အသက္(၄၀) အရြယ္မမေတြအတြက္ အသင့္ေတာ္ဆံုးဆံပင္စတိုင္လ္ (၅) မ်ိဳး

ဆယ္ေက်ာ္သက္ေကာင္မေလးေတြပါ ထိုင္ငိုသြားရမယ္

“Age is just a number” – အသက္အရြယ္ဆိုတာ နံပါတ္တစ္ခုပါပဲတဲ့။ သိပ္မွန္တာေပါ့ … ဘယ္အသက္အရြယ္ ေရာက္ေရာက္ စိတ္ပ်ိဳကိုယ္ႏုေနရင္ ဒီနံပါတ္ႏွစ္လံုးတြဲေလးကို ဂရုစိုက္စရာမလိုပါဘူး။ ဒီေန႔ေတာ့ Stella က အသက္ (၄၀) ေက်ာ္မမေတြအတြက္ ႏုပ်ိဳတဲ့အသြင္ေပးမယ့္ ဆံပင္ပံုဆန္းေလးေတြကို တင္ဆက္ေပး လိုက္ရပါတယ္ေနာ္။

(၁) ခပ္ခၽြန္ခၽြန္ bob ဆံပင္စတိုင္လ္

ေဟာလီးဝုဒ္ဒိတ္ဒိတ္ႀကဲ Charlize Theron လိုမ်ိဳး အေရွ႕ခပ္ခၽြန္ခၽြန္နဲ႔ ဂုတ္မေထာက္တဲ့ Bob ဆံပင္ပံုစံက ေယာင္းတို႔ကို အႏွစ္ (၂၀) ေလာက္ျပန္ငယ္သြားေစမွာပါ။

(၂) အထပ္ ဆံပင္စတိုင္လ္

Denise Richards လိုမ်ိဳး ဆံပင္အရွည္ကိုမွ ခပ္ပြပြပံုစံေလးျဖစ္ေအာင္ အထပ္အထပ္ေလးေတြ ညွပ္တာကလည္း ငယ္ရြယ္တဲ့အသြင္ကို ေပးတဲ့အျပင္ ရင့္က်က္တဲ့အမ်ိဳးသမီးတစ္ေယာက္အသြင္ပါ ျဖည့္စြက္ေပးတာေၾကာင့္ အသက္ (၄၀) အရြယ္နဲ႔ အလိုက္ဖက္ဆံုးဆိုတာ ျငင္းမရပါဘူး။

Related article >>> ဆံပင္ပါးတဲ့ေယာင္းေတြအတြက္ Hair styling လုပ္နည္း (၅) နည္း

(၃) လိႈင္းတြန္႔ bob ဆံပင္စတိုင္လ္

Keri Russell ညွပ္ထားတဲ့ Bob ဆံပင္တိုကိုမွ ၆၀ ခုႏွစ္ေတြတုန္းကလို အေခြအလိပ္ေလးေတြကို ဖက္ရွင္ runway ေတြမွာ ေတာက္ေလွ်ာက္ေတြ႔ေနရၿပီမို႔ မၾကာခင္မွာ ျပန္ေခတ္စားလာေတာ့မွာပါ။ လႈိုင္းတြန္႔မ်ားမ်ားနဲ႔ ဒီဆံပင္ပံုစံက မ်က္ႏွာေပၚက အေရးအေၾကာင္းေတြကို လူေတြသတိမထားမိေတာ့ေအာင္ မ်က္စိလွည့္စားေပးတာေၾကာင့္ ဒီဆံပင္ပံုမွ မညွပ္ရင္ ဘယ္ပံုညွပ္မလဲေနာ့ …

(၄) ဘာဘီ ဆံပင္စတိုင္လ္

ဘာဘီအရုပ္မေလးလို အသြင္က ဆယ္ေက်ာ္သက္ေကာင္မေလးေတြပဲ ရႏိုင္တာလို႔ ဘယ္သူေျပာလဲ ? ဘာဘီေလးလို ဆံပင္အေခြအလိပ္ေလးေတြနဲ႔ စြန္းလန္းေနတဲ့ Elle MacPherson ကိုပဲၾကည့္။ အသက္ (၄၀) လို႔ ထင္ရက္စရာကို မရွိတာ။ ဒီဆံပင္ပံုစံကို ေရြးေတာ့မယ္ဆိုရင္ ေပးခ်င္တဲ့ အၾကံဉာဏ္ကေတာ့ အေရာင္လင္းလင္းေလးဆိုးဖို႔ပါ။ ဆံပင္အေရာင္လင္းလင္းေလးက အေခြအလိပ္ေလးေတြကို ပိုေပၚလြင္ေစၿပီး မ်က္ႏွာကိုလည္း ငယ္ႏုတဲ့ အသြင္အျပင္ေပးပါတယ္။

