Beauty

မ်က္ခံုးရိတ္တဲ့ သင္တုန္းဓားမကိုင္ခင္ သိသင့္တဲ့အခ်က္ ၄ ခ်က္

သိထားသင့္ပါတယ္ ဇြိဇြိဇြပ္ဇြပ္နဲ႔ ရိတ္ခ်င္ရင္ေပါ့ 😛

ဟိတ္ မ်က္ခံုးေတြႏႈတ္ရတာ၊ အပ္ခ်ည္နဲ႔ အျမစ္က ဆြဲျဖဳတ္ရတာေတြက မ်က္လံုးနားတစ္ဝိုက္ အေရျပားေတြကို ဆြဲဆြဲခြာေနသလို ခံစားေစေတာ့ အရမ္းနာလာလို႔ဆိုၿပီး မ်က္ခံုးရိတ္ဖို႔ စဥ္းစားေနၿပီလား? အမွန္တကယ္ေတာ့ အဲဒီလိုရိတ္တယ္ဆိုတာလည္း ၾကည့္ေတာ့သာ လြယ္လြယ္ေလး၊ အခ်ိန္လည္းသိပ္မကုန္ဘူးဆိုၿပီး သက္သာမယ္လို႔ ထင္ရေပမဲ့ တကယ္တမ္းက်ေတာ့ ထင္သေလာက္ အဆင္မေျပပါဘူး။ ဒါေၾကာင့္ အဲဒီသင္တုန္းဓားကိုင္ထားတဲ့ လက္ကို ေအာက္ေလးခဏခ်ၿပီး ဒီေဆာင္းပါးေလးကို အရင္ဖတ္ၾကည့္ေနာ္။

မ်က္ခံုးနားတစ္ဝိုက္က အေရျပားပါးလို႔ ထိလြယ္ရွလြယ္တယ္။

စဥ္းစားၾကည့္ေယာင္း ဒီအေရျပားပါးပါး ႏုႏုေလးေပၚမွာ ဓားတင္ၿပီး ရိတ္ရမွာဆိုေတာ့ ဓားနဲ႔မ်ားျခစ္မိရင္ေတာ့ အမေလး။ ၿပီးေတာ့ ျခစ္မိသြားတာက အရမ္းအေရးမႀကီးေသးဘူး ျခစ္ၿပီးရလာမယ့္ဒဏ္ရာက မ်က္ႏွာေပၚမွာဆိုေတာ့ ဖံုးမရျပဳမရနဲ႔ တစ္ပတ္ဆယ္ရက္ေလာက္ တိုင္ပတ္ေနရဦးမွာ။

Related Article >>> မ်က္ခံုးပံုသြင္းတာနဲ႔ ပတ္သက္ၿပီး ေယာင္းတို႔ မသိေသးတဲ့အခ်က္ေတြ …

မ်က္ခံုးႏွစ္ဖက္မညီတာေတြ ျဖစ္ႏိုင္တယ္။

မ်က္ခံုးရိတ္တာကေလ ဓားေလးတဂ်ိဂ်ိနဲ႔ နည္းနည္းပါးပါး ဟိုလုပ္ဒီလုပ္ လုပ္ၿပီးတာနဲ႔ ၿပီးသြားၿပီလို႔ထင္ရေပမဲ့ တကယ္တမ္းက်ေတာ့ တျခားႏႈတ္တာ၊ အေမြးခၽြတ္တာေတြထက္ပိုၿပီး တာဝန္ႀကီးပါတယ္။ ကိုယ္မရိတ္ခင္မွာ မ်က္ခံုးကိုေနရာက်ေအာင္ vaseline ဒါမွမဟုတ္ အေမြးရိတ္ခရင္မ္နဲ႔ အရင္ေနရာတက်ျဖစ္ေအာင္ ပံုသြင္းထားဖို႔ လိုအပ္ပါတယ္။ မဟုတ္ရင္ေတာ့ မ်က္ခံုးႏွစ္ဖက္ ေတာင္တစ္လမ္းေျမာက္တစ္လမ္းေတြ ျဖစ္သြားတတ္ပါတယ္။

