မ်က္ကပ္မွန္တပ္ဆင္သူတိုင္း သိထားသင့္တဲ့အခ်က္ (၅) ခ်က္

အနီးၾကည့္ၾကည့္ အေဝးၾကည့္ၾကည့္ အဆင္ေျပေစဖို႔

ေယာင္းတို႔ေရ … မ်က္ကပ္မွန္ေရာင္စံု ဒီဇိုင္းစံုေတြကို မ်က္လံုးပါဝါရွိတဲ့သူေရာ၊ မ်က္လံုးပါဝါမရွိတဲ့သူေရာ အလွအပအတြက္ တြင္တြင္က်ယ္က်ယ္တပ္လာၾကပါၿပီ။ ဘယ္လိုပဲတပ္တပ္ပါ … မ်က္ကပ္မွန္တပ္ေတာ့မယ္ဆိုရင္ ဒီအခ်က္ေတြကို သိထားဖို႔လိုပါတယ္။

(၁) ေရမထိပါနဲ႔။
မ်က္ကပ္မွန္ကို ဘံုဘိုင္ေရပဲျဖစ္ျဖစ္ ေရသန္႔ပဲျဖစ္ျဖစ္ ဘယ္ေရနဲ႔မွ ေပးမထိပါနဲ႔။ ေရထဲမွာ မျမင္ႏိုင္ေအာင္ေသးတဲ့ ဘက္တီးရီးယားေလးေတြပါတာမို႔ မ်က္ကပ္မွန္မွာ ကပ္ၿငိၿပီး မ်က္စိကြယ္တတ္ပါတယ္။ ဒါေၾကာင့္ ေရခ်ိဳး၊ေရကူးရင္ မ်က္ကပ္မွန္မတပ္ပါနဲ႔။

(၂) မ်က္ကပ္မွန္ေဆးရည္သံုးပါ။
မ်က္ကပ္မွန္ေဆးရည္ကို လြယ္လြယ္ဝယ္လို႔ရပါတယ္။ ေဆးနည္းကေတာ့ မ်က္ကပ္မွန္ေဆး
ည္ကို လက္သန္႔သန္႔ထဲမွာထည့္ၿပီး မ်က္ကပ္မွန္နဲ႔ ေျဖးေျဖးေလး ပြတ္ေဆးေပးရပါမယ္။ မ်က္ကပ္မွန္ထည့္တဲ့ဘူးကိုလည္း ေန႔တိုင္းေဆးရည္အသစ္လဲလွယ္ေပးပါ။

Related article >>> ေခၽြးေပါက္ကို ပိုက်ယ္ေစတဲ့ အသားအေရထိန္းသိမ္းနည္းအမွား (၅) ခု

(၃) မ်က္ကပ္မွန္ခၽြတ္ၿပီး အိပ္ပါ။
တစ္ခါတေလျဖစ္တတ္တယ္။ မ်က္ကပ္မွန္တပ္ထားတုန္း အမွတ္တမဲ့အိပ္ေပ်ာ္သြားတာေလ။ အဲ့လိုအိပ္လိုက္တဲ့အခါ ေအာက္ဆီဂ်င္ဝင္လို႔မရေတာ့တဲ့အတြက္ မ်က္ကပ္မွန္မွာကပ္ေနတဲ့ ဘက္တီးရီးေတြအႀကိဳက္ပါပဲ။ ဒီလိုအခါေတြမွာ မ်က္လံုးယားတာ၊ မ်က္ကပ္မွန္ခၽြတ္ရခက္တာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။

(၄) လက္ကိုအၿမဲသန္႔ေနပါေစ။
မ်က္ကပ္မွန္မတပ္မီအခ်ိန္နဲ႔ မခၽြတ္မီအခ်ိန္ေတြမွာ လက္ကိုအၿမဲေဆးပါ။ လက္ေတြဟာ အရာဝတၳဳမ်ိဳးစံုကို ကိုင္တြယ္ေနတာျဖစ္တဲ့အတြက္ ပိုးမႊားအမ်ားဆံုးခႏၶာကိုယ္အစိတ္အပိုင္းႀကီးလို႔ေတာင္ ေျပာလို႔ရပါတယ္။ လက္ေပၚကပိုးမႊားေတြ မ်က္လံုးႏုႏုေလးထဲ ခုန္ေပါက္ဝင္မသြားေစခ်င္ရင္ေတာ့ လက္ေဆးပါေယာင္းေရ။

Related article >>> ရွိရင္းစြဲအသက္ထက္ ပိုငယ္ပံုေပါက္သြားေအာင္ မိတ္ကပ္ဘယ္လိုလိမ္းၾကမလဲ?

(၅) မ်က္ကပ္မွန္ဘူးကို ေဆးေၾကာပါ။
မ်က္ကပ္မွန္ဘူးကိုလည္း ေဆးေၾကာေပးဖို႔လိုပါေသးတယ္။ မ်က္ကပ္မွန္ေဆးရည္နဲ႔ ေသခ်ာေဆးေၾကာၿပီးရင္ အေျခာက္ခံထားလိုက္ပါ။ (ေရနဲ႔ဆပ္ျပာ လံုးဝမသံုးပါနဲ႔။) မ်က္ကပ္မွန္ဘူးကို သံုးလတစ္ခါလဲလွယ္ေပးႏိုင္ရင္ေတာ့ အေကာင္းဆံုးေပါ့။

