Follow လုပ္ကိုလုပ္ထားသင့္တဲ့ အာရွမိတ္ကပ္ဘေလာ့ဂါ (၅) ဦး

အားလံုးကေတာ့ သူ႔ဟာနဲ႔သူ ဆရာႀကီးေတြပဲ

မီယန္မာဘေလာ့ဂါေတြအေၾကာင္း ဟိုးတစ္ေလာတုန္းက ေဖာက္သည္ခ်ၿပီးၿပီဆိုေတာ့ အခုေနာက္တစ္ဆင့္တက္ၿပီး အာရွဘက္ကို နည္းနည္းေလး ထပ္လွမ္းၾကမယ္ေလေနာ္။ အာရွဘက္မွာ ဘယ္လိုမိတ္ကပ္ပံုစံေတြလိမ္းၿပီး ဘယ္လို Tutorial ေတြလုပ္လဲ၊ ဘယ္လိုမိတ္ကပ္ေရစီးေၾကာင္းေတြကို ထပ္လိုက္ေနၿပီလဲဆိုတာကို သိသြားေတာ့ သူမ်ားထက္ႏွာတစ္ဖ်ားသာတာေပါ့ေလ။ အဲ့ေတာ့ အတူဆက္ဖတ္လိုက္ရေအာင္…

(၁) PONY (4.7+ M subscribers)

Pony Effect တံဆိပ္နဲ႔ ထုတ္ထားတဲ့မိတ္ကပ္ပစၥည္းေတြကို ေယာင္းတို႔ရင္းရင္းႏွီးႏွီးသိၾကမွာပါေနာ္။ ကိုရီးယားရဲ႕ မိတ္ကပ္ဂုရုျဖစ္တဲ့ Hye-Min Park @ Pony ကေတာ့ မိတ္ကပ္နယ္ပယ္ထဲမွာ ပါးပါးေလးနဲ႔ ေျပာင္ေျပာင္တင္းတင္းျဖစ္တဲ့ ကိုရီးယားဆန္ဆန္မိတ္ကပ္ကို ကမာၻေက်ာ္သြားေအာင္ ထိုးေဖာက္ႏိုင္ခဲ့သူပါ။ ၿပီးေတာ့ သူ(မ)က 2NE1 အဖြဲ႔ေခါင္းေဆာင္ CLရဲ႕ ပင္တိုင္မိတ္ကပ္ပညာရွင္လည္း ျဖစ္ပါတယ္။ မိတ္ကပ္ပညာရွင္ျဖစ္ေပမဲ့ သူ(မ)ရဲ႕ Youtube ဘေလာ့ဗီဒီယိုေတြလုပ္တဲ့အခါ ဆရာစားမခ်န္ဘဲ မိတ္ကပ္လိမ္းနည္းအဆင့္ဆင့္ကို ေသခ်ာေဖာ္ျပေပးတတ္တာမို႔ လူႀကိဳက္မ်ားတဲ့ အလွအပဘေလာ့ဂါတစ္ဦးလည္း ျဖစ္ပါတယ္။ သူ(မ)ရဲ႕ ဗီဒီယိုေတြကို PONY Syndrome Youtube Channel ထဲမွာ သြားေလ့လာလုိ႔ရပါတယ္ေနာ္။ ႏွင္းလည္း အျမည္းေလးတစ္ပုဒ္ ထည့္ေပးထားပါတယ္လို႔။

(၂) Bretman Rock (4.7+ M subscribers)

