ဆောင်းရာသီနဲ့ အလိုက်ဖက်ဆုံးဖြစ်လာမယ့် လက်သည်းနီအရောင် (၅) မျိုး

လှမှလှ <3 <3

ယောင်းတို့ရေ…ဆောင်းတွင်းရောက်ခါနီးပြီဆိုတော့ ဆောင်းရာသီနဲ့ ပတ်သက်တဲ့ဖက်ရှင်တွေ၊ ဆောင်းနဲ့ လိုက်ဖက်မယ့် မိတ်ကပ်ပြင်ဆင်ပုံတွေကို ယောင်းတို့လည်း တော်တော်များများမှာ တွေ့နေရလောက်ပြီ ထင်ပါတယ်နော်။

Megan က ကျတော့ မိတ်ကပ်ပြင်ရတာထက် ကိုယ့်ရဲ့ လက်သည်းလေးတွေ ခြေသည်းလေးတွေကို ၂ပတ် တစ်ခါလောက် Cleansing လေးလုပ်ပြီး အရောင်လေးတွေ ပြောင်းပြောင်းဆိုးရတာကို ပိုသဘောကျတတ်သူမို့ ဒီနှစ် ဆောင်းမှာ ဘယ်လို ကာလာလေးတွေ ခေတ်စားလာမလဲလို့ ဝက်ဘ်ဆိုဒ်တွေမှာ မွှေနှောက်ရှာရင်း သိလာရပြီမို့ ချစ်ရတဲ့ ကိုယ်နဲ့ ဝါသနာတူ ယောင်းယောင်းတို့ကို ပြန် မျှဝေပေးချင်တာပါ။

၁။ မိုးပြာရောင်

ပထမဆုံး  အရောင်လေးက  Sky Blue ကာလာ မိုးပြာဖျော့ဖျော့ အရောင်လေးပါ။ မိုးပြာရောင်ကိုမှ Sparkle အလက်လက် အပြောင်လေးတွေပါတဲ့ လက်သည်းနီရောင်လေးတွေကို ဒီနှစ် ဆောင်းတွင်းမှာ ခေတ်စားလာမှာပါတဲ့နော်။

၂။ Marigold

နောက်ထပ် တစ်ရောင်ကတော့ များသောအားဖြင့် နွေဦးရာသီနဲ့ လိုက်ဖက်တဲ့ အရောင်လေးဖြစ်တဲ့ လိမ္မော်မကျ၊ အဝါရောင်မကျအရောင်လေးပေါ့…. ဒီအရောင်လေးကို “Marigold”  လို့ ခေါ်ပြီး သူကလည်း ဒီနှစ်ဆောင်းရဲ့  အရောင်လေး ဖြစ်လာမှာပါတဲ့။ အသားအရောင်တိုင်းနဲ့ လိုက်ဖက်မယ့် ဒီအရောင်လေးကို တောက်တောက်ကြီး ဖြစ်မနေအောင် Top Coat တွေ၊ Base Coat တွေနဲ့ နည်းနည်းထူထူလေး ဆိုးဖို့ပါ အကြံပြုထားပါတယ် ယောင်းတို့ရေ….

Related Article >>> လက်သည်းအမြန်ဆုံးရှည်အောင် လုပ်ပေးနိုင်တဲ့ နည်းလမ်း (၃) ခု

၃။ လိမ္မော်ရင့်ရောင်

သုံးခုမြောက်အရောင်လေးကတော့ လိမ္မော်ရင့်ရောင်လေး ဖြစ်ပါတယ် ယောင်းတို့ရေ။ ဒီလိုအရောင်မျိုးဟာဆိုရင် ဆောင်းတွင်းလို အုံ့မှိုင်းတဲ့ရာသီဥတုမှာ လင်းပြီး တောက်နေမှာမို့ အသားညိုတဲ့သူတွေနဲ့ပါ လိုက်ဖက်ပါတယ်နော်…

၎။ အပြာရင့်

Navy Blue လို တောက်တဲ့အပြာရောင်မျိုး မဟုတ်ဘဲ မှိန်ပြီးရင့်တဲ့ အပြာရောင်မျိုးကလည်း ဒီနှစ်ဆောင်းမှာ ယောင်းတို့ လက်သည်းလှလှလေးတွေပေါ် နေရာယူလာဦးမှာပါ။ ဒီလို အပြာရောင်လေးက မြင်ရတာ မျက်စိစူးမနေစေဘဲ အရောင်ရင့်ရင့်ကြိုက်တတ်တဲ့ ယောင်းတို့အတွက် အဆင်ပြေစေမှာပါ။

၅။ အဖြူရောင်

အဖြူရောင် Boots တွေ၊ Sneakers တွေဟာ ဒီနှစ်ဆောင်းမှာ Trend ဖြစ်နေတယ်ဆိုတာ ယောင်းတို့လည်း သိပြီးလောက်ပြီ ထင်ပါတယ်နော်။ အခုတောင် နေရာအတော်များများမှာ အဖြူရောင် sneaker တွေကို တော်တော်လေး တွေ့နေရပြီ ဖြစ်ပြီး အခု ဆောင်းတွင်းရဲ့ ခေတ်စားလာမယ့် လက်သည်းနီအရောင်ထဲမှာလည်း အဖြူရောင်က ပါဝင်နေပါတယ်။ အဖြူရောင်ကို ဒီတိုင်းကြီး ဆိုးရတာ ကြောင်တောင်တောင်နိုင်တယ် ထင်ရင် French Nails (လက်သည်းရဲ့ ထိပ်ကလေးကိုပဲ အဖြူအုပ်ပြီး အပေါ်က အကြည်ထပ်အုပ်ထားမျိုး)လေး ဆိုးဖို့ Megan က အကြံပေးချင်ပါတယ် ယောင်းတို့ရေ။ ဒါမျိုးလေးက လက်ကလေးကို ရှင်းသန့်နေစေပြီး ဘယ်လိုရာသီနဲ့မဆိုလိုက်ဖက်ပါတယ်နော်။

လက်သည်းနီဆို အရောင် စူးစူးတောက်တောက်ကြီးတွေ မကြိုက်ဘဲ Nude ဘက်တွေ အညိုဖျော့ မိတ်ကပ်ရောင်ဖျော့လေးတွေနဲ့ ရင့်တဲ့အရောင်မျိုးတွေပဲ သဘောကျတဲ့ Megan နဲ့ ဒီနှစ် Trend ဖြစ်တဲ့ (ခေတ်စားတဲ့) ကာလာလေးတွေတော့ ကွက်တိပဲပေါ့…

ယောင်းတို့ရော … ဘယ်အရောင်လေးကို အကြွေဆုံးလဲဆိုတာ ပြောပြပေးခဲ့ဦးနော်။

With love,

Megan (For Her Myanmar)

References : Pinterest, Vouge It

No Comments Yet

Comments are closed