ျပန္ထြက္လာတဲ့ မ်က္ခံုးငုတ္စိတိုေတြက အရမ္းစိတ္အေႏွာက္အယွက္ ျဖစ္စရာေကာင္းတယ္။

အေမြးဆိုတဲ့အမ်ိဳးကေလ ဘယ္ေနရာဘယ္ေဒသ ဘယ္ရပ္ကြက္ကဟာပဲျဖစ္ျဖစ္ တစ္ခါရိတ္ၿပီးတာနဲ႔ အေမြးၾကမ္းၾကမ္းေတြ ထြက္လာတတ္ၿပီး အခန္႔မသင့္ရင္ အသားပတ္သလို အေရျပားေတြပါ အက္ကြဲသြားေစတတ္ပါေသးတယ္။ ေနာက္ၿပီး ရိတ္ၿပီးျပန္ထြက္လာတဲ့ အေမြးငုတ္စိေတြကလည္း ထြက္စမွာ ယားယံေစၿပီး ထိုးထိုးေထာင္ေထာင္နဲ႔ ၾကည့္ရတာေတာ့ နည္းနည္းဆိုးေစပါတယ္။

Related Article >>> အပ္ခ်ည္တစ္မွ်င္သာ လိုပါတယ္

ခဏခဏျပန္ရိတ္ရတယ္။

အခ်ိန္မရွိလို႔ မ်က္ခံုးကို ေကာက္ရိတ္လိုက္တယ္ေပါ့? ေျပာပါဦး ခဏခဏအခ်ိန္ေပးၿပီး ျပန္ျပန္ရိတ္ေနရတဲ့ အေၾကာင္းေလး… ကိုယ့္မွာေတာ့ အခ်ိန္မရွိတဲ့ၾကားက တစ္ဖက္နဲ႔တစ္ဖက္ညီေအာင္ ေသခ်ာမ်က္လံုးႀကီး ျပဴးၿပီး မနည္းရိတ္လိုက္ရေပမဲ့ ၃ ရက္ေလာက္လည္းၾကာေရာ ဟိုတစ္ကြက္ဒီတစ္ကြက္နဲ႔ ကြက္ၾကားမိုးရြာၿပီး ျပန္ေပါက္လာေတာ့ အိုင္ကဘယ္လိုလုပ္ေပးရမလဲေျပာၾကည့္။

ဒါေပမဲ့လည္း ဒီလိုတာဝန္ႀကီးတဲ့အလုပ္ကို စြန္႔စြန္႔စားစားနဲ႔ လက္ရဲဇက္ရဲ တစ္ဇြပ္ဇြပ္ရိတ္ရိတ္ေနတာ ဘယ္သူလို႔ထင္လဲ? ႏွင္းေလ ႏွင္းေပါ့ :’) ႏွင္းကေတာ့ ရိတ္ေနက်မို႔လားမသိဘူး ဘယ္ေနရာဘယ္လို ထြက္တတ္တယ္ဆိုတာ သိေနလို႔ မ်က္ခံုးကို ေနရာခ်ၿပီး လိုတ့ဲေနရာေတြ ရိတ္ခ်ထည့္လိုက္တာပဲ။

ခဏခဏျပန္ျပန္ရိတ္ရေပမဲ့ ႏွင္းအတြက္ေတာ့ ေတာ္ေတာ္အဆင္ေျပလို႔ ဒီနည္းပဲသံုးပါတယ္ေနာ္။ အာ့ေၾကာင့္ ေယာင္းတို႔လည္း စစခ်င္းရိတ္လို႔ မကၽြမ္းက်င္ေသးတဲ့အခ်ိန္မွာ အခ်ိန္ေပးၿပီး ေသခ်ာရိတ္ပါ။ တျဖည္းျဖည္းနဲ႔ အဆင္ေျပလာရင္ေတာ့ ေအးေဆးမွန္းဆၿပီးေတာ့သာ ရိတ္ထည့္လိုက္ေတာ့ေအ။ ရိတ္ၿပီးရင္ေတာ့ ေရဓာတ္ျဖည့္ခရင္မ္ေလး ျဖစ္ျဖစ္၊ ရွားေစာင္းလက္ပတ္ေလးျဖစ္ျဖစ္ လိမ္းေပးပါ။ ဒါဆို အသားအေရ နီျမန္းတာ၊ ပြန္းတာေတြလည္း မျဖစ္ေတာ့ဘူးေပါ့။

