ပရိုမိုးရွင္းပစၥည္းထဲမွာမွ အေကာင္းဆံုးပစၥည္းကို ဘယ္လိုေရြးထုတ္ၾကမလဲ?

နံပါတ္ ၄ အခ်က္က အသက္ပဲ!!!

ႏွင္းၾကားဖူးေနက်စကားတစ္ခြန္းရွိတယ္။ ႏိုင္ငံျခားမွာ ပစၥည္းေတြကို ပရိုမိုးရွင္းခ်တယ္ဆိုရင္ တကယ့္ေကာင္းေပ့ဆိုတာမ်ိဳးေတြပဲခ်တာ၊ ဒီမွာခ်ရင္ေတာ့ ပစၥည္းအစုတ္ေတြပဲရတယ္ ဂ်င္းေတြပါဟယ္ ဆိုတာမ်ိဳးေပါ့။ အမွန္ေတာ့ ဒီလိုရယ္။ ပရိုမိုးရွင္းဆိုတာက ပံုမွန္ထက္ေတာ့ ေဈးကအမ်ားႀကီး ေလ်ာ႔ေနတာမို႔ အခုမွအသစ္ထြက္ထားတဲ့ New Arrival ေတြကိုေတာ့ ဒီလိုေဈးနဲ႔ဘယ္ရႏိုင္ပါ့မလဲေနာ္။ (ပစၥည္းမိတ္ဆက္ပြဲဆိုရင္ေတာ့ တစ္မ်ိဳးေပါ့ေအ။) ဒါေပမဲ့ ဒီလိုေလွ်ာ႔ေဈးထဲကပဲ တကယ့္အေကာင္းဆိုတဲ့ ပစၥည္းေတြကို ရွာဝယ္လို႔ရပါတယ္။ ဘယ္လို ရွာၾကမလဲ? (ဒီစာကို ဆိုင္ပိုင္ရွင္ေတြမျမင္ပါေစနဲ႔ :P)

(၁) ေအာက္ဆံုးအထိႏိႈက္ပါ။

ေခါင္းစဥ္ၾကည့္ၿပီး ေပါက္ကရေတြ မေတြးၾကနဲ႔ဦးေနာ္။ ဒါကေတာ့ အက်ႌရယ္မွမဟုတ္ဘူး ဘယ္ပစၥည္းဝယ္ဝယ္ႏွင္းသံုးေနက်နည္းလမ္း။ အၿမဲတမ္းဆိုင္ပိုင္ရွင္ေတြက ပစၥည္းအေဟာင္းေတြကို အေရွ႕မွာထားတတ္ၿပီး အသစ္ေတြကို အေနာက္မွာထားတတ္တဲ့ သေဘာတစ္ခုရွိတယ္ရယ္။ အဲ့ေတာ့ သိပ္မေကာင္းတဲ့ပစၥည္းေတြေရာင္းထြက္ၿပီးမွ အေကာင္းေတြကိုေရာင္းတယ္ဆိုတဲ့ သေဘာပဲေလ။ ဆိုေတာ့ အက်ႌေတြ တျခား Cosmetic ပစၥည္းေတြဆိုရင္လည္း အေကာင္းကို ေအာက္တို႔၊ အေနာက္တို႔မွာ ထားတတ္ၾကပါတယ္။ ဒါေၾကာင့္ ေသခ်ာမ်က္စိကို ရွင္ရွင္ထားၿပီး အေနာက္ဘက္ေတြ၊ ေအာက္ဆံုးေတြအထိႏိႈက္ပါလို႔။

Related Article >>> အက္ဒ္မင္အႀကိဳက္ဆံုး ျမန္မာႏိုင္ငံရဲ႕ တက္သစ္စ Beauty Blogger (၅) ဦး

