ရႊန္းစိုတဲ့ႏႈတ္ခမ္းတစ္စံုပိုင္ဆိုင္ႏိုင္ဖို႔ ဂရုတစိုက္လုပ္ေပးရမယ့္ အခ်က္(၆)ခ်က္

ႏႈတ္ခမ္းဖူးဖူးေလးပိုင္ဆိုင္ထားရင္ကို အလိုလိုဆြဲေဆာင္မႈရွိေနတာ

ေယာင္းတို႔ေရ … Stella အပါအဝင္ မိန္းကေလးေတာ္ေတာ္မ်ားမ်ားက skincare ေတြ မိတ္ကပ္ေတြကိုပဲ အာရုံစိုက္ေနမိၾကၿပီး ႏႈတ္ခမ္းေလးေတြကိုေတာ့ ဂရုစိုက္ဖို႔ေမ့ေနတတ္ၾကပါတယ္။ ဒီလိုနဲ႔ပဲ အစားမ်ိဳးစံုစား၊ ႏႈတ္ခမ္းနီကာလာစံုဆိုးနဲ႔ ႏႈတ္ခမ္းေလးေတြက ညိဳမည္းေျခာက္ေသြ႔လာေရာ။ အထူးသျဖင့္ ရာသီဥတုအေျပာင္းအလဲအခ်ိန္မ်ိဳးမွာဆို ပိုသိသာလာပါတယ္။ ႏႈတ္ခမ္းေတြ အဖတ္လန္တာ၊ ကြဲရွတာ နဲ႔ ေသြးထြက္တာေတြပါျဖစ္လာေတာ့တာေပါ့။ ဒါေတြကို ျဖစ္လာမွ အရပ္ကူပါလူဝိုင္းပါဆိုၿပီး ကုတာထက္ ႀကိဳတင္ကာကြယ္ထားတာ အေကာင္းဆံုးပါပဲ။ ဒီေတာ့ ႏႈတ္ခမ္းသားေလးေတြကို တင္းရင္းလွပေအာင္ ဘယ္လိုထိန္းသိမ္းရမလဲဆိုတာကို stella နဲ႔တူတူၾကည့္လိုက္ၾကရေအာင္။

(၁) ႏႈတ္ခမ္းကို လွ်ာနဲ႔သပ္တာမ်ိဳးမလုပ္ပါနဲ႔
ရုတ္တရက္ ႏႈတ္ခမ္းေျခာက္ေနတယ္လို႔ ခံစားရရင္ ေတာ္ေတာ္မ်ားမ်ားက လွ်ာနဲ႔သပ္လိုက္ၾကတယ္မွတ္လား ? ခဏတာေတာ့ စိုစြတ္သြားသလိုခံစားရေပမဲ့ လွ်ာနဲ႔သပ္ျခင္းက ႏႈတ္ခမ္းကို ပိုေျခာက္ေသြ႔ေစပါတယ္ ေယာင္းေရ။

Related article >>> မ်က္ႏွာေပၚက အမဲစက္နဲ႔အမာရြတ္ေတြကို ေခ်ဖ်က္ႏိုင္မယ့္နည္းလမ္း(၄)သြယ္

(၂) အစားအေသာက္ကို မွန္မွန္ကန္ကန္ေရြးပါ
အသားအေရလွဖို႔ အစားအေသာက္ထိန္းရသလို ႏႈတ္ခမ္းေလးေတြအတြက္လည္း အစားအေသာက္ဆင္ျခင္ရပါတယ္။ ေယာင္းရဲ႕ ႏႈတ္ခမ္းေလးေတြအတြက္ အမ်ားဆံုးအက်ိဳးျပဳတာကေတာ့ ဗီတာမင္ေတြပါပဲ။ ဗီတာမင္ ေအ၊ ဘီ၊ စီ၊ ဒီ၊ အီးအထိကို စံုေအာင္သာစားပါ။ အသားအေရလည္းလွေစတာမို႔ တစ္ခ်က္ခုတ္ႏွစ္ခ်က္ျပတ္ေပါ့။

(၃) ေရဓာတ္ျဖည့္ေပးပါ
ေရဓာတ္ျဖည့္ပါဆိုလို႔ ရွည္ရွည္ေဝးမေတြးနဲ႔ဦး။ ေရမ်ားမ်ားေသာက္ပါလို႔ ေျပာခ်င္တာပါ။ ရႊန္းစိုတဲ့ႏႈတ္ခမ္းဖူးဖူးေလးျဖစ္ခ်င္ရင္ေတာ့ တစ္ေန႔ေရ (၈) ခြက္ကေတာ့ ပံုမွန္ေသာက္ေပးရပါမယ္။