Hnin Ei Oo (For Her Myanmar)

<<< Unicode >>>

သိထားသင့်ပါတယ် ဇွိဇွိဇွပ်ဇွပ်နဲ့ ရိတ်ချင်ရင်ပေါ့ 😛

ဟိတ် မျက်ခုံးတွေနှုတ်ရတာ၊ အပ်ချည်နဲ့ အမြစ်က ဆွဲဖြုတ်ရတာတွေက မျက်လုံးနားတစ်ဝိုက် အရေပြားတွေကို ဆွဲဆွဲခွာနေသလို ခံစားစေတော့ အရမ်းနာလာလို့ဆိုပြီး မျက်ခုံးရိတ်ဖို့ စဉ်းစားနေပြီလား? အမှန်တကယ်တော့ အဲဒီလိုရိတ်တယ်ဆိုတာလည်း ကြည့်တော့သာ လွယ်လွယ်လေး၊ အချိန်လည်းသိပ်မကုန်ဘူးဆိုပြီး သက်သာမယ်လို့ ထင်ရပေမဲ့ တကယ်တမ်းကျတော့ ထင်သလောက် အဆင်မပြေပါဘူး။ ဒါကြောင့် အဲဒီသင်တုန်းဓားကိုင်ထားတဲ့ လက်ကို အောက်လေးခဏချပြီး ဒီဆောင်းပါးလေးကို အရင်ဖတ်ကြည့်နော်။

မျက်ခုံးနားတစ်ဝိုက်က အရေပြားပါးလို့ ထိလွယ်ရှလွယ်တယ်။

စဉ်းစားကြည့်ယောင်း ဒီအရေပြားပါးပါး နုနုလေးပေါ်မှာ ဓားတင်ပြီး ရိတ်ရမှာဆိုတော့ ဓားနဲ့များခြစ်မိရင်တော့ အမလေး။ ပြီးတော့ ခြစ်မိသွားတာက အရမ်းအရေးမကြီးသေးဘူး ခြစ်ပြီးရလာမယ့်ဒဏ်ရာက မျက်နှာပေါ်မှာဆိုတော့ ဖုံးမရပြုမရနဲ့ တစ်ပတ်ဆယ်ရက်လောက် တိုင်ပတ်နေရဦးမှာ။

Related Article >>> မျက်ခုံးပုံသွင်းတာနဲ့ ပတ်သက်ပြီး ယောင်းတို့ မသိသေးတဲ့အချက်တွေ …

မျက်ခုံးနှစ်ဖက်မညီတာတွေ ဖြစ်နိုင်တယ်။

မျက်ခုံးရိတ်တာကလေ ဓားလေးတဂျိဂျိနဲ့ နည်းနည်းပါးပါး ဟိုလုပ်ဒီလုပ် လုပ်ပြီးတာနဲ့ ပြီးသွားပြီလို့ထင်ရပေမဲ့ တကယ်တမ်းကျတော့ တခြားနှုတ်တာ၊ အမွေးချွတ်တာတွေထက်ပိုပြီး တာဝန်ကြီးပါတယ်။ ကိုယ်မရိတ်ခင်မှာ မျက်ခုံးကိုနေရာကျအောင် vaseline ဒါမှမဟုတ် အမွေးရိတ်ခရင်မ်နဲ့ အရင်နေရာတကျဖြစ်အောင် ပုံသွင်းထားဖို့ လိုအပ်ပါတယ်။ မဟုတ်ရင်တော့ မျက်ခုံးနှစ်ဖက် တောင်တစ်လမ်းမြောက်တစ်လမ်းတွေ ဖြစ်သွားတတ်ပါတယ်။

