Fashion & Beauty
၅မိနစ်သာ ကြာမယ့် ရုံးသွားရုံးတက် စတိုင် ဆံပင် ပုံစံလေးများ
ပုံ .၂
(4) ponytail အလိပ်
By
Mia (For Her Myanmar)
>>> Unicode >>>
ဆံပင်ကို အမြဲတမ်း ဖိုသီဖတ်သီထားခြင်းဟာ ယောင်းတို့ကို စမတ်မဖြစ်စေပါဘူး။ အထူးသဖြင့် ရုံး/ office တက်တဲ့ အခါမှာပေါ့။
ရုံးအလုပ်ဆိုတာ လူအများ အပြင် အထက်လူကြီးနဲ့ပါ အမြဲထိတွေ့ဆက်ဆံနေရတာမို့ သပ်သပ်ရပ်ရပ်နေထိုင်တတ်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ယောင်းတို့ကို စမတ်ကျကျလည်း လှနိုင်အောင် မနက်ရုံးချိန်အမှီ သွားရလို့ ပြင်ဆင်ချိန်မရှိတဲ့ ဒုက္ခကလည်း ကင်းဝေးအောင် အချိန်တိုအတွင်း ပြင်ဆင်နိုင်တဲ့ office hairstyles လှလှလေးတွေကို ပြောပြပေးမယ်နော်။ပြင်ဆင်ချိန် ၅မိနစ်ခန့်သာ ကြာတဲ့ office hairstylesလှလှလေးတွေကတော့…..
(1) ပြင်သစ်စတိုင် ကျစ်ဆံမြီးဆံထုံး(French Braid Bun)
ဒီဟာလေးက ကျစ်ဆံမြီး နဲ့ ဆံထုံး ကို ပေါင်းစပ်ထားတဲ့ hairstyleလေးပါ။ ပထမ ပုံစံအတွက် ဆံပင်ကို နားရွက်နောက် အားလုံးသိမ်းပြီး ကျစ်ဆံမြီး ရိုးရိုးကို ပုံထဲကလို သုံးချောင်းကျစ်ပါ။ကျစ်ဆံမြီးတစ်ချောင်းစီကို ကလစ်ချောင်းလေး သုံးပြီး ဆံထုံးတစ်ထုံးစီ လုပ်ပါ။ ဆံထုံးသုံးလုံးရလာတဲ့အခါ စုစုစည်းစည်းဖြစ်သွားအောင် ဆံထုံးတွေကြားမှာ ကလစ်နဲ့ တွယ်ပေးပါ။
ဒုတိယပုံစံအတွက်ကတော့ ကျစ်ဆံမြီးနှစ်ချောင်း ကျစ်ပြီး အဆင့်လေး အတိုင်း ဆံပင်ကို ထုံးချည်လိုက်ပါ။ ထွက်နေသေးတဲ့ ကျစ်ဆံမြီးနှစ်ချောင်းကို အဆင့် ၅ ထဲက အတိုင်း နောက်တစ်ကြိမ် ထပ်ချည်ပေးပြီး ပြုတ်မကျအောင် ကလစ်နဲ့ တွယ်ပေးရင် ဆံထုံးလှလှလွယ်လွယ်လေးကို ရရှိပါပြီ။
ဒီနည်းဟာ ဆံပင်ရှည်ပြီး အုံထူတဲ့သူတွေ အတွက် သပ်သပ်ရပ်ရပ်နဲ့ လှစေပြီး မျက်နှာအလှကို ရှင်းရှင်းလင်းလင်း မြင်ရစေမယ့် ဆံပင်ပုံစံဆိုလည်း မမှားပါဘူး။
Related article >>> Hair Rebounding လုပ်တော့မယ်ဆို သိသင့်တာလေးတွေ
(2) ရိုးရှင်းတဲ့ ဆံစုလိပ် (Easy Chignon)
ဆံစုလိပ်အတွက် ကလစ်ချောင်းလေးတွေပဲ လိုပါတယ်။ လုပ်နည်းကတော့ ပုံ အဆင့်(၁) ထဲကလို ဆံပင်အနား နှစ်ဖက်ကို လိမ်ပြီး pony tail ပုံစံ စည်းပါ။
