မိုးတြင္းဘက္ ရုံးသြားတဲ့အခါ သူမတူဘဲ အလွထူးေနေစဖို႔ ဘယ္လိုျပင္ၾကမလဲ

လြယ္ေတာ့မလြယ္ဘူး ျပင္တတ္ရတာေပါ့

ေယာင္းတို႔ေရ … မိုးရာသီေရာက္လာၿပီဆိုေတာ့ ႐ုံးသြားရတာလည္း အနည္းနဲ႔အမ်ားေတာ့ ကသီတယ္ ဟုတ္ ? ႐ုံးခ်ိန္နီးေနတဲ့ၾကားက အခ်ိန္လုၿပီး ျပင္ရဆင္ရတာလည္း မလြယ္ပါဘူး။ ဒီေန႔ေတာ့ Stella က ေယာင္းတို႔အတြက္ အျမန္ဆံုးနည္းနဲ႔ ပန္းကန္လံုးစီးၿပီး ျပင္လို႔ရမယ့္ makeup လိမ္းနည္းေလးကို ေဝမွ်ေပးသြားမွာပါ။

Step (1)
အရင္ဆံုး သံုးေနက် skincare ေတြအဆင့္ဆင့္ လိမ္းေပးပါ။ Sunscreen လည္း မေမ့ပါနဲ႔ဦး။ ၿပီးရင္ေတာ့ Primer သံုးရပါမယ္။ Primer သံုးတဲ့အခါ မိတ္ကပ္သားပိုတက္ၿပီး ေခၽြးေပါက္ေတြကို ဖံုးေပးပါတယ္။

Step (2)


ေနာက္တစ္ဆင့္က မိတ္ကပ္အရည္ (foundation) ပါ။ Foundation သံုးတဲ့အခါ ကိုယ့္အသားအေရနဲ႔ ထပ္တူက်တဲ့ အေရာင္ကိုေရြးတတ္ဖို႔ အေရးႀကီးပါတယ္ေနာ္။ ျဖဴခ်င္လို႔ဆိုၿပီး တစ္ဆင့္ျဖဴတာေတြ မေရြးပါနဲ႔။ ကိုယ္နဲ႔လိုက္ဖက္တဲ့ foundation ေရြးနည္းကိုေတာ့ ဒီမွာဖတ္ၾကည့္လို႔ ရပါတယ္။

Step (3)
ၿပီးရင္ေတာ့ loose powder သံုးပါမယ္။ Loose powder ကို Stella ကေတာ့ အေရာင္မပါတဲ့အမ်ိဳးအစားကို ပိုသေဘာက်ပါတယ္။ Loose powder က အခ်ိန္ၾကာလာရင္ မိတ္ကပ္ကြက္တာ၊ အဆီျပန္တာေတြကို ထိန္းေပးပါလိမ့္မယ္။ ပါးနီ နဲ႔ highlighter ကေတာ့ ေယာင္းတို႔သေဘာက်တယ္ဆို ပါးပါးေလးထည့္လို႔ရပါတယ္။ Stella ကေတာ့ highlighter ေလး နည္းနည္းထည့္ရတာ သေဘာက်တယ္။

Step (4)
ဒီအဆင့္ကေတာ့ အေရးႀကီးအဆင့္ပါ။ ဘာလဲဆိုေတာ့ … မ်က္ခံုးေမႊးဆြဲတဲ့အဆင့္ပါပဲ။ မ်က္ခံုးေမႊးက လူတစ္ေယာက္ရဲ႕ အသြင္အျပင္ကို လံုးဝေျပာင္းပစ္ေပးႏိုင္တာမို႔ ကိုယ္နဲ႔လိုက္ဖက္တဲ့ မ်က္ခံုးပံုစံကို ေရြးတတ္ဖို႔လိုပါတယ္။ ေနာက္တစ္ခုက မ်က္ခံုးအေရာင္ကို ကိုယ့္ဆံပင္အေရာင္နဲ႔ ထပ္တူက်တဲ့အေရာင္ ေရြးေပးဖို႔ပါ။ နဂိုမ်က္ခံုးရွိၿပီးသား ေယာင္းေတြကေတာ့ မ်က္ခံုးေမႊးဂ်ယ္လ္ (brow gel) ေလးနဲ႔ သပ္တင္ေပးလိုက္တာနဲ႔ လံုေလာက္ပါၿပီ။

Step (5)