(၄) မိတ္ကပ္ဖ်က္ပါ
ဘယ္ေတာ့မွ မိတ္ကပ္မဖ်က္ဘဲ မေနပါနဲ႔။ ညအိပ္ရာဝင္ခါနီးတိုင္း မိတ္ကပ္ဖ်က္ေဆးနဲ႔တစ္ခါ မ်က္ႏွာသစ္ၿပီး တစ္ခါ မိတ္ကပ္ဖ်က္ကိုဖ်က္ေပးရပါမယ္။ ႏႈတ္ခမ္းနီေတြကိုေတာ့ cotton pad ေလးေတြကို makeup remover ဆြတ္ၿပီး ဖြဖြေလးဖ်က္ေပးပါ။

Related article >>> ဒီေႏြရာသီမွာ ေယာင္းကို ေဟာ့ျဖစ္ေနေစမယ့္ ႏႈတ္ခမ္းနီအေရာင္ေတြက ဘာေတြ ျဖစ္မလဲ??

(၅) Scrub
ဆဲလ္ေသေတြကို ဖယ္ရွားေပးၿပီး ႏႈတ္ခမ္းသားေလးေတြ ေခ်ာေမြ႔ေစဖို႔ scrub လည္း လိုေသးတယ္ေနာ္။ ႏႈတ္ခမ္းကို scrub လုပ္တဲ့အခါမွာ ၁ပတ္ကို ၂ႀကိမ္ထက္ေတာ့ ပိုမလုပ္မိပါေစနဲ႔ေယာင္းေရ။ တန္ေဆးလြန္ေဘးဆိုသလိုေပါ့။

(၆) Lip Balm ေဆာင္ပါ
ေယာင္းရဲ႕ အိတ္ထဲမွာ lip balm ေလးအၿမဲေဆာင္ထားတာ မမွားပါဘူး။ ႏႈတ္ခမ္းေတြေျခာက္ၿပီး မခံမရပ္ႏိုင္ေအာင္ ကြဲအက္လာၿပီဆိုရင္ lip balm ေလးက အသက္ကယ္ေဆးပါပဲ။

ကဲ … ဒီေလာက္ဆိုရင္ ေယာင္းတို႔လည္း ကိုယ့္ရဲ႕ႏႈတ္ခမ္းေလးေတြကို ဘယ္လိုဂရုစိုက္ထိန္းသိမ္းရမလဲဆိုတဲ့ နည္းလမ္းေလးေတြကို သိရွိသြားေလာက္ပါၿပီ။ ေယာင္းတို႔ကို အၿမဲယံုၾကည္မႈရွိရွိလွေနေစခ်င္ပါတယ္ေနာ္ …

Stella (For Her Myanmar)

<<<Unicode>>>

နှုတ်ခမ်းဖူးဖူးလေးပိုင်ဆိုင်ထားရင်ကို အလိုလိုဆွဲဆောင်မှုရှိနေတာ

ယောင်းတို့ရေ … Stella အပါအဝင် မိန်းကလေးတော်တော်များများက skincare တွေ မိတ်ကပ်တွေကိုပဲ အာရုံစိုက်နေမိကြပြီး နှုတ်ခမ်းလေးတွေကိုတော့ ဂရုစိုက်ဖို့မေ့နေတတ်ကြပါတယ်။ ဒီလိုနဲ့ပဲ အစားမျိုးစုံစား၊ နှုတ်ခမ်းနီကာလာစုံဆိုးနဲ့ နှုတ်ခမ်းလေးတွေက ညိုမည်းခြောက်သွေ့လာရော။ အထူးသဖြင့် ရာသီဥတုအပြောင်းအလဲအချိန်မျိုးမှာဆို ပိုသိသာလာပါတယ်။ နှုတ်ခမ်းတွေ အဖတ်လန်တာ၊ ကွဲရှတာ နဲ့ သွေးထွက်တာတွေပါဖြစ်လာတော့တာပေါ့။ ဒါတွေကို ဖြစ်လာမှ အရပ်ကူပါလူဝိုင်းပါဆိုပြီး ကုတာထက် ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးပါပဲ။ ဒီတော့ နှုတ်ခမ်းသားလေးတွေကို တင်းရင်းလှပအောင် ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကို stella နဲ့တူတူကြည့်လိုက်ကြရအောင်။

