ညိဳမည္းေနတဲ့ ႏႈတ္ခမ္းသားေတြ ပန္းႏုေသြးျခယ္လာေစဖို႔ ဒီနည္းေလးေတြ သံုးၾကည့္ပါ။

ဟိတ္… ႏႈတ္ခမ္းနီ အေရာင္ကတစ္မ်ိဳး၊ ကိုယ္ဆိုးလိုက္ရင္ ထြက္လာတဲ့ အေရာင္က တစ္မ်ိဳး ျဖစ္ေနၿပီလား?

မိတ္ကပ္ေရစီးေၾကာင္းကလည္း သဘာဝမွ သဘာဝဆိုေတာ့ ခါတိုင္းလို ႏႈတ္ခမ္းနီ အေရာင္ရင့္ေတြဘက္ သိပ္လွည့္လို႔မရဘဲ အေရာင္ႏုႏုေလးေတြကိုမွ လံုးဝေဖ်ာ႔ေဖ်ာ႔ေလးေတြက မျဖစ္မေန ဆိုးရမယ့္ အေနအထားတစ္ခုကို ေရာက္လာၿပီေလ… အိမ္း.. အဲဒီမွာ ျပႆနာတက္တာက ႏႈတ္ခမ္းသားမည္းတဲ့ ေယာင္းေယာင္းေတြပါပဲ။ ႏႈတ္ခမ္းနီအေရာင္ေလးက ေဖ်ာ့ေဖ်ာ့ေလး ဒါေပမဲ့ ကိုယ့္ႏႈတ္ခမ္းေပၚ တင္လိုက္ေတာ့မွ ကိုယ့္ႏႈတ္ခမ္းအေရာင္နဲ႔ ေရာၿပီး မလွေတာ့တာမ်ိဳး ျဖစ္ဖူးၾကတယ္ဟုတ္? ဆိုေတာ့ကား ဒီျပႆနာကို ေျဖရွင္းႏိုင္မယ့္ နည္းလမ္းကေတာ့ ႏႈတ္ခမ္းေလးေတြကို ပန္းေရာင္ျပန္သမ္းလာေအာင္ လုပ္တာပါပဲ… အိမ္တြင္းနည္းေလးေတြနဲ႔ ဘယ္လို ေျဖရွင္းမလဲ တူတူၾကည့္ၾကရေအာင္… 

(၁) ရွားေစာင္းလက္ပပ္နဲ႔ သံလြင္ဆီ

ရွားေစာင္းလက္ပပ္ဆိုတာ အလွအပအတြက္ မ်က္လွည့္ပစၥည္းလိုပါပဲ။ အသားအေရကို ေရဓာတ္ျပည့္ၿပီးတင္းရင္းလွပေစတယ္၊ ဆံပင္ကိုလည္း အားျဖည့္ေပးတဲ့အျပင္ အခုႏႈတ္ခမ္းကိုပါ အေရာင္ျပန္တင္ေပးတယ္ဆိုေတာ့ သူက ဂ်ိဳကာပဲေပါ့…

ရွားေစာင္းလက္ပပ္ကို အျပင္အခြံေတြ ခြာထုတ္လိုက္ၿပီး အတြင္းသားေတြကို ခြက္အလြတ္ထဲ ထည့္ပါ။ ၿပီးတာနဲ႔ သံလြင္ဆီတစ္ဇြန္းကို အဲဒီခြက္ထဲထည့္ၿပီး အားလံုးႏွံ႔ေအာင္ ေမႊၿပီးသြားတာနဲ႔ သံုးလို႔ရပါၿပီ။ (သတိရတိုင္းသာ ထုတ္ထုတ္လိမ္းပါေလ့) ဗီတာမင္ E ႂကြယ္ဝစြာ ပါဝင္ေနတာမို႔ ႏႈတ္ခမ္းသားကို စိုစိုျပည္ျပည္ အိအိေထြးေထြးေလးနဲ႔ ပန္းေရာင္သန္းေနေစမွာပါေနာ္… 

