ဆံသားက်န္းမာေရးအတြက္ အသံုးဝင္တဲ့ ၾကက္သြန္ျဖဴ

ၾကက္သြန္ျဖဴအစြမ္း အံ့မခန္းပါေနာ္

<<< Zawgyi >>>

ၾကက္သြန္ျဖဴ ဆိုတဲ့အသံၾကားရင္ “အာ..အနံ႕ႀကီးကို မုန္းလိုက္တာ မႀကိဳက္ပါဘူး” ဆိုတဲ့ ေယာင္းေတြရွိလား။ တကယ္ေတာ့ အဲဒီမုန္းလွပါတယ္ဆိုတဲ့ ၾကက္သြန္ျဖဴက မီးဖိုေခ်ာင္ထဲက အစြမ္းထက္ ေဆးဝါးတစ္လက္ ျဖစ္ေနပါေရာလား ေယာင္းေရ။ ဗ်ဴးတီးဆလြန္းေတြသြားၿပီး Hair treatment လုပ္စရာမလိုဘဲ အိမ္မွာပဲ ၾကက္သြန္ျဖဴနဲ႕ ဆံသား သန္စြမ္းေအာင္ လုပ္လို႕ရပါတယ္။ ဟာ…တကယ္ႀကီးလား ေမးရင္ တကယ္ႀကီးေပါ့။

ၾကက္သြန္ျဖဴရဲ႕ ဆံသားသန္စြမ္းေစတဲ့ အက်ိဳးေက်းဇူးေတြကို ေျပာျပမယ္ေနာ္။

  • ၾကက္သြန္ျဖဴမွာ ကယ္လ္ဆီယမ္ ၊ ဇင့္ ၊ ဆာလ္ဖာတို႔လို သတၱဳဓာတ္ေတြ ႂကြယ္ဝစြာ ပါဝင္ပါတယ္။
  • ဦးေရျပားက ဘက္တီးရီးယားေတြကို ေသေစႏိုင္ၿပီး ဦးေရျပား သန္႕ရွင္းေစပါတယ္။
  • ၾကက္သြန္ျဖဴမွာပါတဲ့ ဆယ္လီနီယမ္ (selenium) ဓာတ္က ေသြးလည္ပတ္မႈကို လႈံ႕ေဆာ္ေပးပါတယ္။
  • ဆံပင္ေမြးညွင္းေပါက္ေလးေတြကို သန္႕စင္ေပးၿပီး ေခၽြးေပါက္ပိတ္ျခင္း ကင္းေဝးေစပါတယ္။
  • ေဗာက္ေပ်ာက္ေစသလို ဗီတာမင္ C ပါဝင္တဲ့အတြက္ ေကာ္လာဂ်င္ (collagen) ကို ျမွင့္တင္ေပးပါတယ္။

ဒါဆို ၾကက္သြန္ျဖဴ ဘယ္ေလာက္အသံုးဝင္တယ္ဆိုတာ သိၿပီဟုတ္? ဒီလုိ အသံုးဝင္တဲ့ ၾကက္သြန္ျဖဴကို ဆံသားအတြက္ ဘယ္လို အသံုးျပဳၾကမလဲဆိုတာ ထပ္ၾကည့္ရေအာင္..

၁။ ၾကက္သြန္ျဖဴအဆီ

  • ၾကက္သြန္ျဖဴ (၈) ႁမြာ
  • သံလြင္ဆီ စားပြဲတင္ဇြန္း (၄) ဇြန္း
  • ၾကက္သြန္နီ (အေနေတာ္) (၁) လံုး