ပြန်ထွက်လာတဲ့ မျက်ခုံးငုတ်စိတိုတွေက အရမ်းစိတ်အနှောက်အယှက် ဖြစ်စရာကောင်းတယ်။

အမွေးဆိုတဲ့အမျိုးကလေ ဘယ်နေရာဘယ်ဒေသ ဘယ်ရပ်ကွက်ကဟာပဲဖြစ်ဖြစ် တစ်ခါရိတ်ပြီးတာနဲ့ အမွေးကြမ်းကြမ်းတွေ ထွက်လာတတ်ပြီး အခန့်မသင့်ရင် အသားပတ်သလို အရေပြားတွေပါ အက်ကွဲသွားစေတတ်ပါသေးတယ်။ နောက်ပြီး ရိတ်ပြီးပြန်ထွက်လာတဲ့ အမွေးငုတ်စိတွေကလည်း ထွက်စမှာ ယားယံစေပြီး ထိုးထိုးထောင်ထောင်နဲ့ ကြည့်ရတာတော့ နည်းနည်းဆိုးစေပါတယ်။

Related Article >>> အပ်ချည်တစ်မျှင်သာ လိုပါတယ်

ခဏခဏပြန်ရိတ်ရတယ်။

အချိန်မရှိလို့ မျက်ခုံးကို ကောက်ရိတ်လိုက်တယ်ပေါ့? ပြောပါဦး ခဏခဏအချိန်ပေးပြီး ပြန်ပြန်ရိတ်နေရတဲ့ အကြောင်းလေး… ကိုယ့်မှာတော့ အချိန်မရှိတဲ့ကြားက တစ်ဖက်နဲ့တစ်ဖက်ညီအောင် သေချာမျက်လုံးကြီး ပြူးပြီး မနည်းရိတ်လိုက်ရပေမဲ့ ၃ ရက်လောက်လည်းကြာရော ဟိုတစ်ကွက်ဒီတစ်ကွက်နဲ့ ကွက်ကြားမိုးရွာပြီး ပြန်ပေါက်လာတော့ အိုင်ကဘယ်လိုလုပ်ပေးရမလဲပြောကြည့်။

ဒါပေမဲ့လည်း ဒီလိုတာဝန်ကြီးတဲ့အလုပ်ကို စွန့်စွန့်စားစားနဲ့ လက်ရဲဇက်ရဲ တစ်ဇွပ်ဇွပ်ရိတ်ရိတ်နေတာ ဘယ်သူလို့ထင်လဲ? နှင်းလေ နှင်းပေါ့ :’) နှင်းကတော့ ရိတ်နေကျမို့လားမသိဘူး ဘယ်နေရာဘယ်လို ထွက်တတ်တယ်ဆိုတာ သိနေလို့ မျက်ခုံးကို နေရာချပြီး လိုတဲ့နေရာတွေ ရိတ်ချထည့်လိုက်တာပဲ။

ခဏခဏပြန်ပြန်ရိတ်ရပေမဲ့ နှင်းအတွက်တော့ တော်တော်အဆင်ပြေလို့ ဒီနည်းပဲသုံးပါတယ်နော်။ အာ့ကြောင့် ယောင်းတို့လည်း စစချင်းရိတ်လို့ မကျွမ်းကျင်သေးတဲ့အချိန်မှာ အချိန်ပေးပြီး သေချာရိတ်ပါ။ တဖြည်းဖြည်းနဲ့ အဆင်ပြေလာရင်တော့ အေးဆေးမှန်းဆပြီးတော့သာ ရိတ်ထည့်လိုက်တော့အေ။ ရိတ်ပြီးရင်တော့ ရေဓာတ်ဖြည့်ခရင်မ်လေး ဖြစ်ဖြစ်၊ ရှားစောင်းလက်ပတ်လေးဖြစ်ဖြစ် လိမ်းပေးပါ။ ဒါဆို အသားအရေ နီမြန်းတာ၊ ပွန်းတာတွေလည်း မဖြစ်တော့ဘူးပေါ့။

Hnin Ei Oo (For Her Myanmar)

Hnin Ei Oo
Hnin Ei Oo
အလွအပ၊ ဖက္ရွင္၊ gym နဲ႔ပတ္သက္တဲ့ ဗဟုသုတေတြ၊ အခ်စ္ေရး စတဲ့က႑ေတြကို အဓိကထားေရးတဲ့ စာေရးသူေပါက္စေလး ေတ်ာက္ပါ 😁 အခြီနဲ႔ စိတ္ဓာတ္ခြန္အားေပးစာေတြကိုလည္း ဒဲ့တိုးေတြ ေရးတတ္ပါေသးတယ္ 😛

Leave a Reply

Your email address will not be published. Required fields are marked *