Beauty

အသားခြောက်တတ်တဲ့သူတွေအတွက် အကောင်းဆုံး သဘာဝမျက်နှာပေါင်းတင်ကပ်ခွာ(၅)မျိုး

ရာသီဥတုကအရမ်းပူတော့ အသားအရည်ခြောက်တတ်တဲ့ ယောင်းတို့မျက်နှာတွေ ပက်ကြားအက်ကုန်ပြီလေ။

ရာသီဥတုကအရမ်းပူတော့ အသားအရည်ခြောက်တတ်တဲ့ ယောင်းတို့မျက်နှာတွေ ပက်ကြားအက်ကုန်ပြီလေ။  ရှားစောင်းလက်ပက်ကို ဘူးလိုက်ယူသွားဖို့ကလည်း ဘူးကြီးကကြီးနေတော့ အဆင်ကမပြေ၊ နှင်းဆီပေါင်းခံရေ စပရေးဖျန်းတော့လည်း မျက်နှာက စိုစိစိုစိနဲ့ မနေတတ်၊ နေ့တိုင်း မျက်နှာပေါင်းတင်ကပ်ခွာ ကပ်တော့လည်း မွဲတေတော့မယ်ဆိုတော့ အိမ်တွင်းပစ္စည်းလေးတွေနဲ့ ပေါင်းတင်ကပ်ခွာ ဘယ်လိုတွေလုပ်လို့ရလဲဆိုတာ  ပြောပြမယ်လေ။

ပထမဆုံးတစ်ခုကတော့ သဘောင်္သီးနဲ့ ပျားရည်မျက်နှာပေါင်းတင် ကပ်ခွာပါ။ သဘောင်္သီးတစ်စိတ်ကို ပျားရည်နှစ်ဇွန်းအချိုးနဲ့ ရောကျိတ်ပြီး မျက်နှာပေါ်ကို မိနစ် ၂၀ လောက်ထားပြီး ရေဆေးချလိုက်ရင်တော့ စိုစိုကြည်ကြည်မျက်နှာလေးကို ရပါပြီနော်။

papaya and honey

ဒုတိယတစ်နည်းအတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့ ကြက်ဥတစ်လုံး (အကာသီးသန့်)၊ နေကြာဆီနဲ့ သကြား ၁ ဇွန်းတို့ဖြစ်ပါတယ်။ ပန်းကန်လုံးတစ်လုံးထဲမှာ နေကြာဆီတစ်ဇွန်း၊ သကြားတစ်ဇွန်းနဲ့ ကြက်ဥ (အကာသီးသန့်) အကုန်လုံးကို ရောထည့်ပြီး အမြှုပ်ပုံစံဖြစ်လာတဲ့အထိ မွှေပါ။ အမြှုပ်လေးရလာရင်တော့ အဲ့ဒီအရောလေးကို မျက်နှာပေါ် ၁၅ မိနစ်လောက်တင်ထားပြီး ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ရင်တော့ မျက်နှာလေးက စိုစိုအိအိလေး ဖြစ်သွားမှာပါနော်။

sunflower and oil

Related Article >>> မျက်နှာပေါင်းမတင်မီနဲ့ ပေါင်းတင်ပြီးမှာ သတိပြုရမဲ့ အချက် (၇)ချက်

တတိယနည်းအတွက်တော့ ကပ်ခွာလုပ်ဖို့ ထောပတ်သီးနဲ့ ပျားရည်ပဲလိုအပ်ပါတယ်။ ထောပတ်သီးမှာ သဘာဝအဆီတွေနဲ့ ပျားရည်ကတော့ သဘာဝရေဓာတ်ဖြည့် ပစ္စည်းဖြစ်တာမို့ အချိန်တိုအတွင်း သိသာစေတဲ့ ကပ်ခွာလည်းဖြစ်ပါတယ်။ မှည့်နေတဲ့ ထောပတ်သီးကို ထက်ခြမ်းခြမ်း တစ်ဝက်ကို ဇွန်းနဲ့ချေပြီး ပျားရည် (ခွက်ရဲ့ လေးပုံသုံးပုံ) ကို ချေထားတဲ့ ထောပတ်သီးထဲထည့်လိုက်ပါ။ Paste (အနှစ်) ပုံစံဖြစ်လာပြီဆိုရင်တော့ မျက်နှာပေါ်တင်ပြီး ၁၀ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။ မျက်နှာက ဝင်းဝင်းလေးဖြစ်သွားပါလိမ့်မယ်။

