ေငြကုန္ေၾကးက်သက္သာစြာနဲ႔ အိမ္မွာအလြယ္တကူလုပ္ႏိုင္မယ့္ Face Mask (၃) ခု

မ်က္ႏွာေလး Glow ဖို႔ ပိုက္ပိုက္အမ်ားႀကီးအကုန္ခံစရာ မလိုပါဘူး

ေယာင္းေရ…ေခတ္ကိုက Glow ေခတ္ဆိုေတာ့ လူတိုင္းက glow ခ်င္တိုင္း glow လို႔ရေအာင္ အသားအေရထိန္းသိမ္းမႈကို အၿပိဳင္အဆိုင္လုပ္လာၾကပါၿပီ။ Glow ဖို႔ဆိုရင္ Face mask ေတြကလည္း အေရးပါတဲ့က႑မွာ ရွိေနတယ္ေလ။ ဒါေပမဲ့ တျခား skin care ေတြလည္းဝယ္ရ Face mask လည္းဝယ္ရဆိုရင္ လမကုန္ခင္ထဲက ပိုက္ဆံအိတ္ကေလး လံုးပါးပါးရခ်ည္ရဲ႕။ ဒါေၾကာင့္ေယာင္းတို႔မကုန္သင့္တာမကုန္ရဘဲ ဘတ္ဂ်က္ေခၽြတာလို႔ရေအာင္ ေယာင္းတို႔ကိုယ္တိုင္ အိမ္မွာလုပ္လို႔ရတဲ့ face mask ေလးတခ်ိဳ႕ကို Stella ေျပာျပေပးမယ္ေနာ္။

(၁) မ်က္ႏွာၾကည္လင္ဝင္းပေစဖို႔

မ်က္ႏွာအသားအေရက မြဲေျခာက္ေျခာက္ျဖစ္ေနတယ္ဆိုတဲ့ေယာင္းေတြအတြက္ကေတာ့ စေတာ္ဘယ္ရီနဲ႔ ဒိန္ခ်ဥ္ ေလးက အသံုးဝင္မွာပါ။ စေတာ္ဘယ္ရီသီးမွာ ဗီတာမင္စီနဲ႔ Antioxidants ဓာတ္ေတြ ႂကြယ္ဝစြာပါဝင္ၿပီး ဒိန္ခ်ဥ္မွာ လက္တစ္အက္ဆစ္ပါဝင္တာေၾကာင့္ မ်က္ႏွာေပၚက ဆဲလ္ေသေတြကို ဖယ္ရွားေပးပါတယ္။

ပါဝင္ပစၥည္း

  • စေတာ္ဘယ္ရီသီး
  • ဒိန္ခ်ဥ္ (ဂရိဒိန္ခ်ဥ္ရရင္ပိုေကာင္းပါတယ္)
  • ပ်ားရည္

ျပဳလုပ္နည္း

– ခပ္မွည့္မွည့္စေတာ္ဘယ္ရီသီးအလံုးႀကီး (၃) လံုးေလာက္ကို ခြက္ထဲထည့္ၿပီးေျခပါ။

–  ဒိန္ခ်ဥ္ (၂) ဇြန္းနဲ႔ ပ်ားရည္တစ္ဇြန္းထည့္ၿပီး သမေအာင္ေမႊပါ။

–  စေတာ္ဘယ္ရီေတြအကုန္ေၾကၿပီး ပါဝင္ပစၥည္းေတြအကုန္သမၿပီဆုိရင္ မ်က္ႏွာေပၚတင္လို႔ရပါၿပီ။

အသားေျခာက္တဲ့သူဆို (၁၀) မိနစ္ဝန္းက်င္ေလာက္ထိထားပါ။ အဆီျပန္တဲ့ အသားအေရပိုင္ရွင္ဆိုရင္ေတာ့ (၁၅) မိနစ္ေလာက္ထားေပးပါေနာ္။

Related article >>> အသားအေရနဲ႔ လိုက္ဖက္တဲ့ ေဖာင္ေဒးရွင္း(Foundation)ကို ဘယ္လိုရွာရမလဲ ?

