Night Cream အမ်ိဳးအစား ဘယ္ႏွစ္မ်ိဳးရွိလဲ? ကိုယ္နဲ႔သင့္ေတာ္တာကို ဘယ္လို ေရြးခ်ယ္ၾကမလဲ?

ေသခ်ာဖတ္ၿပီးမွ ဝယ္ေနာ္။ မသိဘူးဝယ္မယ္ဆိုၿပီး အကုန္ဆြဲခ်မလာနဲ႔ 😛 

မေတြ႔ရတာ အင္မတန္မွၾကာလွၿပီမို႔ လြမ္းေနၾကရဲ႕လားေယာင္းတို႔ေရ… ႏွင္းကဒီဘက္ရံုးမွာ အလုပ္ေတြအရမ္းမ်ားေနတာမို႔ စာေရးတဲ့ဘက္ကို သိပ္မလွမ္းႏိုင္ျဖစ္ေနလို႔ ေယာင္းတို႔ကိုပစ္ထားသလို ျဖစ္သြားရင္ ဒီေဆာင္းပါးေလးနဲ႔ ေခ်ာ့လိုက္ပါတယ္လို႔။ ဒီေန႔ေဆာင္းပါးေလးထဲမွာေတာ့ ေယာင္းတို႔လည္းသိခ်င္ေနေလာက္မယ့္ ညလိမ္းခရင္မ္ေလးအေၾကာင္းကို တင္ဆက္ခ်င္ပါတယ္ရွင္။ ကဲ ဒါဆိုဆက္ၿပီးဖတ္ၾကည့္ရေအာင္ေနာ္။

ဘယ္အမ်ိဳးအစား ဘာညာဆိုတာမသြားခင္မွာ ညလိမ္းခရင္မ္ဆိုတာဘာလဲ ဘာညာအေနအထားကို အရင္ဆံုး ေလ့လာၾကည့္ၾကမယ္ေလေနာ္။ ႏွင္းတို႔ရဲ႕မ်က္ႏွာမွာရွိတဲ့ ဆဲလ္ေလးေတြကအသစ္ေမြးဖြားတာေတြ၊ ေသသြားတဲ့ဆဲလ္အေဟာင္းေတြက အေရျပားေပၚတက္လာတာေတြ၊ ဆဲလ္ေလးေတြ ျပဳျပင္ေျပာင္းလဲတာေတြ စသည္ျဖင့္ ဆဲလ္ေျပာင္းလဲမႈအဆင့္ဆင့္ေတြက ညဘက္မွလုပ္ေဆာင္မႈ အားပိုေကာင္းပါတယ္။ (ဒါေၾကာင့္ ညဘက္ကို ေစာေစာအိပ္လို႔ေျပာတာေပါ့) ဒီလိုအခ်ိန္မ်ိဳးမွာ ကိုယ့္အတြက္တကယ္ထိေရာက္မယ့္ Skincare မ်ိဳးလိမ္းေပးရင္ အသားအေရအတြက္အရမ္းေကာင္းတာမို႔ Night Cream လို႔ေခၚတဲ့ ညလိမ္းခရင္မ္ေလးေတြက အင္မတန္မွအေရးႀကီးပါတယ္။ ဆိုေတာ့ကား Night Cream ထဲမွာဆိုရင္…

ရိုးရိုး Night Cream (ရိုးရိုးညလိမ္းခရင္မ္)