ဒီအဆင့္ကေတာ့ အခ်ိန္မရွိရင္ ေက်ာ္သြားလို႔ျဖစ္တဲ့အဆင့္ပါ။ (Stella ကေတာ့ ေက်ာ္ေနက် ) အိုင္းရွဲဒိုးကို သဘာဝဆန္ဆန္ အညိဳေရာင္ ေဖ်ာ့ေဖ်ာ့ေလးပဲ ပါးပါးတင္လိုက္ပါ။ မသိမသာေလးေပါ့။ မ်က္ရစ္ေပၚမွာ အိုင္းလိုင္းနာအညိဳေလးကို ေသးေသးမွ်င္မွ်င္ေလး ဆြဲေပးလိုက္ရင္ ရပါၿပီ။

Step (6)
မ်က္ေတာင္ေကာ့တဲ့ စက္ေလးနဲ႔ အရင္မ်က္ေတာင္ေကာ့ေပးပါ။ ၿပီးရင္ေတာ့ မ်က္ေတာင္ေကာ့ေဆး (mascara) နဲ႔ စိတ္ရွည္ရွည္ေကာ့ပါမယ္။ (ႏွာေတာ့မေခ်လိုက္နဲ႔ေနာ္ )

Step (7)
ေနာက္ဆံုးအဆင့္မွာေတာ့ ႏႈတ္ခမ္းနီေလးဆိုဖို႔ပဲ လိုေတာ့တာပါ။ Stella ကေတာ့ ဒီရာသီဥတုမွာ ႐ိုး႐ိုးႏႈတ္ခမ္းနီေတြ၊ gloss ေတြထက္ ဖ်က္ရခက္တဲ့ matte နဲ႔ tint ႏႈတ္ခမ္းနီေတြကို ပိုအားေပးပါတယ္။ အေရာင္ကေတာ့ ဒီႏွစ္မိုးရာသီမွာ ေခတ္စားမယ့္အေရာင္ေတြ မွာဖတ္ၾကည့္ေပးေနာ္။ Stella ကေတာ့ လန္းဆန္းတဲ့အသြင္ကိုေပးတဲ့ လိေမၼာ္ေဖာက္အေရာင္ေလးကို ေယာင္းတို႔ကို ေရြးခ်ယ္ေစခ်င္ပါတယ္။

ထြက္လာမယ့္ makeup look ေလးကေတာ့ ဒီလိုပံုစံေလးပါ။ အေရာင္အၿငိမ္ေလးနဲ႔ ေန႔စဥ္လုပ္ငန္းခြင္မွာ တက္ႂကြတဲ့အသြင္ေလးမို႔လို႔ ေယာင္းတို႔ သေဘာက်ႏွစ္သက္မယ္လို႔ ထင္ပါတယ္ေနာ္ …

Stella (For Her Myanmar)

<<< Unicode >>>

လွယ်တော့မလွယ်ဘူး ပြင်တတ်ရတာပေါ့

ယောင်းတို့ရေ … မိုးရာသီရောက်လာပြီဆိုတော့ ရုံးသွားရတာလည်း အနည်းနဲ့အများတော့ ကသီတယ် ဟုတ် ? ရုံးချိန်နီးနေတဲ့ကြားက အချိန်လုပြီး ပြင်ရဆင်ရတာလည်း မလွယ်ပါဘူး။ ဒီနေ့တော့ Stella က ယောင်းတို့အတွက် အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးပြီး ပြင်လို့ရမယ့် makeup လိမ်းနည်းလေးကို ဝေမျှပေးသွားမှာပါ။

Step (1)
အရင်ဆုံး သုံးနေကျ skincare တွေအဆင့်ဆင့် လိမ်းပေးပါ။ Sunscreen လည်း မမေ့ပါနဲ့ဦး။ ပြီးရင်တော့ Primer သုံးရပါမယ်။ Primer သုံးတဲ့အခါ မိတ်ကပ်သားပိုတက်ပြီး ချွေးပေါက်တွေကို ဖုံးပေးပါတယ်။

Step (2)


နောက်တစ်ဆင့်က မိတ်ကပ်အရည် (foundation) ပါ။ Foundation သုံးတဲ့အခါ ကိုယ့်အသားအရေနဲ့ ထပ်တူကျတဲ့ အရောင်ကိုရွေးတတ်ဖို့ အရေးကြီးပါတယ်နော်။ ဖြူချင်လို့ဆိုပြီး တစ်ဆင့်ဖြူတာတွေ မရွေးပါနဲ့။ ကိုယ်နဲ့လိုက်ဖက်တဲ့ foundation ရွေးနည်းကိုတော့ ဒီမှာဖတ်ကြည့်လို့ ရပါတယ်။