(၂) အဆီေတြကို ဖယ္ရွားဖို႔

အဆီျပန္လို႔ အရမ္းစိတ္ညစ္ရတဲ့ အခိုက္အတန္႔ေတြရွိတယ္ဟုတ္ ဒီ Mask ေလးကို စြဲသံုးေပးရင္ အဆီျပန္တာကို ေခါင္းထဲထည့္စရာမလိုေတာ့ပါဘူး။ ငွက္ေပ်ာသီး ၊ လိေမၼာ္ရည္ ၊ ပ်ားရည္ေလးနဲ႔ မ်က္ႏွာေပါင္းတင္မယ္ဆိုရင္ မ်က္ႏွာေပၚက မလိုအပ္တဲ့အဆီေတြကို တာ့တာျပႏိုင္ပါၿပီ။

ပါဝင္ပစၥည္း

  • ငွက္ေပ်ာသီး
  • သဘာဝပ်ားရည္စစ္စစ္
  • လိေမၼာ္သီး

ျပဳလုပ္နည္း

– ငွက္ေပ်ာသီးမွည့္ (၁) လံုးကို ခြက္ထဲမွာ ထည့္ေျခထားပါ။

– ပ်ားရည္စစ္စစ္ (၂) ဇြန္းထည့္ၿပီး သမေအာင္ေမႊပါ။

– လိေမၼာ္ရည္အနည္းငယ္ညွစ္ထည့္ပါ။

အရင္ဆံုး ၾကက္သီးေႏြးေရေလးနဲ႔ မ်က္ႏွာသစ္ေပးပါ။ ျပဳလုပ္ထားတဲ့အေရာကို မ်က္ႏွာေပၚမွာ မိနစ္ (၂၀) ေလာက္ထားၿပီး ေပါင္းတင္ေပးပါ။ ၿပီးရင္ေတာ့ ၾကက္သီးေႏြးေရေလးနဲ႔ပဲ ေရျပန္ေဆးခ်ေပးပါ။

Related article >>> ေႏြရာသီမွာ အသားအေရထိန္းသိမ္းဖို႔နည္းလမ္း (၅) သြယ္

(၃) ေရဓာတ္ျပည့္ဝတဲ့အသားအေရေလးရဖို႔

ရွားေစာင္းလက္ပပ္နဲ႔ သခြားသီးမွာ ပါဝင္တဲ့ဓာတ္ေတြဟာ ေရဓာတ္ကိုျဖည့္ေပးၿပီး အသားအေရကို ႏုပ်ိဳေစပါတယ္။

ပါဝင္ပစၥည္း

  • ရွားေစာင္းလက္ပပ္ဂ်ယ္လ္
  • သခြားသီး

ျပဳလုပ္နည္း

– သခြားသီးတစ္ဝက္ေလာက္ကို မထူမပါးအကြင္းေလးေတြအျဖစ္ လွီးေပးပါ။

– Blender ထဲထည့္ၿပီး ေရလိုခပ္က်ဲက်ဲအရည္ျဖစ္လာတဲ့အထိ ႀကိတ္ပါ။

– ရွားေစာင္းလက္ပတ္ဂ်ယ္လ္ (၂) ဇြန္းေလာက္ထည့္ၿပီး အႏွစ္ျဖစ္လာတဲ့အထိ သမေအာင္ေမႊပါ။

အႏွစ္ကို မ်က္ႏွာေပၚမွာလိမ္းၿပီး နာရီဝက္ေလာက္ထားပါ။ ေပါင္းတင္ထားတဲ့အခ်ိန္မွာ ေယာင္းလုပ္စရာရွိတာလုပ္ေနလို႔ ရပါတယ္။ နာရီဝက္ျပည့္ရင္ေတာ့ မ်က္ႏွာကို ေရေအးေအးေလးနဲ႔ ေဆးခ်ေပးပါေနာ္။

Related article >>> အသားျဖဴဖို႔ကနံပါတ္ (၁) လား? ႏိုးးးး အသားအေရေကာင္းဖို႔က နံပါတ္ (၁) ပါေနာ္…