ၿပြီးရင် အဆင့်(၂) ထဲက အတိုင်း စည်းထားတဲ pony tailကို ဆံပင်ထဲ ထည့်ပြီး ဆွဲချပါ။ပြီးရင်တော့ အဆင့်၃ထဲကလို ကလစ်လေးသုံးပြီး ဆံလိပ်လှလှလေးတစ်ခုကို မြန်မြန်ဆန်ဆန်ဖန်တီး နိုင်ပါတယ်နော်။ pony tailကို ဆံပင်ထဲ ထည့်ပြီး ဆွဲချဖို့ loopလေးတွေကို အသုံးပြုနိုင်ပါတယ်။
(3)ကျစ်ဆံမြီး သရဖူ (Half crown braid)
ဆံပင် တို သူများ အတွက် ပုံ.၁
ဒါကတော့ ဆံပင်ရှည်တဲ့ သူတွေအတွက်ကော တိုတဲ့သူတွေအတွက်ကော အဆင်ပြေပါတယ်။ ဆံပင်တိုတဲ့သူတွေအတွက်ကတော့ ပုံ ၁ ထဲကလို ဆံပင်တစ်ခြမ်းကို ဒီအတိုင်းချထားပြီး နောက်တစ်ခြမ်းကို တရုတ်ကျစ်ဆံမြီး ပုံစံ ကျစ်လိုက်တာလေးကလည်း ယောင်းတို့ကို စမတ်ကျကျနဲ့ လှပစေမှာပါ။
ပံု .၂
ဆံပင်ရှည်တဲ့သူတွေ အတွက်တော့ ပုံ ၂ ထဲကလို ရိုးရိုး ကျစ်ဆံမြီး နှစ်ဖက်နဲ့တင် သရဖူကွင်းစတိုင်ကို လှလှလေး ဖန်တီးလို့ရပါတယ်။
Related article >>> ဆံပင်ရှည်တဲ့ မိန်းကလေးတွေသာ သိနိုင်မယ့် အခက်အခဲ(၈)မျိုး
(4) ponytail အလိပ်
ဒါကတော့ အလွယ်ဆုံးပါပဲ။ ဒီအတွက် loop နဲ့ သားရေကွင်းပဲလိုပါတယ်။ ဆံပင်နှစ်ဖက်ကို လိပ်ပြီး ခပ်လျော့လျော့ pony tail စီးလိုက်ပါ။
ပြီးရင် loop ကို သုံးပြီး ponytailကို ဆံပင်ထဲထည့်၊ လိပ်ချလိုက်မယ်ဆိုရင် ပုံထဲကလို ရိုးရိုးလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ ဆံပင်ပုံစံကို ဖန်တီးနိုင်မှာပဲဖြစ်ပါတယ်။
ရိုးရှင်းပြီး လုပ်ရလွယ်သလို လှလည်း လှတဲ့ ဆံပင်ပုံစံတွေမို့ ယောင်းတို့လည်း ရုံးတက်ရုံးသွား ပြင်ဆင်မှုအတွက် စမ်းကြည့်ကြပါနော်။
အဓိက လိုအပ်တဲ့ပစ္စည်းတွေကတော့ Bobby pinsတွေနဲ့ သားရေကွင်းပဲ ဖြစ်ပါတယ်။ ကိုယ့်ဆံပင် အထူအပါး၊ ပုံစံ ကို လိုက်ပြီး Bobby pins ကိုတော့ ရွေးချယ်သုံးရမှာ ဖြစ်သလို ဆံပင်ပျော့ပြီး ပါးတဲ့ယောင်းတို့အတွက် ပုံကောင်းကောင်းနဲ့ ကြာကြာ သွင်းနိုင်ဖို့ hair spray အသုံးပြုပေးဖို့တော့ လိုအပ်ပါတယ်နော်။
By
Mia (For Her Myanmar)
Reference links: brit.co realsimple.com
Aye Mon Kyaw
Aye Mon Kyaw
ကၽြန္မကေတာ့ Miaပါ။ အမျိုးသမီးတွေအတွက် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး စာတွေ၊ ကျန်းမာရေးတွေ ရေးပေးမယ့်သူပါ။ foodieဖြစ်တာမို့ ဟင်းချက်နည်းတွေလည်း ရေးပေးမှာနော်။
Leave a Reply
Your email address will not be published. Required fields are marked *