ဝက္ျခံအရမ္းထြက္ေနတဲ့အခ်ိန္မွာ ဒီ (၆) ခ်က္ကို လံုးဝေရွာင္သင့္ပါတယ္။

လုပ္ေနက်အခ်က္ေတြက ေသခ်ာေရွာင္ရမယ့္အခ်က္ထဲ ပါေနတယ္ေတာ့

ဝက္ျခံဆိုတဲ့အမ်ိဳးကေလ လူ႔စိတ္လိုပဲ အစိုးမရတဲ့ သေဘာတစ္ခုမွာရွိေနတယ္ ဟုတ္? အိမ္မွာေနရင္း မ်က္ႏွာကို ၾကည့္ေတာ့ မွန္လိုပဲ ၾကည္လင္ရွင္းသန္႔ေနေပမဲ့ ေဟာ ေနာက္ေန႔ သြားစရာလည္း ရွိၿပီဆိုေရာ.. ဟိုတစ္ေနရာ၊ ဒီတစ္ေနရာ ကြက္ထၿပီး ေပါက္လာတာမ်ိဳးျဖစ္တတ္တာကိုး။

အဲ့လို အစိုးမရတဲ့ ဝက္ျခံေတြ ျမန္ျမန္ေပ်ာက္ဖို႔အေရး ငါ့အေရးဆိုၿပီး အတင္းကာေရာေပ်ာက္ေအာင္ လုပ္တတ္ၾကရင္း တခ်ိဳ႕ဟာေတြက် ေပ်ာက္ေအာင္လုပ္ရင္းကေန ပိုဆိုးသြားေအာင္ လုပ္မိသလို ျဖစ္သြားတတ္တဲ့ အကြက္ေလးေတြလည္းရွိေတာ့ ေရွာင္စရာရွိေရွာင္၊ ေဆာင္စရာရွိတာေဆာင္လို႔ရေအာင္ ဒီေဆာင္းပါးေလးကို ေရးေပးလိုက္ပါတယ္ ေယာင္းတို႔ေရ… 

တျခားအခ်က္ေတြမဖတ္ခင္မွာ ဝက္ျခံေပါက္ေနတဲ့အခ်ိန္ ခ်က္ခ်င္းေပ်ာက္သြားေအာင္ လုပ္တာထက္ အရင္ဆံုးနီျမန္းေရာင္ရမ္းေနတာကို ေလ်ာ့သြားေအာင္လုပ္ၿပီးေတာ့မွ အမာရြတ္ေပ်ာက္တဲ့အထိ ျဖည္းျဖည္းခ်င္း စိတ္ရွည္ရွည္နဲ႔ကုတာက အမွန္ဆံုးနဲ႔ အထိေရာက္ဆံုးနည္းလမ္းပါပဲေနာ္။ ကဲ ကဲ.. ဒါဆို နည္းလမ္းေလးေတြ ၾကည့္ၾကရေအာင္ေနာ္.. 

(၁) အမည္းစက္ေပ်ာက္ေဆးေတြကို ခဏခဏလိမ္းတာ။

ဝက္ျခံအေနာက္မွာ ကပ္ပါလာတတ္တာက အမည္းစက္လို႔ေခၚတဲ့ အစက္ေလးေတြပါ။ အဲဒီအစက္ေလးေတြကို ဝက္ျခံေပ်ာက္တဲ့အခ်ိန္မွာ တစ္ခါတည္းေပ်ာက္သြားေအာင္ အဲဒါကိုပါ ေရာေရာၿပီးလိမ္းတတ္ၾကပါတယ္။ တကယ္တမ္းက်ေတာ့ ဒီလိုအျပဳအမူက အရမ္းမွားတဲ့ အျပဳအမူႀကီးပါ။ ဘာျဖစ္လို႔လဲဆိုေတာ့ အမည္းစက္ေပ်ာက္တဲ့ skincare ေတြမွာ အသားျဖဴေစတဲ့ Vitamin C တို႔ အသားကို အေပၚယံ အေရျပားတစ္လႊာကြာက်ေစတဲ့ peeling effect တို႔ပါဝင္ေနတတ္ပါတယ္။ ဒီဓာတ္ေတြက ဝက္ျခံသမားေတြနဲ႔ ဓာတ္မတည့္ဘဲ ဝက္ျခံေတြကို ပိုဆိုးေစတာမို႔ ဒါမ်ိဳးေလးေတြကို ေရွာင္သင့္ပါတယ္ေနာ္။

