အဆီျပန္ၿပီး ေစးကပ္ကပ္ျဖစ္ေနတဲ့ ဆံသားအျဖစ္ကေန ေကြကြင္းႏိုင္မယ့္ နည္းလမ္း(၅)သြယ္

ဆံပင္ေတြ ေစးကပ္လာၿပီဆို မ်က္ႏွာႀကီးပဲ ပိုၿပဲကြဲလာသလိုလို    

မေန႔ကပဲေခါင္းေလွ်ာ္ထားတယ္ ဒီေန႔ေလာက္ဆို ဆံပင္ေတြက အဆီျပန္ၿပီး ေစးကပ္ကပ္နဲ႔ ပုံမက်ေတာ့တာမ်ိဳး ၾကံဳေနရၿပီလား ေယာင္းေရ။ အခုလို မိုးတြင္းဆို ပုိလို႔ေတာင္ဆိုးေသးတယ္ေနာ္.. မိုေလး တစ္ေပါက္ ႏွစ္ေပါက္ေလာက္ ေခါင္းေပၚက်လိုက္တာနဲ႔ အပင္ပန္းခံပုံသြင္းထားတဲ့ ဆံပင္တစ္ေခါင္းလုံးက ေစးကပ္ကပ္ႀကီးနဲ႔ ပုံမက်ပန္းမက်ေတြ ျဖစ္ကုန္ေရာ… ဒီလိုအျခအေနမ်ိဳးက အဆီျပန္တတ္တဲ့ ဆံပင္ေတြမွာ အျဖစ္မ်ားတတ္တယ္ဆိုေတာ့ ဆံပင္အဆီျပန္တာေတြ သက္သာေအာင္ ဘယ္လိုလုပ္ရမလဲဆိုတဲ့ နည္းလမ္းေလးေတြကို မင္မင္က ေဝမွ်ေပးခ်င္ပါတယ္…

ဆံပင္ကို ေရေအးနဲ႔ေလွ်ာ္ေပးပါ။

ဆံပင္အဆီမျပန္ခ်င္ဘူးဆိုရင္ေတာ့ ေခါင္းကိုေရေအးနဲ႔ေလွ်ာ္ေပးတာ အေကာင္းဆုံးပါပဲေယာင္းေရ… ေလွ်ာ္တဲ့အခါမွာလည္း ဦးေရျပားထိ ေခါင္းေလွ်ာ္ရည္သုတ္လိမ္းၿပီး ဦးေရျပားကအဆီေတြပါ ေျပာင္စင္ေအာင္ ေလွ်ာ္ေပးပါ။

Related article >>> ဆံပင္ညွပ္မယ္လို႔ စိတ္ကူးလိုက္သူတိုင္း သိထားသင့္တဲ့ Lob Hair စတုိင္လ္ (၁၀)မ်ိဳး

Conditioner သုံးတဲ့အခါ သတိထားပါ။

ေခါင္းေလွ်ာ္တဲ့အခါ Conditioner သုံးတာက ဆံပင္ကိုအဆီျပန္ေစပါတယ္ ေယာင္းေရ.. မသုံးတာအေကာင္းဆုံးဆိုေပမဲ့ မျဖစ္မေန ဆံပင္ထိန္းသိမ္းဖို႔ သုံးေပးရမယ္ဆိုရင္ေတာ့ ဆံပင္အဖ်ားပိုင္းေတြကိုပဲ သုံးေပးပါေနာ္။

Women of Tomorrow 2
ပွဲအကြောင်း အသေးစိတ်သိလိုပါက>>>http://bit.ly/2WK7oFQ

Vinegar ကိုအသုံးျပဳၿပီး အဆီေျပာင္ေအာင္ အရင္ေလွ်ာ္ေပးပါ။

ေခါင္းေလွ်ာ္ရည္နဲ႔ေခါင္းမေလွ်ာ္ခင္ Vinegar ထမင္းစားဇြန္း(၂)ဇြန္းနဲ႔ ေရတစ္ခြက္နဲ႔ေရာၿပီး ဦးေရျပားကို ႏွိပ္နယ္ေပးလိုက္ပါ။ ဒီလိုလုပ္တာက အဆီကို ေျပာင္စင္ေစပါတယ္။ ၿပီးမွ သုံးေနက် ေခါင္းေလွ်ာ္ရည္နဲ႔ ျပန္ေလွ်ာ္ေပးပါေနာ္။

