Beauty Fashion & Beauty Food Health

အရြယ္တင္ႏုပ်ိဳေစတဲ့ ေကာ္လဂ်င္ဓာတ္ကို ျမွင့္တင္ေပးမယ့္ အစားအစာ (၅) မ်ိဳး

ရွိရင္းစြဲအသက္ထက္ႏုပ်ိဳတဲ့ပံုေပါက္ေအာင္ ဘာအစားအစာေတြ စားရမွာလဲ??

ေကာ္လဂ်င္ (Collagen) ဆိုတာ ေယာင္းကို ပိုၿပီးႏုပ်ိဳတဲ့အသြင္ေပါက္ေစတဲ့ ဓာတ္တစ္မ်ိဳးပါ။ Stella တို႔ရဲ႕ ကိုယ္ခႏၶာအတြင္းမွာ ေကာ္လဂ်င္ဓာတ္ကပါၿပီးသားပါ။ ဒါေပမဲ့ အသက္အရြယ္ရလာတာနဲ႔အမွ် ခႏၶာကိုယ္ရဲ႕ collagen ထုတ္လႊတ္ႏႈန္းက ေႏွးေကြးလာပါတယ္။

ေကာ္လဂ်င္ထုတ္လႊတ္ႏႈန္းေႏွးတာမ်ား ဘာလုပ္ရမွာလဲလို႔ မေတြးလိုက္နဲ႔ေနာ္။ ေကာ္လဂ်င္ဓာတ္နည္းလာေလေလ အသားအေရက ေလ်ာ့ရဲလာၿပီး အေရးအေၾကာင္းေတြ မ်ားလာေလေလပါပဲ။ ဟင္ ဒါဆို ေကာ္လဂ်င္ဓာတ္မလႊတ္ေတာ့ရင္ဘယ္လိုလုပ္မလဲ? မပူပါနဲ႔ အိုမင္းရင့္ေရာ္ျခင္းကို ေႏွးေကြးေစၿပီး အေရးအေၾကာင္းေတြကို ကာကြယ္ေပမယ့္ အစားအစာေတြ ရွိပါတယ္။ ဒါေတြကေတာ့ ….

(၁) ငါး

ငါးမွာ အိုမီဂါသရီးဖက္တီးအက္စစ္ (Omega-3 fatty acid) ေတြ ျပည့္ဝစြာပါဝင္တဲ့အတြက္ အေရျပားဆဲလ္ေတြရဲ႕ ေဘးနံရံေတြကို ဝန္းရံထားတဲ့ အေျမွးပါးေတြကို အားျဖည့္ေပးပါတယ္။ အေရျပားဆဲလ္ေတြက အားျပည့္က်န္းမာေနသေရြ႕ ေယာင္းက ရွိရင္းစြဲ အသက္ထက္ ႏုပ်ိဳေနမွာပါေနာ္။

Related article >>> အသားျဖဴဖို႔ကနံပါတ္ (၁) လား? ႏိုးးးး အသားအေရေကာင္းဖို႔က နံပါတ္ (၁) ပါေနာ္…

(၂) ဟင္းသီးဟင္းရြက္ေတြ

ခရမ္းခ်ဥ္သီး၊ beetroot နဲ႔ အနီေရာင္ငရုတ္ပြစတဲ့ အနီေရာင္ ဟင္းသီးဟင္းရြက္ေတြ၊ ဟင္းႏုနယ္၊ ပန္းေဂၚဖီစိမ္းစတဲ့ အစိမ္းရင့္ေရာင္ ဟင္းသီးဟင္းရြက္ေတြ၊ ေရႊဖရုံသီး၊ မုန္လာဥနီစတဲ့ လိေမၼာ္ေရာင္ ဟင္းသီးဟင္းရြက္ေတြက ေနေရာင္ျခည္ေၾကာင့္ အသားအေရပ်က္စီးျခင္းမွ ကာကြယ္ေပးပါတယ္။ ဒါ့အျပင္ ခႏၶာကိုယ္တြင္းမွာရွိတဲ့ ေကာ္လဂ်င္လယ္ဗယ္ကိုလည္း ျမွင့္တင္ေပးပါေသးတယ္။

(၃) အသီးအႏွံေတြ

အခ်ဥ္ဓာတ္ပါတဲ့ လိေမၼာ္သီး၊ ပင္မွည့္သီးေတြမွာပါတဲ့ ဗီတာမင္စီဟာ ခႏၶာကိုယ္တြင္းမွာရွိတဲ့ အမိုင္ႏိုအက္စစ္ကို ေကာ္လဂ်င္အျဖစ္ ေျပာင္းေပးႏိုင္ပါတယ္။ ဘယ္ရီသီးေတြြကလည္း ေကာ္လဂ်င္ထုတ္လုပ္ႏႈန္းကို ျမင့္တက္ေစပါတယ္ေနာ္။