မိတ္ကပ္ကို မိန္းကေလးေတြပဲ လိမ္းတတ္တာ၊ နားလည္တာဆိုတဲ့ ေရွးေဟာငး္အယူအဆႀကီးကို အေဝးလႊင့္ပစ္လိုက္ပါေတာ့။ ဖိလစ္ပိုင္ႏိုင္ငံသား Bretman Rock ဟာ ေျပာင္ေျမာက္လွတဲ့ မိတ္ကပ္ပံုစံေတြကို အေသးစိတ္ၿပီး ဆန္းသစ္တဲ့ တီထြင္မႈေတြနဲ႔ လိမ္းျခယ္ႏိုင္သူပါ။ ၿပီးေတာ့ သူက ဟာသဉာဏ္လည္း ရႊင္တာေၾကာင့္ သူ႔ရဲ႕ဗီဒီယိုေတြကို ၾကည့္တဲ့အခါ ရယ္လည္းရယ္၊ ပညာလည္းရတာမို႔ ဗီဒီယိုတစ္ခုခ်င္းစီမွာ ၾကည့္ရႈႏႈန္းက တအားျမင့္ပါတယ္။ သူကေတာ့ သိပ္မၾကာေသးခင္အခ်ိန္ကပဲ Morphe တံဆိပ္နဲ႔ Highlighter အခ်ပ္ကိုပူးေပါင္းၿပီး ထုတ္ထားပါတယ္တဲ့။ သူ႔ရဲ႕ Youtube Channel ကေတာ့ Bretman Rock ပါ။ အျမည္းဗီဒီယိုေလးကိုလည္း ထည့္ေပးထားပါတယ္လို႔။

Related Article >>> အက္ဒ္မင္အႀကိဳက္ဆံုး ျမန္မာႏိုင္ငံရဲ႕ တက္သစ္စ Beauty Blogger (၅) ဦး

(၃) PatrickStarrr (4.2+ M subscribers)

ႏွင္းအခုမိတ္ဆက္ေပးမယ့္ ဖိလစ္ပိုင္ႏိုင္ငံသား Patrick Starr ကေတာ့ မိတ္ကပ္ဂုရုႀကီးတစ္ေယာက္ပါပဲ။ တကယ္ကို ေျပာင္ေျမာက္လွတဲ့ သူ႔ရဲ႕မိတ္ကပ္အျပင္အဆင္ေတြ၊ မိတ္ကပ္မလိမ္းခင္နဲ႔ မိတ္ကပ္လိမ္းၿပီး ေျပာင္းလဲမႈေတြေၾကာင့္ လူအမ်ားရဲ႕ အာရံုစိုက္ျခင္းကို ခံခဲ့ရသူလည္းျဖစ္ပါတယ္။ သူကလည္း မိတ္ကပ္ဘေလာ့ဂ္အျပင္ တျခားနာမည္ႀကီးမိတ္ကပ္တံဆိပ္ေတြနဲ႔ ပူးေပါင္းၿပီး မိတ္ကပ္ပစၥည္းေတြကိုလည္း ထုတ္ထားပါေသးတယ္။ သူ႔ရဲ႕ Youtube Channel ကေတာ့ PatrickStarr ပါ။ ေအာက္မွာလည္း သူ႔ရဲ႕မိတ္ကပ္ဗီဒီယုိတစ္ပုဒ္ကို အျမည္းေလး ထည့္ေပးထားပါတယ္ေနာ္။

(၄) Jennifer Chiu (771K+ subscribers)