ပါေလရာ ပဲခူးဆားေလး ရွားေစာင္းလက္ပပ္

Related Article >>> အေရာင္ဆန္းဆန္းႏႈတ္ခမ္းနီအရင့္မ်ား

(၂) သၾကားနဲ႔ အုန္းဆီ

သၾကားဆိုသည္မွာလည္း Waxလုပ္လည္းပါရ၊ scrub လုပ္လည္းပါရနဲ႔ အမ်ိဳးစံု ႀကိဳးခုန္ၿပီးကို ဝင္ပါေနေတာ့တာ။ ခုလည္းၾကည့္… ႏႈတ္ခမ္းေပၚ တင္သံုးျပန္ေတာ့လည္း ပန္းေရာင္ေလး သမ္းေစသတဲ့ေလ…

သၾကားညိဳ လၻက္ရည္ဇြန္းတစ္ဇြန္းကို ပ်ားရည္တစ္ဇြန္းထည့္ ႏွစ္ခုကို ေရာေမႊလိုက္ပါ။ ၿပီးတာနဲ႔ ႏႈတ္ခမ္းေပၚကို စက္ဝိုင္းပံုစံတင္ၿပီး ႏွိပ္နယ္ေပးလိုက္ပါေနာ္။ ၅ မိနစ္ေလာက္ ထားၿပီးတာနဲ႔ ႏႈတ္ခမ္းကို အဝတ္နဲ႔သုတ္ၿပီး ေရေႏြးေႏြးေလးနဲ႔ ဖြဖြေလး ျပန္လိုက္ဖိေပးပါ။ တစ္ပတ္ ႏွစ္ခါေလာက္ လုပ္ေပးရံုနဲ႔ ဆဲလ္အေသေတြ ကြာက်ၿပီး က်န္းမာရႊန္းစိုတဲ့ ပန္းႏုေရာင္ႏႈတ္ခမ္းေလးကို ပိုင္ဆိုင္ေစမွာပါ။

(၃) သလဲသီးအရည္နဲ႔ ႏႈတ္ခမ္းအဆီ

သလဲသီးစားရင္ လက္မွာ အနီေရာင္ေတြ စြဲၿပီးက်န္ခဲ့တယ္မလား? အဲဒီစိတ္အေႏွာက္အယွက္ျဖစ္စရာကို အခုအားသာခ်က္အေနနဲ႔သံုးမယ္ေလ။

သလဲသီးအေစ့ေတြကို ႀကိတ္ေခ်ၿပီး ရလာတဲ့အရည္တခ်ိဳ႕ကို ကိုယ္သံုးေနက် lip blam ထဲ ထည့္ၿပီး ေမႊလိုက္ပါ။ အားလံုးႏွံ႔သြားၿပီဆိုတာနဲ႔ ခဏေလာက္အေျခာက္ခံၿပီး သံုးလို႔ရပါၿပီေနာ္။ ဒီဟာကိုလည္း ကိုယ္ lip blam လိမ္းသလိုပဲ ႀကိဳက္တဲ့အခ်ိန္မွာ ႀကိဳက္သလို လိမ္းလို႔ရပါတယ္။ သလဲသီးမွာ ပါဝင္တဲ့ punicalagins ဆိုတဲ့ဓာတ္ပစၥည္းက ေယာင္းတို႔ ႏႈတ္ခမ္းညိဳေနတာကို ေလွ်ာ႔ခ်ေပးၿပီး သဘာဝဆန္ဆန္ ပန္းေရာင္သန္းလာေစမွာပါ။

Related Article >>> ယံုၾကည္မႈကို ျမွင့္တင္ေပးႏိုင္တဲ့ အနီေရာင္ႏႈတ္ခမ္းနီ2018/

(၄) ႏွင္းဆီပန္းပြင့္ဖတ္နဲ႔ ႏြားႏို႔

ေရွးေခတ္တုန္းက အမ်ိဳးသမီးေတြ ႏႈတ္ခမ္းနီနဲ႔ ပါးနီကို ႏွင္းဆီပန္းကို အရည္ေဖ်ာ္၊ အခဲ (သို႔) အႏွစ္လုပ္ၿပီး လိမ္းျခယ္ခဲ့ၾကတယ္မလား။ ဒီမွာလည္း အဲဒီနည္းကိုျပန္သံုးၿပီး ႏႈတ္ခမ္းကို ေပါင္းတင္ၾကည့္ရေအာင္…

