ေခၽြးေပါက္ကို ပိုက်ယ္ေစတဲ့ အသားအေရထိန္းသိမ္းနည္းအမွား (၅) ခု

လွခ်င္ရက္ စက္စက္ယိုၿပီး လိေမၼာ္သီးခြံမျဖစ္ရေလေအာင္

ေယာင္းတို႔ေရ … ဒီေန႔ေခတ္မွာ မိန္းကေလးေတာ္ေတာ္မ်ားမ်ားက မိတ္ကပ္ထက္ skincare ဘက္ကို ေျခဦးလွည့္လာၾကပါၿပီေနာ္။ ဒါေပမဲ့လည္း တန္ေဆးလြန္ေဘးဆိုသလို ဒီလိုေတြအသံုးမွားရင္လည္း ေခၽြးေပါက္ေတြက်ယ္ၿပီး လိေမၼာ္သီးခြံျဖစ္လာတတ္တာမို႔ သတိထားဖို႔ေတာ့ လိုပါၿပီေနာ္…

(၁) အဆီစုပ္စကၠဴကို မၾကာခဏသံုးတာ

မ်က္ႏွာအဆီျပန္လာတိုင္း မိတ္ကပ္ကြက္မွာ စိုးရိမ္ၿပီး အဆီစုပ္စကၠဴေလးေတြ ထုတ္သံုးတတ္ၾကပါတယ္။ တကယ္ေတာ့ မ်က္ႏွာမွာလည္း အျပင္က ဖုန္မႈန္႔နဲ႔ ပိုးမႊားေတြကို ကာကြယ္ႏိုင္ဖို႔ အဆီပမာဏတစ္ခု ရွိရပါတယ္။ အဲ့အဆီလႊာကို မၾကာခဏ အဆီစုပ္စကၠဴနဲ႔ ဖယ္ရွားပစ္မယ္ဆိုရင္ေတာ့ ေခၽြးေပါက္ေတြ က်ယ္လာမွာ က်ိန္းေသပဲမို႔ ခဏခဏ သံုးတာမ်ိဳး ေရွာင္ပါ ေယာင္းေရ…

(၂) ဆားဝက္ျခံ၊ အဆီဖုနဲ႔ ဝက္ျခံေတြၫွစ္ပစ္တာ

Stella လို လက္အၿငိမ္မေနတဲ့သူေတြက အားေနရင္ ဆားဝက္ျခံေတြ ၫွစ္လိုက္၊ အဆီဖုေတြ ၫွစ္လိုက္လုပ္တတ္ပါတယ္။ ဝက္ျခံထြက္လာရင္လည္း လက္နဲ႔ကလိလိုက္ရမွာေလ။ ဒီလိုၫွစ္မိတဲ့အခါ အထဲမွာရွိေနတဲ့ အဆီေတြ၊ ပိုးမႊားေတြက ပိုႀကီးလာၿပီး ေခၽြးေပါက္က်ယ္ေစသလို လက္သည္းဆိပ္ေၾကာင့္လည္း အမာရြတ္ေတြ ထင္က်န္ေစပါတယ္။

Related article >>> ဝက္ျခံအရမ္းထြက္ေနတဲ့အခ်ိန္မွာ ဒီ (၆) ခ်က္ကို လံုးဝေရွာင္သင့္ပါတယ္။

(၃) မၾကာခဏမ်က္ႏွာေၾကးခၽြတ္တာ

မ်က္ႏွာေလးႏုခ်င္ေဇာနဲ႔ နင္းကန္ေၾကးခၽြတ္တာကို ေရွာင္ပါ။ မ်က္ႏွာေၾကးခၽြတ္ေဆးထဲမွာပါတဲ့ ဓာတုပစၥည္းေတြက မ်က္ႏွာေပၚမွာရွိတဲ့ ဆဲလ္ေသေတြကို ဖယ္ရွားေပးတာမွန္ေပမဲ့ မၾကာခဏဆိုရင္ ေခၽြးေပါက္က်ယ္ေစတာေၾကာင့္ တစ္ပတ္ႏွစ္ခါထက္ ပိုမလုပ္ဖို႔လည္း သတိျပဳေစခ်င္ပါတယ္ေနာ္..