(၂) အခ်ိန္ေပးေရြးပါ။

အေလာသံုးဆယ္ သြားရမယ္ဆိုရင္ေတာ့ ဒီပရိုမိုးရွင္းပစၥည္းေတြကို သြားေရြးဖို႔စိတ္ေတာင္မကူးပါနဲ႔လို႔။ အခ်ိန္ေသခ်ာေပးၿပီး တစ္ခုခ်င္းစီကို အျပစ္အနာအဆာရွိမရွိေရြး၊ အကယ္၍ လူအရမ္းမမ်ားဘူးဆိုရင္ ကိုယ္နဲ႔လိုက္မလိုက္ ဝတ္ၾကည့္တာမ်ိဳးေတြပါ လုပ္ေပးပါ။ ဒါဆိုရင္ ပရိုမိုးရွင္းရတဲ့ပစၥည္းဝယ္တာေတာင္ ပံုမွန္ဝယ္ရသလိုပဲ အဆင္ေျပေနေစမွာပါေနာ္။

(၃) ကိုယ္ဝယ္မယ့္ဘရန္းအေၾကာင္း အရင္ေလ့လာထားပါ။

80% ပရိုမိုးရွင္းဆိုတဲ့ ဆိုင္းပုဒ္ႀကီးျမင္လို႔ ဆိုင္ထဲေျပးဝင္သြားတာထက္ ပရိုမိုးရွင္းလုပ္တတ္တဲ့ရာသီမ်ိဳးမွာ Facebook ေပၚမွာတက္ရွာၿပီး ကိုယ္ဝယ္ခ်င္တဲ့ဘရန္းအေၾကာင္းကို ႀကိဳၿပီးေလ့လာထားပါ။ သာမန္ပစၥည္းထဲမွာေတာင္ မေကာင္းတဲ့ေကာမန္႔ေတြ၊ ကြန္ပလိန္းေတြမ်ားေနရင္ေတာ့ ဒီဘရန္းကိုမီးနီျပၿပီး ေရွာင္သင့္ပါၿပီ။

Related Article >>> သံလြင္နဲ႕ အုန္းဆီမွာ ဘယ္ဆီက ပိုေကာင္းလဲ

(၄) ကိုယ္ဘာဝယ္ခ်င္လဲဆိုတာ ေသခ်ာသိပါေစ။

ဒါကေတာ့ ႏွင္းကိုယ္ႏွင္းလည္း သတိေပးတာေပါ့ေနာ္။ ပရိုမိုးရွင္းဆိုတဲ့ သေဘာအတိုင္း ဆိုင္ေတြကေတာ့ ရွိရွိသမွ်ပစၥည္းအားလံုးကို လိုခ်င္စရာျဖစ္ေအာင္ စီထားမွာပဲ။ အဲ့ထဲမွာ ကိုယ္ကဘာလိုခ်င္မွန္းမသိ၊ လွတာမွန္သမွ် ဆြဲထည့္မယ္လို႔ ေတြးထားရင္ေတာ့ ဂ်င္းမိျခင္းအေပါင္း သရဖူေဆာင္းရလိမ့္မယ္လို႔။ ဒါေၾကာင့္ မသြားခင္မွာ ကိုယ္ဘာဝယ္ခ်င္လဲ၊ ဘာပစၥည္းလိုခ်င္လဲဆိုတာကို ေသခ်ာစဥ္းစားၿပီးမွ သြားပါေနာ္။ ဒါဆိုရင္ေတာ့ ဂ်င္းမိဖို႔ရာခိုင္ႏႈန္းနည္းသြားပါလိမ့္မယ္။

ဒီ ၄ ခ်က္ကေတာ့ ကိုယ္ပိုင္အေတြ႔အၾကံဳေတြပါေပါင္းထည့္ၿပီး ေရးထားတာမို႔ ေယာင္းတို႔အတြက္လည္း အသံုးဝင္လိမ့္မယ္လို႔ ယံုၾကည္ပါတယ္ေနာ္။ ဆိုင္ရွင္ေတြကို ဂ်င္းျပန္ထည့္ၿပီး ပရိုမိုးရွင္းပစၥည္းဝယ္တိုင္း အျပံဳးပန္းေလးေတြကို ဆင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းရင္း… ဒီေဆာင္းပါးေလးကို ဒီေနရာမွာပဲ ရပ္လိုက္ပါတယ္ရွင္။

Hnin Ei Oo (For Her Myanmar)

<<< Unicode >>>

နံပါတ် ၄ အချက်က အသက်ပဲ!!!