ဒီ face mask ေတြဟာဆိုရင္ ေဈးႀကီးတဲ့ကုသမႈေတြ skin care ေတြမလိုဘဲ ေယာင္းရဲ႕မ်က္ႏွာအသားအေရကို က်န္းမာတဲ့အသြင္အျဖစ္ အျမန္ဆံုးေျပာင္းေပးမွာပါ။ ေထြေထြထူးထူးပါဝင္ပစၥည္းေတြမလိုတဲ့အျပင္ အိမ္မွာပဲ လြယ္လြယ္ကူကူျပဳလုပ္လို႔ရတာမို႔ ဘတ္ဂ်က္ေခၽြတာရာေရာက္ၿပီး အခ်ိန္ကုန္လည္း သက္သာေစပါတယ္။ ေယာင္းတို႔ ဒီထက္ပိုလွႏိုင္ပါေစေနာ္…

Stella (For Her Myanmar)

<<<Unicode>>>

 

မျက်နှာလေး Glow ဖို့ ပိုက်ပိုက်အများကြီးအကုန်ခံစရာ မလိုပါဘူး

ယောင်းရေ…ခေတ်ကိုက Glow ခေတ်ဆိုတော့ လူတိုင်းက glow ချင်တိုင်း glow လို့ရအောင် အသားအရေထိန်းသိမ်းမှုကို အပြိုင်အဆိုင်လုပ်လာကြပါပြီ။ Glow ဖို့ဆိုရင် Face mask တွေကလည်း အရေးပါတဲ့ကဏ္ဍမှာ ရှိနေတယ်လေ။ ဒါပေမဲ့ တခြား skin care တွေလည်းဝယ်ရ Face mask လည်းဝယ်ရဆိုရင် လမကုန်ခင်ထဲက ပိုက်ဆံအိတ်ကလေး လုံးပါးပါးရချည်ရဲ့။ ဒါကြောင့်ယောင်းတို့မကုန်သင့်တာမကုန်ရဘဲ ဘတ်ဂျက်ချွေတာလို့ရအောင် ယောင်းတို့ကိုယ်တိုင် အိမ်မှာလုပ်လို့ရတဲ့ face mask လေးတစ်ချို့ကို Stella ပြောပြပေးမယ်နော်။

(၁) မျက်နှာကြည်လင်ဝင်းပစေဖို့

မျက်နှာအသားအရေက မွဲခြောက်ခြောက်ဖြစ်နေတယ်ဆိုတဲ့ယောင်းတွေအတွက်ကတော့ စတော်ဘယ်ရီနဲ့ ဒိန်ချဉ် လေးက အသုံးဝင်မှာပါ။ စတော်ဘယ်ရီသီးမှာ ဗီတာမင်စီနဲ့ Antioxidants ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ဒိန်ချဉ်မှာ လက်တစ်အက်ဆစ်ပါဝင်တာကြောင့် မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။

ပါဝင်ပစ္စည်း

  • စတော်ဘယ်ရီသီး
  • ဒိန်ချဉ် (ဂရိဒိန်ချဉ်ရရင်ပိုကောင်းပါတယ်)
  • ပျားရည်

ပြုလုပ်နည်း

– ခပ်မှည့်မှည့်စတော်ဘယ်ရီသီးအလုံးကြီး (၃) လုံးလောက်ကို ခွက်ထဲထည့်ပြီးခြေပါ။

–  ဒိန်ချဉ် (၂) ဇွန်းနဲ့ ပျားရည်တစ်ဇွန်းထည့်ပြီး သမအောင်မွှေပါ။

–  စတော်ဘယ်ရီတွေအကုန်ကြေပြီး ပါဝင်ပစ္စည်းတွေအကုန်သမပြီဆိုရင် မျက်နှာပေါ်တင်လို့ရပါပြီ။

အသားခြောက်တဲ့သူဆို (၁၀) မိနစ်ဝန်းကျင်လောက်ထိထားပါ။ အဆီပြန်တဲ့ အသားအရေပိုင်ရှင်ဆိုရင်တော့ (၁၅) မိနစ်လောက်ထားပေးပါနော်။

Related article >>> အသားအရေနဲ့ လိုက်ဖက်တဲ့ ဖောင်ဒေးရှင်း(Foundation)ကို ဘယ်လိုရှာရမလဲ ?