(၂) ဝက္ျခံထြက္မွ ဝက္ျခံေပ်ာက္ေဆးေတြကို လိမ္းတာ။

ႀကိဳတင္ကာကြယ္ျခင္းသည္ ကုသျခင္းထက္ ေကာင္း၏ ဆိုတဲ့စကားအတိုင္းလိုပါပဲ ေယာင္းတို႔ေရ… ဝက္ျခံေတြကို ျဖစ္မွကုတာထက္ ေန႔တိုင္းပိုးသတ္ေပးႏုိင္မယ့္ Salicylic Acid ပါဝင္တဲ့စကြင္းကဲေတြကို ေန႔တိုင္းသံုးေပးတာက ပိုၿပီးအဆင္ေျပေစပါလိမ့္မယ္ေနာ္။ အက္စစ္ဆိုလုိ႔ လန္႔မသြားနဲ႔ဦး။ သူက အားေပ်ာ့ၿပီး ေယာင္းတို႔အသားအေရအတြက္ လိုအပ္တဲ့အက္စစ္ပါလို႔။ Salicylic Acid ေတြက အသားေျခာက္တတ္တာမ်ိဳးေတြ၊ လိုအပ္တာထက္ ပိုသံုးမိရင္ အသားအေရ စပ္ဖ်ဥ္းဖ်ဥ္းျဖစ္တာမ်ိဳးေတြလည္း ရွိတတ္လို႔ သံုးမယ္ဆိုရင္ ကၽြမ္းက်င္သူေတြနဲ႔ တုိင္ပင္ေဆြးေႏြးၿပီးမွ လိုအပ္တဲ့ ပမာဏအတိုင္း ကြက္တိသံုးတာ ပိုေကာင္းပါလိမ့္မယ္ေနာ္… တန္ေဆးလြန္ေဘး မဟုတ္လား…

Related Article >>> ဝက္ျခံဟာ ရွက္စရာလား

(၃) ဝက္ျခံေတြကို Scrub နဲ႔စြတ္တိုက္တာ။

Scrub ဆိုတာ ဆပ္ျပာကိုမွ ေခၽြးေပါက္အတြင္းပိုင္းအထိ သန္႔စင္ေပးႏိုင္ေအာင္ အခြံမာတစ္ခုခုကို ႀကိတ္ထည့္ထားတဲ့ ဆပ္ျပာမို႔ ဝက္ျခံထြက္ၿပီး ဆန္းဆန္းတင့္ေနတဲ့အသားေအရကို ဒီဆပ္ျပာၾကမ္းႀကီးနဲ႔စြတ္တိုက္တဲ့အခါ မ်က္ႏွာကပိုထိခိုက္လြယ္ၿပီး ဝက္ျခံကလည္းပိုဆိုးလာႏိုင္ပါတယ္။ အဲဒါေၾကာင့္ ေပ်ာက္ခ်င္ေဇာနဲ႔ စြတ္လုပ္တာမ်ိဳးကို ေရွာင္ရမယ္ေနာ္။ Scrub တိုက္လို႔ မရဘူးလို႔ ေျပာတာ မဟုတ္ဘူးေနာ္.. စြတ္မလုပ္ဖို႔ပဲ မွာတာပါ။ 