(၄) မိတ္ကပ္ခဏခဏမဖို႔ပါနဲ႔

Stella တို႔မိန္းကေလးေတြက ေန႔တစ္ဝက္ေလာက္က်ိဳးတာနဲ႔ မိတ္ကပ္ေလးဖို႔လိုက္ရမွ ေနသာထိုင္သာရွိတာမွတ္လား ? ဒါေပမဲ့ ခဏခဏမိတ္ကပ္ျဖန္ဖို႔တာက အသားအေရအတြက္ေတာ့ ဆိုးက်ိဳးေတြခ်ည္းပါပဲ။ သိပ္သည္းလြန္းတဲ့ မိတ္ကပ္ေၾကာင့္ ေခၽြးေပါက္ေတြ ပိုပိတ္ၿပီး ဝက္ျခံေတြထြက္၊ ကိုယ္ကၫွစ္မိ၊ ေခၽြးေပါက္ေတြက်ယ္၊ အဆီျပန္၊ မိတ္ကပ္ဖို႔နဲ႔ ဂ်ာေအးသူ႕အေမ႐ိုက္ေနတာပဲ အဖတ္တင္ပါလိမ့္မယ္။

Related article >>> ရွိရင္းစြဲအသက္ထက္ ပိုငယ္ပံုေပါက္သြားေအာင္ မိတ္ကပ္ဘယ္လိုလိမ္းၾကမလဲ?

(၅) အစားအေသာက္မဆင္ျခင္တာ
ေခၽြးေပါက္က်ယ္ေစတဲ့အစားအေသာက္ေတြထဲမွာ သၾကားဓာတ္လြန္ကဲတဲ့အစားအစာေတြက ထိပ္ဆံုးကပါပါတယ္။ အရမ္းစပ္တဲ့အစားအစာေတြနဲ႔ ဆီေၾကာ္မုန္႔ေတြ၊ ႏို႔ထြက္ပစၥည္းေတြကလည္း ဝက္ျခံေတြအဆက္မျပတ္ထြက္ေစၿပီး ေခၽြးေပါက္က်ယ္ေစတာေၾကာင့္ ေရွာင္ကိုေရွာင္ရပါမယ္ေနာ္..

ကဲ … ကိုယ္ေတြ လုပ္ေလ့လုပ္ထရွိတဲ့ အမွားေတြကို ေထာက္ျပေပးၿပီးၿပီဆိုေတာ့ ေရွာင္ဖို႔က ေယာင္းတာဝန္ … အိုေခ ? :*

Stella (For Her Myanmar)

<<< Unicode >>>

လှချင်ရက် စက်စက်ယိုပြီး လိမ္မော်သီးခွံမဖြစ်ရလေအောင်

ယောင်းတို့ရေ … ဒီနေ့ခေတ်မှာ မိန်းကလေးတော်တော်များများက မိတ်ကပ်ထက် skincare ဘက်ကို ခြေဦးလှည့်လာကြပါပြီနော်။ ဒါပေမဲ့လည်း တန်ဆေးလွန်ဘေးဆိုသလို ဒီလိုတွေအသုံးမှားရင်လည်း ချွေးပေါက်တွေကျယ်ပြီး လိမ္မော်သီးခွံဖြစ်လာတတ်တာမို့ သတိထားဖို့တော့ လိုပါပြီနော်…

(၁) အဆီစုပ်စက္ကူကို မကြာခဏသုံးတာ

မျက်နှာအဆီပြန်လာတိုင်း မိတ်ကပ်ကွက်မှာ စိုးရိမ်ပြီး အဆီစုပ်စက္ကူလေးတွေ ထုတ်သုံးတတ်ကြပါတယ်။ တကယ်တော့ မျက်နှာမှာလည်း အပြင်က ဖုန်မှုန့်နဲ့ ပိုးမွှားတွေကို ကာကွယ်နိုင်ဖို့ အဆီပမာဏတစ်ခု ရှိရပါတယ်။ အဲ့အဆီလွှာကို မကြာခဏ အဆီစုပ်စက္ကူနဲ့ ဖယ်ရှားပစ်မယ်ဆိုရင်တော့ ချွေးပေါက်တွေ ကျယ်လာမှာ ကျိန်းသေပဲမို့ ခဏခဏ သုံးတာမျိုး ရှောင်ပါ ယောင်းရေ…

