စကြင္းကဲလား? အလွကုန္ပစၥည္းလား? ဘယ္ဟာက ပိုေခတ္စားေနတယ္လို႔ထင္လဲ???

သိထားသင့္ပါတယ္… အလွအပခ်စ္သူမွန္ရင္ေပါ့ :3

အလွအပေရစီးေၾကာင္းဆိုတာ တစ္ႏွစ္အတြင္းမွာေတာင္ ႏွစ္မ်ိဳးသံုးမ်ိဳးေျပာင္းခ်င္ေျပာင္းတတ္တဲ့ အမ်ိဳးမလား? ႏွင္းေလ့လာမိသေလာက္ေတာ့ ၉၀ ခုႏွစ္အေစာပိုင္းေလာက္မွာ မ်က္ခံုးတစ္ေခ်ာင္းတည္း၊ လိုင္နာအနက္ခပ္ထူထူ၊ ခပ္ရဲရဲႏႈတ္ခမ္းနီနဲ႔ ခပ္ျဖဴျဖဴမ်က္ႏွာေတြကေခတ္စားခဲ့ေပမဲ့ ၂၀၀၀ ပတ္ဝန္းက်င္နားေရာက္လာေတာ့ ပင္ကိုယ္ (Natural) အလွပံုစံ (အေရာင္ေတြသိပ္မရွိတဲ့ပံုစံ) ကေခတ္စားလာတယ္ေလ။ ဒါေပမဲ့ ၁၇ ႏွစ္အၾကာ ၂၀၁၇ နားမွာေတာ့ အလွကုန္ပစၥည္းထက္ တကယ့္ပင္ကိုယ္အလွက ပိုၿပီးေခတ္စားလာခဲ့ပါတယ္။ 

တကယ့္ပင္ကိုယ္အလွဆိုတဲ့အတိုင္း မ်က္ႏွာမွာမိတ္ကပ္ကမရွိသေလာက္ နည္းပါးတာေၾကာင့္ ပင္ကိုယ္အသားအေရက တကယ္ေကာင္းေနမွ မိတ္ကပ္မလိမ္းလည္း လွတပတေလးထြက္မွာကိုး။ ဆိုေတာ့ ေနာက္ပိုင္းမွာ ပင္ကိုယ္အသားအေရေကာင္းဖို႔အတြက္ ဦးစားေပးၿပီး စကြင္းကဲကို အသားကုန္ဦးစားေပး လုပ္လာၾကပါတယ္။

အရင္တုန္းကေတာ့ တိုနာ၊ ႏို႔ရည္ေလာက္ရွိရင္ပဲ ကိုယ့္ရဲ႕စကြင္းကဲကမာၻႀကီးက ျပည့္စံုလွပေနၿပီလို႔ ထင္ခဲ့ေပမဲ့ ၂၀၁၈ ေနာက္ပိုင္းမွာေခတ္စားလာတဲ့ ဖန္သားျပင္နဲ႔ တူတဲ့ထိ ေခ်ာမြတ္ေျပာင္လက္ေနတဲ့ အသားအေရ(Glass Skin) လို ၾကည္လင္ဝင္းမြတ္ၿပီး ၾကည့္တဲ့သူတိုင္း မ်က္စိက်ိန္းရေလာက္ေအာင္ ဂလိုးေနမႈေတြ ရလာေအာင္က်ေတာ့ တိုနာ၊ ႏို႔ရည္ေလာက္နဲ႔ အဆင္မေျပေတာ့ပါဘူး။ Essence, Serum, Night Cream စတဲ့ အဆင့္ျမင့္နည္းပညာေတြနဲ႔ ထုတ္လုပ္ထားၿပီး ေယာင္းတို႔ရဲ႕အသားအေရအတြင္းပိုင္းမွာရွိတဲ့ ဆဲလ္ေတြကိုပါျပန္ျပဳျပင္ေပးႏိုင္တဲ့ အသားအေရ ထိန္းသိမ္းျခင္းပစၥည္းေတြကိုပါ ထပ္တိုးၿပီး သံုးလာၾကပါတယ္။

