အသက္ ၂၀ ေနာက္ပိုင္းနဲ႔ ၃၀ ဝန္းက်င္ေယာင္းေတြ မျဖစ္မေနသိသင့္တဲ့ Skin Barrier အေၾကာင္း…

ခုမဖတ္လိုက္မိရင္ ေနာက္မွ ေနာင္တရမယ္ေနာ္.. 😛 

အမ်ိဳးသမီးေလးေတြရဲ႕အသားအေရက အသက္ ၂၀ ေက်ာ္ကေနစတင္ၿပီး ေကာ္လဂ်င္နဲ႔ အသားအေရကိုတင္းရင္းေစတဲ့ဓာတ္ေတြ ေလ်ာ႔လာတယ္ဆိုတာကို ေယာင္းတို႔သိၾကတယ္ဟုတ္? ဒီလိုနဲ႔ေပါ့ေပါ့ေလ်ာ့ေလ်ာ့ေနလာရင္းကေန အသက္ ၂၅ ေလာက္လည္းက်ေရာ ဇရာကသိသာထင္ရွားလာၿပီး မ်က္လံုးနားတစ္ဝိုက္နဲ႔ Smile line နားေလးေတြမွာ အေရးအေၾကာင္းေတြ ထင္လာတတ္ပါတယ္။ ဒါေပမဲ့ ဇရာရဲ႕လကၡဏာရပ္ထဲမွာ ဒီအေရးအေၾကာင္းထက္ ပိုအေရးႀကီးတာရွိေနပါတယ္။ အဲဒါကေတာ့ ဒီေဆာင္းပါးေလးရဲ႕ေခါင္းစဥ္ Skin Barrier လို႔ေခၚတဲ့ အေရျပားရဲ႕ အျပင္ဘက္ဆံုးအလႊာ ေကာင္း/မေကာင္းပါပဲေနာ္။

တျခား ရွည္ရွည္ေဝးေဝးေတြမေျပာခင္ ဘာကိစၥနဲ႔ ဒီ Skin Barrier အေၾကာင္းကို ခမ္းခမ္းနားနားႀကီးေလ့လာေနရတာလဲ ဆိုတဲ့အေၾကာင္းေလးကို အရင္ေျပာျပမယ္ေနာ္။ Skin Barrier ဆိုတာဟာ တကယ္တမ္းေျပာရရင္ ေယာင္းတို႔လိမ္းလိုက္တဲ့ စကင္းကဲအားလံုးရဲ႕အသက္လုိ႔ေတာင္ ေျပာလို႔ရပါတယ္။

ဘာလို႔လဲဆိုေတာ့ သူကလိမ္းသမွ်စကြင္းကဲပစၥည္းေတြကို အသားအေရထဲကေနျပန္မထြက္ေအာင္ ထိန္းခ်ဳပ္ (Lock) လုပ္ေပးထားမွာျဖစ္ၿပီး အကယ္၍ ဒီ Skin Barrier မေကာင္းရင္ေတာ့ ဘယ္ေလာက္ေဈးႀကီးၿပီး ေကာင္းေပ့ဆိုတဲ့ ပစၥည္းသံုးပါေစ ဘယ္လိုမွအသားအေရကျပန္မေကာင္းႏိုင္ပါဘူး။ အဲ့ေတာ့ ကိုယ္သံုးသမွ်ထိေရာက္ခ်င္တယ္ဆိုရင္ေတာ့ ဒီ Skin Barrier ကိုအရင္ေကာင္းေအာင္ ကုသေပးရပါမယ္။

Related Article >>> အိပ္ရာခင္းေတြ၊ေခါင္းအံုးစြပ္ေတြကို တစ္လဘယ္ႏွစ္ႀကိမ္ေလာက္ သန္႔ရွင္းေရးလုပ္သင့္လဲ?

ေဝးလံေခါင္ဖ်ားေတြရွင္းျပေနရင္ နားရႈပ္ကုန္မွာစိုးလို႔ Skin Barrier ကို စာေၾကာင္း ၅ ေၾကာင္းနဲ႔ပဲ အတိုရွင္းျပလိုက္မယ္ေနာ္။

(၁) Skin Barrier ဆိုတာ မ်က္ႏွာအသားအေရရဲ႕ အျပင္ဘက္ဆံုးအလႊာျဖစ္ၿပီး မ်က္စိနဲ႔ျမင္ရတဲ့အလႊာျဖစ္ပါတယ္။