ႏွင္းကို ေမွ်ာ႔မ်က္ခံုးဘဝကေန ကယ္တင္ေပးလိုက္တာက သူ(မ)ပါပဲ။ သဘာဝဆန္ဆန္ မိတ္ကပ္ပံုစံကို မိတ္ကပ္အေၾကာင္း ဘာမွမသိတဲ့ လူေတြေတာင္ ေကာင္းေကာင္းနားလည္သြားေအာင္ သင္ျပေပးႏိုင္တဲ့သူပါ။ သူ(မ)ရဲ႕ ကိုယ္ပိုင္နည္းလမ္းေတြကိုလည္း အၿမဲေဝမွ်ေပးတတ္သူျဖစ္ၿပီး တကယ္လည္းအသံုးဝင္တာမို႔ မိတ္ကပ္နဲ႔ပတ္သက္လာရင္ ႏွင္းရဲ႕ လက္ဦးဆရာလို႔ေျပာရင္လည္း မမွားပါဘူးေနာ္။ သူ(မ)ရဲ႕ ဗီဒီယိုေလးေတြက အရမ္းမရွည္ဘဲ လိုရင္းတိုရွင္း လိုအပ္တာေတြကိုပဲ ေျပာျပေပးထားတာမို႔ ေယာင္းတို႔ၾကည့္ရင္လည္း လြယ္ကူအဆင္ေျပေစမွာပါ။ သူ(မ)ကေတာ့ ကိုရီးယား+အေမရိကန္ အႏြယ္ဖြားျဖစ္ပါတယ္တဲ့။ သူ(မ)ရဲ႕ ဗီဒီယိုေလးေတြကို ေလ့လာခ်င္တယ္ဆိုရင္ေတာ့ Jennifer Chiu မွာသြားေရာက္ေလ့လာလို႔ရၿပီး ထံုးစံအတိုင္း ႏွင္းကလည္း အျမည္းေလးထည့္ေပးထားပါတယ္လုိ႔။

Related Article >>> Blogger မမေတြလိုမ်က္ဝန္းလွလွေလးရေစဖို႔ မ်က္ေတာင္တုတပ္နည္း

(၅) Chriselle Lim (762K+ subscribers)

ေခးေမေမေတြ လန္းလို႔မရဘူးလို႔ ဘယ္သူေျပာလဲ? ဒီေခးေမေမကေတာ့ လန္းလြန္းလို႔ ကိုယ္ေတြေတာင္ လိုက္မမွွီေတာ့ပါဘူးေနာ္။ သူ(မ)ကေတာ့ မိတ္ကပ္အျပင္ ဖက္ရွင္၊ သူ(မ)ရဲ႕ ေနထိုင္တဲ့ပံုစံစသည္ျဖင့္ အားလံုးကိုလည္း ပြင့္ပြင့္လင္းလင္း ေဝမွ်ေပးတာမို႔ ေခးေမေမေယာင္းေတြ မျဖစ္မေနေလ့လာသင့္တဲ့ ဘေလာ့ဂါတစ္ေယာက္ပါ။ (ကေလးေမြးၿပီး ဝိတ္ျပန္ခ်တာ ဘာညာစသည္ျဖင့္လည္း ေဝမွ်ထားေသးတယ္။) ၿပီးေတာ့ေနာက္တစ္ခု ႏွင္းသေဘာက်တာက သူ(မ)ရဲ႕ အသားအေရထိန္းသိမ္းတဲ့အဆင့္နဲ႔ ပံုစံကိုေျပာျပတဲ့ ဗီဒီယိုေတြမွာဆိုရင္ အရမ္းျပည့္စံုလြန္းလို႔ ဗီဒီယိုတစ္ခုၾကည့္ရံုနဲ႔ ဘာေတြလိုအပ္တယ္ဆိုတာကို ေသခ်ာေျပာျပထားတာမို႔ ႏွင္းကေတာ့ လံုးဝသေဘာက်ပါတယ္။ သူ(မ)ရဲ႕ ဗီဒီယိုေလးေတြကို ၾကည့္ခ်င္တယ္ဆိုရင္ေတာ့ Chriselle Lim မွာသြားၾကည့္လိုရၿပီး ႏွင္းကလည္း အျမည္းေလးထည့္ေပးထားပါတယ္။

အဆင္ေျပရင္ လက္ခုပ္သံေလးၾကားခ်င္ပါတယ္။ (အယ္လဲ့ :P) အကယ္၍ ေယာင္းကအခုမွ မိတ္ကပ္စလိမ္းဖို႔ ေလ့လာေနတယ္ဆိုရင္ေတာ့ နံပါတ္ ၄ နဲ႔ ၅ အရင္ၾကည့္ရင္ ပိုအဆင္ေျပပါလိမ့္မယ္။ နည္းနည္းလယ္ဗယ္ကို ျမွင့္ခ်င္ၿပီဆိုရင္ေတာ့ အေပၚ ၃ ေယာက္ကိုၾကည့္လိုက္ပါလို႔။