Related Article >>> ပံုမွန္ထက္ ရင္သားေသးတဲ့ေယာင္းေတြ အထာက်က်လန္းႏိုင္မယ့္ ဖက္ရွင္ (၅) မ်ိဳး

၂၀၁၉မွာေတာ့ Genetic Based Skincare လို႔ေခၚတဲ့ ကိုယ့္ရဲ႕မ်ိဳးရိုးဗီဇအေပၚမူတည္ၿပီး ျပန္ထုတ္လုပ္ထားတဲ့ စကြင္းကဲေတြက အရမ္းေခတ္စားလာပါတယ္။ ဥပမာအနီးစပ္ဆံုးေျပာရရင္ ကိုယ့္ေသြးကိုယ္ေဖာက္ၿပီး မ်က္ႏွာေပၚ Mask အေနနဲ႔ ကပ္တဲ့ဟာမ်ိဳးေပါ့။ ေနာက္ၿပီးဒီလို ကိုယ့္ရဲ႕မ်ိဳးရိုးဗီဇအေပၚမူတည္ၿပီး ျပန္ထုတ္ထားတဲ့ စကြင္းကဲေတြက Anti-Aging လို႔ေခၚတဲ့ အရြယ္တင္ႏုပ်ိဳေစမယ့္ ဓာတ္ပစၥည္းကိုလည္း အျပည့္ဝဆံုးနဲ႔ အေကာင္းဆံုးထုတ္လုပ္ေပးႏိုင္ပါတယ္တဲ့။ (တခ်ိဳ႕ေတြဆို အမ်ိဳးသားရဲ႕သုတ္ပိုးေတြကို မ်က္ႏွာလိမ္းတယ္ဆိုလား… အာ့မ်ိဳးေတြေပါ့ :3 )

ေနာက္ၿပီး သံုးၿပီးတာနဲ႔ခ်က္ခ်င္း ရလဒ္တစ္ခုကိုေပးႏိုင္တဲ့ Intensive Active Skincare ေတြကလည္း ဒီႏွစ္မွာအရမ္းေခတ္စားလာပါတယ္ ေယာင္းတို႔ေရ… ဥပမာ Mask ေတြ Overnight capsule (တစ္ညတည္းနဲ႔ခ်က္ခ်င္းသိသာေစတဲ့ ေဆးလံုးေလးေတြ), Overnight Sleeping Pack (or) Mask (တစ္ညတည္းနဲ႔သိသာေစမယ့္ ညအိပ္ခ်ိန္လိမ္းၿပီးမနက္မွာ ေရေဆးခ်ရတဲ့စကင္းကဲ တစ္မ်ိဳး) ေတြကေတာ့ ဒီႏွစ္မွာ ေခတ္အစားဆံုး အသားအေရထိန္းသိမ္းတဲ့ပစၥည္းေတြေပါ့။ အထူးသျဖင့္ ဒီလိုမ်ိဳး မ်က္လံုးက်ိန္းေနေလာက္ေအာင္ ဂလိုးေနဖို႔ဆိုတာ အၿမဲတမ္းမျဖစ္ႏိုင္တာမို႔ အေရႀကီးတဲ့ပြဲ ဒါမွမဟုတ္ ကိစၥတစ္ခုခုရွိမွ ဒီလို overnight ပစၥည္းေတြသံုးၿပီး ခ်က္ခ်င္းဝင္းသြားေအာင္ လုပ္ၾကတာမ်ားပါတယ္။