နှင်းကြားဖူးနေကျစကားတစ်ခွန်းရှိတယ်။ နိုင်ငံခြားမှာ ပစ္စည်းတွေကို ပရိုမိုးရှင်းချတယ်ဆိုရင် တကယ့်ကောင်းပေ့ဆိုတာမျိုးတွေပဲချတာ၊ ဒီမှာချရင်တော့ ပစ္စည်းအစုတ်တွေပဲရတယ် ဂျင်းတွေပါဟယ် ဆိုတာမျိုးပေါ့။ အမှန်တော့ ဒီလိုရယ်။ ပရိုမိုးရှင်းဆိုတာက ပုံမှန်ထက်တော့ ဈေးကအများကြီး လျော့နေတာမို့ အခုမှအသစ်ထွက်ထားတဲ့ New Arrival တွေကိုတော့ ဒီလိုဈေးနဲ့ဘယ်ရနိုင်ပါ့မလဲနော်။ (ပစ္စည်းမိတ်ဆက်ပွဲဆိုရင်တော့ တစ်မျိုးပေါ့အေ။) ဒါပေမဲ့ ဒီလိုလျှော့ဈေးထဲကပဲ တကယ့်အကောင်းဆိုတဲ့ ပစ္စည်းတွေကို ရှာဝယ်လို့ရပါတယ်။ ဘယ်လို ရှာကြမလဲ? (ဒီစာကို ဆိုင်ပိုင်ရှင်တွေမမြင်ပါစေနဲ့ :P)

(၁) အောက်ဆုံးအထိနှိုက်ပါ။

ခေါင်းစဉ်ကြည့်ပြီး ပေါက်ကရတွေ မတွေးကြနဲ့ဦးနော်။ ဒါကတော့ အင်္ကျီရယ်မှမဟုတ်ဘူး ဘယ်ပစ္စည်းဝယ်ဝယ်နှင်းသုံးနေကျနည်းလမ်း။ အမြဲတမ်းဆိုင်ပိုင်ရှင်တွေက ပစ္စည်းအဟောင်းတွေကို အရှေ့မှာထားတတ်ပြီး အသစ်တွေကို အနောက်မှာထားတတ်တဲ့ သဘောတစ်ခုရှိတယ်ရယ်။ အဲ့တော့ သိပ်မကောင်းတဲ့ပစ္စည်းတွေရောင်းထွက်ပြီးမှ အကောင်းတွေကိုရောင်းတယ်ဆိုတဲ့ သဘောပဲလေ။ ဆိုတော့ အင်္ကျီတွေ တခြား Cosmetic ပစ္စည်းတွေဆိုရင်လည်း အကောင်းကို အောက်တို့၊ အနောက်တို့မှာ ထားတတ်ကြပါတယ်။ ဒါကြောင့် သေချာမျက်စိကို ရှင်ရှင်ထားပြီး အနောက်ဘက်တွေ၊ အောက်ဆုံးတွေအထိနှိုက်ပါလို့။

Related Article >>> အက်ဒ်မင်အကြိုက်ဆုံး မြန်မာနိုင်ငံရဲ့ တက်သစ်စ Beauty Blogger (၅) ဦး

