ဆံပင္ညွပ္မယ္လို႔ စိတ္ကူးလိုက္သူတိုင္း သိထားသင့္တဲ့ Lob Hair စတုိင္လ္ (၁၀)မ်ိဳး

Bob Hair ပဲ သိတယ္.. ဘာလဲ Lob Hair ဆုိတာက… ဆိုရင္ေတာ့ျဖင့္…. 

ႏွစ္ေဟာင္းကုန္ဖို႔ က ၂ လ ေလာက္ပဲ က်န္ေတာ့တယ္ ဆိုေတာ့ ေနာက္ႏွစ္သစ္မွာ စိတ္သစ္ လူသစ္ စတိုင္သစ္နဲ႔ လန္းႏိုင္ဖုိ႔  ႏွစ္သစ္ မေရာက္ခင္ကတည္းက စဥ္းစားေရြးခ်ယ္ထားလို႔ရေအာင္ ဘယ္ေတာ့မွ ရိုးမသြားဘဲ အၿမဲတမ္းဆန္းသစ္ေနမယ့္ ဆံပင္ စတိုင္ေလးေတြကို Megan က ေျပာျပမိတ္ဆက္ေပးခ်င္ပါတယ္။

အဲဒီဆံပင္ စတိုင္ေလးေတြကိုေတာ့ Lob Hair လုိ႔ ေခၚပါတယ္။

ဘာလို႔ Lob Hair လုိ႔ ေခၚလဲဆိုတာကေတာ့ – Lob hair ဆုိတာ Long နဲ႔ Bob haircut ကို ေပါင္းျပီးေခၚလိုက္တာပါ။ Bob haircut ဆုိတာကိုေတာ့ ေယာင္းတို႔အားလံုး သိၿပီးသားျဖစ္လိမ့္မယ္ထင္ပါတယ္။ ကမၻာေက်ာ္ေဘာလံုးသမား ေဒးဗစ္ဘက္ခမ္းရဲ ႔ ဇနီး ဗစ္တိုးရီးယားဘက္ခမ္းက ေန စလို႔ ေဟာလိဝုဒ္ဆယ္လီေတာ္ေတာ္္မ်ားမ်ားပါ ညွပ္ဖူးၾကတဲ့ ဆံပင္ပံုစံ တခုုျဖစ္ပါတယ္။ ဂုတ္ဝဲ အေနေလာက္ ဆံပင္ေလးေတြကို  Bob Hair လို႔ ေခၚၿပီး Long hair နဲ႔ Bob Hair ၾကား အရွည္မွာ ရွိတဲ့ ဆံပင္ကို ေတာ့ Lob Hair လုိ႔ ေခၚပါတယ္။  အရမ္း မရွည္လြန္း အရမ္းမတိုလြန္းတဲ့ ဆံပင္ပံုစံမ်ိဳးေတြေပါ႔ ေယာင္းတို႔ေရ။

ကဲ… Lob hair ကို သိၿပီးၿပီဆိုေတာ့ အခု Megan က ေဟာလိဝုဒ္ က ဆယ္လီေတြၾကားမွာ Trend ျဖစ္ (ေခတ္စား)ေနတဲ့ Lob haircut ဆံပင္ ပံုစံေလးေတြနဲ႔ ဘယ္လိုမ်ိဳးညွပ္ရင္ အဆင္ေျပေလာက္မယ္ဆိုတာေလးကို ေဖာ္ျပေပးမယ္ေနာ္..

ဘယ္က စညွပ္ရမွန္းမသိျဖစ္ေနရင္ေတာ့ ဘယ္လုိမ်က္ႏွာက် ပံုစံမ်ိဳးနဲ႔ မဆုိလုိက္ဖက္တဲ့ ပုခံုးေက်ာ္အရွည္ရွိၿပီး မ်က္ႏွာေဘးတဖက္ကို ဆံႏြယ္ေလးေတြက်ေနတဲ့ Emma Stone ရဲ႕ ဆံပင္ပံုစံေလးကို ေရြးခ်ယ္ႏုိင္ပါတယ္ ေယာင္းတို႔ေရ..

 ေခတ္ဆန္ၿပီး သြက္လက္တဲဲ့အသြင္ကို သေဘာက်တယ္ဆိုတဲ့ ေယာင္းတို႔ကေတာ့ ဂ်က္စတင္ဘီဘာရဲ ႔ မေဟသီေလး ညွပ္ထားတဲ့ ကမ္းေျခပံုစံ လႈိင္းတြန္႕ပါတယ္ဆုိရံု ေျပေျပေလးနဲ႔ လန္းေနတဲ့ lob hair ပံုစံေလးကို ေရြးခ်ယ္ႏိုင္ပါတယ္..