(၄) လက္နဲ႔ညွစ္တာ၊ ကုတ္တာ။

ဒါကေတာ့ လူတိုင္းနီးပါး ေျပာတတ္ၾကတဲ့အခ်က္ဆိုေပမဲ့ အရမ္းလြယ္လို႔လာမသိဘူး ဘယ္သူမွလည္း မလုပ္ႏိုင္ၾကဘူး :3 (ႏွင္းအပါအဝင္ေပါ့ :P) ေသခ်ာပိုးသတ္ၿပီး ေဆးေၾကာထားတဲ့ ဝက္ျခံညွစ္တံနဲ႔ ညွစ္ရင္ေတာင္ အခန္႔မသင့္ရင္ အမာရြတ္ျဖစ္ႏိုင္ေခ်ရွိတဲ့ မ်က္ႏွာႀကီးမွာ ပိုးမႊားေသာင္းေျခာက္ေထာင္ကပ္ေနတဲ့ လက္ကို သံုးၿပီး ဝက္ျခံညွစ္မယ္ဆိုရင္ေတာ့… အင္းးးး။

(၅) ေတြ႔သမွ် Skincare အလြယ္လမ္းေတြကို ယံုၿပီးလိုက္လုပ္တာ။

ထြက္တဲ့ဝက္ျခံ တစ္ဖုႏွစ္ဖုေလာက္ကို အျမန္ေပ်ာက္ခ်င္ေဇာနဲ႔ ရွိသမွ် ဗီဒီယိုထဲက အလြယ္လမ္းေတြ၊ ေဘးစကားေတြကိုနားေယာင္ၿပီး စြတ္လုပ္လုိ႔ကေတာ့ ဒုကၡေရာက္ၿပီသာမွတ္ေတာ့ ေယာင္းေရ။ သူ႔အသားအေရနဲ႔ ကိုယ့္အသားအေရကမတူတာမို႔ ကိုယ့္နည္းကိုယ့္ဟန္နဲ႔ပဲေပ်ာက္ေအာင္လုပ္တာက အေကာင္းဆံုးပါလို႔။

Related Article >>> ဝက္ျခံအမာရြတ္ေတြကို ဘိုင့္ဘိုင့္လုပ္ၾကမယ္

(၆) ေရဓာတ္ျဖည့္ခရင္မ္ကိုလံုးဝမလိမ္းတာ။

လွ်ိဳ႕ဝွက္ခ်က္တစ္ခုေျပာျပမယ္။ ဝက္ျခံကေလ အသားအေရအပူခ်ိန္ျမင့္ေနတဲ့အခ်ိန္မွာဆိုရင္ ပိုၿပီးနီျမန္းတဲ့အျပင္ ပိုလည္းပြားတတ္တဲ့ သဘာဝရွိပါတယ္ေနာ္။ ဒါ့အျပင္ အဆီပိုျပန္တဲ့အခ်ိန္မွာ ဝက္ျခံက ပိုထြက္တတ္ေသး။ အဲဒါကို ဝက္ျခံေပါက္တဲ့အခ်ိန္မွာ ရွိရွိသမွ် စကြင္းကဲအဆင့္ေတြကို ျဖတ္ၿပီး ဝက္ျခံေပ်ာက္ေဆးတစ္မ်ိဳးပဲ လိမ္းရင္ေတာ့ ေရဓာတ္ခန္းေျခာက္မွန္းမသိ၊ အဆီမရွိမွန္းမသိ မ်က္ႏွာမွာရွိတဲ့ ဆဲလ္ေတြက အဆီေတြထပ္ထုတ္၊ အဆီပိုျပန္ေတာ့ ဝက္ျခံထပ္ထြက္ရင္း ဂ်ာေအးအေမရိုက္ပါေလသတည္းေပါ့ ေယာင္းတို႔ရယ္… ဒါေၾကာင့္ ေရဓာတ္ကို ပံုမွန္ျဖည့္ဆည္းေပးဖို႔လည္း လိုအပ္ပါတယ္လို႔… 