(၂) အဆီတွေကို ဖယ်ရှားဖို့

အဆီပြန်လို့ အရမ်းစိတ်ညစ်ရတဲ့ အခိုက်အတန့်တွေရှိတယ်ဟုတ် ဒီ Mask လေးကို စွဲသုံးပေးရင် အဆီပြန်တာကို ခေါင်းထဲထည့်စရာမလိုတော့ပါဘူး။ ငှက်ပျောသီး ၊ လိမ္မော်ရည် ၊ ပျားရည်လေးနဲ့ မျက်နှာပေါင်းတင်မယ်ဆိုရင် မျက်နှာပေါ်က မလိုအပ်တဲ့အဆီတွေကို တာ့တာပြနိုင်ပါပြီ။

ပါဝင်ပစ္စည်း

  • ငှက်ပျောသီး
  • သဘာဝပျားရည်စစ်စစ်
  • လိမ္မော်သီး

ပြုလုပ်နည်း

– ငှက်ပျောသီးမှည့် (၁) လုံးကို ခွက်ထဲမှာ ထည့်ခြေထားပါ။

– ပျားရည်စစ်စစ် (၂) ဇွန်းထည့်ပြီး သမအောင်မွှေပါ။

– လိမ္မော်ရည်အနည်းငယ်ညှစ်ထည့်ပါ။

အရင်ဆုံး ကြက်သီးနွေးရေလေးနဲ့ မျက်နှာသစ်ပေးပါ။ ပြုလုပ်ထားတဲ့အရောကို မျက်နှာပေါ်မှာ မိနစ် (၂၀) လောက်ထားပြီး ပေါင်းတင်ပေးပါ။ ပြီးရင်တော့ ကြက်သီးနွေးရေလေးနဲ့ပဲ ရေပြန်ဆေးချပေးပါ။

Related article >>> နွေရာသီမှာ အသားအရေထိန်းသိမ်းဖို့နည်းလမ်း (၅) သွယ်

(၃) ရေဓာတ်ပြည့်ဝတဲ့အသားအရေလေးရဖို့

ရှားစောင်းလက်ပပ်နဲ့ သခွားသီးမှာ ပါဝင်တဲ့ဓာတ်တွေဟာ ရေဓာတ်ကိုဖြည့်ပေးပြီး အသားအရေကို နုပျိုစေပါတယ်။

ပါဝင်ပစ္စည်း

  • ရှားစောင်းလက်ပပ်ဂျယ်လ်
  • သခွားသီး

ပြုလုပ်နည်း

– သခွားသီးတစ်ဝက်လောက်ကို မထူမပါးအကွင်းလေးတွေအဖြစ် လှီးပေးပါ။

– Blender ထဲထည့်ပြီး ရေလိုခပ်ကျဲကျဲအရည်ဖြစ်လာတဲ့အထိ ကြိတ်ပါ။

– ရှားစောင်းလက်ပတ်ဂျယ်လ် (၂) ဇွန်းလောက်ထည့်ပြီး အနှစ်ဖြစ်လာတဲ့အထိ သမအောင်မွှေပါ။

အနှစ်ကို မျက်နှာပေါ်မှာလိမ်းပြီး နာရီဝက်လောက်ထားပါ။ ပေါင်းတင်ထားတဲ့အချိန်မှာ ယောင်းလုပ်စရာရှိတာလုပ်နေလို့ ရပါတယ်။ နာရီဝက်ပြည့်ရင်တော့ မျက်နှာကို ရေအေးအေးလေးနဲ့ ဆေးချပေးပါနော်။

Related article >>> အသားဖြူဖို့ကနံပါတ် (၁) လား? နိုးးးး အသားအရေကောင်းဖို့က နံပါတ် (၁) ပါနော်…

ဒီ face mask တွေဟာဆိုရင် ဈေးကြီးတဲ့ကုသမှုတွေ skin care တွေမလိုဘဲ ယောင်းရဲ့မျက်နှာအသားအရေကို ကျန်းမာတဲ့အသွင်အဖြစ် အမြန်ဆုံးပြောင်းပေးမှာပါ။ ထွေထွေထူးထူးပါဝင်ပစ္စည်းတွေမလိုတဲ့အပြင် အိမ်မှာပဲ လွယ်လွယ်ကူကူပြုလုပ်လို့ရတာမို့ ဘတ်ဂျက်ချွေတာရာရောက်ပြီး အချိန်ကုန်လည်း သက်သာစေပါတယ်။ ယောင်းတို့ ဒီထက်ပိုလှနိုင်ပါစေနော်…

Stella (For Her Myanmar)

No Comments Yet

Comments are closed