ႏွင္းဆီပြင့္ဖတ္ ၅ ဖတ္ကို ႏြားႏို႔ဖန္ခြက္ရဲ႕ တစ္ဝက္ေလာက္နဲ႔ေရာၿပီး တစ္ညေလာက္စိမ္ထားလိုက္ပါ။ မနက္က်ရင္ေတာ့ အဲဒီႏွင္းဆီပြင့္ဖတ္ေတြကို ဆယ္ၿပီး ေၾကညက္သြားေအာင္ ေထာင္းၿပီး ႏြားႏို႔ကို တစ္စက္ခ်င္းစီထည့္ပါ။ အႏွစ္ေလးျဖစ္လာၿပီဆိုရင္ေတာ့ ႏႈတ္ခမ္းေပၚမွာ ၁၅ မိနစ္ေလာက္သုတ္လိမ္းထားၿပီး ေရေအးေအးေလးနဲ႔ ျပန္ေဆးခ်လိုက္ပါ။ တစ္ပတ္ကို ၂ ႀကိမ္ကေန ၃ ႀကိမ္ေလာက္အထိ လုပ္ေပးရံုနဲ႔ အနီေရာင္သန္းတဲ့ ႏႈတ္ခမ္းေလးတစ္စံု ရႏိုင္ပါၿပီလို႔။

ကဲ ဒီပစၥည္းေတြကေတာ့ လြယ္လြယ္နဲ႔ ဘယ္ေနရာမွာမဆို ရွာလို႔ရတာမို႔ လုပ္ရတာလည္း အရမ္းအပန္းမႀကီးပါဘူးေနာ္႔။ အခုပဲလုပ္ၿပီး ခ်က္ခ်င္းေတာ့ မသိသာလာႏိုင္ဘူးလို႔ ဆုိေပမဲ့ တျဖည္းျဖည္းခ်င္းေတာ့ သိသိသာသာ ေျပာင္းလဲလာမွာမို႔ တစ္ခါႏွစ္ခါေလာက္ လုပ္ၿပီး လက္မေလွ်ာ႔လိုက္ပါနဲ႔လို႔ မွာပါရေစ ေယာင္းတို႔ေရ… ကိုယ့္မ်က္ႏွာကို ႏွစ္ရွည္လမ်ား ပစၥည္းအေကာင္းေတြသံုးၿပီး ခ်စ္လာရသလို ႏႈတ္ခမ္းကိုလည္း ခ်စ္ေပးလိုက္ပါ။ ကိုယ္လိုခ်င္တဲ့ ပန္းႏုေရာင္ႏႈတ္ခမ္းေလးကို ရလာပါလိမ့္မယ္။

Hnin Ei Oo (For Her Myanmar)

References: healthlinestylecraze

<<< Unicode >>>

ဟိတ်… နှုတ်ခမ်းနီ အရောင်ကတစ်မျိုး၊ ကိုယ်ဆိုးလိုက်ရင် ထွက်လာတဲ့ အရောင်က တစ်မျိုး ဖြစ်နေပြီလား?

မိတ်ကပ်ရေစီးကြောင်းကလည်း သဘာဝမှ သဘာဝဆိုတော့ ခါတိုင်းလို နှုတ်ခမ်းနီ အရောင်ရင့်တွေဘက် သိပ်လှည့်လို့မရဘဲ အရောင်နုနုလေးတွေကိုမှ လုံးဝဖျော့ဖျော့လေးတွေက မဖြစ်မနေ ဆိုးရမယ့် အနေအထားတစ်ခုကို ရောက်လာပြီလေ… အိမ်း.. အဲဒီမှာ ပြဿနာတက်တာက နှုတ်ခမ်းသားမည်းတဲ့ ယောင်းယောင်းတွေပါပဲ။ နှုတ်ခမ်းနီအရောင်လေးက ဖျော့ဖျော့လေး ဒါပေမဲ့ ကိုယ့်နှုတ်ခမ်းပေါ် တင်လိုက်တော့မှ ကိုယ့်နှုတ်ခမ်းအရောင်နဲ့ ရောပြီး မလှတော့တာမျိုး ဖြစ်ဖူးကြတယ်ဟုတ်? ဆိုတော့ကား ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကတော့ နှုတ်ခမ်းလေးတွေကို ပန်းရောင်ပြန်သမ်းလာအောင် လုပ်တာပါပဲ… အိမ်တွင်းနည်းလေးတွေနဲ့ ဘယ်လို ဖြေရှင်းမလဲ တူတူကြည့်ကြရအောင်… 