ျခံဳေျပာရရင္ေတာ့ ဝက္ျခံထြက္ေနတဲ့အခ်ိန္မွာ ဝက္ျခံေပ်ာက္ေဆးတစ္မ်ိဳးတည္းသံုးတာမ်ိဳးကို ေရွာင္ၿပီး ဆီေၾကာ္စာအပါအဝင္ အငန္ေတြ၊ အစပ္ေတြမစားဘဲ အသားအေရကို ေရဓာတ္ေလးေကာင္းေကာင္းျဖည့္ၿပီး ပံုမွန္ေလးပဲ ျဖည္းျဖည္းခ်င္းဂရုစိုက္ရင္ ေပ်ာက္သြားပါလိမ့္မယ္လို႔။ အဆင္ေျပၾကပါေစေနာ္…

Hnin Ei Oo (For Her Myanmar)

<<< Unicode >>>

လုပ်နေကျအချက်တွေက သေချာရှောင်ရမယ့်အချက်ထဲ ပါနေတယ်တော့

ဝက်ခြံဆိုတဲ့အမျိုးကလေ လူ့စိတ်လိုပဲ အစိုးမရတဲ့ သဘောတစ်ခုမှာရှိနေတယ် ဟုတ်? အိမ်မှာနေရင်း မျက်နှာကို ကြည့်တော့ မှန်လိုပဲ ကြည်လင်ရှင်းသန့်နေပေမဲ့ ဟော နောက်နေ့ သွားစရာလည်း ရှိပြီဆိုရော.. ဟိုတစ်နေရာ၊ ဒီတစ်နေရာ ကွက်ထပြီး ပေါက်လာတာမျိုးဖြစ်တတ်တာကိုး။

အဲ့လို အစိုးမရတဲ့ ဝက်ခြံတွေ မြန်မြန်ပျောက်ဖို့အရေး ငါ့အရေးဆိုပြီး အတင်းကာရောပျောက်အောင် လုပ်တတ်ကြရင်း တချို့ဟာတွေကျ ပျောက်အောင်လုပ်ရင်းကနေ ပိုဆိုးသွားအောင် လုပ်မိသလို ဖြစ်သွားတတ်တဲ့ အကွက်လေးတွေလည်းရှိတော့ ရှောင်စရာရှိရှောင်၊ ဆောင်စရာရှိတာဆောင်လို့ရအောင် ဒီဆောင်းပါးလေးကို ရေးပေးလိုက်ပါတယ် ယောင်းတို့ရေ… 

တခြားအချက်တွေမဖတ်ခင်မှာ ဝက်ခြံပေါက်နေတဲ့အချိန် ချက်ချင်းပျောက်သွားအောင် လုပ်တာထက် အရင်ဆုံးနီမြန်းရောင်ရမ်းနေတာကို လျော့သွားအောင်လုပ်ပြီးတော့မှ အမာရွတ်ပျောက်တဲ့အထိ ဖြည်းဖြည်းချင်း စိတ်ရှည်ရှည်နဲ့ကုတာက အမှန်ဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းပါပဲနော်။ ကဲ ကဲ.. ဒါဆို နည်းလမ်းလေးတွေ ကြည့်ကြရအောင်နော်.. 