(၁) နှုတ်ခမ်းကို လျှာနဲ့သပ်တာမျိုးမလုပ်ပါနဲ့
ရုတ်တရက် နှုတ်ခမ်းခြောက်နေတယ်လို့ ခံစားရရင် တော်တော်များများက လျှာနဲ့သပ်လိုက်ကြတယ်မှတ်လား ? ခဏတာတော့ စိုစွတ်သွားသလိုခံစားရပေမဲ့ လျှာနဲ့သပ်ခြင်းက နှုတ်ခမ်းကို ပိုခြောက်သွေ့စေပါတယ် ယောင်းရေ။

Related article >>> မျက်နှာပေါ်က အမဲစက်နဲ့အမာရွတ်တွေကို ချေဖျက်နိုင်မယ့်နည်းလမ်း(၄)သွယ်

(၂) အစားအသောက်ကို မှန်မှန်ကန်ကန်ရွေးပါ
အသားအရေလှဖို့ အစားအသောက်ထိန်းရသလို နှုတ်ခမ်းလေးတွေအတွက်လည်း အစားအသောက်ဆင်ခြင်ရပါတယ်။ ယောင်းရဲ့ နှုတ်ခမ်းလေးတွေအတွက် အများဆုံးအကျိုးပြုတာကတော့ ဗီတာမင်တွေပါပဲ။ ဗီတာမင် အေ၊ ဘီ၊ စီ၊ ဒီ၊ အီးအထိကို စုံအောင်သာစားပါ။ အသားအရေလည်းလှစေတာမို့ တစ်ချက်ခုတ်နှစ်ချက်ပြတ်ပေါ့။

(၃) ရေဓာတ်ဖြည့်ပေးပါ
ရေဓာတ်ဖြည့်ပါဆိုလို့ ရှည်ရှည်ဝေးမတွေးနဲ့ဦး။ ရေများများသောက်ပါလို့ ပြောချင်တာပါ။ ရွှန်းစိုတဲ့နှုတ်ခမ်းဖူးဖူးလေးဖြစ်ချင်ရင်တော့ တစ်နေ့ရေ (၈) ခွက်ကတော့ ပုံမှန်သောက်ပေးရပါမယ်။

(၄) မိတ်ကပ်ဖျက်ပါ
ဘယ်တော့မှ မိတ်ကပ်မဖျက်ဘဲ မနေပါနဲ့။ ညအိပ်ရာဝင်ခါနီးတိုင်း မိတ်ကပ်ဖျက်ဆေးနဲ့တစ်ခါ မျက်နှာသစ်ပြီး တစ်ခါ မိတ်ကပ်ဖျက်ကိုဖျက်ပေးရပါမယ်။ နှုတ်ခမ်းနီတွေကိုတော့ cotton pad လေးတွေကို makeup remover ဆွတ်ပြီး ဖွဖွလေးဖျက်ပေးပါ။

Related article >>> ဒီနွေရာသီမှာ ယောင်းကို ဟော့ဖြစ်နေစေမယ့် နှုတ်ခမ်းနီအရောင်တွေက ဘာတွေ ဖြစ်မလဲ??

(၅) Scrub
ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး နှုတ်ခမ်းသားလေးတွေ ချောမွေ့စေဖို့ scrub လည်း လိုသေးတယ်နော်။ နှုတ်ခမ်းကို scrub လုပ်တဲ့အခါမှာ ၁ပတ်ကို ၂ကြိမ်ထက်တော့ ပိုမလုပ်မိပါစေနဲ့ယောင်းရေ။ တန်ဆေးလွန်ဘေးဆိုသလိုပေါ့။

(၆) Lip Balm ဆောင်ပါ
ယောင်းရဲ့ အိတ်ထဲမှာ lip balm လေးအမြဲဆောင်ထားတာ မမှားပါဘူး။ နှုတ်ခမ်းတွေခြောက်ပြီး မခံမရပ်နိုင်အောင် ကွဲအက်လာပြီဆိုရင် lip balm လေးက အသက်ကယ်ဆေးပါပဲ။

ကဲ … ဒီလောက်ဆိုရင် ယောင်းတို့လည်း ကိုယ့်ရဲ့နှုတ်ခမ်းလေးတွေကို ဘယ်လိုဂရုစိုက်ထိန်းသိမ်းရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို သိရှိသွားလောက်ပါပြီ။ ယောင်းတို့ကို အမြဲယုံကြည်မှုရှိရှိလှနေစေချင်ပါတယ်နော် …

Stella (For Her Myanmar)

No Comments Yet

Comments are closed