(၂) ဒီ Skin Barrier ေလးက ျပင္ပကေနဝင္လာမယ့္ ေနဒဏ္၊ ေလဒဏ္နဲ႔ ပတ္ဝန္းက်င္ဒဏ္ေတြအျပင္ ဖုန္၊ သဲ နဲ႔ ဘက္တီးရီးယားပိုးမႊားေတြကိုလည္း အလႊာတစ္ခုအေနနဲ႔ ကာကြယ္ေပးၿပီး ေယာင္းတို႔လိမ္းလိုက္တဲ့ စကြင္းကဲေတြကို ေလထုကျပန္မစုပ္သြားေအာင္၊ ျပန္မထြက္သြားေအာင္ ကာကြယ္ေပးထားတဲ့ အလႊာတစ္ခုပဲျဖစ္ပါတယ္။

(၃) အကယ္၍ ဒီ Skin Barrier မေကာင္းရင္လည္း ဘယ္ေလာက္ ေရေသာက္ေသာက္၊ ေရဓာတ္ျဖည့္ျဖည့္ အသားအေရက မြဲေျခာက္ေျခာက္နဲ႔ အနီစက္၊ အမာရြတ္နဲ႔ အမည္းစက္ေလးေတြ ထြက္လာတာမ်ိဳး အသားအေရက တစ္ေနရာနဲ႔တစ္ေနရာ မညီညာဘဲ ယားယံေနတာမ်ိဳးေတြ ျဖစ္တတ္တာမို႔ ေယာင္းတို႔ရဲ႕မ်က္လံုးနဲ႔ပဲ သိသိသာသာျမင္ႏိုင္၊ ခံစားႏိုင္ပါတယ္ေနာ္။

(၄) Skin Barrier ေကာင္းေနရင္လည္း ဝက္ျခံ၊ အမာရြတ္ေလးေတြ ရွိေနသည့္တိုင္ေအာင္ အသားအေရက ေခ်ာေခ်ာေမြ႔ေမြ႔ေလးနဲ႔ ညီညာေနမွာျဖစ္ၿပီး ေရဓာတ္လည္းျပည့္ေနပါလိမ့္မယ္။

(၅) ဒီလို Skin Barrier အားေတြကလည္း ၂၅ ႏွစ္ေနာက္ပိုင္းမွာ စတင္ၿပီးယုတ္ေလ်ာ႔လာပါတယ္တဲ့။

Related Article >>> ၅ မိနစ္အတြင္း ဟာကြက္မရွိ ဖက္ရွင္က်သြားေအာင္ ဘယ္လိုဝတ္ၾကမလဲ?

Skin Barrier ေတြကဘာေၾကာင့္ပ်က္စီးတာလဲ?

ခုနက ႏွင္းေျပာခဲ့သလို အသက္အရြယ္ေၾကာင့္လည္းျဖစ္တတ္သလို စိတ္ဖိစီးမႈ၊ ေနထိုင္မႈပံုစံနဲ႔ ပတ္ဝန္းက်င္အျပင္ ကိုယ္သံုးေနက် Skincare ပစၥည္းက ဓာတုပစၥည္းေတြအရမ္းမ်ားေနၿပီး ျပင္းထန္ေနတာမ်ိဳးဆိုရင္လည္း ဒီ Skin Barrier ကိုပ်က္စီးေစပါတယ္။

ဘယ္လိုျပန္ၿပီး ကုသရမလဲ?

Vitamin B3၊ Ceramide၊ Niacin စတာေတြပါဝင္ၿပီး အားေပ်ာ့တဲ့ စကြင္းကဲေတြကို အဓိကထားအသံုးျပဳေပးၿပီး မ်က္ႏွာကိုေရေႏြးေႏြးေလးနဲ႔ေဆးတာမ်ိဳး၊ မ်က္ႏွာကို ညင္ညင္သာသာႏွိပ္နယ္ေပးတာမ်ိဳးေတြ လုပ္သင့္ပါတယ္။ ေနာက္ၿပီး အသားအေရကိုအားျဖည့္ေပးမယ့္ ငါးႀကီးဆီ၊ သံလြင္ဆီနဲ႔ Nuts ေလးေတြကိုလည္း စားေပးသင့္ပါတယ္ေနာ္။ Skincare ပစၥည္းေလးထဲမွာ ခရင္မ္ေလးကိုပဲ ထည့္ၿပီးသံုးေပးရင္ ပိုအဆင္ေျပပါလိမ့္မယ္။

ဒီေလာက္ဆိုရင္ေတာ့ ေတာ္ေတာ္ေလးစံုသြားေလာက္ၿပီ ထင္ပါရဲ႕။ ဒီ Skin Barrier ႀကီးက ေယာင္းတို႔ရဲ႕ အသားအေရေကာင္းမယ္၊ မေကာင္းႏိုင္ဘူးဆိုတာကို အမ်ားဆံုး အဆံုးအျဖတ္ေပးႏိုင္တာမို႔ အထူးဂရုစိုက္ၿပီး သတိထားေပးဖို႔ လိုအပ္ပါတယ္။ ဒါ့အျပင္ ေယာင္းတို႔ Anti-Aging စကြင္းကဲေတြ ေကာင္းေကာင္းထိေရာက္ဖို႔ဆိုရင္လည္း ဒါကအရမ္းအေရးႀကီးတာမို႔ ေသခ်ာဂရုစိုက္ေစခ်င္တဲ့ ေစတနာေလးနဲ႔ ခပ္မ်ားမ်ားေလးေရးလိုက္တာပါ။

အဆံုးထိေသခ်ာဖတ္ေပးတဲ့အတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္လို႔!!!!

