Beauty

အက္ဒ္မင္အႀကိဳက္ဆံုး ျမန္မာႏိုင္ငံရဲ႕ တက္သစ္စ Beauty Blogger (၅) ဦး

အကုန္လံုးကေတာ့ အေမးဇင္းေတြပါပဲ…

မိတ္ကပ္ခ်စ္သူေလးေတြ အတြက္ေတာ့ Beauty Blogger ဆိုတဲ့ စကားက စိမ္းလိမ့္မယ္လို႔ မထင္ပါဘူးေနာ္.. မိတ္ကပ္လိမ္းတဲ့လူေတြ မ်ားလာတာနဲ႔အမွ် မိတ္ကပ္အေၾကာင္းကို ေသခ်ာ ဂဃနဏ ေလ့လာခ်င္တဲ့လူတြလည္း အရမ္းမ်ားလာပါတယ္။ အရင္တုန္းကေတာ့ ပြဲတစ္ခုခုရွိတာနဲ႔ မိတ္ကပ္ပညာရွင္ေတြဆီပဲ သြားၿပီးလိမ္းလိုက္ၾကတာေပါ့ေနာ္.. အခုေနာက္ပိုင္းက်ေတာ့ ကိုယ္တိုင္ျပင္ဆင္ ကိုယ္တိုင္အစအဆံုး လုပ္ခ်င္လာၾကေတာ့ ကိုယ္လက္လွမ္းမီႏိုင္တဲ့ Beauty Blogger ေတြဆီက ကိုယ့္ဘာသာ သင္ယူလာၾကပါတယ္။ ဒါေပမဲ့ တကယ္တမ္း Beauty Blogger ဆိုတာ ဘာလဲမသိတဲ့ ေယာင္းေတြအတြက္ ဒါေလးကို အရင္မွ်ေဝေပးခ်င္ပါတယ္ေနာ္။

Beauty Blogger ဆိုတာ အလွအပ ဖန္တီးတဲ့ ပညာရွင္ မဟုတ္ပါဘူး.. အခုမွ မိတ္ကပ္စသံုးမယ့္ မိန္းကေလးေတြအတြက္ ဘယ္ပစၥည္းကေတာ့ ဘယ္လိုသံုးရတယ္၊ ဘာပါရင္ေတာ့ ဘယ္လိုအသားအေရနဲ႔ သင့္ေတာ္တယ္ စသည္ျဖင့္ အလွအပဆိုင္ရာ ပစၥည္းတစ္ခုအေၾကာင္းကို ေသခ်ာေလ့လာၿပီး ကိုယ့္ရဲ႕ဗဟုသုတကို မွ်ေဝတဲ့လူေတြပါ။

အလွအပဖန္တီးတဲ့ ပညာရွင္ေတြကေတာ့ မိတ္ကပ္လိမ္းျခယ္တဲ့ေနရာမွာ ပိုအေျခခံက်က်သိထားၿပီး သူမ်ားကို ဒီပညာရပ္ေတြ ျပန္သင္ၾကားေပးႏိုင္တဲ့အထိ တတ္ေျမာက္ၾကပါတယ္။ Beauty Blogger ေတြကေတာ့ အလွျပင္ပစၥည္းနဲ႔ ပတ္သက္တဲ့ အသိပညာဗဟုသုတေတြ ႂကြယ္ဝေပမဲ့ မိတ္ကပ္လိမ္းျခယ္တဲ့ေနရာမွာေတာ့ ေလ့လာေနဆဲသူေတြလို႔ ဆိုရမွာပါ။ (တခ်ိဳ႕ကက်ေတာ့ အရမး္ကို ဆရာက်တဲ့သူေတြပါေနာ္… ) ဒါဆိုရင္ အက္ဒ္မင္အႀကိဳက္ဆံုး Beauty Blogger (၅) ေယာက္က ဘယ္သူေတြျဖစ္မလဲ ၾကည့္ၾကရေအာင္ေနာ္…