Related article >>> ဆံပင္ညွပ္မယ္လို႔ စိတ္ကူးလိုက္သူတိုင္း သိထားသင့္တဲ့ Lob Hair စတုိင္လ္ (၁၀)မ်ိဳး

(၅) တိုတိုကပ္ကပ္ ဆံပင္စတိုင္လ္

၆၀ နဲ႔ ၈၀ ခုႏွစ္ေတြတုန္းက မင္းသမီးႀကီးေတြ၊ စူပါေမာ္ဒယ္ေတြ အၿပိဳင္အဆိုင္ညွပ္ခဲ့ၾကတဲ့ တိုေပ့ကပ္ေပ့ဆိုတဲ့ ဆံပင္ပံုစံေတြကလည္း တစ္ေခတ္ဆန္းလာဦးမွာပါ။ နာမည္ေက်ာ္ ဂႏၳဝင္မင္းသမီးႀကီး Audrey Hepburn ရဲ႕ ဆံပင္ပံုစံလို အတိုအကပ္ဆံပင္ေလးကိုမွ အေခြအလိပ္ေလးေတြနဲ႔ဆို ယဥ္ယဥ္ေလးနဲ႔ လွတဲ့အျပင္ အလုပ္ရႈပ္လည္း သက္သာတာေပါ့။

ကဲ … အသက္ (၄၀) ေက်ာ္မမေတြအတြက္ အလန္းလြန္ အလြန္လန္းၿပီး ဖလန္းဖလန္းထလို႔ရမယ့္ ဆံပင္ပံုစံေတြေတာ့ စုစည္းတင္ဆက္ေပးၿပီးၿပီ။ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈအျပည့္နဲ႔ စိတ္ပ်ိဳကိုယ္ႏုဘဝကို ေရွ႕ဆက္ရမွာက ေယာင္းတို႔တာဝန္ေနာ္။

Stella (For Her Myanmar)

<<< Unicode >>>

ဆယ်ကျော်သက်ကောင်မလေးတွေပါ ထိုင်ငိုသွားရမယ်

“Age is just a number” – အသက်အရွယ်ဆိုတာ နံပါတ်တစ်ခုပါပဲတဲ့။ သိပ်မှန်တာပေါ့ … ဘယ်အသက်အရွယ် ရောက်ရောက် စိတ်ပျိုကိုယ်နုနေရင် ဒီနံပါတ်နှစ်လုံးတွဲလေးကို ဂရုစိုက်စရာမလိုပါဘူး။ ဒီနေ့တော့ Stella က အသက် (၄၀) ကျော်မမတွေအတွက် နုပျိုတဲ့အသွင်ပေးမယ့် ဆံပင်ပုံဆန်းလေးတွေကို တင်ဆက်ပေး လိုက်ရပါတယ်နော်။

(၁) ခပ်ချွန်ချွန် bob ဆံပင်စတိုင်လ်

ဟောလီးဝုဒ်ဒိတ်ဒိတ်ကြဲ Charlize Theron လိုမျိုး အရှေ့ခပ်ချွန်ချွန်နဲ့ ဂုတ်မထောက်တဲ့ Bob ဆံပင်ပုံစံက ယောင်းတို့ကို အနှစ် (၂၀) လောက်ပြန်ငယ်သွားစေမှာပါ။

(၂) အထပ် ဆံပင်စတိုင်လ်

Denise Richards လိုမျိုး ဆံပင်အရှည်ကိုမှ ခပ်ပွပွပုံစံလေးဖြစ်အောင် အထပ်အထပ်လေးတွေ ညှပ်တာကလည်း ငယ်ရွယ်တဲ့အသွင်ကို ပေးတဲ့အပြင် ရင့်ကျက်တဲ့အမျိုးသမီးတစ်ယောက်အသွင်ပါ ဖြည့်စွက်ပေးတာကြောင့် အသက် (၄၀) အရွယ်နဲ့ အလိုက်ဖက်ဆုံးဆိုတာ ငြင်းမရပါဘူး။