Related article >>> ဝင္းပစိုျပည္တဲ့ အသားအေရကို ပိုင္ဆိုင္ႏိုင္ေစဖို႔ မီးဖိုေခ်ာင္ထဲက လွ်ိဳ႕ဝွက္မိတ္ေဆြေလးမ်ား

(၄) ပရုိတင္းေတြ

အသားေတြမွာ ေယာင္းရဲ႕ခႏၶာကိုယ္က မထုတ္ေပးႏိုင္တဲ့ အမိုင္ႏိုအက္စစ္ေတြ ပါဝင္ပါတယ္။ ဒီအမိုင္ႏိုအက္စစ္ေတြဟာဆိုရင္ေတာ့ ေယာင္းအတြက္ ေကာ္လဂ်င္အျဖစ္ ေျပာင္းလဲေပးႏိုင္ပါတယ္။ ၾကက္ဥအကာေတြမွာလည္း ေကာ္လဂ်င္ဓာတ္ေတြပါဝင္တာေၾကာင့္ ေယာင္းရဲ႕ေန႔စဥ္စားသင့္တဲ့ စာရင္းထဲ တစ္ခုအပါအဝင္ပါ။ သက္သတ္လြတ္သမားေတြအတြက္ကေတာ့ အသားနဲ႔ ဥအမ်ိဳးမ်ိဳးအစား အေစ့အဆန္ေတြကို အစားထိုးေပးႏိုင္ပါတယ္။

(၅) ဂံုး

ဂံုးမွာ ပါဝင္တဲ့ သံဓာတ္နဲ႔ ဇင့္ဓာတ္စတာေတြက ေယာင္းခႏၶာကိုယ္ရဲ႕ ေကာ္လဂ်င္ ျပန္ျဖည့္တင္းေပးတဲ့ လုပ္ငန္းစဥ္အတြက္ အေရးပါတဲ့ ဓာတ္ေတြပါ။ ဂံုးမွာ က်န္းမာေရးကို အေထာက္အကူျပဳတဲ့ တျခားေသာ ဓာတ္ေတြလည္း ရွိေနပါေသးတယ္။

Related article >>> အဆီျပန္တဲ့အသားအေရ (Oily skin) အတြက္ skincare tips and tricks ေပါင္းခ်ဳပ္

ေကာ္လဂ်င္ဟင္းခ်ိဳေတြ၊ ေကာ္လဂ်င္အားျဖည့္အခ်ိဳရည္ေတြလည္း ေသာက္ေပးလို႔ရတာမွန္ေပမဲ့ ဒါေတြက ေဈးသက္သာတဲ့ထဲ မပါတာမို႔ အၿမဲမေသာက္ႏိုင္ပါဘူး။ ဒါ့ေၾကာင့္ က်န္းမာေရးနဲ႔ ညီညြတ္တဲ့ သဘာဝကေပးတဲ့ အစားအစာေတြကို မ်ားမ်ားစားေပးၿပီး အရြယ္တင္ႏုပ်ိဳတဲ့ အသားအေရေလးကို ပိုင္ဆိုင္ၾကပါေစလို႔….

Stella (For Her Myanmar)

<<< Unicode >>>

ရှိရင်းစွဲအသက်ထက်နုပျိုတဲ့ပုံပေါက်အောင် ဘာအစားအစာတွေ စားရမှာလဲ??

ကော်လဂျင် (Collagen) ဆိုတာ ယောင်းကို ပိုပြီးနုပျိုတဲ့အသွင်ပေါက်စေတဲ့ ဓာတ်တစ်မျိုးပါ။ Stella တို့ရဲ့ ကိုယ်ခန္ဓာအတွင်းမှာ ကော်လဂျင်ဓာတ်ကပါပြီးသားပါ။ ဒါပေမဲ့ အသက်အရွယ်ရလာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့ collagen ထုတ်လွှတ်နှုန်းက နှေးကွေးလာပါတယ်။

ကော်လဂျင်ထုတ်လွှတ်နှုန်းနှေးတာများ ဘာလုပ်ရမှာလဲလို့ မတွေးလိုက်နဲ့နော်။ ကော်လဂျင်ဓာတ်နည်းလာလေလေ အသားအရေက လျော့ရဲလာပြီး အရေးအကြောင်းတွေ များလာလေလေပါပဲ။ ဟင် ဒါဆို ကော်လဂျင်ဓာတ်မလွှတ်တော့ရင်ဘယ်လိုလုပ်မလဲ? မပူပါနဲ့ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေပြီး အရေးအကြောင်းတွေကို ကာကွယ်ပေမယ့် အစားအစာတွေ ရှိပါတယ်။ ဒါတွေကတော့ ….