Related Article >>> Blogger မမေတြလိုမ်က္ဝန္းလွလွေလးရေစဖို႔ မ်က္ေတာင္တုတပ္နည္း

(၁) Kwan Kwann (Zaw Win Htut)

Kwan Kwan

မ်က္လံုးရွဲဒိုးကို လံုးဝသပ္သပ္ရပ္ရပ္နဲ႔ တိတိက်က် လိမ္းျခယ္ႏိုင္ၿပီး အေရာင္ေတြကိုလည္း ကၽြမ္းကၽြမ္းက်င္က်င္နဲ႔ ကိုင္တြယ္ဖန္တီးႏိုင္သူပါ။ အသားအေရကလည္း ျပစ္မ်ိဳးမွဲ႕မထင္ဘဲ ၾကည္ၾကည္လင္လင္နဲ႔ ျဖဴျဖဴေဖြးေဖြးဆုိေတာ့ ဒီအတိုင္း မိတ္ကပ္မလိမ္းထားဘဲ ထိုင္ၾကည့္ရင္ေတာင္ ခ်စ္စရာေလး :P။ Kwan Kwann ကေတာ့ မိတ္ကပ္ပစၥည္းေတြအေၾကာင္းကို တိတိက်က်ေျပာႏိုင္တဲ့အျပင္ လိမ္းျခယ္တဲ့ေနရာမွာလည္း ဆရာတစ္ဆူမို႔ Blogger နဲ႔ ပညာရွင္ေပါင္းစပ္ထားတဲ့ တက္သစ္စ လူငယ္တစ္ေယာက္ပါ။ Special effect လို႔ေခၚတဲ့ အထူးျပဳျပင္ရတဲ့ မိတ္ကပ္ကိုလည္း ေကာင္းေကာင္းပိုင္ႏိုင္ပါေသးတယ္။ ပိုၿပီးထူးျခားတာကေတာ့ Kwan Kwann ကျမန္မာႏိုင္ငံရဲ႕ ပထမဦးဆံုး ေယာက်္ားေလး မိတ္ကပ္ဘေလာ့ဂါျဖစ္ေနတာပါပဲ။ သူ႔ရဲ႕ ကိုယ္ပိုင္ေပ့ဂ်္ေလးကေတာ့ Kwan Kwann – The Artist ပါ။

သူ႔ရဲ႕ ရီဗ်ဴး

(၂) Gu Guu (Sai Wai Lwin Oo)

Gu Gu’s makeup creation

သူေလးကေတာ့ ကြမ္ကြမ့္လိုပါပဲ။ (အခ်င္းခ်င္းကလည္း တစ္ေယာက္ကိုတစ္ေယာက္ အားေပးၾကတဲ့ သူငယ္ခ်င္းေတြပါ။) ကြမ္ကြမ္နဲ႔ အတူတူတက္လာၿပီး သူကလည္း မိတ္ကပ္ဖန္တီးမႈအသစ္ေတြကို ထြင္တဲ့ေနရာမွာ တကယ့္ဆရာတစ္ဆူပါ။ အရမ္းလိမ္းျခယ္ရ ခက္ခဲတဲ့ အေရာင္ေတြကိုေတာင္ သူ႔လက္ထဲေရာက္ရင္ ‘ဟယ္ သူလိမ္းေတာ့လည္း လြယ္သားဟ’ လုိ႔ ခံစားသြားရေအာင္ လိမ္းျခယ္ႏိုင္သူေပါ့။ အသားအေရလည္း အရမ္းေကာင္းၿပီး သူ႔မွာထူးျခားတာကမ်က္ရစ္ႀကီးႀကီးေတြမွာမွ ဆြဲလို႔ရတဲ့ ရွဲဒိုးေတြကို  မ်က္ရစ္မရွိတဲ့ ခပ္ေမွးေမွးမ်က္လံုးေပၚမွာ ကၽြမ္းက်င္ပိုင္ႏိုင္စြာနဲ႔ လိမ္းျခယ္ႏိုင္တာပါ။  သူလည္း ေယာက်ာ္းေလး Beauty Blogger ပါေနာ္ ယူတို႔။ သူ႔ဖန္တီးမႈေလးေတြ ၾကည့္ခ်င္ရင္ေတာ့ Gu Gus Hyper Art မွာသြားေလ့လာလို႔ရပါတယ္။