ဒါကေတာ့ ငေပ်ာ္တကင္း (ငပ်င္း) ေလးေတြအတြက္ပါေနာ္။ ဒီလိုခရင္မ္ထဲမွာဆိုရင္ အသားအေရထိန္းသိမ္းဖို႔အတြက္ လိုအပ္တဲ့ တိုနာ၊ ႏို႔ရည္၊ ေရဓာတ္ျဖည့္ခရင္ စသည္ျဖင့္ ပံုမွန္လိမ္းေနက် စကြင္းကဲေတြပါဝင္ၿပီး တစ္မ်ိဳးတည္းနဲ႕ အာနိသင္ေပါင္းစံုကို တၿပိဳင္နက္တည္းရႏိုင္ပါတယ္။ ဆိုေပမဲ့လည္း အစံုသုပ္တို႔ရဲ႕ထံုးစံအတိုင္း အုတ္ေရာေရာေက်ာက္ေရာေရာနဲ႔ အရမ္းထိေရာက္မွာမ်ိဳးမဟုတ္တာမို႔ အခုမွ စကင္းစကဲမယ့္ ဆယ္ေက်ာ္သက္ေလးေတြအတြက္ေလာက္ပဲ အဆင္ေျပပါလိမ့္မယ္။

Related Article >>> ပရိုမိုးရွင္းပစၥည္းထဲမွာမွ အေကာင္းဆံုးပစၥည္းကို ဘယ္လိုေရြးထုတ္ၾကမလဲ?

Sleeping Pack or Sleeping Mask (Sheet Mask ကဲ့သို႔အစြမ္းထက္ေသာ ညလိမ္းခရင္မ္)

သူေလးကေတာ့ ေယာင္းတို႔နဲ႔ နည္းနည္းေလးစိမ္းမယ္ထင္တယ္။ ဒီညလိမ္းခရင္မ္ေလးက သက္ဆိုင္ရာအာနိသင္ (ဥပမာ ေရဓာတ္ျဖည့္ခ်င္တာမ်ိဳး၊ Anti-Aging လို အရြယ္မတိုင္ခင္အိုမင္းရင့္ေရာ္ျခင္းကို ကာကြယ္ေပးျခင္း (သို႔) အိုမင္းရင့္ေရာ္ျခင္းကိုကုသေပးျခင္း) စတာေတြကို  အျမင့္ဆံုးေပးစြမ္းႏိုင္တာျဖစ္ပါတယ္။ (ဥပမာ ေယာင္းက Moisturizing Sleeping Pack ကိုညဘက္လိမ္းအိပ္မယ္ဆိုရင္ မနက္ေရာက္တဲ့အခါ ေရဓာတ္အျပည့္နဲ႔လန္းဆန္းေနတဲ့မ်က္ႏွာေလးကို ေတြ႔ရမွာပါ။) ဒီခရင္မ္ေလးကေတာ့ ရိုးရိုးလိုမ်ိဳး လုပ္ေဆာင္ခ်က္အမ်ားႀကီးမပါေပမဲ့ တစ္ခုတည္းကိုပဲ ထိေရာက္မႈအေကာင္းဆံုးရေအာင္ လုပ္ေဆာင္ေပးႏိုင္တာမို႔ ကိုယ့္ Skin အေၾကာင္းေကာင္းေကာင္းသိၿပီး လိုအပ္တာကို တိတိက်က်ျဖည့္ခ်င္တဲ့ ေယာင္းေတြအတြက္ ဒါေလးကသင့္ေတာ္ပါတယ္။

Nourishing Cream (လိုအပ္တဲ့အာဟာရဓာတ္ကိုျပန္ျဖည့္တင္းေပးႏိုင္တဲ့ ညလိမ္းခရင္မ္)