Related Article >>> ခ်င္းကို သံုးၿပီး ဆံပင္သန္ေအာင္ လုပ္ၾကမယ္…

ေနာက္ဆံုးအေနနဲ႔ ေခတ္စားလာတာကေတာ့ တကယ့္သဘာဝပစၥည္းကိုမွ ေအာ္ဂဲနစ္လုိ႔ေခၚတဲ့  ပါဝင္ပစၥည္းေတြကိုပဲ (သဘာဝေျမၾသဇာေတြကိုပဲ သီးသန္႔အသံုးျပဳၿပီး သဘာဝအတိုင္းစိုက္ပ်ိဳးထားတဲ့) သီးသန္႔သံုးၿပီး ထုတ္လုပ္ထားတဲ့ စကြင္းကဲပစၥည္းေတြက အရမ္းကိုေခတ္စားလာပါတယ္။ အထူးသျဖင့္ အသားအေရတစ္မ်ိဳးတည္းတင္မကဘဲ စိတ္ကိုလည္းၾကည္လင္ၿပီးလန္းဆန္းေစမယ့္ အနံ႕မ်ိဳးပါရွိတဲ့ ဟင္းႏုႏြယ္အပင္၊ ရွားေစာင္းလက္ပက္အပင္နဲ႔ တျခားရွားပါးပန္းပြင့္၊ အသီးနဲ႔ အပင္ေတြကိုအေျခခံၿပီးထုတ္လုပ္ထားတဲ့ပစၥည္းေတြကို သံုးစြဲမႈႏႈန္းက သိသိသသာသာႀကီးတိုးတက္လာပါတယ္တဲ့။

ကဲ ဒီေလာက္ဆိုရင္ေတာ့ ေဆာင္းပါးထဲမွာပဲ အေျဖကသိသိသာသာႀကီး ထြက္ေလာက္ၿပီထင္ပါရဲ႕ေနာ္။ ၂၀၁၇ ေလာက္ကေနစၿပီး တစ္ခဏအလွထက္ ဘယ္အခ်ိန္မွာမဆိုလွေနေစမယ့္ သဘာဝအလွကို ပိုတန္ဖိုးထား ျမတ္ႏိုးလာတာေၾကာင့္ စကြင္းကဲေတြကို သိသိသာသာပိုသံုးလာၿပီး ပိုေခတ္စားလာပါတယ္။

ဒါေၾကာင့္ ေယာင္းတို႔လည္း ႏႈတ္ခမ္းနီ၊ ရွဲဒိုးေတြကို အေရာင္လွတိုင္းဝယ္စုေနတာေလးကိုေလွ်ာ႔ၿပီး ကိုယ့္အသားအေရေလးကို ပိုေကာင္းေစမယ့္ စကြင္းကဲေလးေတြ ဝယ္စုပါေတာ့လို႔။ အဓိကက ေရမ်ားမ်ားေသာက္ၿပီး ဝမ္းမခ်ဳပ္ဘူး၊ အသီးအရြက္မ်ားမ်ားစားမယ္ဆိုရင္ေတာင္ အသားအေရက ေတာ္ေတာ္ေလးၾကည္လာပါလိမ့္မယ္ေနာ္။

လွၿပီးသားေယာင္းေလးေတြကို ပိုပိုၿပီး လွေစခ်င္တဲ့… 

Hnin Ei Oo (For Her Myanmar)

<<< Unicode >>>

သိထားသင့်ပါတယ်… အလှအပချစ်သူမှန်ရင်ပေါ့ :3

အလှအပရေစီးကြောင်းဆိုတာ တစ်နှစ်အတွင်းမှာတောင် နှစ်မျိုးသုံးမျိုးပြောင်းချင်ပြောင်းတတ်တဲ့ အမျိုးမလား? နှင်းလေ့လာမိသလောက်တော့ ၉၀ ခုနှစ်အစောပိုင်းလောက်မှာ မျက်ခုံးတစ်ချောင်းတည်း၊ လိုင်နာအနက်ခပ်ထူထူ၊ ခပ်ရဲရဲနှုတ်ခမ်းနီနဲ့ ခပ်ဖြူဖြူမျက်နှာတွေကခေတ်စားခဲ့ပေမဲ့ ၂၀၀၀ ပတ်ဝန်းကျင်နားရောက်လာတော့ ပင်ကိုယ် (Natural) အလှပုံစံ (အရောင်တွေသိပ်မရှိတဲ့ပုံစံ) ကခေတ်စားလာတယ်လေ။ ဒါပေမဲ့ ၁၇ နှစ်အကြာ ၂၀၁၇ နားမှာတော့ အလှကုန်ပစ္စည်းထက် တကယ့်ပင်ကိုယ်အလှက ပိုပြီးခေတ်စားလာခဲ့ပါတယ်။ 