avocado and honey စတုတ္ထနည်းလေးကတော့ နွားနို့နဲ့ ပေါင်းတာပါ။ မကျိုချက်ရသေးတဲ့ နွားနို့တစ်ခွက်၊ ရှားစောင်းလက်ပက် တစ်ဇွန်း၊ ပျားရည်တစ်ဇွန်းတို့ကို အနှစ်ဖြစ်လာတဲ့အထိ ရောမွှေလိုက်ပါ။ သေချာမွှေပြီးသွားရင်တော့ မျက်နှာပေါ် ၁၅ မိနစ်လောက်ထားပြီး ရေဆေးချရင်တော့ အိအိဝင်းဝင်းနဲ့ မျက်နှာလေးဖြစ်သွားမှာပါ။ (နွားနို့အစား သံလွင်ဆီသုံးလို့လည်းရပါတယ်။)

Related Article >>> ကျန်းမာစိုပြေတဲ့ Glowing Skin Makeup Look လေး ရဖို့  ဒီ အဆင့် (၅)ဆင့် ပဲ လိုပါတယ်။

နောက်ဆုံးနည်းကတော့ အသားအရည်ခြောက်ရုံတင်မကဘဲ အသားအရည်တအားခြောက်ပြီး ပါးရေတွန့်နေတဲ့ယောင်းတွေ၊ အရေးကြောင်းပေါ်တတ်တဲ့ယောင်းတွေ အတွက်ပါ။ ပါဝင်ပစ္စည်းတွေကတော့ မုန်လာဥနီ (၁) လုံး၊ ထောပတ်သီး တစ်ခြမ်း၊ ပျားရည်တစ်ဇွန်း၊ သံလွင်ဆီ (သို့) အုန်းဆီ တစ်ဇွန်း၊ ကြက်ဥအနှစ် တစ်လုံး တို့ဖြစ်ပါတယ်။ မုန်လာဥနီတစ်လုံးကို အခွံနွှာပြီး ချေရလွယ်အောင် ပေါင်းလိုက်ပါ။ မုန်လာဥနီရရင်တော့ ကျန်တဲ့ပါဝင်ပစ္စည်းတွေအားလုံးနဲ့ ရောပြီး မျက်နှာပေါ် ၁၅ မိနစ်လောက်ထား ပြီးရင် ရေဆေးချလိုက်ပါ။ ၁ ပတ်လောက်ကြာရင်တော့ မျက်နှာအသားအရည် ပြန်လည်တင်းရင်းပြီး ဝင်းဝင်းလေးဖြစ်သွားမှာနော်။

carrot and avocado ဒီနည်းလေးတွေကတော့ မျက်နှာအသားအရည်ကို သေချာဂရုစိုက်ချင်ပေမဲ့ ကပ်ခွာဖိုးကြောင့် မမွဲချင်တဲ့ယောင်းယောင်းတို့အတွက်ပါ။ မျက်နှာမှာ ရေဓာတ်ပြည့်အောင် ရေများများသောက်ပါနော်။ ကပ်ခွာကပ်တဲ့အခါ မျက်ကွင်းညိုတာ၊ မျက်အိတ်တွဲတဲ့ပြဿနာတွေကိုလည်း တစ်ခါထဲဖြေရှင်းပြီးသားဖြစ်သွားအောင် ပေါင်းတင်နေတဲ့အချိန် သခွားသီးအပြားလေးတွေကို မျက်လုံးတစ်ဝိုက်မှာ ကပ်ထားလိုက်ပါနော်။ ဒါဆိုရင်တော့ အသားအရည်ခြောက်လွန်းတဲ့ ပြဿနာကို တော်တော်ကြီးဖြေရှင်းပြီးသား ဖြစ်သွားပါလိမ့်မယ်။

Refrence Links : Maire Claire, Natural Beauty Tips

Hnin Ei Oo (For Her Myanmar)

Hnin Ei Oo
Hnin Ei Oo
အလှအပ၊ ဖက်ရှင်၊ gym နဲ့ပတ်သက်တဲ့ ဗဟုသုတတွေ၊ အချစ်ရေး စတဲ့ကဏ္ဍတွေကို အဓိကထားရေးတဲ့ စာရေးသူပေါက်စလေး တျောက်ပါ 😁 အခွီနဲ့ စိတ်ဓာတ်ခွန်အားပေးစာတွေကိုလည်း ဒဲ့တိုးတွေ ရေးတတ်ပါသေးတယ် 😛

Leave a Reply

Your email address will not be published. Required fields are marked *