ႏွင္းအေပၚမွာေျပာခဲ့သလိုပဲ ညဘက္မွာမွ ဆဲလ္ေတြရဲ႕လုပ္ေဆာင္ခ်က္က အျမင့္ဆံုးတက္တာမို႔  ဒီလိုအခ်ိန္မ်ိဳးမွာ အာဟာရဓာတ္မ်ားမ်ားပါတဲ့ ခရင္မ္မ်ိဳးလိမ္းေပးတာက ကိုယ့္အသားအေရရဲ႕လုပ္ေဆာင္ခ်က္ကို အားေပးတာနဲ႔အတူတူပါပဲ။ ဒါေၾကာင့္ ဒီလိုမ်ိဳးခရင္မ္ကေတာ့ အသားအရမ္းေျခာက္ၿပီး ၾကမ္းတမ္းေနတဲ့ ေယာင္းေလးေတြ၊ မ်က္ႏွာက မြဲေျခာက္ေျခာက္ျဖစ္ေနတဲ့ ေယာင္းေလးေတြနဲ႔ ပိုၿပီးသင့္ေတာ္ပါတယ္။ (အသားေျခာက္သူေတြနဲ႔သင့္ေတာ္တယ္ဆိုေပမဲ့ ညဘက္လိမ္းမွာမို႔ အဆီျပန္သမားေတြလည္း လိမ္းေပးလို႔ရပါတယ္ေနာ္။)

Related Article >>> ညိဳမည္းေနတဲ့ ႏႈတ္ခမ္းသားေတြ ပန္းႏုေသြးျခယ္လာေစဖို႔ ဒီနည္းေလးေတြ သံုးၾကည့္ပါ။

ဒါေလးေတြကေတာ့ ေယဘုယ်အားျဖင့္ ေဈးကြက္ထဲမွာ အေတြ႔မ်ားတဲ့ Night Cream ေလးေတြေပါ့။  ပံုမွန္သံုးေနက် တိုနာ၊ ႏို႔ရည္၊ ေရဓာတ္ျဖည့္ခရင္မ္ လိမ္းလည္းအဆင္ေျပတယ္ဆိုေပမဲ့ အသားအေရကိုတစ္ဆင့္ျမွင့္ၿပီးထိန္းသိမ္းခ်င္တဲ့ ေယာင္းေလးေတြ၊ သက္လတ္ပိုင္းက ေယာင္းေလးေတြကေတာ့ ဒီလိုမ်ိဳးခရင္မ္ေလးေတြကို သံုးေပးသင့္ပါတယ္ေနာ္။ ဒါမွလည္း အရြယ္တင္ႏုပ်ိဳၿပီး အၿမဲလွေနႏိုင္မွာေပါ့။ ဒီ Night Cream ေဆာင္းပါးေလးနဲ႔ပတ္သက္ၿပီး ေမးခ်င္တာရွိရင္လည္း မင္မင္တို႔ရဲ႕ Chat box ကေနတစ္ဆင့္ ေမးျမန္းႏိုင္ပါတယ္ေနာ္။ ႏွင္းေျဖေပးပါ့မယ္လို႔။ အခုေတာ့ တာ့တာ!!!

Hnin Ei Oo (For Her Myanmar)

<<< Unicode >>>

သေချာဖတ်ပြီးမှ ဝယ်နော်။ မသိဘူးဝယ်မယ်ဆိုပြီး အကုန်ဆွဲချမလာနဲ့!!!

မတွေ့ရတာ အင်မတန်မှကြာလှပြီမို့ လွမ်းနေကြရဲ့လားယောင်းတို့ရေ… နှင်းကဒီဘက်ရုံးမှာ အလုပ်တွေအရမ်းများနေတာမို့ စာရေးတဲ့ဘက်ကို သိပ်မလှမ်းနိုင်ဖြစ်နေလို့ ယောင်းတို့ကိုပစ်ထားသလို ဖြစ်သွားရင် ဒီဆောင်းပါးလေးနဲ့ ချော့လိုက်ပါတယ်လို့။ ဒီနေ့ဆောင်းပါးလေးထဲမှာတော့ ယောင်းတို့လည်းသိချင်နေလောက်မယ့် ညလိမ်းခရင်မ်လေးအကြောင်းကို တင်ဆက်ချင်ပါတယ်ရှင်။ ကဲ ဒါဆိုဆက်ပြီးဖတ်ကြည့်ရအောင်နော်။