တကယ့်ပင်ကိုယ်အလှဆိုတဲ့အတိုင်း မျက်နှာမှာမိတ်ကပ်ကမရှိသလောက် နည်းပါးတာကြောင့် ပင်ကိုယ်အသားအရေက တကယ်ကောင်းနေမှ မိတ်ကပ်မလိမ်းလည်း လှတပတလေးထွက်မှာကိုး။ ဆိုတော့ နောက်ပိုင်းမှာ ပင်ကိုယ်အသားအရေကောင်းဖို့အတွက် ဦးစားပေးပြီး စကွင်းကဲကို အသားကုန်ဦးစားပေး လုပ်လာကြပါတယ်။

အရင်တုန်းကတော့ တိုနာ၊ နို့ရည်လောက်ရှိရင်ပဲ ကိုယ့်ရဲ့စကွင်းကဲကမ္ဘာကြီးက ပြည့်စုံလှပနေပြီလို့ ထင်ခဲ့ပေမဲ့ ၂၀၁၈ နောက်ပိုင်းမှာခေတ်စားလာတဲ့ ဖန်သားပြင်နဲ့ တူတဲ့ထိ ချောမွတ်ပြောင်လက်နေတဲ့ အသားအရေ(Glass Skin) လို ကြည်လင်ဝင်းမွတ်ပြီး ကြည့်တဲ့သူတိုင်း မျက်စိကျိန်းရလောက်အောင် ဂလိုးနေမှုတွေ ရလာအောင်ကျတော့ တိုနာ၊ နို့ရည်လောက်နဲ့ အဆင်မပြေတော့ပါဘူး။ Essence, Serum, Night Cream စတဲ့ အဆင့်မြင့်နည်းပညာတွေနဲ့ ထုတ်လုပ်ထားပြီး ယောင်းတို့ရဲ့အသားအရေအတွင်းပိုင်းမှာရှိတဲ့ ဆဲလ်တွေကိုပါပြန်ပြုပြင်ပေးနိုင်တဲ့ အသားအရေ ထိန်းသိမ်းခြင်းပစ္စည်းတွေကိုပါ ထပ်တိုးပြီး သုံးလာကြပါတယ်။

Related Article >>> ပုံမှန်ထက် ရင်သားသေးတဲ့ယောင်းတွေ အထာကျကျလန်းနိုင်မယ့် ဖက်ရှင် (၅) မျိုး

၂၀၁၉မှာတော့ Genetic Based Skincare လို့ခေါ်တဲ့ ကိုယ့်ရဲ့မျိုးရိုးဗီဇအပေါ်မူတည်ပြီး ပြန်ထုတ်လုပ်ထားတဲ့ စကွင်းကဲတွေက အရမ်းခေတ်စားလာပါတယ်။ ဥပမာအနီးစပ်ဆုံးပြောရရင် ကိုယ့်သွေးကိုယ်ဖောက်ပြီး မျက်နှာပေါ် Mask အနေနဲ့ ကပ်တဲ့ဟာမျိုးပေါ့။ နောက်ပြီးဒီလို ကိုယ့်ရဲ့မျိုးရိုးဗီဇအပေါ်မူတည်ပြီး ပြန်ထုတ်ထားတဲ့ စကွင်းကဲတွေက Anti-Aging လို့ခေါ်တဲ့ အရွယ်တင်နုပျိုစေမယ့် ဓာတ်ပစ္စည်းကိုလည်း အပြည့်ဝဆုံးနဲ့ အကောင်းဆုံးထုတ်လုပ်ပေးနိုင်ပါတယ်တဲ့။ (တချို့တွေဆို အမျိုးသားရဲ့သုတ်ပိုးတွေကို မျက်နှာလိမ်းတယ်ဆိုလား… အာ့မျိုးတွေပေါ့ :3 )

