Sensitive skin ပိုင္ရွင္လား ? ညအိပ္ရာမဝင္ခင္ ဒီအဆင့္ (၄) ဆင့္ကို လုပ္ျဖစ္ေအာင္လုပ္ပါ

ေနာက္ဆံုးအခ်က္ကေတာ့ ဝိုးပါေနာ္

ေယာင္းရဲ႕အသားအေရက ေနေရာင္ထဲထြက္လိုက္တာနဲ႔ နီျမန္းလာတယ္၊ ဝက္ျခံေတြထြက္လာတယ္၊ ယားယံလာတယ္ဆိုရင္ေတာ့ ေယာင္းက sensitive skin ပိုင္ရွင္ပါ။ Sensitive skin ပိုင္ရွင္အမ်ားစုက ကိုယ္သံုးတဲ့ skincare product ေတြကို ေသခ်ာေရြးခ်ယ္ဝယ္ယူဖို႔လိုပါတယ္။ ဓာတ္မတည့္တဲ့ပစၥည္းပါဝင္တာနဲ႔ အလာဂ်ီျဖစ္ၿပီကိုး။ ဒါေပမဲ့ ေဈးႀကီးတဲ့ skincare ေတြသံုးတိုင္းလည္း သိသိသာသာမေျပာင္းလဲသြားဘူးဆိုသူေတြအတြက္ ညအိပ္ရာမဝင္ခင္မွာ ဒီအဆင့္ေတြကို ဂရုတစိုက္လုပ္ေပးဖို႔ လိုအပ္ပါတယ္။

(၁) ညင္ညင္သာသာမ်က္ႏွာသစ္ပါ။

အျမဳပ္မထြက္တဲ့ မ်က္ႏွာသစ္ေဆးေတြ ေရြးဝယ္ပါ။ မ်က္ႏွာကို ညင္ညင္သာသာသစ္ၿပီး တစ္မိနစ္ေလာက္ ႏွိပ္နယ္ေပးျခင္းက မ်က္ႏွာရဲ႕ ေသြးလည္ပတ္မႈကို အားေကာင္းေစပါတယ္။ ၿပီးရင္ေတာ့ မ်က္ႏွာသုတ္ပုဝါႏုႏုေလးနဲ႔ သုတ္ေပးပါေနာ္။

Related Article >>> skincare ေတြထဲမွာ ထိေရာက္မႈ အရွိဆံုးလို႔ဆိုတဲ့ Cosmedical product ဆိုတာ ?

(၂) Eye cream သံုးပါ။

မ်က္လံုးအနီးတစ္ဝိုက္က အေရျပားက မ်က္ႏွာတစ္ခုလံုးမွာ အပါးဆံုးနဲ႔ ထိခိုက္အလြယ္ဆံုးပါ။ အထူးသျဖင့္ sensitive skin ပိုင္ရွင္ေတြအတြက္ေပါ့။ Eye cream ကို toner သံုးၿပီး moisturizer မလိမ္းခင္မွာ သံုးေပးတာ အေကာင္းဆံုးပါ။

(၃) Mositurizer လိမ္းပါ။

အသားအေရက ညဘက္မွာပိုၿပီး ထိခိုက္လြယ္တယ္ဆိုတာ ေယာင္းတို႔သိၿပီးၿပီလား ? ဒါေၾကာင့္ ညဘက္ေတြမွာ အိပ္ရာမဝင္ခင္ moisturizer ကို ေန႔ဘက္မွာထက္ ပိုထူထူေလးလိမ္းေပးရပါမယ္။ အေရျပားအတြင္းပိုင္းအထိ စိမ့္ဝင္ေအာင္ လက္နဲ႔ပုတ္လိမ္းေပးဖို႔လည္း မေမ့နဲ႔ဦးေနာ္…

Related Article >>> Niacinamide က အသားအေရအတြက္ ဘာေၾကာင့္ မရွိမျဖစ္လိုအပ္တာလဲ?

(၄) ေလကို သန္႔စင္ေအာင္ထားပါ။

နည္းနည္းရႈပ္သြားလား ဒီလိုပါ sensitive skin ပိုင္ရွင္ေတြက ေလထုထဲမွာ ပါလာတဲ့ ဖုန္မႈန္႔ေတြ၊ ဓာတုပစၥည္းေတြေၾကာင့္ အေရျပားျပႆနာေတြ ျဖစ္လာရတာ မ်ားပါတယ္။ ဒါေၾကာင့္ တစ္ေနကုန္ပင္ပန္းလာတဲ့ အသားအေရေလးကို ညဘက္မွာ ေလထုညစ္ညမ္းျခင္းက ကာကြယ္ႏိုင္ဖို႔အတြက္ ေယာင္းရဲ႕အခန္းထဲမွာ air filter တပ္ထားသင့္ပါတယ္ေနာ္..