မ်က္လံုးက ခႏၶာကိုယ္ရဲ႕အႏူးညံ့ဆံုးအပိုင္းျဖစ္တဲ့အတြက္ ေသခ်ာေလးဂ႐ုစိုက္ေပးပါေယာင္းေရ။ မ်က္လံုးဆိုတာ အစားျပန္ရဖို႔လည္း ခဲယဥ္းတယ္ေလေနာ္။

Stella (For Her Myanmar)

<<< Unicode >>>

အနီးကြည့်ကြည့် အဝေးကြည့်ကြည့် အဆင်ပြေစေဖို့

ယောင်းတို့ရေ … မျက်ကပ်မှန်ရောင်စုံ ဒီဇိုင်းစုံတွေကို မျက်လုံးပါဝါရှိတဲ့သူရော၊ မျက်လုံးပါဝါမရှိတဲ့သူရော အလှအပအတွက် တွင်တွင်ကျယ်ကျယ်တပ်လာကြပါပြီ။ ဘယ်လိုပဲတပ်တပ်ပါ … မျက်ကပ်မှန်တပ်တော့မယ်ဆိုရင် ဒီအချက်တွေကို သိထားဖို့လိုပါတယ်။

(၁) ရေမထိပါနဲ့။
မျက်ကပ်မှန်ကို ဘုံဘိုင်ရေပဲဖြစ်ဖြစ် ရေသန့်ပဲဖြစ်ဖြစ် ဘယ်ရေနဲ့မှ ပေးမထိပါနဲ့။ ရေထဲမှာ မမြင်နိုင်အောင်သေးတဲ့ ဘက်တီးရီးယားလေးတွေပါတာမို့ မျက်ကပ်မှန်မှာ ကပ်ငြိပြီး မျက်စိကွယ်တတ်ပါတယ်။ ဒါကြောင့် ရေချိုး၊ရေကူးရင် မျက်ကပ်မှန်မတပ်ပါနဲ့။

(၂) မျက်ကပ်မှန်ဆေးရည်သုံးပါ။
မျက်ကပ်မှန်ဆေးရည်ကို လွယ်လွယ်ဝယ်လို့ရပါတယ်။ ဆေးနည်းကတော့ မျက်ကပ်မှန်ဆေး
ည်ကို လက်သန့်သန့်ထဲမှာထည့်ပြီး မျက်ကပ်မှန်နဲ့ ဖြေးဖြေးလေး ပွတ်ဆေးပေးရပါမယ်။ မျက်ကပ်မှန်ထည့်တဲ့ဘူးကိုလည်း နေ့တိုင်းဆေးရည်အသစ်လဲလှယ်ပေးပါ။

Related article >>> ချွေးပေါက်ကို ပိုကျယ်စေတဲ့ အသားအရေထိန်းသိမ်းနည်းအမှား (၅) ခု

(၃) မျက်ကပ်မှန်ချွတ်ပြီး အိပ်ပါ။
တစ်ခါတလေဖြစ်တတ်တယ်။ မျက်ကပ်မှန်တပ်ထားတုန်း အမှတ်တမဲ့အိပ်ပျော်သွားတာလေ။ အဲ့လိုအိပ်လိုက်တဲ့အခါ အောက်ဆီဂျင်ဝင်လို့မရတော့တဲ့အတွက် မျက်ကပ်မှန်မှာကပ်နေတဲ့ ဘက်တီးရီးတွေအကြိုက်ပါပဲ။ ဒီလိုအခါတွေမှာ မျက်လုံးယားတာ၊ မျက်ကပ်မှန်ချွတ်ရခက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

(၄) လက်ကိုအမြဲသန့်နေပါစေ။
မျက်ကပ်မှန်မတပ်မီအချိန်နဲ့ မချွတ်မီအချိန်တွေမှာ လက်ကိုအမြဲဆေးပါ။ လက်တွေဟာ အရာဝတ္ထုမျိုးစုံကို ကိုင်တွယ်နေတာဖြစ်တဲ့အတွက် ပိုးမွှားအများဆုံးခန္ဓာကိုယ်အစိတ်အပိုင်းကြီးလို့တောင် ပြောလို့ရပါတယ်။ လက်ပေါ်ကပိုးမွှားတွေ မျက်လုံးနုနုလေးထဲ ခုန်ပေါက်ဝင်မသွားစေချင်ရင်တော့ လက်ဆေးပါယောင်းရေ။

Related article >>> ရှိရင်းစွဲအသက်ထက် ပိုငယ်ပုံပေါက်သွားအောင် မိတ်ကပ်ဘယ်လိုလိမ်းကြမလဲ?

(၅) မျက်ကပ်မှန်ဘူးကို ဆေးကြောပါ။
မျက်ကပ်မှန်ဘူးကိုလည်း ဆေးကြောပေးဖို့လိုပါသေးတယ်။ မျက်ကပ်မှန်ဆေးရည်နဲ့ သေချာဆေးကြောပြီးရင် အခြောက်ခံထားလိုက်ပါ။ (ရေနဲ့ဆပ်ပြာ လုံးဝမသုံးပါနဲ့။) မျက်ကပ်မှန်ဘူးကို သုံးလတစ်ခါလဲလှယ်ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။

မျက်လုံးက ခန္ဓာကိုယ်ရဲ့အနူးညံ့ဆုံးအပိုင်းဖြစ်တဲ့အတွက် သေချာလေးဂရုစိုက်ပေးပါယောင်းရေ။ မျက်လုံးဆိုတာ အစားပြန်ရဖို့လည်း ခဲယဉ်းတယ်လေနော်။

Stella (For Her Myanmar)

No Comments Yet

Comments are closed