ေယာင္းတို႔မေမအတြက္ လက္ေဆာင္ဝယ္ေပးသင့္တဲ့ skincare ပစၥည္း (၄) မ်ိဳး

အလွႀကိဳက္တဲ့ေမေမေတာ့ အရမ္းေပ်ာ္သြားမွာပဲ

ေယာင္းတို႔ေရ … ဒီေမလထဲမွာ ထူးထူးျခားျခားေန႔ေလးတစ္္ေန႔ရွိတာ မွတ္မိၾကရဲ႕လား ? ဒီေန႔ေလးကေတာ့ တျခားမဟုတ္ပါဘူး … ေမလ (၁၂) ရက္ေန႔မွာ က်ေရာက္တဲ့ “အေမမ်ားေန႔” ပါ။ ဒီလိုေန႔မ်ိဳးေလးမွာ ေယာင္းရဲ႕ ေမေမကို ကိုယ္ရတဲ့လစာေလးနဲ႔ ဘာေလးမ်ားလက္ေဆာင္ေပးရင္ ေကာင္းမလဲလို႔ စဥ္းစားဖူးၾကလား ? Stella ကေတာ့ အလွႀကိဳက္တဲ့ေမေမေတြ သေဘာအက်ႀကီးက်သြားေစမယ့္ Skincare ေလးေတြကို တစ္စုတစ္စည္းထဲ တင္ျပေပးလိုက္ပါၿပီ။

(၁) Serum

Serum ေတြက skincare ေတြထဲမွာ အထိေရာက္ဆံုးပါ။ ေမေမတို႔အတြက္ အိုမင္းရင့္ေရာ္တာနဲ႔ အေရးအေၾကာင္းေတြကို ေႏွးေကြးေစဖို႔ဆိုရင္ ဗီတာမင္စီ (Vitamin C) ပါတဲ့ serum ေတြက အေကာင္းဆံုးပါပဲ။ Hyaluronic acid ပါတဲ့ serum ေတြကေတာ့ ေနေရာင္ျခည္နဲ႔ ေလထုညစ္ညမ္းျခင္းေၾကာင့္ အသားအေရမြဲေျခာက္ေျခာက္ျဖစ္တာကို ကာကြယ္ေပးပါတယ္။

Related article >>> အသက္(၂၅)ႏွစ္ေက်ာ္လာၿပီဆို မျဖစ္မေန လုပ္ရမယ့္ မ်က္ႏွာအသားအေရ ထိန္းသိမ္းနည္း (၇) ခ်က္

(၂) Eye cream

အမ်ိဳးသမီးေတြက အသက္ (၂၅) ႏွစ္ေက်ာ္လာတာနဲ႔ eye cream ကို သံုးကိုသံုးေပးသင့္ၿပီဆိုတာ ေယာင္းသိရဲ႕လား ? ေယာင္းရဲ႕ ေမေမကို မ်က္ကြင္းညိဳတာေတြ ေလွ်ာ့ခ်ေပးၿပီး မ်က္လံုးေအာက္က အေရးအေၾကာင္းေတြကို ေပ်ာက္ကင္းေစတဲ့ eye cream ေကာင္းေကာင္းေလး လက္ေဆာင္ေပးလိုက္ရင္ သူ(မ)အတြက္ အသံုးတည့္မယ္လို႔ အာမခံပါတယ္ေနာ္။

(၃) Moisturizer

ေယာင္းရဲ႕ ေမေမအၿမဲလိုလို အရြယ္တင္ႏုပ်ိဳေနေစဖို႔ moisturizer က မရွိမျဖစ္ပါပဲ။ ေကာ္လဂ်င္က လူကိုႏုပ်ိဳေစတဲ့ဓာတ္ဆိုတာေတာ့ ေယာင္းတို႔သိၾကမယ္ထင္ပါတယ္။ အသက္အရြယ္ရလာတဲ့အမွ် ကိုယ္ခႏၶာကိုယ္ထဲမွာရွိတဲ့ ေကာ္လဂ်င္ဓာတ္ေတြ နည္းပါးလာတာမို႔ Moisturizer ထဲမွာဆိုရင္ ေကာ္လဂ်င္ (collagen)၊ AHA/BHA တို႔ပါတဲ့ moisturizer ေတြက ေယာင္းေမေမအတြက္ အေကာင္းဆံုးပါ။

Related article >>> တြဲမသံုးသင့္တဲ့ skincare ပစၥည္း (၆) မ်ိဳး

(၄) Body lotion

Stella ၾကည့္ရသေလာက္ေတာ့ ေမေမေတြက သူတို႔တစ္ကိုယ္လံုးေမႊးႀကိဳင္ေနတာကို သေဘာက်ၾကတာမ်ားပါတယ္။ ဒါေၾကာင့္ Stella ကေတာ့ ေမေမ့ကို လက္ေဆာင္ေပးဖို႔ဆို ေရဓာတ္မ်ားမ်ားပါၿပီး luxury ဆန္တဲ့အနံ႔မ်ိဳးနဲ႔ body lotion ေတြ ေပးျဖစ္တာမ်ားတယ္။ ေမေမလည္းသေဘာက် ကိုယ္လည္း ေမေမ့နားကပ္ရင္ ေမႊးေနတာေပါ့ 😛