Step (3)
ပြီးရင်တော့ loose powder သုံးပါမယ်။ Loose powder ကို Stella ကတော့ အရောင်မပါတဲ့အမျိုးအစားကို ပိုသဘောကျပါတယ်။ Loose powder က အချိန်ကြာလာရင် မိတ်ကပ်ကွက်တာ၊ အဆီပြန်တာတွေကို ထိန်းပေးပါလိမ့်မယ်။ ပါးနီ နဲ့ highlighter ကတော့ ယောင်းတို့သဘောကျတယ်ဆို ပါးပါးလေးထည့်လို့ရပါတယ်။ Stella ကတော့ highlighter လေး နည်းနည်းထည့်ရတာ သဘောကျတယ်။

Step (4)
ဒီအဆင့်ကတော့ အရေးကြီးအဆင့်ပါ။ ဘာလဲဆိုတော့ … မျက်ခုံးမွှေးဆွဲတဲ့အဆင့်ပါပဲ။ မျက်ခုံးမွှေးက လူတစ်ယောက်ရဲ့ အသွင်အပြင်ကို လုံးဝပြောင်းပစ်ပေးနိုင်တာမို့ ကိုယ်နဲ့လိုက်ဖက်တဲ့ မျက်ခုံးပုံစံကို ရွေးတတ်ဖို့လိုပါတယ်။ နောက်တစ်ခုက မျက်ခုံးအရောင်ကို ကိုယ့်ဆံပင်အရောင်နဲ့ ထပ်တူကျတဲ့အရောင် ရွေးပေးဖို့ပါ။ နဂိုမျက်ခုံးရှိပြီးသား ယောင်းတွေကတော့ မျက်ခုံးမွှေးဂျယ်လ် (brow gel) လေးနဲ့ သပ်တင်ပေးလိုက်တာနဲ့ လုံလောက်ပါပြီ။

Step (5)

ဒီအဆင့်ကတော့ အချိန်မရှိရင် ကျော်သွားလို့ဖြစ်တဲ့အဆင့်ပါ။ (Stella ကတော့ ကျော်နေကျ ) အိုင်းရှဲဒိုးကို သဘာဝဆန်ဆန် အညိုရောင် ဖျော့ဖျော့လေးပဲ ပါးပါးတင်လိုက်ပါ။ မသိမသာလေးပေါ့။ မျက်ရစ်ပေါ်မှာ အိုင်းလိုင်းနာအညိုလေးကို သေးသေးမျှင်မျှင်လေး ဆွဲပေးလိုက်ရင် ရပါပြီ။

Step (6)
မျက်တောင်ကော့တဲ့ စက်လေးနဲ့ အရင်မျက်တောင်ကော့ပေးပါ။ ပြီးရင်တော့ မျက်တောင်ကော့ဆေး (mascara) နဲ့ စိတ်ရှည်ရှည်ကော့ပါမယ်။ (နှာတော့မချေလိုက်နဲ့နော် )

Step (7)
နောက်ဆုံးအဆင့်မှာတော့ နှုတ်ခမ်းနီလေးဆိုဖို့ပဲ လိုတော့တာပါ။ Stella ကတော့ ဒီရာသီဥတုမှာ ရိုးရိုးနှုတ်ခမ်းနီတွေ၊ gloss တွေထက် ဖျက်ရခက်တဲ့ matte နဲ့ tint နှုတ်ခမ်းနီတွေကို ပိုအားပေးပါတယ်။ အရောင်ကတော့ ဒီနှစ်မိုးရာသီမှာ ခေတ်စားမယ့်အရောင်တွေ မှာဖတ်ကြည့်ပေးနော်။ Stella ကတော့ လန်းဆန်းတဲ့အသွင်ကိုပေးတဲ့ လိမ္မော်ဖောက်အရောင်လေးကို ယောင်းတို့ကို ရွေးချယ်စေချင်ပါတယ်။

ထွက်လာမယ့် makeup look လေးကတော့ ဒီလိုပုံစံလေးပါ။ အရောင်အငြိမ်လေးနဲ့ နေ့စဉ်လုပ်ငန်းခွင်မှာ တက်ကြွတဲ့အသွင်လေးမို့လို့ ယောင်းတို့ သဘောကျနှစ်သက်မယ်လို့ ထင်ပါတယ်နော် …

Stella (For Her Myanmar)

No Comments Yet

Comments are closed