတဲ့ Omega 3 fatty acid ဆိုတာ ယောင်းတို့ကြားဖူးကြမှာပါ။ ဒီဓာတ်က ဆံသားနဲ့ လက်သည်းခွံတွေ ပျက်စီးခြင်းကနေ ကာကွယ်ပေးပါတယ်။ တကယ်လို့ ယောင်းက Stella လိုမျိုး ငါးကြီးဆီကို လုံးဝမကြိုက်တဲ့သူဖြစ်နေရင်လည်း ကိစ္စမရှိပါဘူး။ Omega 3 fatty acid က ကြက်ဥအနှစ်၊ ငါးသေတ္တာ၊ ဆယ်လ်မွန်ငါး နဲ့ အစေ့အဆန်တွေမှာလည်း ပြည့်ပြည့်ဝဝပါဝင်တာကြောင့် ကိုယ်ကြိုက်တာလေးကို ရွေးစားပြီး ကျန်းမာလှပတဲ့ဆံပင်လေးပိုင်ဆိုင်နိုင်ပါတယ်။

ကဲ … ဒီအချက်လေးတွေကို ဂရုတစိုက်လုပ်ပေးပြီး ပိုးသားလေးလို ချောမွေ့တောက်ပြောင်တဲ့ ဆံကေသာလေးကို ပိုင်ဆိုင်နိုင်ပါစေနော် …

Stella (For Her Myanmar)

Stella
Stella
Stella ကေတာ့ Fashion နဲ႕ Beauty ကို ဝါသနာပါလို႔ For Her Myanmar မွာ ေယာင္းေယာင္းတို႔အတြက္ beauty hacks ေတြ, fashion နဲ႕ပက္သက္တဲ့ အေၾကာင္းအရာမ်ိဳးစံုကို အဓိကေဝမွ်ေပးသြားမွာပါ။ သုတရသေတြကိုလည္း လက္လွမ္းမွီသေလာက္ ေရးေပးပါေသးတယ္။

Leave a Reply

Your email address will not be published. Required fields are marked *