ပေါင်းစပ်အသားအရေကို အလှဆုံးထိန်းသိမ်းနိုင်ဖို့ အိမ်တွင်းနည်းလမ်း (၄)မျိုး

အသားခြောက်လို့ အဆီပါတာလေးလိမ်းရင် T-Zone မှာ အဆီတွေပြန်၊ အဆီတွေများလို့ matte လေးလိမ်းရင် ပါးတွေအသားခြောက် ဒုက္ခတွေရောက်နေတဲ့ ယောင်းတို့အတွက်

ပေါင်းစပ်အသားအရေဆိုတာ ဘာလဲ- ပေါင်းစပ်အသားအရေဆိုတာ တစ်ချို့နေရာတွေမှာ အဆီပြန်ပြီး တစ်ချို့နေရာတွေမှာ အသားခြောက်နေတဲ့ အသားအရေမျိုးပါ။ များသောအားဖြင့် နဖူး ၊ နှာခေါင်း နဲ့ မေးစေ့ (T ဇုံ) နေရာမှာ အဆီပြန်နေတတ်ပြီး ပါးတွေနဲ့ မေးရိုးနားမှာ အသားခြောက်တတ်ပါတယ်။

ပေါင်းစပ်အသားအရေကို ဘယ်အရာတွေက ဖြစ်စေတာလဲ – ပေါင်းစပ်အသားအရေ ဖြစ်နေတဲ့ အများစုက ပင်ကိုယ်ကိုက  အဲဒီအသားအရည် ရှိပြီးသားပါ။ ဘာကွာသွားလဲဆိုတော့ ကိုယ်သုံးတဲ့ အလှကုန်ပစ္စည်းက ဒီအရေပြားကို ပိုဆိုးအောင် လုပ်တာနဲ့  အသားအရေ ပိုကောင်းသွားအောင် လုပ်ပေးတာပဲ ကွာပါတယ်။ မသင့်တော်တဲ့ ပစ္စည်းတွေ သုံးမိရင် ပေါင်းစပ်အသားအရည်ကို ပိုဆိုးစေပြီး မှန်ကန်သင့်လျော်တဲ့ ပစ္စည်းသုံးရင်တော့ အသားအရေ ပိုကောင်းလာတာ သိသာထင်ရှားလာပါတယ်။ အသားခြောက်တဲ့နေရာတွေက ချောမွေ့နူးညံ့လာပြီး အဆီပြန်တဲ့နေရာတွေက အဆီနည်းလာပြီး ချွေးပေါက်တွေပါ ကျဉ်းလာမှာပါ။

ပေါင်းစပ်အသားအရည်အတွက် ဘယ်လိုပစ္စည်းမျိုး သုံးသင့်လဲ။

အကောင်းဆုံးကတော့ ပစ္စည်း(၂)မျိုးသုံးတာ ပိုကောင်းပါတယ်။ တစ်မျိုးတည်း သုံးတာ အဆင်မပြေပါဘူး။ Matte type (အခြောက်) သုံးရင် အဆီပြန်တဲ့နေရာတွေအတွက် အဆင်ပြေပေမဲ့ အသားခြောက်တဲ့ နေရာတွေမှာတော့ ပိုခြောက်သွားမှာပါ။ အသားခြောက်လို့ရယ်လို့ အဆီပါတာလေးသုံးရင်တော့လည်း အဆီပြန်တဲ့နေရာတွေအတွက် ဒုက္ခတွေ ရောက်ပါပြီ။ အဲဒါကြောင့် Products (ထုတ်ကုန်) ကို နှစ်မျိုးလောက် သုံးပါ။ မျက်နှာသစ်ဆေးကို ပေါင်းစပ်အသားအရေအတွက် ထုတ်ထားတဲ့ဟာ ဒါမှမဟုတ် Gentle foam (အပျော့စား မျက်နှာသစ်ဆေး ) သုံးပါ။ Day use (နေ့ဘက်သုံးဖို့) အတွက်ကိုတော့ နေရောင်ကာနဲ့ အစိုဓာတ်ပါတဲ့ ခရမ်တစ်ခုခု လိမ်းပါ။ အသားအရေကို အစိုဓာတ်များများ ဖြည့်ပေးတဲ့ ခရင်မ်ကို အသားခြောက်တဲ့နေရာတွေမှာ အရင်လိမ်းပေးတာက ပိုကောင်းပါတယ်။

Related Article >>> နွေရာသီမှာ အသားအရေဘယ်လိုထိန်းသိမ်းကြမလဲ?