(၁) အမည်းစက်ပျောက်ဆေးတွေကို ခဏခဏလိမ်းတာ။

ဝက်ခြံအနောက်မှာ ကပ်ပါလာတတ်တာက အမည်းစက်လို့ခေါ်တဲ့ အစက်လေးတွေပါ။ အဲဒီအစက်လေးတွေကို ဝက်ခြံပျောက်တဲ့အချိန်မှာ တစ်ခါတည်းပျောက်သွားအောင် အဲဒါကိုပါ ရောရောပြီးလိမ်းတတ်ကြပါတယ်။ တကယ်တမ်းကျတော့ ဒီလိုအပြုအမူက အရမ်းမှားတဲ့ အပြုအမူကြီးပါ။ ဘာဖြစ်လို့လဲဆိုတော့ အမည်းစက်ပျောက်တဲ့ skincare တွေမှာ အသားဖြူစေတဲ့ Vitamin C တို့ အသားကို အပေါ်ယံ အရေပြားတစ်လွှာကွာကျစေတဲ့ peeling effect တို့ပါဝင်နေတတ်ပါတယ်။ ဒီဓာတ်တွေက ဝက်ခြံသမားတွေနဲ့ ဓာတ်မတည့်ဘဲ ဝက်ခြံတွေကို ပိုဆိုးစေတာမို့ ဒါမျိုးလေးတွေကို ရှောင်သင့်ပါတယ်နော်။

(၂) ဝက်ခြံထွက်မှ ဝက်ခြံပျောက်ဆေးတွေကို လိမ်းတာ။

ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်း၏ ဆိုတဲ့စကားအတိုင်းလိုပါပဲ ယောင်းတို့ရေ… ဝက်ခြံတွေကို ဖြစ်မှကုတာထက် နေ့တိုင်းပိုးသတ်ပေးနိုင်မယ့် Salicylic Acid ပါဝင်တဲ့စကွင်းကဲတွေကို နေ့တိုင်းသုံးပေးတာက ပိုပြီးအဆင်ပြေစေပါလိမ့်မယ်နော်။ အက်စစ်ဆိုလို့ လန့်မသွားနဲ့ဦး။ သူက အားပျော့ပြီး ယောင်းတို့အသားအရေအတွက် လိုအပ်တဲ့အက်စစ်ပါလို့။ Salicylic Acid တွေက အသားခြောက်တတ်တာမျိုးတွေ၊ လိုအပ်တာထက် ပိုသုံးမိရင် အသားအရေ စပ်ဖျဉ်းဖျဉ်းဖြစ်တာမျိုးတွေလည်း ရှိတတ်လို့ သုံးမယ်ဆိုရင် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးပြီးမှ လိုအပ်တဲ့ ပမာဏအတိုင်း ကွက်တိသုံးတာ ပိုကောင်းပါလိမ့်မယ်နော်… တန်ဆေးလွန်ဘေး မဟုတ်လား…

Related Article >>> ဝက်ခြံဟာ ရှက်စရာလား

(၃) ဝက်ခြံတွေကို Scrub နဲ့စွတ်တိုက်တာ။

Scrub ဆိုတာ ဆပ်ပြာကိုမှ ချွေးပေါက်အတွင်းပိုင်းအထိ သန့်စင်ပေးနိုင်အောင် အခွံမာတစ်ခုခုကို ကြိတ်ထည့်ထားတဲ့ ဆပ်ပြာမို့ ဝက်ခြံထွက်ပြီး ဆန်းဆန်းတင့်နေတဲ့အသားအေရကို ဒီဆပ်ပြာကြမ်းကြီးနဲ့စွတ်တိုက်တဲ့အခါ မျက်နှာကပိုထိခိုက်လွယ်ပြီး ဝက်ခြံကလည်းပိုဆိုးလာနိုင်ပါတယ်။ အဲဒါကြောင့် ပျောက်ချင်ဇောနဲ့ စွတ်လုပ်တာမျိုးကို ရှောင်ရမယ်နော်။ Scrub တိုက်လို့ မရဘူးလို့ ပြောတာ မဟုတ်ဘူးနော်.. စွတ်မလုပ်ဖို့ပဲ မှာတာပါ။ 