ဂူဂူး ရဲ႕ ရီဗ်ဴး

(၃) Su Hlaing Win (All about Su)

All about Su

Beauty Blogger စစ္စစ္၊ ေရမေရာဘဲ ပစၥည္း ရီဗ်ဴးေတြကို မွန္မွန္ကန္ကန္ တိတိက်က်သိခ်င္ရင္ေတာ့ ဒီအစ္မဆီပဲ သြားလိုက္ပါ။ ပစၥည္းတစ္ခုခ်င္းစီရဲ႕ ေကာင္းကြက္ ဆိုးကြက္ေတြကို တိတိက်က်နဲ႔ လုိရင္းကို ထင္းကနဲေပၚေအာင္ ေရးေပးထားၿပီး မိတ္ကပ္ပစၥည္းတင္မကဘဲ တျခားႏွင္းတို႔ရဲ႕ လူေနမႈဘဝမွာ လုိအပ္တဲ့ ေခါင္းေလွ်ာ္ရည္၊ ဖိနပ္၊ ေရေမႊး စတဲ့ပစၥည္းေတြကိုပါ ရီဗ်ဴးေပးပါတယ္။ ေလ့လာခ်င္ရင္ေတာ့ All about Su ထဲမွာ သြားၿပီး ေလ့လာလုိ႔ရပါတယ္ေနာ္။

တစ္ခုခ်င္းစီကို တိတိက်က်ေရးႏိုင္သူပါ

Related Article >>> လက္တစ္ေဖ်ာက္အတြင္း မ်က္ကြင္းညိဳညိဳေလးေတြ ေပ်ာက္ေအာင္ အဆင့္ (၃) ဆင့္ပဲလုိပါတယ္။

(၄) Min Moh Moh Maung Maung (Caterpillar Maybe)

ပိုးတံုးလံုး

ပိုးတုန္းလံုးေလးလို႔ ခ်စ္စႏိုးေခၚၾကတဲ့ ခ်စ္စရာ မင္းမို႔ေလးကေတာ့ ျမန္မာႏိုင္ငံကေကာင္မေလးေတြနဲ႔ သိပ္အလွမ္းမေဝးတဲ့ ပစၥည္းေတြကို ရီဗ်ဴးေရးေရးေပးေနတဲ့ ခ်စ္စရာေကာင္မေလးေပါ့။ အသားျဖဴျဖဴ ကစ္ကစ္ေလးနဲ႔ ခ်စ္စရာေကာင္မေလးရဲ႕ ေပ့ဂ်္ကိုေလ့လာၾကည့္ခ်င္ရင္ေတာ့ Caterpillarmaybe ကိုသြားၿပီး ေလ့လာလို႔ရပါတယ္။

ပိုးတံုးလံုးေလးရဲ႕ ရီဗ်ဴး

(၅) မဖူးပြင့္ (The Rosie Edit)

