Beauty

ျပင္းထန္လြန္းတဲ့ေနေရာင္ျခည္ေၾကာင့္ ပ်က္စီးသြားတဲ့ အသားအေရကို ဘယ္လိုျပဳျပင္ထိန္းသိမ္းမလဲ ?

နဂိုအသားအေရျပန္ရဖို႔ အဆင့္ (၅) ဆင့္ ပဲလိုတယ္ေနာ္

ေယာင္းတို႔ေရ … အခုက ေႏြေခါင္ေခါင္မွာ ရာသီဥတုကလည္းပူ သႀကၤန္ကလည္းက်ၿပီဆိုေတာ့ ေရစိုစိုေနပူပူနဲ႔ အသားအေရေတြ ပ်က္စီးလိုက္မယ့္ျဖစ္ျခင္း။ ဒီလိုေနဒဏ္ေရဒဏ္ေၾကာင့္ ေနေလာင္ၿပီး အသားအေရပ်က္စီးတာေတြကို ျပန္ျပဳျပင္ဖို႔ဆိုရင္ေတာ့ ဒီအဆင့္ေလးေတြကို သံုးၾကည့္ၾကတာေပါ့။

(၁) Sunscreen (ေနေရာင္ကာေဆး) သံုးပါ

အသားအေရကို ထိခိုက္ေစတဲ့ ခရမ္းလြန္ေရာင္ျခည္ေတြကို အထိေရာက္ဆံုးကာကြယ္ေပးႏိုင္တာ SPF 30+ နဲ႔ PA +++ ပါတဲ့ sunscreen ေတြပါ။ ေနေလာင္ထားတဲ့အသားအေရကို ထက္ၿပီးအေျခအေနဆိုးမသြားေစခ်င္ရင္ ေနပူထဲထြက္တဲ့အခါတိုင္း sunscreen ကို မျဖစ္မေနလိမ္းေပးဖို႔က အေရးႀကီးပါတယ္။

(၂) ဆဲလ္ေသေတြကို ဖယ္ရွားပါ

အသားအေရေပၚမွာ ဆဲလ္ေသေတြရွိရင္ ညစ္ေထးေထးျဖစ္ေနတတ္ပါတယ္။ ဒါေၾကာင့္ ဆဲလ္ေသေတြကို ဖယ္ရွားေပးဖို႔ မ်က္ႏွာကို exfoliate လုပ္ေပးပါ။ AHA (alpha hydroxyl acid) ပါတဲ့exfoliating product ေတြက ေယာင္းရဲ႕မ်က္ႏွာေပၚက ဆဲလ္ေသေတြကို ဖယ္ရွားေပးၿပီး အသားအေရကို ႏူးညံ့ေခ်ာမြတ္ေစပါတယ္။ ခႏၶာကိုယ္ကိုေတာ့ တစ္ပတ္တစ္ခါ scrub လုပ္ေပးပါ။

Related article >>> သႀကၤန္တြင္း အသားအေရကို ဘယ္လိုထိန္းသိမ္းၾကမလဲ

(၃) ေရဓာတ္ျဖည့္ပါ

အသားအေရၾကည္လင္လာဖို႔ တစ္ေန႔ကို ေရ (၈)ခြက္ ေသာက္ေပးရမယ္ဆိုတာကေတာ့ ေယာင္းတို႔အားလံုးသိၾကမွာပါ။ ေရေသာက္ရုံပဲလားဆိုေတာ့ မဟုတ္ေသးဘူး။ အေရျပားအတြင္းပိုင္းအထိ စိမ့္ဝင္ႏိုင္တဲ့ mositurizer ေတြ serum ေတြ သံုးရဦးမယ္။ ေျခေတြ လက္ေတြအတြက္ hand cream တစ္ခုခုသံုးေပးဖို႔လိုၿပီး ခႏၶာကိုယ္အတြက္ body lotion သံုးေပးပါ။ ဒါမွ ေယာင္းရဲ႕ ေနေလာက္ဒဏ္ခံထားရတဲ့ အသားအေရကို အျမန္ဆံုးျပဳျပင္ႏိုင္မွာေပါ့။