Dry Shampoo ေတြကို ရံဖန္ရံခါ အသုံးျပဳေပးပါ။

ေခါင္းေလွ်ာ္ရည္ ခဏခဏသုံးေပးရင္ အဆီျပန္ေစႏိုင္တာမို႔ ေယာင္းတို႔က တစ္ပတ္(၂)ႀကိမ္ ေခါင္းေလွ်ာ္မယ္ဆိုရင္ (၁)ႀကိမ္မွာ Dry Shampoo သုံးေပးပါ။ Dry Shampoo အမႈန္႔ေတြကို ဦးေရျပားထဲထိေရာက္ေအာင္ အသုံးျပဳေပးတာက အဆီေတြကို ေကာင္းေကာင္းႀကီး စုပ္ယူေပးႏိုင္သလို ေခါင္းေလွ်ာ္ရည္သုံးမိတဲ့ အႀကိမ္ေရကိုလည္း ေလွ်ာ့ခ်ေပးႏုိင္ပါတယ္။

Related Article >>> ဆံပင္ပါးတဲ့ေယာင္းေတြအတြက္ Hair styling လုပ္နည္း (၅) နည္း

ေလပူမႈတ္ၿပီး ဆံပင္အေျခာက္ခံတာကို ေရွာင္ရွားေပးပါ။

ဆံပင္အေျခာက္ခံဖို႔ျဖစ္ျဖစ္ ၊ ဆံပင္ပုံသြင္းဖို႔ျဖစ္ျဖစ္ ေလပူမႈတ္စက္ကို အသုံးျပဳတာက ဆံပင္ကို အဆီျပန္ေစပါတယ္ ေယာင္းေရ။ သဘာဝေလနဲ႔ အေျခာက္ခံေပးတာ အေကာင္းဆုံးပါပဲ။ အေရးေပၚ ဆံပင္အေျခာက္ခံဖို႔ဆိုရင္ေတာ့ ေလေအးကို အသုံးျပဳၿပီးသာ အေျခာက္ခံေပးပါေနာ္…

ကဲ.. ဒီေလာက္ဆိုရင္ေတာ့ ဆံပင္အဆီျပန္တတ္တဲ့ ေယာင္းေတြအတြက္ ဆံပင္အဆီမျပန္ေအာင္ ဘယ္လိုလုပ္ရမလဲဆိုတဲ့ နည္းလမ္းေတြကို အနည္းငယ္တီးေခါက္မိသြားေလာက္ၿပီ ထင္ပါတယ္။ ေနာက္ထပ္လည္း ေယာင္းတို႔အတြက္ ဗဟုသုတရေစမယ့္ အေၾကာင္းအရာေတြကို တင္ဆက္ေပးဦးမွာမို႔ ဆက္လက္ေစာင့္ေမွ်ာ္ေပးၾကပါဦးေနာ္။

ခ်စ္ရတဲ့ မင္မင္

DiDi ( For Her Myanmar )

References :  wikiHow , Pure Fiji

<<< Unicode >>>

ဆံပင်တွေ စေးကပ်လာပြီဆို မျက်နှာကြီးပဲ ပိုပြဲကွဲလာသလိုလို    

မနေ့ကပဲခေါင်းလျှော်ထားတယ် ဒီနေ့လောက်ဆို ဆံပင်တွေက အဆီပြန်ပြီး စေးကပ်ကပ်နဲ့ ပုံမကျတော့တာမျိုး ကြုံနေရပြီလား ယောင်းရေ။ အခုလို မိုးတွင်းဆို ပိုလို့တောင်ဆိုးသေးတယ်နော်.. မိုလေး တစ်ပေါက် နှစ်ပေါက်လောက် ခေါင်းပေါ်ကျလိုက်တာနဲ့ အပင်ပန်းခံပုံသွင်းထားတဲ့ ဆံပင်တစ်ခေါင်းလုံးက စေးကပ်ကပ်ကြီးနဲ့ ပုံမကျပန်းမကျတွေ ဖြစ်ကုန်ရော… ဒီလိုအခြအနေမျိုးက အဆီပြန်တတ်တဲ့ ဆံပင်တွေမှာ အဖြစ်များတတ်တယ်ဆိုတော့ ဆံပင်အဆီပြန်တာတွေ သက်သာအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို မင်မင်က ဝေမျှပေးချင်ပါတယ်…

ဆံပင်ကို ရေအေးနဲ့လျှော်ပေးပါ။

ဆံပင်အဆီမပြန်ချင်ဘူးဆိုရင်တော့ ခေါင်းကိုရေအေးနဲ့လျှော်ပေးတာ အကောင်းဆုံးပါပဲယောင်းရေ… လျှော်တဲ့အခါမှာလည်း ဦးရေပြားထိ ခေါင်းလျှော်ရည်သုတ်လိမ်းပြီး ဦးရေပြားကအဆီတွေပါ ပြောင်စင်အောင် လျှော်ပေးပါ။