အိုေခ မွာ စိုေျပၿပီး လွပႏုိင္ၾကပါေစ ေယာင္းတို႔ေရ…

Hnin Ei Oo (For Her Myanmar)

References : wikinetworthfamousbirthdays

<<< Unicode >>>

အားလုံးကတော့ သူ့ဟာနဲ့သူ ဆရာကြီးတွေပဲ

မီယန်မာဘလော့ဂါတွေအကြောင်း ဟိုးတစ်လောတုန်းက ဖောက်သည်ချပြီးပြီဆိုတော့ အခုနောက်တစ်ဆင့်တက်ပြီး အာရှဘက်ကို နည်းနည်းလေး ထပ်လှမ်းကြမယ်လေနော်။ အာရှဘက်မှာ ဘယ်လိုမိတ်ကပ်ပုံစံတွေလိမ်းပြီး ဘယ်လို Tutorial တွေလုပ်လဲ၊ ဘယ်လိုမိတ်ကပ်ရေစီးကြောင်းတွေကို ထပ်လိုက်နေပြီလဲဆိုတာကို သိသွားတော့ သူများထက်နှာတစ်ဖျားသာတာပေါ့လေ။ အဲ့တော့ အတူဆက်ဖတ်လိုက်ရအောင်…

(၁) PONY (4.7+ M subscribers)

Pony Effect တံဆိပ်နဲ့ ထုတ်ထားတဲ့မိတ်ကပ်ပစ္စည်းတွေကို ယောင်းတို့ရင်းရင်းနှီးနှီးသိကြမှာပါနော်။ ကိုရီးယားရဲ့ မိတ်ကပ်ဂုရုဖြစ်တဲ့ Hye-Min Park @ Pony ကတော့ မိတ်ကပ်နယ်ပယ်ထဲမှာ ပါးပါးလေးနဲ့ ပြောင်ပြောင်တင်းတင်းဖြစ်တဲ့ ကိုရီးယားဆန်ဆန်မိတ်ကပ်ကို ကမ္ဘာကျော်သွားအောင် ထိုးဖောက်နိုင်ခဲ့သူပါ။ ပြီးတော့ သူ(မ)က 2NE1 အဖွဲ့ခေါင်းဆောင် CLရဲ့ ပင်တိုင်မိတ်ကပ်ပညာရှင်လည်း ဖြစ်ပါတယ်။ မိတ်ကပ်ပညာရှင်ဖြစ်ပေမဲ့ သူ(မ)ရဲ့ Youtube ဘလော့ဗီဒီယိုတွေလုပ်တဲ့အခါ ဆရာစားမချန်ဘဲ မိတ်ကပ်လိမ်းနည်းအဆင့်ဆင့်ကို သေချာဖော်ပြပေးတတ်တာမို့ လူကြိုက်များတဲ့ အလှအပဘလော့ဂါတစ်ဦးလည်း ဖြစ်ပါတယ်။ သူ(မ)ရဲ့ ဗီဒီယိုတွေကို PONY Syndrome Youtube Channel ထဲမှာ သွားလေ့လာလို့ရပါတယ်နော်။ နှင်းလည်း အမြည်းလေးတစ်ပုဒ် ထည့်ပေးထားပါတယ်လို့။

(၂) Bretman Rock (4.7+ M subscribers)