(၄) ဓာတုပစၥည္းေတြကို တတ္ႏိုင္သမွ်ေရွာင္ပါ

ဓာတုပစၥည္းပါဝင္မႈပမာဏမ်ားတဲ့ skincare ေတြက ေယာင္းရဲ႕အသားအေရကို ပ်က္စီးေစႏိုင္တာမို႔လို႔ ျဖစ္ႏိုင္ရင္ သဘာဝပစၥည္းေတြနဲ႔ျပဳလုပ္ထားတဲ့ organic skincare ေတြကိုပဲ သံုးေစခ်င္ပါတယ္။ အခု Stella မ်က္စိက်ေနတာကေတာ့ Ame Aim ဆိုတဲ့ ဂ်ပန္ brand organic skincare ေလးပါ။ organic ဆိုတဲ့ အတြက္ေၾကာင့္ အထိအခုိက္မခံႏိုင္တဲ့ အသားအေရအတြက္ေတာင္ သံုးလို႔ရပါတယ္။ ေနျပင္းျပင္းေၾကာင့္ အထိခုိက္မခံႏိုင္ျဖစ္ေနတဲ့ အသားအေရမွာ Ame Aim ရဲ႕ clear lotion ကို မိတ္ကပ္ (သို႔) သနပ္ခါး မလိမ္းခင္ေလး ေအာက္ခံ skincare အေနနဲ႔ သံုးထားေပးလိုက္ရင္ သူက ပ်က္စီးေနတဲ့ အသားအေရကို အတြင္းထဲထိ ျပဳျပင္ေပးပါတယ္။ ႏွင္းဆီအစစ္ရဲ႕ ေပါင္းခံရည္ကို သံုးထားတာေၾကာင့္   လိမ္းတဲ့အခါမွာ ႏွင္းဆီနံ႔ေမႊးေမႊးေလးအရင္ရပါလိမ့္မယ္။ အသားထဲ စိမ့္ဝင္သြားတဲ့အခါမွာေတ့ာ ခပ္ေအးေအးေလး ျဖစ္သြားတာကို ခံစားရတာေၾကာင့္ ေနပူေလာင္ထားတဲ့သူေတြအတြက္ ေတာ္ေတာ္အဆင္ေျပပါတယ္။ ဝက္ျခံသမားေတြအတြက္လည္း ေတာ္ေတာ္ေကာင္းပါတယ္။ Ame Aim Myanmar အေၾကာင္း အေသးစိတ္ကို ေပ့ခ်္မွာလည္း သြားၾကည့္ႏိုင္ပါတယ္ေနာ္။ (အခု Ame Aim မွာ clear lotion ကို ၃၀ ရာခိုင္ႏႈန္း ဒစ္စေကာင့္ ခ်ထားတယ္ေနာ္ ေယာင္းတို႔😉)  

(၅) အစားအေသာက္ပံုစံမွန္ကန္ပါေစ

အေပၚကနည္းေတြအကုန္လုပ္ပါရဲ႕ … အစားအေသာက္ပံုစံမမွန္ဘူးဆိုရင္လည္း အသားအေရက လြယ္လြယ္နဲ႔ျပန္ျပဳျပင္လို႔မရပါဘူး။ ဒီေတာ့ အစားအေသာက္ကိုလည္း ဗီတာမင္စီ၊ ေကာ္လဂ်င္ နဲ႔ Antioxidant ေတြ ႂကြယ္ဝစြာပါဝင္တဲ့ ဟင္းသီးဟင္းရြက္ေတြနဲ႔ အသီးအႏွံေတြကို တတ္ႏိုင္သမွ် မ်ားမ်ားစားေပးပါ။

Related article >>> အရြယ္တင္ႏုပ်ိဳေစတဲ့ ေကာ္လဂ်င္ဓာတ္ကို ျမွင့္တင္ေပးမယ့္ အစားအစာ (၅) မ်ိဳး

ကဲ … ဒီေလာက္ဆိုရင္ ေယာင္းတို႔လည္း ေနေရာင္ေၾကာင့္ပ်က္စီးေနတဲ့အသားအေရကို ဘယ္လိုျပန္ျပဳျပင္ထိန္းသိမ္းရမယ္ဆိုတာသိၾကၿပီေပါ့ေနာ္။ ကေတာ့ နည္းလမ္းေတြ ေျပာျပေပးထားၿပီ လိုက္နာဖို႔ကေတာ့ ေယာင္းတို႔တာဝန္ အိုေက ?

