face massage ကို အိမ္မွာတင္ အလြယ္တကူျပဳလုပ္ႏိုင္မယ့္ အဆင့္(၆)ဆင့္

ကိုယ္တိုင္ႏွိပ္တာ ဇိမ္ေတာ့မက်ေပမဲ့ ဘတ္ဂ်တ္ေခၽြတာရာ ေရာက္တာေပါ့

ေယာင္းတို႔ေရ … အခုဆိုရင္ မိန္းကေလးေတာ္ေတာ္မ်ားမ်ားက မိတ္ကပ္ျပင္နည္းေတြထက္ နဂိုအသားအေရ ပိုေကာင္းေအာင္ ထိန္းသိမ္းနည္းေတြကို အရင္ကထက္ ပိုဂရုစိုက္လာတာကို ေတြ႔ရပါတယ္။ ဒီေတာ့ Stella က မ်က္ႏွာအသားအေရထိန္းသိမ္းတဲ့ နည္းလမ္းေတြထဲက တစ္ခုျဖစ္တဲ့ ေသြးလည္ပတ္မႈေကာင္းၿပီး ၾကည္လင္လာေအာင္ မ်က္ႏွာႏွိပ္နယ္ေပးတဲ့ နည္းလမ္းကို အဆင့္ေလးေတြခြဲၿပီး ေဝမွ်ေပးပါဦးမယ္ေနာ္…

(၁) အရင္ဆံုး မ်က္ႏွာကို မႏွိပ္နယ္ခင္ လက္ကို ေသခ်ာေဆးပါ။ လက္ေပၚက ဘက္တီးရီးယားပိုးေတြ မ်က္ႏွာေပၚေရာက္ၿပီး ဝက္ျခံေတြ မျဖစ္လာေစခ်င္ဘူးဟုတ္..

Related article >>> မိတ္ကပ္မလိမ္းထားသလို ထင္ရတဲ့ မိတ္ကပ္ပံုစံရေအာင္ ျပင္တဲ့အခါ သိထားရမယ့္ အခ်က္ (၆)ခ်က္

(၂) Moisturizer အနည္းငယ္ကို မ်က္ႏွာေပၚမွာ လိမ္းေပးပါ။ ၿပီးရင္ နဖူးကို လက္ေခ်ာင္းထိပ္ေလးေတြသံုးၿပီး ‘ U ‘ ပံုစံႏွိပ္ေပးရပါမယ္။ ဒါကေယာင္းရဲ႕ မ်က္ႏွာႂကြက္သားေတြကို ေျပေလ်ာ့ေစၿပီး ေခၽြးေပါက္ေတြ က်ဥ္းေစပါတယ္။ ဒီပံုစံအတိုင္း (၈)ခါကေန (၁၀)ခါေလာက္ လုပ္ေပးရပါမယ္။

(၃) ေနာက္တစ္ဆင့္ကေတာ့ နားထင္ေတြကို လက္ညိွဳးနဲ႔ လက္ခလယ္သံုးၿပီး ျဖည္းျဖည္းေလးဖိေပးပါ။ ဒါက စိတ္ဖိစီးမႈေတြကို ေလွ်ာ့ခ်ေပးၿပီး နဖူးကတင္းေနတဲ့ အေၾကာေတြကို ေျပေလ်ာ့ေစပါတယ္။ ဒီအဆင့္ကိုေတာ့ စကၠန္႔ (၃၀) ေလာက္ ဆက္တိုက္လုပ္ေပးပါ။

(၄) မ်က္လံုးေအာက္ေတြအတြက္ လက္သႂူကြယ္ကိုသံုးၿပီး ‘ U ‘  ပံုသ႑ာန္ အသာအယာႏွိပ္နယ္ေပးပါ။ အရမ္းႀကီးေတာ့ မဖိလိုက္ပါနဲ႔ေနာ္။ ဒီနည္းလမ္းသံုးၿပီး မ်က္လံုးေအာက္က ေဖာင္းေနတဲ့ေနရာေတြကို ေပ်ာက္ကင္းေစတဲ့အျပင္ ေသြးလည္ပတ္မႈလည္း ေကာင္းေစပါတယ္။