ဘယ်အမျိုးအစား ဘာညာဆိုတာမသွားခင်မှာ ညလိမ်းခရင်မ်ဆိုတာဘာလဲ ဘာညာအနေအထားကို အရင်ဆုံး လေ့လာကြည့်ကြမယ်လေနော်။ နှင်းတို့ရဲ့မျက်နှာမှာရှိတဲ့ ဆဲလ်လေးတွေကအသစ်မွေးဖွားတာတွေ၊ သေသွားတဲ့ဆဲလ်အဟောင်းတွေက အရေပြားပေါ်တက်လာတာတွေ၊ ဆဲလ်လေးတွေ ပြုပြင်ပြောင်းလဲတာတွေ စသည်ဖြင့် ဆဲလ်ပြောင်းလဲမှုအဆင့်ဆင့်တွေက ညဘက်မှလုပ်ဆောင်မှု အားပိုကောင်းပါတယ်။ (ဒါကြောင့် ညဘက်ကို စောစောအိပ်လို့ပြောတာပေါ့) ဒီလိုအချိန်မျိုးမှာ ကိုယ့်အတွက်တကယ်ထိရောက်မယ့် Skincare မျိုးလိမ်းပေးရင် အသားအရေအတွက်အရမ်းကောင်းတာမို့ Night Cream လို့ခေါ်တဲ့ ညလိမ်းခရင်မ်လေးတွေက အင်မတန်မှအရေးကြီးပါတယ်။ ဆိုတော့ကား Night Cream ထဲမှာဆိုရင်…

ရိုးရိုး Night Cream (ရိုးရိုးညလိမ်းခရင်မ်)

ဒါကတော့ ငပျော်တကင်း (ငပျင်း) လေးတွေအတွက်ပါနော်။ ဒီလိုခရင်မ်ထဲမှာဆိုရင် အသားအရေထိန်းသိမ်းဖို့အတွက် လိုအပ်တဲ့ တိုနာ၊ နို့ရည်၊ ရေဓာတ်ဖြည့်ခရင် စသည်ဖြင့် ပုံမှန်လိမ်းနေကျ စကွင်းကဲတွေပါဝင်ပြီး တစ်မျိုးတည်းနဲ့ အာနိသင်ပေါင်းစုံကို တပြိုင်နက်တည်းရနိုင်ပါတယ်။ ဆိုပေမဲ့လည်း အစုံသုပ်တို့ရဲ့ထုံးစံအတိုင်း အုတ်ရောရောကျောက်ရောရောနဲ့ အရမ်းထိရောက်မှာမျိုးမဟုတ်တာမို့ အခုမှ စကွင်းစကဲမယ့် ဆယ်ကျော်သက်လေးတွေအတွက်လောက်ပဲ အဆင်ပြေပါလိမ့်မယ်။

Related Article >>> ပရိုမိုးရှင်းပစ္စည်းထဲမှာမှ အကောင်းဆုံးပစ္စည်းကို ဘယ်လိုရွေးထုတ်ကြမလဲ?

Sleeping Pack or Sleeping Mask (Sheet Mask ကဲ့သို့အစွမ်းထက်သော ညလိမ်းခရင်မ်)

သူလေးကတော့ ယောင်းတို့နဲ့ နည်းနည်းလေးစိမ်းမယ်ထင်တယ်။ ဒီညလိမ်းခရင်မ်လေးက သက်ဆိုင်ရာအာနိသင် (ဥပမာ ရေဓာတ်ဖြည့်ချင်တာမျိုး၊ Anti-Aging လို အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးခြင်း (သို့) အိုမင်းရင့်ရော်ခြင်းကိုကုသပေးခြင်း) စတာတွေကို  အမြင့်ဆုံးပေးစွမ်းနိုင်တာဖြစ်ပါတယ်။ (ဥပမာ ယောင်းက Moisturizing Sleeping Pack ကိုညဘက်လိမ်းအိပ်မယ်ဆိုရင် မနက်ရောက်တဲ့အခါ ရေဓာတ်အပြည့်နဲ့လန်းဆန်းနေတဲ့မျက်နှာလေးကို တွေ့ရမှာပါ။) ဒီခရင်မ်လေးကတော့ ရိုးရိုးလိုမျိုး လုပ်ဆောင်ချက်အများကြီးမပါပေမဲ့ တစ်ခုတည်းကိုပဲ ထိရောက်မှုအကောင်းဆုံးရအောင် လုပ်ဆောင်ပေးနိုင်တာမို့ ကိုယ့် Skin အကြောင်းကောင်းကောင်းသိပြီး လိုအပ်တာကို တိတိကျကျဖြည့်ချင်တဲ့ ယောင်းတွေအတွက် ဒါလေးကသင့်တော်ပါတယ်။