(၁) ရှားစောင်းလက်ပပ်နဲ့ သံလွင်ဆီ

ရှားစောင်းလက်ပပ်ဆိုတာ အလှပအအတွက် မျက်လှည့်ပစ္စည်းလိုပါပဲ။ အသားအရေကို ရေဓာတ်ပြည့်ပြီးတင်းရင်းလှပစေတယ်၊ ဆံပင်ကိုလည်း အားဖြည့်ပေးတဲ့အပြင် အခုနှုတ်ခမ်းကိုပါ အရောင်ပြန်တင်ပေးတယ်ဆိုတော့ သူက ဂျိုကာပဲပေါ့…

ရှားစောင်းလက်ပပ်ကို အပြင်အခွံတွေ ခွာထုတ်လိုက်ပြီး အတွင်းသားတွေကို ခွက်အလွတ်ထဲ ထည့်ပါ။ ပြီးတာနဲ့ သံလွင်ဆီတစ်ဇွန်းကို အဲဒီခွက်ထဲထည့်ပြီး အားလုံးနှံ့အောင် မွှေပြီးသွားတာနဲ့ သုံးလို့ရပါပြီ။ (သတိရတိုင်းသာ ထုတ်ထုတ်လိမ်းပါလေ့) ဗီတာမင် E ကြွယ်ဝစွာ ပါဝင်နေတာမို့ နှုတ်ခမ်းသားကို စိုစိုပြည်ပြည် အိအိထွေးထွေးလေးနဲ့ ပန်းရောင်သန်းနေစေမှာပါနော်… 

ပါလေရာ ပဲခူးဆားလေး ရှားစောင်းလက်ပပ်

Related Article >>> အရောင်ဆန်းဆန်းနှုတ်ခမ်းနီအရင့်များ

(၂) သကြားနဲ့ အုန်းဆီ

သကြားဆိုသည်မှာလည်း Waxလုပ်လည်းပါရ၊ scrub လုပ်လည်းပါရနဲ့ အမျိုးစုံ ကြိုးခုန်ပြီးကို ဝင်ပါနေတော့တာ။ ခုလည်းကြည့်… နှုတ်ခမ်းပေါ် တင်သုံးပြန်တော့လည်း ပန်းရောင်လေး သမ်းစေသတဲ့လေ…

သကြားညို လ္ဘက်ရည်ဇွန်းတစ်ဇွန်းကို ပျားရည်တစ်ဇွန်းထည့် နှစ်ခုကို ရောမွှေလိုက်ပါ။ ပြီးတာနဲ့ နှုတ်ခမ်းပေါ်ကို စက်ဝိုင်းပုံစံတင်ပြီး နှိပ်နယ်ပေးလိုက်ပါနော်။ ၅ မိနစ်လောက် ထားပြီးတာနဲ့ နှုတ်ခမ်းကို အဝတ်နဲ့သုတ်ပြီး ရေနွေးနွေးလေးနဲ့ ဖွဖွလေး ပြန်လိုက်ဖိပေးပါ။ တစ်ပတ် နှစ်ခါလောက် လုပ်ပေးရုံနဲ့ ဆဲလ်အသေတွေ ကွာကျပြီး ကျန်းမာရွှန်းစိုတဲ့ ပန်းနုရောင်နှုတ်ခမ်းလေးကို ပိုင်ဆိုင်စေမှာပါ။

(၃) သလဲသီးအရည်နဲ့ နှုတ်ခမ်းအဆီ

သလဲသီးစားရင် လက်မှာ အနီရောင်တွေ စွဲပြီးကျန်ခဲ့တယ်မလား? အဲဒီစိတ်အနှောက်အယှက်ဖြစ်စရာကို အခုအားသာချက်အနေနဲ့သုံးမယ်လေ။