မဖူး

Skincare ကိုေလ လံုးဝစိတ္ရွည္ရွည္နဲ႔ တိတိက်က် သိခ်င္ရင္ ဒီေပဂ်္႔ကိုသာသြားလိုက္။ လံုးဝ ေနာင္တမရေစရဘူး အာမခံတယ္။ သူ(မ) ကိုယ္တိုင္ကလည္း အသားအေရေကာင္းၿပီး ဘယ္လိုအသားအေရကို ဘယ္ပစၥည္းသံုး၊ ဘယ္ပစၥည္းကေတာ့ ဘယ္လိုအသားအေရနဲ႔ သင့္ေတာ္တယ္ဆိုတာကို လံုးဝခေရေစ့တြင္းက် ေျပာႏိုင္တဲ့ ဘေလာ့ဂါတစ္ေယာက္ပါ။ ၿပီးေတာ့ မဖူးက သူ႔ကိုယ္ပိုင္အေတြ႔အႀကံဳေလးေတြကို သူ႔ကိုတကယ္ခ်စ္တဲ့လူေတြကိုပဲ ရွယ္ေပးခ်င္တာမို႔ giveaway ဘာညာေတြ တစ္ခုမွမလုပ္ပါဘူးတဲ့။ အက္မင္ေတာင္ မနည္းရွာေဖြၿပီးေတြ႔ထားရတာပါဆိုေန။ မဖူးရဲ႕ ေပ့ဂ်္႕ေလးကို ေလ့လာခ်င္တယ္ဆိုရင္ေတာ့ The Rosie Edit ေလးကိုသြားလိုက္ေနာ္။

ရီဗ်ဴးကာလာ ဘာညာအေနအထားဆိုရင္ေတာ့ျဖင့္

ေရးတာေတြလည္း ရွည္လို႔ ေယာင္းတို႔ေတြ မ်က္စိလည္သြားၿပီလား။ ႏွင္းကတစ္ေယာက္ခ်င္းစီရဲ႕ အေၾကာင္းကို တိတိက်က်ေျပာခ်င္လုိ႔ ေသခ်ာေလ့လာၿပီး ေရးေပးတာမို႔ အရမ္းရွည္သြားရင္လည္း ရွယ္ထားၿပီး ျဖည္းျဖည္းခ်င္းဖတ္ၾကည့္ပါေနာ္။ ဒီမွာက ဘေလာ့ဂါေတြ အမ်ားႀကီးရွိတယ္ဆိုေပမဲ့ ႏွင္းက ဒီႏွစ္ပိုင္းမွာပဲ တက္လာၾကတဲ့ ဘေလာ့ဂါေတြကိုပဲ ေရးခ်င္တာမို႔ ဒီ ၅ ေယာက္ပဲထည့္ေပးလိုက္တာပါ။ တမင္ခ်န္ခဲ့တာ မဟုတ္ရပါဘူးလို႔… အားလံုးကို ခ်စ္ပါတယ္ေနာ္… 

Hnin Ei Oo (For Her Myanmar)

<<< Unicode >>>

အကုန်လုံးကတော့ အမေးဇင်းတွေပါပဲ…

မိတ်ကပ်ချစ်သူလေးတွေ အတွက်တော့ Beauty Blogger ဆိုတဲ့ စကားက စိမ်းလိမ့်မယ်လို့ မထင်ပါဘူးနော်.. မိတ်ကပ်လိမ်းတဲ့လူတွေ များလာတာနဲ့အမျှ မိတ်ကပ်အကြောင်းကို သေချာ ဂဃနဏ လေ့လာချင်တဲ့လူတွလည်း အရမ်းများလာပါတယ်။ အရင်တုန်းကတော့ ပွဲတစ်ခုခုရှိတာနဲ့ မိတ်ကပ်ပညာရှင်တွေဆီပဲ သွားပြီးလိမ်းလိုက်ကြတာပေါ့နော်.. အခုနောက်ပိုင်းကျတော့ ကိုယ်တိုင်ပြင်ဆင် ကိုယ်တိုင်အစအဆုံး လုပ်ချင်လာကြတော့ ကိုယ်လက်လှမ်းမီနိုင်တဲ့ Beauty Blogger တွေဆီက ကိုယ့်ဘာသာ သင်ယူလာကြပါတယ်။ ဒါပေမဲ့ တကယ်တမ်း Beauty Blogger ဆိုတာ ဘာလဲမသိတဲ့ ယောင်းတွေအတွက် ဒါလေးကို အရင်မျှဝေပေးချင်ပါတယ်နော်။