(၁) ငါး

ငါးမှာ အိုမီဂါသရီးဖက်တီးအက်စစ် (Omega-3 fatty acid) တွေ ပြည့်ဝစွာပါဝင်တဲ့အတွက် အရေပြားဆဲလ်တွေရဲ့ ဘေးနံရံတွေကို ဝန်းရံထားတဲ့ အမြှေးပါးတွေကို အားဖြည့်ပေးပါတယ်။ အရေပြားဆဲလ်တွေက အားပြည့်ကျန်းမာနေသရွေ့ ယောင်းက ရှိရင်းစွဲ အသက်ထက် နုပျိုနေမှာပါနော်။

Related article >>> အသားဖြူဖို့ကနံပါတ် (၁) လား? နိုးးးး အသားအရေကောင်းဖို့က နံပါတ် (၁) ပါနော်…

(၂) ဟင်းသီးဟင်းရွက်တွေ

ခရမ်းချဉ်သီး၊ beetroot နဲ့ အနီရောင်ငရုတ်ပွစတဲ့ အနီရောင် ဟင်းသီးဟင်းရွက်တွေ၊ ဟင်းနုနယ်၊ ပန်းဂေါ်ဖီစိမ်းစတဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ၊ ရွှေဖရုံသီး၊ မုန်လာဥနီစတဲ့ လိမ္မော်ရောင် ဟင်းသီးဟင်းရွက်တွေက နေရောင်ခြည်ကြောင့် အသားအရေပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ကော်လဂျင်လယ်ဗယ်ကိုလည်း မြှင့်တင်ပေးပါသေးတယ်။

(၃) အသီးအနှံတွေ

အချဉ်ဓာတ်ပါတဲ့ လိမ္မော်သီး၊ ပင်မှည့်သီးတွေမှာပါတဲ့ ဗီတာမင်စီဟာ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အမိုင်နိုအက်စစ်ကို ကော်လဂျင်အဖြစ် ပြောင်းပေးနိုင်ပါတယ်။ ဘယ်ရီသီးတွေကလည်း ကော်လဂျင်ထုတ်လုပ်နှုန်းကို မြင့်တက်စေပါတယ်နော်။

Related article >>> ဝင်းပစိုပြည်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေဖို့ မီးဖိုချောင်ထဲက လျှို့ဝှက်မိတ်ဆွေလေးများ

(၄) ပရိုတင်းတွေ

အသားတွေမှာ ယောင်းရဲ့ခန္ဓာကိုယ်က မထုတ်ပေးနိုင်တဲ့ အမိုင်နိုအက်စစ်တွေ ပါဝင်ပါတယ်။ ဒီအမိုင်နိုအက်စစ်တွေဟာဆိုရင်တော့ ယောင်းအတွက် ကော်လဂျင်အဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ ကြက်ဥအကာတွေမှာလည်း ကော်လဂျင်ဓာတ်တွေပါဝင်တာကြောင့် ယောင်းရဲ့နေ့စဉ်စားသင့်တဲ့ စာရင်းထဲ တစ်ခုအပါအဝင်ပါ။ သက်သတ်လွတ်သမားတွေအတွက်ကတော့ အသားနဲ့ ဥအမျိုးမျိုးအစား အစေ့အဆန်တွေကို အစားထိုးပေးနိုင်ပါတယ်။

(၅) ဂုံး

ဂုံးမှာ ပါဝင်တဲ့ သံဓာတ်နဲ့ ဇင့်ဓာတ်စတာတွေက ယောင်းခန္ဓာကိုယ်ရဲ့ ကော်လဂျင် ပြန်ဖြည့်တင်းပေးတဲ့ လုပ်ငန်းစဉ်အတွက် အရေးပါတဲ့ ဓာတ်တွေပါ။ ဂုံးမှာ ကျန်းမာရေးကို အထောက်အကူပြုတဲ့ တခြားသော ဓာတ်တွေလည်း ရှိနေပါသေးတယ်။

Related article >>> အဆီပြန်တဲ့အသားအရေ (Oily skin) အတွက် skincare tips and tricks ပေါင်းချုပ်

ကော်လဂျင်ဟင်းချိုတွေ၊ ကော်လဂျင်အားဖြည့်အချိုရည်တွေလည်း သောက်ပေးလို့ရတာမှန်ပေမဲ့ ဒါတွေက ဈေးသက်သာတဲ့ထဲ မပါတာမို့ အမြဲမသောက်နိုင်ပါဘူး။ ဒါ့ကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သဘာဝကပေးတဲ့ အစားအစာတွေကို များများစားပေးပြီး အရွယ်တင်နုပျိုတဲ့ အသားအရေလေးကို ပိုင်ဆိုင်ကြပါစေလို့….

Stella (For Her Myanmar)

Stella
Stella
Stella ကေတာ့ Fashion နဲ႕ Beauty ကို ဝါသနာပါလို႔ For Her Myanmar မွာ ေယာင္းေယာင္းတို႔အတြက္ beauty hacks ေတြ, fashion နဲ႕ပက္သက္တဲ့ အေၾကာင္းအရာမ်ိဳးစံုကို အဓိကေဝမွ်ေပးသြားမွာပါ။ သုတရသေတြကိုလည္း လက္လွမ္းမွီသေလာက္ ေရးေပးပါေသးတယ္။

Leave a Reply

Your email address will not be published. Required fields are marked *