(၅) လက္ေခ်ာင္းေလးေခ်ာင္းသံုးၿပီး ပါးရိုးတစ္ေလွ်ာက္ကေန နားဘက္ကို ဆြဲၿပီး ႏွိပ္နယ္ေပးပါ။ ဒီလိုလုပ္ေပးျခင္းက အသားအေရကို တင္းရင္းေစတဲ့အျပင္ ေသြးလည္ပတ္မႈကို အားေကာင္းေစတာေၾကာင့္ ပန္းေသြးေရာင္ ပါးေလးႏွစ္ဖက္ကို ပိုင္ဆိုင္ႏိုင္ၿပီေပါ့။

Related article >>> ေငြကုန္ေၾကးက်သက္သာစြာနဲ႔ အိမ္မွာအလြယ္တကူလုပ္ႏိုင္မယ့္ Face Mask (၃) ခု

(၆) ေမးရိုးကေနၿပီး လည္ပင္းရိုးအထိ ေအာက္ကိုဆြဲခ်ၿပီး ႏွိပ္နယ္ေပးပါ။ ဒါက ေယာင္းရဲ႕မ်က္ႏွာမွာရွိတဲ့ အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးၿပီး အသားအေရကို ၾကည္လင္ေစပါတယ္။ ဒီအဆင့္ကိုေတာ့ (၅) ခါကေန (၁၀)ခါအထိ လုပ္ေပးပါ။

မ်က္ႏွာကို စိတ္ရွည္ရွည္ႏွိပ္နယ္ေပးတာက ေသြးလည္ပတ္မႈအားေကာင္းေစရုံမက အသားအေရာင္မညီညာတာေတြကို ညိွေပးႏိုင္ပါတယ္။ ဒီေတာ့ ေယာင္းေရ ေတြေဝမေနေတာ့ဘဲ လပိုင္းအတြင္း အျမန္ဆံုး glow ဖို႔ မ်က္ႏွာကို ညတိုင္းႏွိပ္ၾကစို႔ေနာ္….

Stella (For Her Myanmar)

<<< Unicode >>>

ကိုယ်တိုင်နှိပ်တာ ဇိမ်တော့မကျပေမဲ့ ဘတ်ဂျတ်ချွေတာရာ ရောက်တာပေါ့

ယောင်းတို့ရေ … အခုဆိုရင် မိန်းကလေးတော်တော်များများက မိတ်ကပ်ပြင်နည်းတွေထက် နဂိုအသားအရေ ပိုကောင်းအောင် ထိန်းသိမ်းနည်းတွေကို အရင်ကထက် ပိုဂရုစိုက်လာတာကို တွေ့ရပါတယ်။ ဒီတော့ Stella က မျက်နှာအသားအရေထိန်းသိမ်းတဲ့ နည်းလမ်းတွေထဲက တစ်ခုဖြစ်တဲ့ သွေးလည်ပတ်မှုကောင်းပြီး ကြည်လင်လာအောင် မျက်နှာနှိပ်နယ်ပေးတဲ့ နည်းလမ်းကို အဆင့်လေးတွေခွဲပြီး ဝေမျှပေးပါဦးမယ်နော်…

(၁) အရင်ဆုံး မျက်နှာကို မနှိပ်နယ်ခင် လက်ကို သေချာဆေးပါ။ လက်ပေါ်က ဘက်တီးရီးယားပိုးတွေ မျက်နှာပေါ်ရောက်ပြီး ဝက်ခြံတွေ မဖြစ်လာစေချင်ဘူး မှတ်လား ?

