Fashion & Beauty

၂၀၁၇မှာ ယောင်းတို့စမ်းဆိုးကြည့်သင့်တဲ့ ဆံပင်အရောင် (၄)မျိုး

ဆံပင်အရောင်ပြောင်းဆိုးချင်ပေမယ့် ရွေးချယ်ရခက်နေတဲ့ယောင်းတို့အတွက် အလှဆုံးအရောင် (၄)ရောင်လေးကို ရှာဖွေပေးထားတယ်နော်။

မွေးကတည်းက ဆံပင်အနက်ဖြစ်နေလို့ အသစ်အဆန်းလေးဖြစ်သွားအောင် ဆံပင်အရောင်ပြောင်းချင်တာပဲဖြစ်ဖြစ်၊ ခေတ်နဲ့အမီ လူကြိုက်များတဲ့အရောင် ဆိုးကြည့်ချင်တာပဲဖြစ်ဖြစ်  မိုးတွင်းအကုန်မှာ ဆံပင်အရောင်ပြောင်းလေးနဲ့ တစ်မျိုးလှနေအောင် စမ်းကြည့်သင့်တဲ့အရောင်လေးတွေ ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်။

၁) ချော့ကလက်ညို

ချောကလက်ညိုဟာဘယ်အသားအရောင်မျိုးနဲ့မဆိုလိုက်ဖက်ပါတယ်။ ပိုပြီးတော့လည်းလှစေပါတယ်။ ဆိုးဖို့အတွက်လည်းသိပ်မစဉ်းစားရသလို ယောင်းကဆံပင်အရောင်အရမ်းကြီးပြောင်းသွားတာမျိုးမကြိုက်ဘူး ဆိုရင် ဒီအရောင်မျိုးကို ဆိုးကြည့်သင့်ပါတယ်။

၂) စတော်ဘယ်ရီညို

ဒီအရောင်မျိုးက အနီနဲ့ရွှေအိုရောင်ကို ရောစပ်ထားပြီးတော့ နွေဦးနဲ့ဆောင်းတွင်းမှာဆိုးသင့်ပါတယ်။ ယောင်းတို့ရဲ့အသားအရောင်ပေါ်မူတည်ပြီး တောက်သွားမလား၊ မှောင်တာဘက်သွားမလား ဆုံးဖြတ်ပါ။ ဒီဆံပင်အရောင်မျိုးက ဆိုးလိုက်တဲ့သူရဲ့မျက်နှာလင်းသွားပြီးတော့ ပိုလှသွားစေမှာအမှန်ပါပဲ။

၃) Deep Roots and Multi-Dimensional Ends

ဒီအရောင်မျိုးက အသားအရောင်နဲ့မျက်နှာကို အသားပေးတာဖြစ်တဲ့အတွက် လူတိုင်းနဲ့လိုက်ဖက်ပါတယ်။ ဆံပင်အဖျားပိုင်းကို လင်းတာပဲဖြစ်ဖြစ်၊ မှောင်တာပဲဖြစ်ဖြစ် လုပ်လို့ရပါသေးတယ်။ ဆံပင်ညှပ်ဆိုင်မှာ မဆိုးခင်သေချာတိုင်ပင်ပြီး ဒီအရောင်မျိုးကိုဆိုးပါ။ ဟိုက်လိုက်ဖောက်ထားသလိုဖြစ်တဲ့အတွက် အမိုက်စားပုံစံလေးဖြစ်သွားမှာတော့ အသေအချာပါပဲ။

၎) Baby-Lights into Lighter Ends

ဒီအရောင်ကတော့ ယောင်းကိုနုပျိုလန်းဆန်းသွားစေမှာပါ။ ခပ်ဟော့ဟော့ကောင်မလေးအသွင်တောင် ပေါက်သွားပါတယ်။ ဒီလိုအရောင်မျိုးကို သာမန်မိန်းကလေးတွေက မဆိုးရဲပေမဲ့ ခပ်လန်းလန်းလေးဖြစ်ချင်တော့ ယောင်းတို့ကတော့ ဆိုးသင့်တယ်နော်။

၂၀၁၇မှာ အလန်းဇယားလေးပြောင်းပစ်လိုက်ချင်တဲ့ယောင်းတို့…. အက်ဒမင့်ပြောပြပေးတဲ့ အရောင်(၄)ရောင်ကို စမ်းဆိုးကြည့်ပါ။ ကြိုက်ကိုကြိုက်သွားစေရမယ်။ ဒါပေမယ့် ကိုယ်ဆံပင်ကိုင်တဲ့ ပညာရှင်ရဲ့စကေးအပေါ်တော့မူတည်တယ်နော်။

Miko (For Her Myanmar)

Miko
နာမည်ကတော့မီကိုပါ။ စာတွေရေးရတာနဲ့ ခရီးထွက်ရတာက အကြိုက်ဆုံးအရာပါပဲ။ စိတ်ရဲ့ထွက်ပေါက်အဖြစ် စာတွေရေးရင်းကနေ FHM မှာ စာရေးဖြစ်နေတာ ၁ နှစ်တောင်ရှိပါတော့မယ်။

Leave a Reply

Your email address will not be published. Required fields are marked *