မိတ်ကပ်ကို မိန်းကလေးတွေပဲ လိမ်းတတ်တာ၊ နားလည်တာဆိုတဲ့ ရှေးဟောင်းအယူအဆကြီးကို အဝေးလွှင့်ပစ်လိုက်ပါတော့။ ဖိလစ်ပိုင်နိုင်ငံသား Bretman Rock ဟာ ပြောင်မြောက်လှတဲ့ မိတ်ကပ်ပုံစံတွေကို အသေးစိတ်ပြီး ဆန်းသစ်တဲ့ တီထွင်မှုတွေနဲ့ လိမ်းခြယ်နိုင်သူပါ။ ပြီးတော့ သူက ဟာသဉာဏ်လည်း ရွှင်တာကြောင့် သူ့ရဲ့ဗီဒီယိုတွေကို ကြည့်တဲ့အခါ ရယ်လည်းရယ်၊ ပညာလည်းရတာမို့ ဗီဒီယိုတစ်ခုချင်းစီမှာ ကြည့်ရှုနှုန်းက တအားမြင့်ပါတယ်။ သူကတော့ သိပ်မကြာသေးခင်အချိန်ကပဲ Morphe တံဆိပ်နဲ့ Highlighter အချပ်ကိုပူးပေါင်းပြီး ထုတ်ထားပါတယ်တဲ့။ သူ့ရဲ့ Youtube Channel ကတော့ Bretman Rock ပါ။ အမြည်းဗီဒီယိုလေးကိုလည်း ထည့်ပေးထားပါတယ်လို့။

Related Article >>> အက်ဒ်မင်အကြိုက်ဆုံး မြန်မာနိုင်ငံရဲ့ တက်သစ်စ Beauty Blogger (၅) ဦး

(၃) PatrickStarrr (4.2+ M subscribers)

နှင်းအခုမိတ်ဆက်ပေးမယ့် ဖိလစ်ပိုင်နိုင်ငံသား Patrick Starr ကတော့ မိတ်ကပ်ဂုရုကြီးတစ်ယောက်ပါပဲ။ တကယ်ကို ပြောင်မြောက်လှတဲ့ သူ့ရဲ့မိတ်ကပ်အပြင်အဆင်တွေ၊ မိတ်ကပ်မလိမ်းခင်နဲ့ မိတ်ကပ်လိမ်းပြီး ပြောင်းလဲမှုတွေကြောင့် လူအများရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရသူလည်းဖြစ်ပါတယ်။ သူကလည်း မိတ်ကပ်ဘလော့ဂ်အပြင် တခြားနာမည်ကြီးမိတ်ကပ်တံဆိပ်တွေနဲ့ ပူးပေါင်းပြီး မိတ်ကပ်ပစ္စည်းတွေကိုလည်း ထုတ်ထားပါသေးတယ်။ သူ့ရဲ့ Youtube Channel ကတော့ Patrick Starr ပါ။ အောက်မှာလည်း သူ့ရဲ့မိတ်ကပ်ဗီဒီယိုတစ်ပုဒ်ကို အမြည်းလေး ထည့်ပေးထားပါတယ်နော်။

(၄) Jennifer Chiu (771K+ subscribers)

နှင်းကို မျှော့မျက်ခုံးဘဝကနေ ကယ်တင်ပေးလိုက်တာက သူ(မ)ပါပဲ။ သဘာဝဆန်ဆန် မိတ်ကပ်ပုံစံကို မိတ်ကပ်အကြောင်း ဘာမှမသိတဲ့ လူတွေတောင် ကောင်းကောင်းနားလည်သွားအောင် သင်ပြပေးနိုင်တဲ့သူပါ။ သူ(မ)ရဲ့ ကိုယ်ပိုင်နည်းလမ်းတွေကိုလည်း အမြဲဝေမျှပေးတတ်သူဖြစ်ပြီး တကယ်လည်းအသုံးဝင်တာမို့ မိတ်ကပ်နဲ့ပတ်သက်လာရင် နှင်းရဲ့ လက်ဦးဆရာလို့ပြောရင်လည်း မမှားပါဘူးနော်။ သူ(မ)ရဲ့ ဗီဒီယိုလေးတွေက အရမ်းမရှည်ဘဲ လိုရင်းတိုရှင်း လိုအပ်တာတွေကိုပဲ ပြောပြပေးထားတာမို့ ယောင်းတို့ကြည့်ရင်လည်း လွယ်ကူအဆင်ပြေစေမှာပါ။ သူ(မ)ကတော့ ကိုရီးယား+အမေရိကန် အနွယ်ဖွားဖြစ်ပါတယ်တဲ့။ သူ(မ)ရဲ့ ဗီဒီယိုလေးတွေကို လေ့လာချင်တယ်ဆိုရင်တော့ Jennifer Chiu မှာသွားရောက်လေ့လာလို့ရပြီး ထုံးစံအတိုင်း နှင်းကလည်း အမြည်းလေးထည့်ပေးထားပါတယ်လို့။