Nourishing Cream (လိုအပ်တဲ့အာဟာရဓာတ်ကိုပြန်ဖြည့်တင်းပေးနိုင်တဲ့ ညလိမ်းခရင်မ်)

နှင်းအပေါ်မှာပြောခဲ့သလိုပဲ ညဘက်မှာမှ ဆဲလ်တွေရဲ့လုပ်ဆောင်ချက်က အမြင့်ဆုံးတက်တာမို့  ဒီလိုအချိန်မျိုးမှာ အာဟာရဓာတ်များများပါတဲ့ ခရင်မ်မျိုးလိမ်းပေးတာက ကိုယ့်အသားအရေရဲ့လုပ်ဆောင်ချက်ကို အားပေးတာနဲ့အတူတူပါပဲ။ ဒါကြောင့် ဒီလိုမျိုးခရင်မ်ကတော့ အသားအရမ်းခြောက်ပြီး ကြမ်းတမ်းနေတဲ့ ယောင်းလေးတွေ၊ မျက်နှာက မွဲခြောက်ခြောက်ဖြစ်နေတဲ့ ယောင်းလေးတွေနဲ့ ပိုပြီးသင့်တော်ပါတယ်။ (အသားခြောက်သူတွေနဲ့သင့်တော်တယ်ဆိုပေမဲ့ ညဘက်လိမ်းမှာမို့ အဆီပြန်သမားတွေလည်း လိမ်းပေးလို့ရပါတယ်နော်။)

Related Article >>> ညိုမည်းနေတဲ့ နှုတ်ခမ်းသားတွေ ပန်းနုသွေးခြယ်လာစေဖို့ ဒီနည်းလေးတွေ သုံးကြည့်ပါ။

ဒါလေးတွေကတော့ ယေဘုယျအားဖြင့် ဈေးကွက်ထဲမှာ အတွေ့များတဲ့ Night Cream လေးတွေပေါ့။  ပုံမှန်သုံးနေကျ တိုနာ၊ နို့ရည်၊ ရေဓာတ်ဖြည့်ခရင်မ် လိမ်းလည်းအဆင်ပြေတယ်ဆိုပေမဲ့ အသားအရေကိုတစ်ဆင့်မြှင့်ပြီးထိန်းသိမ်းချင်တဲ့ ယောင်းလေးတွေ၊ သက်လတ်ပိုင်းက ယောင်းလေးတွေကတော့ ဒီလိုမျိုးခရင်မ်လေးတွေကို သုံးပေးသင့်ပါတယ်နော်။ ဒါမှလည်း အရွယ်တင်နုပျိုပြီး အမြဲလှနေနိုင်မှာပေါ့။ ဒီ Night Cream ဆောင်းပါးလေးနဲ့ပတ်သက်ပြီး မေးချင်တာရှိရင်လည်း မင်မင်တို့ရဲ့ Chat box ကနေတစ်ဆင့် မေးမြန်းနိုင်ပါတယ်နော်။ နှင်းဖြေပေးပါ့မယ်လို့။ အခုတော့ တာ့တာ!!!

Hnin Ei Oo (For Her Myanmar)

No Comments Yet

Comments are closed