Related article >>> ဆံပင်ညှပ်မယ်လို့ စိတ်ကူးလိုက်သူတိုင်း သိထားသင့်တဲ့ Lob Hair စတိုင်လ် (၁၀)မျိုး

Conditioner သုံးတဲ့အခါ သတိထားပါ။

ခေါင်းလျှော်တဲ့အခါ Conditioner သုံးတာက ဆံပင်ကိုအဆီပြန်စေပါတယ် ယောင်းရေ.. မသုံးတာအကောင်းဆုံးဆိုပေမဲ့ မဖြစ်မနေ ဆံပင်ထိန်းသိမ်းဖို့ သုံးပေးရမယ်ဆိုရင်တော့ ဆံပင်အဖျားပိုင်းတွေကိုပဲ သုံးပေးပါနော်။

Vinegar ကိုအသုံးပြုပြီး အဆီပြောင်အောင် အရင်လျှော်ပေးပါ။

ခေါင်းလျှော်ရည်နဲ့ခေါင်းမလျှော်ခင် Vinegar ထမင်းစားဇွန်း(၂)ဇွန်းနဲ့ ရေတစ်ခွက်နဲ့ရောပြီး ဦးရေပြားကို နှိပ်နယ်ပေးလိုက်ပါ။ ဒီလိုလုပ်တာက အဆီကို ပြောင်စင်စေပါတယ်။ ပြီးမှ သုံးနေကျ ခေါင်းလျှော်ရည်နဲ့ ပြန်လျှော်ပေးပါနော်။

Women of Tomorrow 2
ပွဲအကြောင်း အသေးစိတ်သိလိုပါက >> http://bit.ly/2WK7oFQ

Dry Shampoo တွေကို ရံဖန်ရံခါ အသုံးပြုပေးပါ။

ခေါင်းလျှော်ရည် ခဏခဏသုံးပေးရင် အဆီပြန်စေနိုင်တာမို့ ယောင်းတို့က တစ်ပတ်(၂)ကြိမ် ခေါင်းလျှော်မယ်ဆိုရင် (၁)ကြိမ်မှာ Dry Shampoo သုံးပေးပါ။ Dry Shampoo အမှုန့်တွေကို ဦးရေပြားထဲထိရောက်အောင် အသုံးပြုပေးတာက အဆီတွေကို ကောင်းကောင်းကြီး စုပ်ယူပေးနိုင်သလို ခေါင်းလျှော်ရည်သုံးမိတဲ့ အကြိမ်ရေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

Related Article >>> ဆံပင်ပါးတဲ့ယောင်းတွေအတွက် Hair styling လုပ်နည်း (၅) နည်း

လေပူမှုတ်ပြီး ဆံပင်အခြောက်ခံတာကို ရှောင်ရှားပေးပါ။

ဆံပင်အခြောက်ခံဖို့ဖြစ်ဖြစ် ၊ ဆံပင်ပုံသွင်းဖို့ဖြစ်ဖြစ် လေပူမှုတ်စက်ကို အသုံးပြုတာက ဆံပင်ကို အဆီပြန်စေပါတယ် ယောင်းရေ။ သဘာဝလေနဲ့ အခြောက်ခံပေးတာ အကောင်းဆုံးပါပဲ။ အရေးပေါ် ဆံပင်အခြောက်ခံဖို့ဆိုရင်တော့ လေအေးကို အသုံးပြုပြီးသာ အခြောက်ခံပေးပါနော်…

ကဲ.. ဒီလောက်ဆိုရင်တော့ ဆံပင်အဆီပြန်တတ်တဲ့ ယောင်းတွေအတွက် ဆံပင်အဆီမပြန်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းတွေကို အနည်းငယ်တီးခေါက်မိသွားလောက်ပြီ ထင်ပါတယ်။ နောက်ထပ်လည်း ယောင်းတို့အတွက် ဗဟုသုတရစေမယ့် အကြောင်းအရာတွေကို တင်ဆက်ပေးဦးမှာမို့ ဆက်လက်စောင့်မျှော်ပေးကြပါဦးနော်။

ချစ်ရတဲ့ မင်မင်

DiDi ( For Her Myanmar )

References :  wikiHow , Pure Fiji

No Comments Yet

Comments are closed