Stella (For Her Myanmar)

<<<Unicode>>>

နဂိုအသားအရေပြန်ရဖို့ အဆင့် (၅) ဆင့် ပဲလိုတယ်နော်

ယောင်းတို့ရေ … အခုက နွေခေါင်ခေါင်မှာ ရာသီဥတုကလည်းပူ သြင်္ကန်ကလည်းကျပြီဆိုတော့ ရေစိုစိုနေပူပူနဲ့ အသားအရေတွေ ပျက်စီးလိုက်မယ့်ဖြစ်ခြင်း။ ဒီလိုနေဒဏ်ရေဒဏ်ကြောင့် နေလောင်ပြီး အသားအရေပျက်စီးတာတွေကို ပြန်ပြုပြင်ဖို့ဆိုရင်တော့ ဒီအဆင့်လေးတွေကို သုံးကြည့်ကြတာပေါ့။

(၁) Sunscreen (နေရောင်ကာဆေး) သုံးပါ

အသားအရေကို ထိခိုက်စေတဲ့ ခရမ်းလွန်ရောင်ခြည်တွေကို အထိရောက်ဆုံးကာကွယ်ပေးနိုင်တာ SPF 30+ နဲ့ PA +++ ပါတဲ့ sunscreen တွေပါ။ နေလောင်ထားတဲ့အသားအရေကို ထက်ပြီးအခြေအနေဆိုးမသွားစေချင်ရင် နေပူထဲထွက်တဲ့အခါတိုင်း sunscreen ကို မဖြစ်မနေလိမ်းပေးဖို့က အရေးကြီးပါတယ်။

(၂) ဆဲလ်သေတွေကို ဖယ်ရှားပါ

အသားအရေပေါ်မှာ ဆဲလ်သေတွေရှိရင် ညစ်ထေးထေးဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ဆဲလ်သေတွေကို ဖယ်ရှားပေးဖို့ မျက်နှာကို exfoliate လုပ်ပေးပါ။ AHA (alpha hydroxyl acid) ပါတဲ့exfoliating product တွေက ယောင်းရဲ့မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေကို နူးညံ့ချောမွတ်စေပါတယ်။ ခန္ဓာကိုယ်ကိုတော့ တစ်ပတ်တစ်ခါ scrub လုပ်ပေးပါ။

Related article >>> သြင်္ကန်တွင်း အသားအရေကို ဘယ်လိုထိန်းသိမ်းကြမလဲ

(၃) ရေဓာတ်ဖြည့်ပါ

အသားအရေကြည်လင်လာဖို့ တစ်နေ့ကို ရေ (၈)ခွက် သောက်ပေးရမယ်ဆိုတာကတော့ ယောင်းတို့အားလုံးသိကြမှာပါ။ ရေသောက်ရုံပဲလားဆိုတော့ မဟုတ်သေးဘူး။ အရေပြားအတွင်းပိုင်းအထိ စိမ့်ဝင်နိုင်တဲ့ mositurizer တွေ serum တွေ သုံးရဦးမယ်။ ခြေတွေ လက်တွေအတွက် hand cream တစ်ခုခုသုံးပေးဖို့လိုပြီး ခန္ဓာကိုယ်အတွက် body lotion သုံးပေးပါ။ ဒါမှ ယောင်းရဲ့ နေလောက်ဒဏ်ခံထားရတဲ့ အသားအရေကို အမြန်ဆုံးပြုပြင်နိုင်မှာပေါ့။