ဆံပင္ေကာက္သားရွိတဲ့ ေယာင္းတို႕ကေတာ့ ဒီလို ဆံပင္ပံုအလန္းေလးျဖစ္ဖို႔ ေလယာေတြ (အလႊာေတြ) အထပ္ထပ္ညွပ္ၿပီး ဖန္တီးႏိုင္ပါတယ္ေနာ္။  လူၾကားထဲမွာ ထင္းခနဲ ျဖစ္ေနဖုိ႔ အေရာင္ေတာက္ေတာက္ပါ ဆုိးလုိက္ရင္ေတာ့ လံုးဝကို အမိုက္စားေပါ႔။

 ဒါကေတာ့ လြန္ခဲ့တဲ့ ၉၀ ျပည့္ႏွစ္ေတြက စူပါေမာ္ဒယ္ေတြရဲ ႔ စတုိင္မ်ိဳးျပန္လည္ ေခတ္စားလာတာပါ။ ဆံပင္အနက္ေရာင္ကိုမွ လႈိင္းေသးတြန္႔တြန္႕ေကာက္ေကာက္ေလးေတြ အမ်ားႀကီးကလည္း တစ္ေၾကာ့ျပန္ ေခတ္စားလာတာမို႔ ဒီဆံပင္စတုိင္လ္က ေယာင္းတို႔ကို ထင္ရွားေစႏိုင္ဦးမွာပါ။

ဒီပံုေလးက်ေတာ့ လံုးဝကို သဘာဝဆန္ဆန္ စတုိင္မ်ိဳးပါ။  လႈိင္းေျပေလးေတြနဲ႔ ရိုးရွင္းလွတဲ့ lob hair ဆံပင္စတုိင္ကို Indian မင္းသမီးေလး Priyanka Chopra ရဲ ႔ ပံုမွာ ေတြ႕ႏိုင္ပါတယ္။

Related Article >>> ေယာင္းတုိ႕စမ္းၾကည့္သင့္တဲ့ ေကေပါ့စတားတုိ႕ရဲ႕ဆံပင္ပံုစံေတြ

ေရွ႕ဆံပင္ ကို ဆံၿမိတ္ညွပ္တဲ့ အခါ တညီတည္း တိတိညွပ္တဲ့ ပံုမ်ိဳး မဟုတ္ဘဲ ေရွ႔ကို ဟိုဘက္ ဒီဘက္ ခြဲထားတဲ့ပံုစံမ်ိဳး ကို Curtain bangs လုိ႔ ေခၚပါတယ္။ ပခံုးမေရာက္တေရာက္ ဆံပင္အရွည္နဲ႔ Curtain Bangs နဲ႔ ေပါင္းလိုက္ေတာ့ သိမ္ေမြ႕မႈနဲ႔ လွပတဲ့ ဆံပင္စတိုင္လ္ေလးတစ္ခုကို ပိုင္ဆိုင္ႏုိင္မွာပါ။

ဒီပံုေလးက်ျပန္ေတာ့ ငယ္ရြယ္ႏုပ်ိဳတဲ့ အသြင္ကို ျဖစ္ေစမယ့္ ဆံပင္စတိုင္ေလးပဲေနာ္ ေယာင္းတို႔။ လႈိင္းေျပေျပေလးနဲ႔ ေရွ႕ဆံၿမိတ္မွ်င္မွ်င္ေလးေတြနဲ႔ ဒီ Lob hair ေလးက ေယာင္းတို႔ကို ရွိရင္းစြဲ အသက္ထက္ ႏုပ်ိဳေစမွာ အမွန္ပါ။

ပုခံုးေလာက္ဆံပင္ရွည္ေလးကို အဖ်ားမွာ ျပန္ေကြးထားတဲ့ ဆံပင္ ဝိုက္ဝုိက္ေလးနဲ႔ နဖူးမွာ ဘာဆံၿမိတ္မွ ခ်မထားဘဲ ေျပာင္ရွင္းေနတဲ့ ဒီစတိုင္ေလးက်ေတာ့ ေန႔စဥ္ရံုးတက္ေနရတဲ့ ေယာင္းေယာင္းေလးတို႔အတြက္ လိုက္ဖက္မယ့္ Lob hair ေလးေပါ့။

စမတ္က်ၿပီး ထက္ျမက္တဲ့အသြင္ျဖစ္ေစမယ့္ ဒီ Lob Hair စတုိင္လ္ေလးကိုလည္း ေမ့ထားလို႔မရဘူးေနာ္.. နဖူးကို ဆံျခည္တစ္မ်ွင္မွ မခ်ဘဲ အေျပာင္သိမ္းထားတ့ဲ ဂုတ္ဝဲ ဆံပင္တုိေလးနဲ႔ emilia clarke ကို ၾကည့္လိုက္ရင္ေတာ့ ဒီဆံပင္စတုိင္လ္ေလးက ဘယ္ေလာက္ေတာင္ လန္းလဲ သိႏုိင္ၿပီေပါ့..