Beauty Blogger ဆိုတာ အလှအပ ဖန်တီးတဲ့ ပညာရှင် မဟုတ်ပါဘူး.. အခုမှ မိတ်ကပ်စသုံးမယ့် မိန်းကလေးတွေအတွက် ဘယ်ပစ္စည်းကတော့ ဘယ်လိုသုံးရတယ်၊ ဘာပါရင်တော့ ဘယ်လိုအသားအရေနဲ့ သင့်တော်တယ် စသည်ဖြင့် အလှအပဆိုင်ရာ ပစ္စည်းတစ်ခုအကြောင်းကို သေချာလေ့လာပြီး ကိုယ့်ရဲ့ဗဟုသုတကို မျှဝေတဲ့လူတွေပါ။

အလှအပဖန်တီးတဲ့ ပညာရှင်တွေကတော့ မိတ်ကပ်လိမ်းခြယ်တဲ့နေရာမှာ ပိုအခြေခံကျကျသိထားပြီး သူများကို ဒီပညာရပ်တွေ ပြန်သင်ကြားပေးနိုင်တဲ့အထိ တတ်မြောက်ကြပါတယ်။ Beauty Blogger တွေကတော့ အလှပြင်ပစ္စည်းနဲ့ ပတ်သက်တဲ့ အသိပညာဗဟုသုတတွေ ကြွယ်ဝပေမဲ့ မိတ်ကပ်လိမ်းခြယ်တဲ့နေရာမှာတော့ လေ့လာနေဆဲသူတွေလို့ ဆိုရမှာပါ။ (တချို့ကကျတော့ အရမ်းကို ဆရာကျတဲ့သူတွေပါနော်… ) ဒါဆိုရင် အက်ဒ်မင်အကြိုက်ဆုံး Beauty Blogger (၅) ယောက်က ဘယ်သူတွေဖြစ်မလဲ ကြည့်ကြရအောင်နော်…

Related Article >>> Blogger မမတွေလိုမျက်ဝန်းလှလှလေးရစေဖို့ မျက်တောင်တုတပ်နည်း

(၁) Kwan Kwann (Zaw Win Htut)

Kwan Kwan

မျက်လုံးရှဲဒိုးကို လုံးဝသပ်သပ်ရပ်ရပ်နဲ့ တိတိကျကျ လိမ်းခြယ်နိုင်ပြီး အရောင်တွေကိုလည်း ကျွမ်းကျွမ်းကျင်ကျင်နဲ့ ကိုင်တွယ်ဖန်တီးနိုင်သူပါ။ အသားအရေကလည်း ပြစ်မျိုးမှဲ့မထင်ဘဲ ကြည်ကြည်လင်လင်နဲ့ ဖြူဖြူဖွေးဖွေးဆိုတော့ ဒီအတိုင်း မိတ်ကပ်မလိမ်းထားဘဲ ထိုင်ကြည့်ရင်တောင် ချစ်စရာလေး :P။ Kwan Kwann ကတော့ မိတ်ကပ်ပစ္စည်းတွေအကြောင်းကို တိတိကျကျပြောနိုင်တဲ့အပြင် လိမ်းခြယ်တဲ့နေရာမှာလည်း ဆရာတစ်ဆူမို့ Blogger နဲ့ ပညာရှင်ပေါင်းစပ်ထားတဲ့ တက်သစ်စ လူငယ်တစ်ယောက်ပါ။ Special effect လို့ခေါ်တဲ့ အထူးပြုပြင်ရတဲ့ မိတ်ကပ်ကိုလည်း ကောင်းကောင်းပိုင်နိုင်ပါသေးတယ်။ ပိုပြီးထူးခြားတာကတော့ Kwan Kwann ကမြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ယောကျ်ားလေး မိတ်ကပ်ဘလော့ဂါဖြစ်နေတာပါပဲ။ သူ့ရဲ့ ကိုယ်ပိုင်ပေ့ဂျ်လေးကတော့ Kwan Kwann – The Artist ပါ။