(၄) ဓာတုပစ္စည်းတွေကို တတ်နိုင်သမျှရှောင်ပါ

ဓာတုပစ္စည်းပါဝင်မှုပမာဏများတဲ့ skincare တွေက ယောင်းရဲ့အသားအရေကို ပျက်စီးစေနိုင်တာမို့လို့ ဖြစ်နိုင်ရင် သဘာဝပစ္စည်းတွေနဲ့ပြုလုပ်ထားတဲ့ organic skincare တွေကိုပဲ သုံးစေချင်ပါတယ်။ အခု Stella မျက်စိကျနေတာကတော့ Ame Aim ဆိုတဲ့ ဂျပန် brand organic skincare လေးပါ။ organic ဆိုတဲ့ အတွက်ကြောင့် အထိအခိုက်မခံနိုင်တဲ့ အသားအရေအတွက်တောင် သုံးလို့ရပါတယ်။ နေပြင်းပြင်းကြောင့် အထိခိုက်မခံနိုင်ဖြစ်နေတဲ့ အသားအရေမှာ Ame Aim ရဲ့ clear lotion ကို မိတ်ကပ် (သို့) သနပ်ခါး မလိမ်းခင်လေး အောက်ခံ skincare အနေနဲ့ သုံးထားပေးလိုက်ရင် သူက ပျက်စီးနေတဲ့ အသားအရေကို အတွင်းထဲထိ ပြုပြင်ပေးပါတယ်။ နှင်းဆီအစစ်ရဲ့ ပေါင်းခံရည်ကို သုံးထားတာကြောင့်   လိမ်းတဲ့အခါမှာ နှင်းဆီနံ့မွှေးမွှေးလေးအရင်ရပါလိမ့်မယ်။ အသားထဲ စိမ့်ဝင်သွားတဲ့အခါမှာတေ့ာ ခပ်အေးအေးလေး ဖြစ်သွားတာကို ခံစားရတာကြောင့် နေပူလောင်ထားတဲ့သူတွေအတွက် တော်တော်အဆင်ပြေပါတယ်။ ဝက်ခြံသမားတွေအတွက်လည်း တော်တော်ကောင်းပါတယ်။ Ame Aim Myanmar အကြောင်း အသေးစိတ်ကို ပေ့ချ်မှာလည်း သွားကြည့်နိုင်ပါတယ်နော်။ (အခု Ame Aim မှာ clear lotion ကို ၃၀ ရာခိုင်နှုန်း ဒစ်စကောင့် ချထားတယ်နော် ယောင်းတို့😉)  

(၅) အစားအသောက်ပုံစံမှန်ကန်ပါစေ

အပေါ်ကနည်းတွေအကုန်လုပ်ပါရဲ့ … အစားအသောက်ပုံစံမမှန်ဘူးဆိုရင်လည်း အသားအရေက လွယ်လွယ်နဲ့ပြန်ပြုပြင်လို့မရပါဘူး။ ဒီတော့ အစားအသောက်ကိုလည်း ဗီတာမင်စီ၊ ကော်လဂျင် နဲ့ Antioxidant တွေ ကြွယ်ဝစွာပါဝင်တဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ အသီးအနှံတွေကို တတ်နိုင်သမျှ များများစားပေးပါ။

Related article >>> အရွယ်တင်နုပျိုစေတဲ့ ကော်လဂျင်ဓာတ်ကို မြှင့်တင်ပေးမယ့် အစားအစာ (၅) မျိုး

ကဲ … ဒီလောက်ဆိုရင် ယောင်းတို့လည်း နေရောင်ကြောင့်ပျက်စီးနေတဲ့အသားအရေကို ဘယ်လိုပြန်ပြုပြင်ထိန်းသိမ်းရမယ်ဆိုတာသိကြပြီပေါ့နော်။ ကတော့ နည်းလမ်းတွေ ပြောပြပေးထားပြီ လိုက်နာဖို့ကတော့ ယောင်းတို့တာဝန် အိုကေ ?

Stella (For Her Myanmar)

Stella
Stella
Stella ကေတာ့ Fashion နဲ႕ Beauty ကို ဝါသနာပါလို႔ For Her Myanmar မွာ ေယာင္းေယာင္းတို႔အတြက္ beauty hacks ေတြ, fashion နဲ႕ပက္သက္တဲ့ အေၾကာင္းအရာမ်ိဳးစံုကို အဓိကေဝမွ်ေပးသြားမွာပါ။ သုတရသေတြကိုလည္း လက္လွမ္းမွီသေလာက္ ေရးေပးပါေသးတယ္။

Leave a Reply

Your email address will not be published. Required fields are marked *