ၾကက္သြန္ျဖဴနဲ႕ ၾကက္သြန္နီကို ညက္တဲ့အထိ ေထာင္းပါ။ ဒယ္အိုးထဲမွာ သံလြင္ဆီကို အပူေပးၿပီး ၾကက္သြန္အႏွစ္ထည့္ပါ။ ၾကက္သြန္ဖတ္ေလးေတြ ေရႊေရာင္သန္းသြားတဲ့အခါ မီးပိတ္လိုက္ပါ။ (တည့္ေျပာရရင္ ဆီသတ္ခိုင္းတာ ေယာင္းတို႔ေရ 😀 ) ဆီေအးသြားတာနဲ႕ ဆီစစ္ၿပီး ၾကက္သြန္ဖတ္ လက္က်န္ေလးေတြ ဖယ္ထုတ္ပါ။ ဆံသားေပၚမွာ အဲဒီရလာတဲ့ အဆီကို လိမ္းၿပီး ဦးေရျပားကို ျဖည္းျဖည္းခ်င္း ႏွိပ္နယ္ေပးပါ။ ၁၅ မိနစ္ေလာက္ ၾကာၿပီဆိုရင္ ဦးေရျပားကေန ဆံပင္အဖ်ားထိ ဆီလိမ္းၿပီး ေနာက္ထပ္ မိနစ္ ၃၀ ထားပါ။ ၿပီးတာနဲ႕ ရွန္ပူနဲ႕ ေခါင္းေလွ်ာ္ခ် လိုက္ပါ။ (ေရေႏြးေႏြးေလးနဲ႔ ေလွ်ာ္ရင္ ဆီပိုေျပာင္ပါတယ္ေနာ္..) ဒီနည္းလမ္းေလးကို တစ္ပတ္ ၃ ႀကိမ္ ျပဳလုပ္ေပးမယ္ဆိုရင္ ဆံသားသန္စြမ္းဖို႕ အေထာက္အကူျဖစ္ေစမွာပါ။

Related Article>>> ေယာင္းတို႔ရဲ႕ဆံသားေလးေတြက်န္းမာေနဖို႔ ပ်ားရည္ကိုဘယ္လိုအသံုးခ်မလဲ။

၂။ ၾကက္သြန္ျဖဴနဲ႕ ပ်ားရည္

  • ၾကက္သြန္ျဖဴ (၈) ႁမႊာ
  • ပ်ားရည္ စားပြဲတင္ဇြန္း (၁) ဇြန္း

ၾကက္သြန္ျဖဴေတြကို ႀကိတ္ၿပီး အရည္ညွစ္လိုက္မယ္ဆိုရင္ စားပြဲတင္ဇြန္း (၁) ဇြန္းစာ အရည္ ရမွာပါ ေယာင္းေရ။ ဒီအရည္နဲ႕ ပ်ားရည္စားပြဲတင္ဇြန္း (၁) ဇြန္းစာ ေပါင္းၿပီး ႏွစ္မ်ိဳးသမေအာင္ ေရာေမႊပါ။ ဆံသားနဲ႕ ဦးေရျပားကို လိမ္းေပးၿပီး မိနစ္ ၂၀ ေလာက္ထားၿပီးရင္ ရွန္ပူနဲ႕ ေလွ်ာ္ခ်ပါ။ တစ္ပတ္ကို (၂) ႀကိမ္ ဒါမွမဟုတ္ (၃) ႀကိမ္ျပဳလုပ္ေပးမယ္ဆိုရင္ ဆံသားက်န္းမာသန္စြမ္းေစပါတယ္။

၃။ ၾကက္သြန္ျဖဴနဲ႕ခ်င္း

  • ခ်င္း လက္ႏွစ္ဆစ္
  • ၾကက္သြန္ျဖဴ ၈ မႊာ
  • သံလြင္ဆီ စားပြဲတင္ဇြန္း ၄ ဇြန္း

ၾကက္သြန္ျဖဴနဲ႕ ခ်င္း ကို ညက္တဲ့အထိ ေထာင္းပါ။ ဒယ္အိုးထဲမွာ သံလြင္ဆီကို အပူေပးၿပီး ၾကက္သြန္အႏွစ္ ထည့္ပါ။ အဖတ္ေလးေတြ ေရႊေရာင္သန္းသြားရင္ မီးပိတ္ပါ။ ဆီေအးသြားတာနဲ႕ ဆီစစ္ၿပီး အဖတ္လက္က်န္ေလးေတြ ဖယ္ထုတ္ပါ။ ဆံသားေပၚမွာ ဆီလိမ္းၿပီး ဦးေရျပားကို ျဖည္းျဖည္းခ်င္း ႏွိပ္နယ္ေပးပါ။ ၁၅ မိနစ္ေလာက္ၾကာၿပီဆိုရင္ ဦးေရျပားကေန ဆံပင္အဖ်ားထိ လိမ္းၿပီး ေနာက္ထပ္ မိနစ္ ၃၀ ထားပါ။ ၿပီးတာနဲ႕ ရွန္ပူနဲ႕ ေခါင္းေလွ်ာ္ပါ။