(၄) လက်နဲ့ညှစ်တာ၊ ကုတ်တာ။

ဒါကတော့ လူတိုင်းနီးပါး ပြောတတ်ကြတဲ့အချက်ဆိုပေမဲ့ အရမ်းလွယ်လို့လာမသိဘူး ဘယ်သူမှလည်း မလုပ်နိုင်ကြဘူး :3 (နှင်းအပါအဝင်ပေါ့ :P) သေချာပိုးသတ်ပြီး ဆေးကြောထားတဲ့ ဝက်ခြံညှစ်တံနဲ့ ညှစ်ရင်တောင် အခန့်မသင့်ရင် အမာရွတ်ဖြစ်နိုင်ချေရှိတဲ့ မျက်နှာကြီးမှာ ပိုးမွှားသောင်းခြောက်ထောင်ကပ်နေတဲ့ လက်ကို သုံးပြီး ဝက်ခြံညှစ်မယ်ဆိုရင်တော့… အင်းးးး။

(၅) တွေ့သမျှ Skincare အလွယ်လမ်းတွေကို ယုံပြီးလိုက်လုပ်တာ။

ထွက်တဲ့ဝက်ခြံ တစ်ဖုနှစ်ဖုလောက်ကို အမြန်ပျောက်ချင်ဇောနဲ့ ရှိသမျှ ဗီဒီယိုထဲက အလွယ်လမ်းတွေ၊ ဘေးစကားတွေကိုနားယောင်ပြီး စွတ်လုပ်လို့ကတော့ ဒုက္ခရောက်ပြီသာမှတ်တော့ ယောင်းရေ။ သူ့အသားအရေနဲ့ ကိုယ့်အသားအရေကမတူတာမို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲပျောက်အောင်လုပ်တာက အကောင်းဆုံးပါလို့။

Related Article >>> ဝက်ခြံအမာရွတ်တွေကို ဘိုင့်ဘိုင့်လုပ်ကြမယ်

(၆) ရေဓာတ်ဖြည့်ခရင်မ်ကိုလုံးဝမလိမ်းတာ။

လျှို့ဝှက်ချက်တစ်ခုပြောပြမယ်။ ဝက်ခြံကလေ အသားအရေအပူချိန်မြင့်နေတဲ့အချိန်မှာဆိုရင် ပိုပြီးနီမြန်းတဲ့အပြင် ပိုလည်းပွားတတ်တဲ့ သဘာဝရှိပါတယ်နော်။ ဒါ့အပြင် အဆီပိုပြန်တဲ့အချိန်မှာ ဝက်ခြံက ပိုထွက်တတ်သေး။ အဲဒါကို ဝက်ခြံပေါက်တဲ့အချိန်မှာ ရှိရှိသမျှ စကွင်းကဲအဆင့်တွေကို ဖြတ်ပြီး ဝက်ခြံပျောက်ဆေးတစ်မျိုးပဲ လိမ်းရင်တော့ ရေဓာတ်ခန်းခြောက်မှန်းမသိ၊ အဆီမရှိမှန်းမသိ မျက်နှာမှာရှိတဲ့ ဆဲလ်တွေက အဆီတွေထပ်ထုတ်၊ အဆီပိုပြန်တော့ ဝက်ခြံထပ်ထွက်ရင်း ဂျာအေးအမေရိုက်ပါလေသတည်းပေါ့ ယောင်းတို့ရယ်… ဒါကြောင့် ရေဓာတ်ကို ပုံမှန်ဖြည့်ဆည်းပေးဖို့လည်း လိုအပ်ပါတယ်လို့… 

ခြုံပြောရရင်တော့ ဝက်ခြံထွက်နေတဲ့အချိန်မှာ ဝက်ခြံပျောက်ဆေးတစ်မျိုးတည်းသုံးတာမျိုးကို ရှောင်ပြီး ဆီကြော်စာအပါအဝင် အငန်တွေ၊ အစပ်တွေမစားဘဲ အသားအရေကို ရေဓာတ်လေးကောင်းကောင်းဖြည့်ပြီး ပုံမှန်လေးပဲ ဖြည်းဖြည်းချင်းဂရုစိုက်ရင် ပျောက်သွားပါလိမ့်မယ်လို့။ အဆင်ပြေကြပါစေနော်…

Hnin Ei Oo (For Her Myanmar)

No Comments Yet

Comments are closed