ကဲ … skincare ေတြသာ ေမေမ့အတြက္ လက္ေဆာင္ေပးလိုက္ရင္ အေမက ကိုယ့္ထက္ပိုႏုေနလို႔ အေမနဲ႔သမီးညီအစ္မလိုပဲလို႔ ေျပာခံေနရေတာ့မွာပဲ။ ဘာပဲျဖစ္ျဖစ္ ကိုယ့္ဘက္က အၿမဲရပ္တည္ေပးခဲ့တဲ့ ေမေမ့အတြက္ဆိုေတာ့ တန္ပါတယ္ေနာ္ …

Stella (For Her Myanmar)

<<<Unicode>>>

အလှကြိုက်တဲ့မေမေတော့ အရမ်းပျော်သွားမှာပဲ

ယောင်းတို့ရေ … ဒီမေလထဲမှာ ထူးထူးခြားခြားနေ့လေးတစ်နေ့ရှိတာ မှတ်မိကြရဲ့လား ? ဒီနေ့လေးကတော့ တခြားမဟုတ်ပါဘူး … မေလ (၁၂) ရက်နေ့မှာ ကျရောက်တဲ့ “အမေများနေ့” ပါ။ ဒီလိုနေ့မျိုးလေးမှာ ယောင်းရဲ့ မေမေကို ကိုယ်ရတဲ့လစာလေးနဲ့ ဘာလေးများလက်ဆောင်ပေးရင် ကောင်းမလဲလို့ စဉ်းစားဖူးကြလား ? Stella ကတော့ အလှကြိုက်တဲ့မေမေတွေ သဘောအကျကြီးကျသွားစေမယ့် Skincare လေးတွေကို တစ်စုတစ်စည်းထဲ တင်ပြပေးလိုက်ပါပြီ။

(၁) Serum

Serum တွေက skincare တွေထဲမှာ အထိရောက်ဆုံးပါ။ မေမေတို့အတွက် အိုမင်းရင့်ရော်တာနဲ့ အရေးအကြောင်းတွေကို နှေးကွေးစေဖို့ဆိုရင် ဗီတာမင်စီ (Vitamin C) ပါတဲ့ serum တွေက အကောင်းဆုံးပါပဲ။ Hyaluronic acid ပါတဲ့ serum တွေကတော့ နေရောင်ခြည်နဲ့ လေထုညစ်ညမ်းခြင်းကြောင့် အသားအရေမွဲခြောက်ခြောက်ဖြစ်တာကို ကာကွယ်ပေးပါတယ်။

Related article >>> အသက်(၂၅)နှစ်ကျော်လာပြီဆို မဖြစ်မနေ လုပ်ရမယ့် မျက်နှာအသားအရေ ထိန်းသိမ်းနည်း (၇) ချက်

(၂) Eye cream

အမျိုးသမီးတွေက အသက် (၂၅) နှစ်ကျော်လာတာနဲ့ eye cream ကို သုံးကိုသုံးပေးသင့်ပြီဆိုတာ ယောင်းသိရဲ့လား ? ယောင်းရဲ့ မေမေကို မျက်ကွင်းညိုတာတွေ လျှော့ချပေးပြီး မျက်လုံးအောက်က အရေးအကြောင်းတွေကို ပျောက်ကင်းစေတဲ့ eye cream ကောင်းကောင်းလေး လက်ဆောင်ပေးလိုက်ရင် သူ(မ)အတွက် အသုံးတည့်မယ်လို့ အာမခံပါတယ်နော်။

(၃) Moisturizer

ယောင်းရဲ့ မေမေအမြဲလိုလို အရွယ်တင်နုပျိုနေစေဖို့ moisturizer က မရှိမဖြစ်ပါပဲ။ ကော်လဂျင်က လူကိုနုပျိုစေတဲ့ဓာတ်ဆိုတာတော့ ယောင်းတို့သိကြမယ်ထင်ပါတယ်။ အသက်အရွယ်ရလာတဲ့အမျှ ကိုယ်ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကော်လဂျင်ဓာတ်တွေ နည်းပါးလာတာမို့ Moisturizer ထဲမှာဆိုရင် ကော်လဂျင် (collagen)၊ AHA/BHA တို့ပါတဲ့ moisturizer တွေက ယောင်းမေမေအတွက် အကောင်းဆုံးပါ။

Related article >>> တွဲမသုံးသင့်တဲ့ skincare ပစ္စည်း (၆) မျိုး

(၄) Body lotion

Stella ကြည့်ရသလောက်တော့ မေမေတွေက သူတို့တစ်ကိုယ်လုံးမွှေးကြိုင်နေတာကို သဘောကျကြတာများပါတယ်။ ဒါကြောင့် Stella ကတော့ မေမေ့ကို လက်ဆောင်ပေးဖို့ဆို ရေဓာတ်များများပါပြီး luxury ဆန်တဲ့အနံ့မျိုးနဲ့ body lotion တွေ ပေးဖြစ်တာများတယ်။ မေမေလည်းသဘောကျ ကိုယ်လည်း မေမေ့နားကပ်ရင် မွှေးနေတာပေါ့ 😛

ကဲ … skincare တွေသာ မေမေ့အတွက် လက်ဆောင်ပေးလိုက်ရင် အမေက ကိုယ့်ထက်ပိုနုနေလို့ အမေနဲ့သမီးညီအစ်မလိုပဲလို့ ပြောခံနေရတော့မှာပဲ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ဘက်က အမြဲရပ်တည်ပေးခဲ့တဲ့ မေမေ့အတွက်ဆိုတော့ တန်ပါတယ်နော် …

Stella (For Her Myanmar)

No Comments Yet

Comments are closed