ကဲ..စမ္းၾကည့္ၾကရေအာင္… တကယ္သန္လာရင္ မုန္႔ေကၽြးေနာ္ 😛

With love

Ei Mon (For Her Myanmar)

Reference: stylecraze, healthline

<<< Unicode >>>

ကြက်သွန်ဖြူအစွမ်း အံ့မခန်းပါနော်

ကြက်သွန်ဖြူ ဆိုတဲ့အသံကြားရင် “အာ..အနံ့ကြီးကို မုန်းလိုက်တာ မကြိုက်ပါဘူး” ဆိုတဲ့ ယောင်းတွေရှိလား။ တကယ်တော့ အဲဒီမုန်းလှပါတယ်ဆိုတဲ့ ကြက်သွန်ဖြူက မီးဖိုချောင်ထဲက အစွမ်းထက် ဆေးဝါးတစ်လက် ဖြစ်နေပါရောလား ယောင်းရေ။ ဗျူးတီးဆလွန်းတွေသွားပြီး Hair treatment လုပ်စရာမလိုဘဲ အိမ်မှာပဲ ကြက်သွန်ဖြူနဲ့ ဆံသား သန်စွမ်းအောင် လုပ်လို့ရပါတယ်။ ဟာ…တကယ်ကြီးလား မေးရင် တကယ်ကြီးပေါ့။

ကြက်သွန်ဖြူရဲ့ ဆံသားသန်စွမ်းစေတဲ့ အကျိုးကျေးဇူးတွေကို ပြောပြမယ်နော်။

  • ကြက်သွန်ဖြူမှာ ကယ်လ်ဆီယမ် ၊ ဇင့် ၊ ဆာလ်ဖာတို့လို သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။
  • ဦးရေပြားက ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး ဦးရေပြား သန့်ရှင်းစေပါတယ်။
  • ကြက်သွန်ဖြူမှာပါတဲ့ ဆယ်လီနီယမ် (selenium) ဓာတ်က သွေးလည်ပတ်မှုကို လှုံ့ဆော်ပေးပါတယ်။
  • ဆံပင်မွေးညှင်းပေါက်လေးတွေကို သန့်စင်ပေးပြီး ချွေးပေါက်ပိတ်ခြင်း ကင်းဝေးစေပါတယ်။
  • ဗောက်ပျောက်စေသလို ဗီတာမင် C ပါဝင်တဲ့အတွက် ကော်လာဂျင် (collagen) ကို မြှင့်တင်ပေးပါတယ်။

ဒါဆို ကြက်သွန်ဖြူ ဘယ်လောက်အသုံးဝင်တယ်ဆိုတာ သိပြီဟုတ်? ဒီလို အသုံးဝင်တဲ့ ကြက်သွန်ဖြူကို ဆံသားအတွက် ဘယ်လို အသုံးပြုကြမလဲဆိုတာ ထပ်ကြည့်ရအောင်..