သလဲသီးအစေ့တွေကို ကြိတ်ချေပြီး ရလာတဲ့အရည်တချို့ကို ကိုယ်သုံးနေကျ lip blam ထဲ ထည့်ပြီး မွှေလိုက်ပါ။ အားလုံးနှံ့သွားပြီဆိုတာနဲ့ ခဏလောက်အခြောက်ခံပြီး သုံးလို့ရပါပြီနော်။ ဒီဟာကိုလည်း ကိုယ် lip blam လိမ်းသလိုပဲ ကြိုက်တဲ့အချိန်မှာ ကြိုက်သလို လိမ်းလို့ရပါတယ်။ သလဲသီးမှာ ပါဝင်တဲ့ punicalagins ဆိုတဲ့ဓာတ်ပစ္စည်းက ယောင်းတို့ နှုတ်ခမ်းညိုနေတာကို လျှော့ချပေးပြီး သဘာဝဆန်ဆန် ပန်းရောင်သန်းလာစေမှာပါ။

Related Article >>> ယုံကြည်မှုကို မြှင့်တင်ပေးနိုင်တဲ့ အနီရောင်နှုတ်ခမ်းနီ2018/

(၄) နှင်းဆီပန်းပွင့်ဖတ်နဲ့ နွားနို့

ရှေးခေတ်တုန်းက အမျိုးသမီးတွေ နှုတ်ခမ်းနီနဲ့ ပါးနီကို နှင်းဆီပန်းကို အရည်ဖျော်၊ အခဲ (သို့) အနှစ်လုပ်ပြီး လိမ်းခြယ်ခဲ့ကြတယ်မလား။ ဒီမှာလည်း အဲဒီနည်းကိုပြန်သုံးပြီး နှုတ်ခမ်းကို ပေါင်းတင်ကြည့်ရအောင်…

နှင်းဆီပွင့်ဖတ် ၅ ဖတ်ကို နွားနို့ဖန်ခွက်ရဲ့ တစ်ဝက်လောက်နဲ့ရောပြီး တစ်ညလောက်စိမ်ထားလိုက်ပါ။ မနက်ကျရင်တော့ အဲဒီနှင်းဆီပွင့်ဖတ်တွေကို ဆယ်ပြီး ကြေညက်သွားအောင် ထောင်းပြီး နွားနို့ကို တစ်စက်ချင်းစီထည့်ပါ။ အနှစ်လေးဖြစ်လာပြီဆိုရင်တော့ နှုတ်ခမ်းပေါ်မှာ ၁၅ မိနစ်လောက်သုတ်လိမ်းထားပြီး ရေအေးအေးလေးနဲ့ ပြန်ဆေးချလိုက်ပါ။ တစ်ပတ်ကို ၂ ကြိမ်ကနေ ၃ ကြိမ်လောက်အထိ လုပ်ပေးရုံနဲ့ အနီရောင်သန်းတဲ့ နှုတ်ခမ်းလေးတစ်စုံ ရနိုင်ပါပြီလို့။

ကဲ ဒီပစ္စည်းတွေကတော့ လွယ်လွယ်နဲ့ ဘယ်နေရာမှာမဆို ရှာလို့ရတာမို့ လုပ်ရတာလည်း အရမ်းအပန်းမကြီးပါဘူးနော့်။ အခုပဲလုပ်ပြီး ချက်ချင်းတော့ မသိသာလာနိုင်ဘူးလို့ ဆိုပေမဲ့ တဖြည်းဖြည်းချင်းတော့ သိသိသာသာ ပြောင်းလဲလာမှာမို့ တစ်ခါနှစ်ခါလောက် လုပ်ပြီး လက်မလျှော့လိုက်ပါနဲ့လို့ မှာပါရစေ ယောင်းတို့ရေ… ကိုယ့်မျက်နှာကို နှစ်ရှည်လများ ပစ္စည်းအကောင်းတွေသုံးပြီး ချစ်လာရသလို နှုတ်ခမ်းကိုလည်း ချစ်ပေးလိုက်ပါ။ ကိုယ်လိုချင်တဲ့ ပန်းနုရောင်နှုတ်ခမ်းလေးကို ရလာပါလိမ့်မယ်။

Hnin Ei Oo (For Her Myanmar)

References: healthlinestylecraze

No Comments Yet

Comments are closed