(၂) ဆားဝက်ခြံ၊ အဆီဖုနဲ့ ဝက်ခြံတွေညှစ်ပစ်တာ

Stella လို လက်အငြိမ်မနေတဲ့သူတွေက အားနေရင် ဆားဝက်ခြံတွေ ညှစ်လိုက်၊ အဆီဖုတွေ ညှစ်လိုက်လုပ်တတ်ပါတယ်။ ဝက်ခြံထွက်လာရင်လည်း လက်နဲ့ကလိလိုက်ရမှာလေ။ ဒီလိုညှစ်မိတဲ့အခါ အထဲမှာရှိနေတဲ့ အဆီတွေ၊ ပိုးမွှားတွေက ပိုကြီးလာပြီး ချွေးပေါက်ကျယ်စေသလို လက်သည်းဆိပ်ကြောင့်လည်း အမာရွတ်တွေ ထင်ကျန်စေပါတယ်။

Related article >>> ဝက်ခြံအရမ်းထွက်နေတဲ့အချိန်မှာ ဒီ (၆) ချက်ကို လုံးဝရှောင်သင့်ပါတယ်။

(၃) မကြာခဏမျက်နှာကြေးချွတ်တာ

မျက်နှာလေးနုချင်ဇောနဲ့ နင်းကန်ကြေးချွတ်တာကို ရှောင်ပါ။ မျက်နှာကြေးချွတ်ဆေးထဲမှာပါတဲ့ ဓာတုပစ္စည်းတွေက မျက်နှာပေါ်မှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးတာမှန်ပေမဲ့ မကြာခဏဆိုရင် ချွေးပေါက်ကျယ်စေတာကြောင့် တစ်ပတ်နှစ်ခါထက် ပိုမလုပ်ဖို့လည်း သတိပြုစေချင်ပါတယ်နော်..

(၄) မိတ်ကပ်ခဏခဏမဖို့ပါနဲ့

Stella တို့မိန်းကလေးတွေက နေ့တစ်ဝက်လောက်ကျိုးတာနဲ့ မိတ်ကပ်လေးဖို့လိုက်ရမှ နေသာထိုင်သာရှိတာမှတ်လား ? ဒါပေမဲ့ ခဏခဏမိတ်ကပ်ဖြန်ဖို့တာက အသားအရေအတွက်တော့ ဆိုးကျိုးတွေချည်းပါပဲ။ သိပ်သည်းလွန်းတဲ့ မိတ်ကပ်ကြောင့် ချွေးပေါက်တွေ ပိုပိတ်ပြီး ဝက်ခြံတွေထွက်၊ ကိုယ်ကညှစ်မိ၊ ချွေးပေါက်တွေကျယ်၊ အဆီပြန်၊ မိတ်ကပ်ဖို့နဲ့ ဂျာအေးသူ့အမေရိုက်နေတာပဲ အဖတ်တင်ပါလိမ့်မယ်။

Related article >>> ရှိရင်းစွဲအသက်ထက် ပိုငယ်ပုံပေါက်သွားအောင် မိတ်ကပ်ဘယ်လိုလိမ်းကြမလဲ?

(၅) အစားအသောက်မဆင်ခြင်တာ
ချွေးပေါက်ကျယ်စေတဲ့အစားအသောက်တွေထဲမှာ သကြားဓာတ်လွန်ကဲတဲ့အစားအစာတွေက ထိပ်ဆုံးကပါပါတယ်။ အရမ်းစပ်တဲ့အစားအစာတွေနဲ့ ဆီကြော်မုန့်တွေ၊ နို့ထွက်ပစ္စည်းတွေကလည်း ဝက်ခြံတွေအဆက်မပြတ်ထွက်စေပြီး ချွေးပေါက်ကျယ်စေတာကြောင့် ရှောင်ကိုရှောင်ရပါမယ်နော်..

ကဲ … ကိုယ်တွေ လုပ်လေ့လုပ်ထရှိတဲ့ အမှားတွေကို ထောက်ပြပေးပြီးပြီဆိုတော့ ရှောင်ဖို့က ယောင်းတာဝန် … အိုခေ ? :*

Stella (For Her Myanmar)

No Comments Yet

Comments are closed