ကဲ … ဒီအဆင့္ေတြကို မွန္မွန္ကန္ကန္လိုက္နာမယ္ဆိုရင္ေတာ့ မနက္အိပ္ရာထလာတိုင္း ႏူးညံ့တဲ့အသားအေရေလးကို ပိုင္ဆိုင္ေနရမွာ အမွန္ပါပဲ။

Stella (For Her Myanmar)

<<< Unicode >>>

နောက်ဆုံးအချက်ကတော့ ဝိုးပါနော်

ယောင်းရဲ့အသားအရေက နေရောင်ထဲထွက်လိုက်တာနဲ့ နီမြန်းလာတယ်၊ ဝက်ခြံတွေထွက်လာတယ်၊ ယားယံလာတယ်ဆိုရင်တော့ ယောင်းက sensitive skin ပိုင်ရှင်ပါ။ Sensitive skin ပိုင်ရှင်အများစုက ကိုယ်သုံးတဲ့ skincare product တွေကို သေချာရွေးချယ်ဝယ်ယူဖို့လိုပါတယ်။ ဓာတ်မတည့်တဲ့ပစ္စည်းပါဝင်တာနဲ့ အလာဂျီဖြစ်ပြီကိုး။ ဒါပေမဲ့ ဈေးကြီးတဲ့ skincare တွေသုံးတိုင်းလည်း သိသိသာသာမပြောင်းလဲသွားဘူးဆိုသူတွေအတွက် ညအိပ်ရာမဝင်ခင်မှာ ဒီအဆင့်တွေကို ဂရုတစိုက်လုပ်ပေးဖို့ လိုအပ်ပါတယ်။

(၁) ညင်ညင်သာသာမျက်နှာသစ်ပါ။

အမြုပ်မထွက်တဲ့ မျက်နှာသစ်ဆေးတွေ ရွေးဝယ်ပါ။ မျက်နှာကို ညင်ညင်သာသာသစ်ပြီး တစ်မိနစ်လောက် နှိပ်နယ်ပေးခြင်းက မျက်နှာရဲ့ သွေးလည်ပတ်မှုကို အားကောင်းစေပါတယ်။ ပြီးရင်တော့ မျက်နှာသုတ်ပုဝါနုနုလေးနဲ့ သုတ်ပေးပါနော်။

Related Article >>> skincare တွေထဲမှာ ထိရောက်မှု အရှိဆုံးလို့ဆိုတဲ့ Cosmedical product ဆိုတာ ?

(၂) Eye cream သုံးပါ။

မျက်လုံးအနီးတစ်ဝိုက်က အရေပြားက မျက်နှာတစ်ခုလုံးမှာ အပါးဆုံးနဲ့ ထိခိုက်အလွယ်ဆုံးပါ။ အထူးသဖြင့် sensitive skin ပိုင်ရှင်တွေအတွက်ပေါ့။ Eye cream ကို toner သုံးပြီး moisturizer မလိမ်းခင်မှာ သုံးပေးတာ အကောင်းဆုံးပါ။

(၃) Mositurizer လိမ်းပါ။

အသားအရေက ညဘက်မှာပိုပြီး ထိခိုက်လွယ်တယ်ဆိုတာ ယောင်းတို့သိပြီးပြီလား ? ဒါကြောင့် ညဘက်တွေမှာ အိပ်ရာမဝင်ခင် moisturizer ကို နေ့ဘက်မှာထက် ပိုထူထူလေးလိမ်းပေးရပါမယ်။ အရေပြားအတွင်းပိုင်းအထိ စိမ့်ဝင်အောင် လက်နဲ့ပုတ်လိမ်းပေးဖို့လည်း မမေ့နဲ့ဦးနော်…

Related Article >>> Niacinamide က အသားအရေအတွက် ဘာကြောင့် မရှိမဖြစ်လိုအပ်တာလဲ?

(၄) လေကို သန့်စင်အောင်ထားပါ။

နည်းနည်းရှုပ်သွားလား ဒီလိုပါ sensitive skin ပိုင်ရှင်တွေက လေထုထဲမှာ ပါလာတဲ့ ဖုန်မှုန့်တွေ၊ ဓာတုပစ္စည်းတွေကြောင့် အရေပြားပြဿနာတွေ ဖြစ်လာရတာ များပါတယ်။ ဒါကြောင့် တစ်နေကုန်ပင်ပန်းလာတဲ့ အသားအရေလေးကို ညဘက်မှာ လေထုညစ်ညမ်းခြင်းက ကာကွယ်နိုင်ဖို့အတွက် ယောင်းရဲ့အခန်းထဲမှာ air filter တပ်ထားသင့်ပါတယ်နော်..

ကဲ … ဒီအဆင့်တွေကို မှန်မှန်ကန်ကန်လိုက်နာမယ်ဆိုရင်တော့ မနက်အိပ်ရာထလာတိုင်း နူးညံ့တဲ့အသားအရေလေးကို ပိုင်ဆိုင်နေရမှာ အမှန်ပါပဲ။

Stella (For Her Myanmar)

No Comments Yet

Comments are closed