သူ့ရဲ့ ရီဗျူး

(၂) Gu Guu (Sai Wai Lwin Oo)

Gu Gu’s makeup creation

သူလေးကတော့ ကွမ်ကွမ့်လိုပါပဲ။ (အချင်းချင်းကလည်း တစ်ယောက်ကိုတစ်ယောက် အားပေးကြတဲ့ သူငယ်ချင်းတွေပါ။) ကွမ်ကွမ်နဲ့ အတူတူတက်လာပြီး သူကလည်း မိတ်ကပ်ဖန်တီးမှုအသစ်တွေကို ထွင်တဲ့နေရာမှာ တကယ့်ဆရာတစ်ဆူပါ။ အရမ်းလိမ်းခြယ်ရ ခက်ခဲတဲ့ အရောင်တွေကိုတောင် သူ့လက်ထဲရောက်ရင် ‘ဟယ် သူလိမ်းတော့လည်း လွယ်သားဟ’ လို့ ခံစားသွားရအောင် လိမ်းခြယ်နိုင်သူပေါ့။ အသားအရေလည်း အရမ်းကောင်းပြီး သူ့မှာထူးခြားတာကမျက်ရစ်ကြီးကြီးတွေမှာမှ ဆွဲလို့ရတဲ့ ရှဲဒိုးတွေကို  မျက်ရစ်မရှိတဲ့ ခပ်မှေးမှေးမျက်လုံးပေါ်မှာ ကျွမ်းကျင်ပိုင်နိုင်စွာနဲ့ လိမ်းခြယ်နိုင်တာပါ။  သူလည်း ယောကျာ်းလေး Beauty Blogger ပါနော် ယူတို့။ သူ့ဖန်တီးမှုလေးတွေ ကြည့်ချင်ရင်တော့ Gu Gus Hyper Art မှာသွားလေ့လာလို့ရပါတယ်။

ဂူဂူး ရဲ႕ ရီဗ်ဴး

(၃) Su Hlaing Win (All about Su)

All about Su

Beauty Blogger စစ်စစ်၊ ရေမရောဘဲ ပစ္စည်း ရီဗျူးတွေကို မှန်မှန်ကန်ကန် တိတိကျကျသိချင်ရင်တော့ ဒီအစ်မဆီပဲ သွားလိုက်ပါ။ ပစ္စည်းတစ်ခုချင်းစီရဲ့ ကောင်းကွက် ဆိုးကွက်တွေကို တိတိကျကျနဲ့ လိုရင်းကို ထင်းကနဲပေါ်အောင် ရေးပေးထားပြီး မိတ်ကပ်ပစ္စည်းတင်မကဘဲ တခြားနှင်းတို့ရဲ့ လူနေမှုဘဝမှာ လိုအပ်တဲ့ ခေါင်းလျှော်ရည်၊ ဖိနပ်၊ ရေမွှေး စတဲ့ပစ္စည်းတွေကိုပါ ရီဗျူးပေးပါတယ်။ လေ့လာချင်ရင်တော့ All about Su ထဲမှာ သွားပြီး လေ့လာလို့ရပါတယ်နော်။

တစ်ခုချင်းစီကို တိတိကျကျရေးနိုင်သူပါ

Related Article >>> လက်တစ်ဖျောက်အတွင်း မျက်ကွင်းညိုညိုလေးတွေ ပျောက်အောင် အဆင့် (၃) ဆင့်ပဲလိုပါတယ်။

(၄) Min Moh Moh Maung Maung (Caterpillar Maybe)

ပိုးတံုးလံုး

ပိုးတုန်းလုံးလေးလို့ ချစ်စနိုးခေါ်ကြတဲ့ ချစ်စရာ မင်းမို့လေးကတော့ မြန်မာနိုင်ငံကကောင်မလေးတွေနဲ့ သိပ်အလှမ်းမဝေးတဲ့ ပစ္စည်းတွေကို ရီဗျူးရေးရေးပေးနေတဲ့ ချစ်စရာကောင်မလေးပေါ့။ အသားဖြူဖြူ ကစ်ကစ်လေးနဲ့ ချစ်စရာကောင်မလေးရဲ့ ပေ့ဂျ်ကိုလေ့လာကြည့်ချင်ရင်တော့ Caterpillarmaybe ကိုသွားပြီး လေ့လာလို့ရပါတယ်။