၁။ ကြက်သွန်ဖြူအဆီ

ကြက်သွန်ဖြူ (၈) မြွာ
သံလွင်ဆီ စားပွဲတင်ဇွန်း (၄) ဇွန်း
ကြက်သွန်နီ (အနေတော်) (၁) လုံး
ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကို ညက်တဲ့အထိ ထောင်းပါ။ ဒယ်အိုးထဲမှာ သံလွင်ဆီကို အပူပေးပြီး ကြက်သွန်အနှစ်ထည့်ပါ။ ကြက်သွန်ဖတ်လေးတွေ ရွှေရောင်သန်းသွားတဲ့အခါ မီးပိတ်လိုက်ပါ။ (တည့်ပြောရရင် ဆီသတ်ခိုင်းတာ ယောင်းတို့ရေ 😀 ) ဆီအေးသွားတာနဲ့ ဆီစစ်ပြီး ကြက်သွန်ဖတ် လက်ကျန်လေးတွေ ဖယ်ထုတ်ပါ။ ဆံသားပေါ်မှာ အဲဒီရလာတဲ့ အဆီကို လိမ်းပြီး ဦးရေပြားကို ဖြည်းဖြည်းချင်း နှိပ်နယ်ပေးပါ။ ၁၅ မိနစ်လောက် ကြာပြီဆိုရင် ဦးရေပြားကနေ ဆံပင်အဖျားထိ ဆီလိမ်းပြီး နောက်ထပ် မိနစ် ၃၀ ထားပါ။ ပြီးတာနဲ့ ရှန်ပူနဲ့ ခေါင်းလျှော်ချ လိုက်ပါ။ (ရေနွေးနွေးလေးနဲ့ လျှော်ရင် ဆီပိုပြောင်ပါတယ်နော်..) ဒီနည်းလမ်းလေးကို တစ်ပတ် ၃ ကြိမ် ပြုလုပ်ပေးမယ်ဆိုရင် ဆံသားသန်စွမ်းဖို့ အထောက်အကူဖြစ်စေမှာပါ။

Related Article>>> ယောင်းတို့ရဲ့ဆံသားလေးတွေကျန်းမာနေဖို့ ပျားရည်ကိုဘယ်လိုအသုံးချမလဲ။

၂။ ကြက်သွန်ဖြူနဲ့ ပျားရည်

ကြက်သွန်ဖြူ (၈) မြွှာ
ပျားရည် စားပွဲတင်ဇွန်း (၁) ဇွန်း
ကြက်သွန်ဖြူတွေကို ကြိတ်ပြီး အရည်ညှစ်လိုက်မယ်ဆိုရင် စားပွဲတင်ဇွန်း (၁) ဇွန်းစာ အရည် ရမှာပါ ယောင်းရေ။ ဒီအရည်နဲ့ ပျားရည်စားပွဲတင်ဇွန်း (၁) ဇွန်းစာ ပေါင်းပြီး နှစ်မျိုးသမအောင် ရောမွှေပါ။ ဆံသားနဲ့ ဦးရေပြားကို လိမ်းပေးပြီး မိနစ် ၂၀ လောက်ထားပြီးရင် ရှန်ပူနဲ့ လျှော်ချပါ။ တစ်ပတ်ကို (၂) ကြိမ် ဒါမှမဟုတ် (၃) ကြိမ်ပြုလုပ်ပေးမယ်ဆိုရင် ဆံသားကျန်းမာသန်စွမ်းစေပါတယ်။

၃။ ကြက်သွန်ဖြူနဲ့ချင်း

ချင်း လက်နှစ်ဆစ်
ကြက်သွန်ဖြူ ၈ မွှာ
သံလွင်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း
ကြက်သွန်ဖြူနဲ့ ချင်း ကို ညက်တဲ့အထိ ထောင်းပါ။ ဒယ်အိုးထဲမှာ သံလွင်ဆီကို အပူပေးပြီး ကြက်သွန်အနှစ် ထည့်ပါ။ အဖတ်လေးတွေ ရွှေရောင်သန်းသွားရင် မီးပိတ်ပါ။ ဆီအေးသွားတာနဲ့ ဆီစစ်ပြီး အဖတ်လက်ကျန်လေးတွေ ဖယ်ထုတ်ပါ။ ဆံသားပေါ်မှာ ဆီလိမ်းပြီး ဦးရေပြားကို ဖြည်းဖြည်းချင်း နှိပ်နယ်ပေးပါ။ ၁၅ မိနစ်လောက်ကြာပြီဆိုရင် ဦးရေပြားကနေ ဆံပင်အဖျားထိ လိမ်းပြီး နောက်ထပ် မိနစ် ၃၀ ထားပါ။ ပြီးတာနဲ့ ရှန်ပူနဲ့ ခေါင်းလျှော်ပါ။

ကဲ..စမ်းကြည့်ကြရအောင်… တကယ်သန်လာရင် မုန့်ကျွေးနော် 😛

With love

Ei Mon (For Her Myanmar)

Reference: stylecraze, healthline

No Comments Yet

Comments are closed