Related article >>> ဆံပင်ပါးတဲ့ယောင်းတွေအတွက် Hair styling လုပ်နည်း (၅) နည်း

(၃) လှိုင်းတွန့် bob ဆံပင်စတိုင်လ်

Keri Russell ညှပ်ထားတဲ့ Bob ဆံပင်တိုကိုမှ ၆၀ ခုနှစ်တွေတုန်းကလို အခွေအလိပ်လေးတွေကို ဖက်ရှင် runway တွေမှာ တောက်လျှောက်တွေ့နေရပြီမို့ မကြာခင်မှာ ပြန်ခေတ်စားလာတော့မှာပါ။ လှိုင်းတွန့်များများနဲ့ ဒီဆံပင်ပုံစံက မျက်နှာပေါ်က အရေးအကြောင်းတွေကို လူတွေသတိမထားမိတော့အောင် မျက်စိလှည့်စားပေးတာကြောင့် ဒီဆံပင်ပုံမှ မညှပ်ရင် ဘယ်ပုံညှပ်မလဲနော့ …

(၄) ဘာဘီ ဆံပင်စတိုင်လ်

ဘာဘီအရုပ်မလေးလို အသွင်က ဆယ်ကျော်သက်ကောင်မလေးတွေပဲ ရနိုင်တာလို့ ဘယ်သူပြောလဲ ? ဘာဘီလေးလို ဆံပင်အခွေအလိပ်လေးတွေနဲ့ စွန်းလန်းနေတဲ့ Elle MacPherson ကိုပဲကြည့်။ အသက် (၄၀) လို့ ထင်ရက်စရာကို မရှိတာ။ ဒီဆံပင်ပုံစံကို ရွေးတော့မယ်ဆိုရင် ပေးချင်တဲ့ အကြံဉာဏ်ကတော့ အရောင်လင်းလင်းလေးဆိုးဖို့ပါ။ ဆံပင်အရောင်လင်းလင်းလေးက အခွေအလိပ်လေးတွေကို ပိုပေါ်လွင်စေပြီး မျက်နှာကိုလည်း ငယ်နုတဲ့ အသွင်အပြင်ပေးပါတယ်။

Related article >>> ဆံပင်ညှပ်မယ်လို့ စိတ်ကူးလိုက်သူတိုင်း သိထားသင့်တဲ့ Lob Hair စတိုင်လ် (၁၀)မျိုး

(၅) တိုတိုကပ်ကပ် ဆံပင်စတိုင်လ်

၆၀ နဲ့ ၈၀ ခုနှစ်တွေတုန်းက မင်းသမီးကြီးတွေ၊ စူပါမော်ဒယ်တွေ အပြိုင်အဆိုင်ညှပ်ခဲ့ကြတဲ့ တိုပေ့ကပ်ပေ့ဆိုတဲ့ ဆံပင်ပုံစံတွေကလည်း တစ်ခေတ်ဆန်းလာဦးမှာပါ။ နာမည်ကျော် ဂန္တဝင်မင်းသမီးကြီး Audrey Hepburn ရဲ့ ဆံပင်ပုံစံလို အတိုအကပ်ဆံပင်လေးကိုမှ အခွေအလိပ်လေးတွေနဲ့ဆို ယဉ်ယဉ်လေးနဲ့ လှတဲ့အပြင် အလုပ်ရှုပ်လည်း သက်သာတာပေါ့။

ကဲ … အသက် (၄၀) ကျော်မမတွေအတွက် အလန်းလွန် အလွန်လန်းပြီး ဖလန်းဖလန်းထလို့ရမယ့် ဆံပင်ပုံစံတွေတော့ စုစည်းတင်ဆက်ပေးပြီးပြီ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့ စိတ်ပျိုကိုယ်နုဘဝကို ရှေ့ဆက်ရမှာက ယောင်းတို့တာဝန်နော်။

Stella (For Her Myanmar)

No Comments Yet

Comments are closed