ပိုးတုံးလုံးလေးရဲ့ ရီဗျူး

(၅) မဖူးပွင့် (The Rosie Edit)

မဖူး

Skincare ကိုလေ လုံးဝစိတ်ရှည်ရှည်နဲ့ တိတိကျကျ သိချင်ရင် ဒီပေဂျ့်ကိုသာသွားလိုက်။ လုံးဝ နောင်တမရစေရဘူး အာမခံတယ်။ သူ(မ) ကိုယ်တိုင်ကလည်း အသားအရေကောင်းပြီး ဘယ်လိုအသားအရေကို ဘယ်ပစ္စည်းသုံး၊ ဘယ်ပစ္စည်းကတော့ ဘယ်လိုအသားအရေနဲ့ သင့်တော်တယ်ဆိုတာကို လုံးဝခရေစေ့တွင်းကျ ပြောနိုင်တဲ့ ဘလော့ဂါတစ်ယောက်ပါ။ ပြီးတော့ မဖူးက သူ့ကိုယ်ပိုင်အတွေ့အကြုံလေးတွေကို သူ့ကိုတကယ်ချစ်တဲ့လူတွေကိုပဲ ရှယ်ပေးချင်တာမို့ giveaway ဘာညာတွေ တစ်ခုမှမလုပ်ပါဘူးတဲ့။ အက်မင်တောင် မနည်းရှာဖွေပြီးတွေ့ထားရတာပါဆိုနေ။ မဖူးရဲ့ ပေ့ဂျ့်လေးကို လေ့လာချင်တယ်ဆိုရင်တော့ The Rosie Edit လေးကိုသွားလိုက်နော်။

ရီဗျူးကာလာ ဘာညာအနေအထားဆိုရင်တော့ဖြင့်

ရေးတာတွေလည်း ရှည်လို့ ယောင်းတို့တွေ မျက်စိလည်သွားပြီလား။ နှင်းကတစ်ယောက်ချင်းစီရဲ့ အကြောင်းကို တိတိကျကျပြောချင်လို့ သေချာလေ့လာပြီး ရေးပေးတာမို့ အရမ်းရှည်သွားရင်လည်း ရှယ်ထားပြီး ဖြည်းဖြည်းချင်းဖတ်ကြည့်ပါနော်။ ဒီမှာက ဘလော့ဂါတွေ အများကြီးရှိတယ်ဆိုပေမဲ့ နှင်းက ဒီနှစ်ပိုင်းမှာပဲ တက်လာကြတဲ့ ဘလော့ဂါတွေကိုပဲ ရေးချင်တာမို့ ဒီ ၅ ယောက်ပဲထည့်ပေးလိုက်တာပါ။ တမင်ချန်ခဲ့တာ မဟုတ်ရပါဘူးလို့… အားလုံးကို ချစ်ပါတယ်နော်…

Hnin Ei Oo (For Her Myanmar)

Hnin Ei Oo
Hnin Ei Oo
အလွအပ၊ ဖက္ရွင္၊ gym နဲ႔ပတ္သက္တဲ့ ဗဟုသုတေတြ၊ အခ်စ္ေရး စတဲ့က႑ေတြကို အဓိကထားေရးတဲ့ စာေရးသူေပါက္စေလး ေတ်ာက္ပါ 😁 အခြီနဲ႔ စိတ္ဓာတ္ခြန္အားေပးစာေတြကိုလည္း ဒဲ့တိုးေတြ ေရးတတ္ပါေသးတယ္ 😛

Leave a Reply

Your email address will not be published. Required fields are marked *