Hnin Ei Oo (For Her Myanmar)

<<< Unicode >>>

ခုမဖတ်လိုက်မိရင် နောက်မှ နောင်တရမယ်နော်.. 😛 

အမျိုးသမီးလေးတွေရဲ့အသားအရေက အသက် ၂၀ ကျော်ကနေစတင်ပြီး ကော်လဂျင်နဲ့ အသားအရေကိုတင်းရင်းစေတဲ့ဓာတ်တွေ လျော့လာတယ်ဆိုတာကို ယောင်းတို့သိကြတယ်ဟုတ်? ဒီလိုနဲ့ပေါ့ပေါ့လျော့လျော့နေလာရင်းကနေ အသက် ၂၅ လောက်လည်းကျရော ဇရာကသိသာထင်ရှားလာပြီး မျက်လုံးနားတစ်ဝိုက်နဲ့ Smile line နားလေးတွေမှာ အရေးအကြောင်းတွေ ထင်လာတတ်ပါတယ်။ ဒါပေမဲ့ ဇရာရဲ့လက္ခဏာရပ်ထဲမှာ ဒီအရေးအကြောင်းထက် ပိုအရေးကြီးတာရှိနေပါတယ်။ အဲဒါကတော့ ဒီဆောင်းပါးလေးရဲ့ခေါင်းစဉ် Skin Barrier လို့ခေါ်တဲ့ အရေပြားရဲ့ အပြင်ဘက်ဆုံးအလွှာ ကောင်း/မကောင်းပါပဲနော်။

တခြား ရှည်ရှည်ဝေးဝေးတွေမပြောခင် ဘာကိစ္စနဲ့ ဒီ Skin Barrier အကြောင်းကို ခမ်းခမ်းနားနားကြီးလေ့လာနေရတာလဲ ဆိုတဲ့အကြောင်းလေးကို အရင်ပြောပြမယ်နော်။ Skin Barrier ဆိုတာဟာ တကယ်တမ်းပြောရရင် ယောင်းတို့လိမ်းလိုက်တဲ့ စကင်းကဲအားလုံးရဲ့အသက်လို့တောင် ပြောလို့ရပါတယ်။

ဘာလို့လဲဆိုတော့ သူကလိမ်းသမျှစကွင်းကဲပစ္စည်းတွေကို အသားအရေထဲကနေပြန်မထွက်အောင် ထိန်းချုပ် (Lock) လုပ်ပေးထားမှာဖြစ်ပြီး အကယ်၍ ဒီ Skin Barrier မကောင်းရင်တော့ ဘယ်လောက်ဈေးကြီးပြီး ကောင်းပေ့ဆိုတဲ့ ပစ္စည်းသုံးပါစေ ဘယ်လိုမှအသားအရေကပြန်မကောင်းနိုင်ပါဘူး။ အဲ့တော့ ကိုယ်သုံးသမျှထိရောက်ချင်တယ်ဆိုရင်တော့ ဒီ Skin Barrier ကိုအရင်ကောင်းအောင် ကုသပေးရပါမယ်။

Related Article >>> အိပ်ရာခင်းတွေ၊ခေါင်းအုံးစွပ်တွေကို တစ်လဘယ်နှစ်ကြိမ်လောက် သန့်ရှင်းရေးလုပ်သင့်လဲ?

ဝေးလံခေါင်ဖျားတွေရှင်းပြနေရင် နားရှုပ်ကုန်မှာစိုးလို့ Skin Barrier ကို စာကြောင်း ၅ ကြောင်းနဲ့ပဲ အတိုရှင်းပြလိုက်မယ်နော်။

(၁) Skin Barrier ဆိုတာ မျက်နှာအသားအရေရဲ့ အပြင်ဘက်ဆုံးအလွှာဖြစ်ပြီး မျက်စိနဲ့မြင်ရတဲ့အလွှာဖြစ်ပါတယ်။