Related Article >>> Blogger မမတွေလိုမျက်ဝန်းလှလှလေးရစေဖို့ မျက်တောင်တုတပ်နည်း

(၅) Chriselle Lim (762K+ subscribers)

ခေးမေမေတွေ လန်းလို့မရဘူးလို့ ဘယ်သူပြောလဲ? ဒီခေးမေမေကတော့ လန်းလွန်းလို့ ကိုယ်တွေတောင် လိုက်မမှီတော့ပါဘူးနော်။ သူ(မ)ကတော့ မိတ်ကပ်အပြင် ဖက်ရှင်၊ သူ(မ)ရဲ့ နေထိုင်တဲ့ပုံစံစသည်ဖြင့် အားလုံးကိုလည်း ပွင့်ပွင့်လင်းလင်း ဝေမျှပေးတာမို့ ခေးမေမေယောင်းတွေ မဖြစ်မနေလေ့လာသင့်တဲ့ ဘလော့ဂါတစ်ယောက်ပါ။ (ကလေးမွေးပြီး ဝိတ်ပြန်ချတာ ဘာညာစသည်ဖြင့်လည်း ဝေမျှထားသေးတယ်။) ပြီးတော့နောက်တစ်ခု နှင်းသဘောကျတာက သူ(မ)ရဲ့ အသားအရေထိန်းသိမ်းတဲ့အဆင့်နဲ့ ပုံစံကိုပြောပြတဲ့ ဗီဒီယိုတွေမှာဆိုရင် အရမ်းပြည့်စုံလွန်းလို့ ဗီဒီယိုတစ်ခုကြည့်ရုံနဲ့ ဘာတွေလိုအပ်တယ်ဆိုတာကို သေချာပြောပြထားတာမို့ နှင်းကတော့ လုံးဝသဘောကျပါတယ်။ သူ(မ)ရဲ့ ဗီဒီယိုလေးတွေကို ကြည့်ချင်တယ်ဆိုရင်တော့ Chriselle Limမှာ သွားကြည့်လိုရပြီး နှင်းကလည်း အမြည်းလေးထည့်ပေးထားပါတယ်။

အဆင်ပြေရင် လက်ခုပ်သံလေးကြားချင်ပါတယ်။ (အယ်လဲ့ :P) အကယ်၍ ယောင်းကအခုမှ မိတ်ကပ်စလိမ်းဖို့ လေ့လာနေတယ်ဆိုရင်တော့ နံပါတ် ၄ နဲ့ ၅ အရင်ကြည့်ရင် ပိုအဆင်ပြေပါလိမ့်မယ်။ နည်းနည်းလယ်ဗယ်ကို မြှင့်ချင်ပြီဆိုရင်တော့ အပေါ် ၃ ယောက်ကိုကြည့်လိုက်ပါလို့။

အိုခေ မှာ စိုပြေပြီး လှပနိုင်ကြပါစေ ယောင်းတို့ရေ…

Hnin Ei Oo (For Her Myanmar)

References : wikinetworth, famousbirthdays

No Comments Yet

Comments are closed