Related article >>> မိတ်ကပ်မလိမ်းထားသလို ထင်ရတဲ့ မိတ်ကပ်ပုံစံရအောင် ပြင်တဲ့အခါ သိထားရမယ့် အချက် (၆)ချက်

(၂) Moisturizer အနည်းငယ်ကို မျက်နှာပေါ်မှာ လိမ်းပေးပါ။ ပြီးရင် နဖူးကို လက်ချောင်းထိပ်လေးတွေသုံးပြီး ‘ U ‘ ပုံစံနှိပ်ပေးရပါမယ်။ ဒါကယောင်းရဲ့ မျက်နှာကြွက်သားတွေကို ပြေလျော့စေပြီး ချွေးပေါက်တွေ ကျဉ်းစေပါတယ်။ ဒီပုံစံအတိုင်း (၈)ခါကနေ (၁၀)ခါလောက် လုပ်ပေးရပါမယ်။

(၃) နောက်တစ်ဆင့်ကတော့ နားထင်တွေကို လက်ညှိုးနဲ့ လက်ခလယ်သုံးပြီး ဖြည်းဖြည်းလေးဖိပေးပါ။ ဒါက စိတ်ဖိစီးမှုတွေကို လျှော့ချပေးပြီး နဖူးကတင်းနေတဲ့ အကြောတွေကို ပြေလျော့စေပါတယ်။ ဒီအဆင့်ကိုတော့ စက္ကန့် (၃၀) လောက် ဆက်တိုက်လုပ်ပေးပါ။

(၄) မျက်လုံးအောက်တွေအတွက် လက်သြူကွယ်ကိုသုံးပြီး ‘ U ‘  ပုံသဏ္ဍာန် အသာအယာနှိပ်နယ်ပေးပါ။ အရမ်းကြီးတော့ မဖိလိုက်ပါနဲ့နော်။ ဒီနည်းလမ်းသုံးပြီး မျက်လုံးအောက်က ဖောင်းနေတဲ့နေရာတွေကို ပျောက်ကင်းစေတဲ့အပြင် သွေးလည်ပတ်မှုလည်း ကောင်းစေပါတယ်။

(၅) လက်ချောင်းလေးချောင်းသုံးပြီး ပါးရိုးတစ်လျှောက်ကနေ နားဘက်ကို ဆွဲပြီး နှိပ်နယ်ပေးပါ။ ဒီလိုလုပ်ပေးခြင်းက အသားအရေကို တင်းရင်းစေတဲ့အပြင် သွေးလည်ပတ်မှုကို အားကောင်းစေတာကြောင့် ပန်းသွေးရောင် ပါးလေးနှစ်ဖက်ကို ပိုင်ဆိုင်နိုင်ပြီပေါ့။

Related article >>> ငွေကုန်ကြေးကျသက်သာစွာနဲ့ အိမ်မှာအလွယ်တကူလုပ်နိုင်မယ့် Face Mask (၃) ခု

(၆) မေးရိုးကနေပြီး လည်ပင်းရိုးအထိ အောက်ကိုဆွဲချပြီး နှိပ်နယ်ပေးပါ။ ဒါက ယောင်းရဲ့မျက်နှာမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အသားအရေကို ကြည်လင်စေပါတယ်။ ဒီအဆင့်ကိုတော့ (၅) ခါကနေ (၁၀)ခါအထိ လုပ်ပေးပါ။

မျက်နှာကို စိတ်ရှည်ရှည်နှိပ်နယ်ပေးတာက သွေးလည်ပတ်မှုအားကောင်းစေရုံမက အသားအရောင်မညီညာတာတွေကို ညှိပေးနိုင်ပါတယ်။ ဒီတော့ ယောင်းရေ တွေဝေမနေတော့ဘဲ လပိုင်းအတွင်း အမြန်ဆုံး glow ဖို့ မျက်နှာကို ညတိုင်းနှိပ်ကြစို့နော်….

Stella (For Her Myanmar)

No Comments Yet

Comments are closed