(၂) ဒီ Skin Barrier လေးက ပြင်ပကနေဝင်လာမယ့် နေဒဏ်၊ လေဒဏ်နဲ့ ပတ်ဝန်းကျင်ဒဏ်တွေအပြင် ဖုန်၊ သဲ နဲ့ ဘက်တီးရီးယားပိုးမွှားတွေကိုလည်း အလွှာတစ်ခုအနေနဲ့ ကာကွယ်ပေးပြီး ယောင်းတို့လိမ်းလိုက်တဲ့ စကွင်းကဲတွေကို လေထုကပြန်မစုပ်သွားအောင်၊ ပြန်မထွက်သွားအောင် ကာကွယ်ပေးထားတဲ့ အလွှာတစ်ခုပဲဖြစ်ပါတယ်။

(၃) အကယ်၍ ဒီ Skin Barrier မကောင်းရင်လည်း ဘယ်လောက် ရေသောက်သောက်၊ ရေဓာတ်ဖြည့်ဖြည့် အသားအရေက မွဲခြောက်ခြောက်နဲ့ အနီစက်၊ အမာရွတ်နဲ့ အမည်းစက်လေးတွေ ထွက်လာတာမျိုး အသားအရေက တစ်နေရာနဲ့တစ်နေရာ မညီညာဘဲ ယားယံနေတာမျိုးတွေ ဖြစ်တတ်တာမို့ ယောင်းတို့ရဲ့မျက်လုံးနဲ့ပဲ သိသိသာသာမြင်နိုင်၊ ခံစားနိုင်ပါတယ်နော်။

(၄) Skin Barrier ကောင်းနေရင်လည်း ဝက်ခြံ၊ အမာရွတ်လေးတွေ ရှိနေသည့်တိုင်အောင် အသားအရေက ချောချောမွေ့မွေ့လေးနဲ့ ညီညာနေမှာဖြစ်ပြီး ရေဓာတ်လည်းပြည့်နေပါလိမ့်မယ်။

(၅) ဒီလို Skin Barrier အားတွေကလည်း ၂၅ နှစ်နောက်ပိုင်းမှာ စတင်ပြီးယုတ်လျော့လာပါတယ်တဲ့။

Related Article >>> ၅ မိနစ်အတွင်း ဟာကွက်မရှိ ဖက်ရှင်ကျသွားအောင် ဘယ်လိုဝတ်ကြမလဲ?

Skin Barrier တွေကဘာကြောင့်ပျက်စီးတာလဲ?

ခုနက နှင်းပြောခဲ့သလို အသက်အရွယ်ကြောင့်လည်းဖြစ်တတ်သလို စိတ်ဖိစီးမှု၊ နေထိုင်မှုပုံစံနဲ့ ပတ်ဝန်းကျင်အပြင် ကိုယ်သုံးနေကျ Skincare ပစ္စည်းက ဓာတုပစ္စည်းတွေအရမ်းများနေပြီး ပြင်းထန်နေတာမျိုးဆိုရင်လည်း ဒီ Skin Barrier ကိုပျက်စီးစေပါတယ်။

ဘယ်လိုပြန်ပြီး ကုသရမလဲ?

Vitamin B3၊ Ceramide၊ Niacin စတာတွေပါဝင်ပြီး အားပျော့တဲ့ စကွင်းကဲတွေကို အဓိကထားအသုံးပြုပေးပြီး မျက်နှာကိုရေနွေးနွေးလေးနဲ့ဆေးတာမျိုး၊ မျက်နှာကို ညင်ညင်သာသာနှိပ်နယ်ပေးတာမျိုးတွေ လုပ်သင့်ပါတယ်။ နောက်ပြီး အသားအရေကိုအားဖြည့်ပေးမယ့် ငါးကြီးဆီ၊ သံလွင်ဆီနဲ့ Nuts လေးတွေကိုလည်း စားပေးသင့်ပါတယ်နော်။ Skincare ပစ္စည်းလေးထဲမှာ ခရင်မ်လေးကိုပဲ ထည့်ပြီးသုံးပေးရင် ပိုအဆင်ပြေပါလိမ့်မယ်။

ဒီလောက်ဆိုရင်တော့ တော်တော်လေးစုံသွားလောက်ပြီ ထင်ပါရဲ့။ ဒီ Skin Barrier ကြီးက ယောင်းတို့ရဲ့ အသားအရေကောင်းမယ်၊ မကောင်းနိုင်ဘူးဆိုတာကို အများဆုံး အဆုံးအဖြတ်ပေးနိုင်တာမို့ အထူးဂရုစိုက်ပြီး သတိထားပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ယောင်းတို့ Anti-Aging စကွင်းကဲတွေ ကောင်းကောင်းထိရောက်ဖို့ဆိုရင်လည်း ဒါကအရမ်းအရေးကြီးတာမို့ သေချာဂရုစိုက်စေချင်တဲ့ စေတနာလေးနဲ့ ခပ်များများလေးရေးလိုက်တာပါ။

အဆုံးထိသေချာဖတ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်လို့!!!!

Hnin Ei Oo (For Her Myanmar)

No Comments Yet

Comments are closed