(၂) အချိန်ပေးရွေးပါ။

အလောသုံးဆယ် သွားရမယ်ဆိုရင်တော့ ဒီပရိုမိုးရှင်းပစ္စည်းတွေကို သွားရွေးဖို့စိတ်တောင်မကူးပါနဲ့လို့။ အချိန်သေချာပေးပြီး တစ်ခုချင်းစီကို အပြစ်အနာအဆာရှိမရှိရွေး၊ အကယ်၍ လူအရမ်းမများဘူးဆိုရင် ကိုယ်နဲ့လိုက်မလိုက် ဝတ်ကြည့်တာမျိုးတွေပါ လုပ်ပေးပါ။ ဒါဆိုရင် ပရိုမိုးရှင်းရတဲ့ပစ္စည်းဝယ်တာတောင် ပုံမှန်ဝယ်ရသလိုပဲ အဆင်ပြေနေစေမှာပါနော်။

(၃) ကိုယ်ဝယ်မယ့်ဘရန်းအကြောင်း အရင်လေ့လာထားပါ။

80% ပရိုမိုးရှင်းဆိုတဲ့ ဆိုင်းပုဒ်ကြီးမြင်လို့ ဆိုင်ထဲပြေးဝင်သွားတာထက် ပရိုမိုးရှင်းလုပ်တတ်တဲ့ရာသီမျိုးမှာ Facebook ပေါ်မှာတက်ရှာပြီး ကိုယ်ဝယ်ချင်တဲ့ဘရန်းအကြောင်းကို ကြိုပြီးလေ့လာထားပါ။ သာမန်ပစ္စည်းထဲမှာတောင် မကောင်းတဲ့ကောမန့်တွေ၊ ကွန်ပလိန်းတွေများနေရင်တော့ ဒီဘရန်းကိုမီးနီပြပြီး ရှောင်သင့်ပါပြီ။

Related Article >>> သံလွင်နဲ့ အုန်းဆီမှာ ဘယ်ဆီက ပိုကောင်းလဲ

(၄) ကိုယ်ဘာဝယ်ချင်လဲဆိုတာ သေချာသိပါစေ။

ဒါကတော့ နှင်းကိုယ်နှင်းလည်း သတိပေးတာပေါ့နော်။ ပရိုမိုးရှင်းဆိုတဲ့ သဘောအတိုင်း ဆိုင်တွေကတော့ ရှိရှိသမျှပစ္စည်းအားလုံးကို လိုချင်စရာဖြစ်အောင် စီထားမှာပဲ။ အဲ့ထဲမှာ ကိုယ်ကဘာလိုချင်မှန်းမသိ၊ လှတာမှန်သမျှ ဆွဲထည့်မယ်လို့ တွေးထားရင်တော့ ဂျင်းမိခြင်းအပေါင်း သရဖူဆောင်းရလိမ့်မယ်လို့။ ဒါကြောင့် မသွားခင်မှာ ကိုယ်ဘာဝယ်ချင်လဲ၊ ဘာပစ္စည်းလိုချင်လဲဆိုတာကို သေချာစဉ်းစားပြီးမှ သွားပါနော်။ ဒါဆိုရင်တော့ ဂျင်းမိဖို့ရာခိုင်နှုန်းနည်းသွားပါလိမ့်မယ်။

ဒီ ၄ ချက်ကတော့ ကိုယ်ပိုင်အတွေ့အကြုံတွေပါပေါင်းထည့်ပြီး ရေးထားတာမို့ ယောင်းတို့အတွက်လည်း အသုံးဝင်လိမ့်မယ်လို့ ယုံကြည်ပါတယ်နော်။ ဆိုင်ရှင်တွေကို ဂျင်းပြန်ထည့်ပြီး ပရိုမိုးရှင်းပစ္စည်းဝယ်တိုင်း အပြုံးပန်းလေးတွေကို ဆင်နိုင်ကြပါစေလို့ ဆုတောင်းရင်း… ဒီဆောင်းပါးလေးကို ဒီနေရာမှာပဲ ရပ်လိုက်ပါတယ်ရှင်။

Hnin Ei Oo (For Her Myanmar)

No Comments Yet

Comments are closed