နောက်ပြီး သုံးပြီးတာနဲ့ချက်ချင်း ရလဒ်တစ်ခုကိုပေးနိုင်တဲ့ Intensive Active Skincare တွေကလည်း ဒီနှစ်မှာအရမ်းခေတ်စားလာပါတယ် ယောင်းတို့ရေ… ဥပမာ Mask တွေ Overnight capsule (တစ်ညတည်းနဲ့ချက်ချင်းသိသာစေတဲ့ ဆေးလုံးလေးတွေ), Overnight Sleeping Pack (or) Mask (တစ်ညတည်းနဲ့သိသာစေမယ့် ညအိပ်ချိန်လိမ်းပြီးမနက်မှာ ရေဆေးချရတဲ့စကင်းကဲ တစ်မျိုး) တွေကတော့ ဒီနှစ်မှာ ခေတ်အစားဆုံး အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေပေါ့။ အထူးသဖြင့် ဒီလိုမျိုး မျက်လုံးကျိန်းနေလောက်အောင် ဂလိုးနေဖို့ဆိုတာ အမြဲတမ်းမဖြစ်နိုင်တာမို့ အရေကြီးတဲ့ပွဲ ဒါမှမဟုတ် ကိစ္စတစ်ခုခုရှိမှ ဒီလို overnight ပစ္စည်းတွေသုံးပြီး ချက်ချင်းဝင်းသွားအောင် လုပ်ကြတာများပါတယ်။

Related Article >>> ချင်းကို သုံးပြီး ဆံပင်သန်အောင် လုပ်ကြမယ်…

နောက်ဆုံးအနေနဲ့ ခေတ်စားလာတာကတော့ တကယ့်သဘာဝပစ္စည်းကိုမှ အော်ဂဲနစ်လို့ခေါ်တဲ့  ပါဝင်ပစ္စည်းတွေကိုပဲ (သဘာဝမြေသြဇာတွေကိုပဲ သီးသန့်အသုံးပြုပြီး သဘာဝအတိုင်းစိုက်ပျိုးထားတဲ့) သီးသန့်သုံးပြီး ထုတ်လုပ်ထားတဲ့ စကွင်းကဲပစ္စည်းတွေက အရမ်းကိုခေတ်စားလာပါတယ်။ အထူးသဖြင့် အသားအရေတစ်မျိုးတည်းတင်မကဘဲ စိတ်ကိုလည်းကြည်လင်ပြီးလန်းဆန်းစေမယ့် အနံ့မျိုးပါရှိတဲ့ ဟင်းနုနွယ်အပင်၊ ရှားစောင်းလက်ပက်အပင်နဲ့ တခြားရှားပါးပန်းပွင့်၊ အသီးနဲ့ အပင်တွေကိုအခြေခံပြီးထုတ်လုပ်ထားတဲ့ပစ္စည်းတွေကို သုံးစွဲမှုနှုန်းက သိသိသသာသာကြီးတိုးတက်လာပါတယ်တဲ့။

ကဲ ဒီလောက်ဆိုရင်တော့ ဆောင်းပါးထဲမှာပဲ အဖြေကသိသိသာသာကြီး ထွက်လောက်ပြီထင်ပါရဲ့နော်။ ၂၀၁၇ လောက်ကနေစပြီး တစ်ခဏအလှထက် ဘယ်အချိန်မှာမဆိုလှနေစေမယ့် သဘာဝအလှကို ပိုတန်ဖိုးထား မြတ်နိုးလာတာကြောင့် စကွင်းကဲတွေကို သိသိသာသာပိုသုံးလာပြီး ပိုခေတ်စားလာပါတယ်။

ဒါကြောင့် ယောင်းတို့လည်း နှုတ်ခမ်းနီ၊ ရှဲဒိုးတွေကို အရောင်လှတိုင်းဝယ်စုနေတာလေးကိုလျှော့ပြီး ကိုယ့်အသားအရေလေးကို ပိုကောင်းစေမယ့် စကွင်းကဲလေးတွေ ဝယ်စုပါတော့လို့။ အဓိကက ရေများများသောက်ပြီး ဝမ်းမချုပ်ဘူး၊ အသီးအရွက်များများစားမယ်ဆိုရင်တောင် အသားအရေက တော်တော်လေးကြည်လာပါလိမ့်မယ်နော်။

လှပြီးသားယောင်းလေးတွေကို ပိုပိုပြီး လှစေချင်တဲ့… 

Hnin Ei Oo (For Her Myanmar)

No Comments Yet

Comments are closed