ပေါင်းစပ်အသားအရည်အတွက် အိမ်တွင်းကုထုံး

၁။ ပျားရည်နဲ့ သံပုရာသီး

သံပုရာနဲ့ ပျားရည်

ပျားရည်နဲ့ သံပုရာရည်ကို အချိုးကျရောပြီး မျက်နှာပေါ်မှာ ၁၅မိနစ်လောက်ထားပါ။ ပျားရည်က အသားအရေကို အစိုဓာတ်ဖြည့်ပေးပြီး သံပုရာသီးက အသားအရေလင်းအောင် ထောက်ပံ့ပေးပါတယ်။

၂။သဘောင်္သီး (သို့) ငှက်ပျောသီး

သင်္ဘောသီးနဲ့ ငှက်ပျောသီး

သင်္ဘောသီး နဲ့ ငှက်ပျောသီးက အသားအရည်ကို အစိုဓာတ်ဖြည့်ပေးတဲ့ အသီးတွေပါ။ သဘောင်္သီး ဒါမှမဟုတ် ငှက်ပျောသီးကို ခြေမွပြီး သံပရာသီးတစ်ခြမ်း အရည်ညှစ်ထည့်လို့ ရောမွှေပါ။ မျက်နှာအနှံ့လိမ်းထားပြီး ခြောက်သွားတဲ့ထိ ထားပါ။ ရိုးရိုးရေနဲ့ မျက်နှာသစ်ပါ။

Related Article >>> ပေါင်းစပ်အသားအရေပိုင်ရှင်တွေ ဂရုစိုက်သင့်တဲ့အချက်(၅)ချက်

၃။နို့ ၊ပျားရည် ၊  သံပုရာရည် နဲ့ ဗာဒံဆီ

မသောက်လိုက်နဲ့နော် 😛

နွားနို့က အသားအရည်လင်းစေပြီး ပျားရည်က အစိုဓာတ်ဖြည့်ပေးပါတယ်။ သံပရာရည်က နဖူး ၊ နှာခေါင်း ၊မေးစေ့ (T- zone)က အဆီတွေကို ဖယ်ရှားပေးပြီး ဗာဒံဆီကတော့ အသားခြောက်တာကို သက်သာစေပါတယ်။ နွားနို့ ထမင်းစားဇွန်းတစ်ဇွန်းနဲ့ ပျားရည်တစ်ဇွန်းကို ရောပါ။ မျက်နှာအနှံ့လိမ်းပါ။ သံပုရာရည်ကို T-zone ကို လိမ်းပြီး ဗာဒံဆီကို ပါးနှစ်ဖက် အသားခြောက်တဲ့ နေရာတွေကို လိမ်းပါ။ မိနစ်၂၀လောက်ထားပြီး မျက်နှာသစ်လိုက်ပါ။

၎။သခွားသီးအရည်နဲ့ ပျားရည်

သခွားသီးနဲ့ ပျားရည်

ပေါင်းစပ်အသားအရည်ကို ပျားရည်က အစိုဓာတ်ဖြည့်ပေးပြီး သခွားသီးကတော့ အဆီတွေကို ဖယ်ရှားပေးပါတယ်။ သခွားသီးကို လှီးပြီး အရည်ထွက်အောင် လုပ်ပါ။ ပျားရည်နဲ့ရောပြီး မျက်နှာအနှံ့လိမ်းပါ။ ခြောက်အောင်ထားပြီး ရေဆေးချပါ။

ပေါင်းစပ်အသားအရေ ရှိတဲ့ယောင်းတို့က သူများတွေထက်ပိုပြီး အသားအရေကို ဂရုစိုက်ပေးရပါတယ်။ ဂရုစိုက်တာ မှန်ပေမဲ့လည်း နည်းလမ်းမမှန်ရင် အကျိုးမထူးပါဘူး။ ဒါကြောင့်မို့ အလှကုန်ပစ္စည်းတွေ ဝယ်မယ်ဆိုရင်လည်း ပေါင်းစပ်အသားအရေနဲ့ သေချာပေါက်အဆင်ပြေနိုင်မယ့် ပစ္စည်းမျိုးကိုသာ ဝယ်ဖို့ အကြံပြုပါရစေ…

ယောင်းအားလုံးလှပနိုင်ကြပါစေ။

Hana ( For Her Myanmar )

No Comments Yet

Comments are closed