ကိုယ့္ရဲ ႔ မ်က္ႏွာက်ပံုစံေလးကို ပိုၿပီး ထင္ေပၚေစခ်င္တယ္ဆိုရင္ေတာ့ ဒီ lob hair စတုိင္ေလးက ေရြးခ်ယ္ဖုိ႔ အသင့္ေတာ္ဆံုးပါ ေယာင္းတို႔ေရ။ ရိုးရွင္းတဲ့ ပုခံုးေက်ာ္ရံု ဆံပင္ရွည္ေလးက ေယာင္းရဲ ႔ မ်က္ႏွာကို ပိုၿပီး အခ်ိဳးက်က် လွပေနေစႏိုင္ပါတယ္။

ဒီလုိဆိုရင္ေတာ့ ဆံပင္ေတာ့ညွပ္ခ်င္တယ္၊ ဘယ္လိုညွပ္ရင္ေကာင္းမလဲမသိဘူးဆိုတဲ့ ေယာင္းတို႔အတြက္ အိုင္ဒီယာေလးေတြ ရသြားေလာက္မယ္လို႔ ထင္ပါတယ္ေနာ္..

လန္းႏိုင္ၾကပါေစကြယ္..

With love,

Megan (For Her Myanmar)

Ref: Google, www.marieclaire.com

<<< Unicode>>>

Bob Hair ပဲ သိတယ်.. ဘာလဲ Lob Hair ဆိုတာက… ဆိုရင်တော့ဖြင့်….

နှစ်ဟောင်းကုန်ဖို့ က ၂ လ လောက်ပဲ ကျန်တော့တယ် ဆိုတော့ နောက်နှစ်သစ်မှာ စိတ်သစ် လူသစ် စတိုင်သစ်နဲ့ လန်းနိုင်ဖို့  နှစ်သစ် မရောက်ခင်ကတည်းက စဉ်းစားရွေးချယ်ထားလို့ရအောင် ဘယ်တော့မှ ရိုးမသွားဘဲ အမြဲတမ်းဆန်းသစ်နေမယ့် ဆံပင် စတိုင်လေးတွေကို Megan က ပြောပြမိတ်ဆက်ပေးချင်ပါတယ်။အဲဒီဆံပင် စတိုင်လေးတွေကိုတော့ Lob Hair လို့ ခေါ်ပါတယ်။

ဘာလို့ Lob Hair လို့ ခေါ်လဲဆိုတာကတော့ – Lob hair ဆိုတာ Long နဲ့ Bob haircut ကို ပေါင်းပြီးခေါ်လိုက်တာပါ။ Bob haircut ဆိုတာကိုတော့ ယောင်းတို့အားလုံး သိပြီးသားဖြစ်လိမ့်မယ်ထင်ပါတယ်။ ကမ္ဘာကျော်ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းရဲ့ ဇနီး ဗစ်တိုးရီးယားဘက်ခမ်းက နေ စလို့ ဟောလိဝုဒ်ဆယ်လီတော်တော်များများပါ ညှပ်ဖူးကြတဲ့ ဆံပင်ပုံစံ တခုဖြစ်ပါတယ်။ ဂုတ်ဝဲ အနေလောက် ဆံပင်လေးတွေကို  Bob Hair လို့ ခေါ်ပြီး Long hair နဲ့ Bob Hair ကြား အရှည်မှာ ရှိတဲ့ ဆံပင်ကို တော့ Lob Hair လို့ ခေါ်ပါတယ်။  အရမ်း မရှည်လွန်း အရမ်းမတိုလွန်းတဲ့ ဆံပင်ပုံစံမျိုးတွေပေါ့ ယောင်းတို့ရေ။ ကဲ… Lob hair ကို သိပြီးပြီဆိုတော့ အခု Megan က ဟောလိဝုဒ် က ဆယ်လီတွေကြားမှာ Trend ဖြစ် (ခေတ်စား)နေတဲ့ Lob haircut ဆံပင် ပုံစံလေးတွေနဲ့ ဘယ်လိုမျိုးညှပ်ရင် အဆင်ပြေလောက်မယ်ဆိုတာလေးကို ဖော်ပြပေးမယ်နော်..

ဘယ်က စညှပ်ရမှန်းမသိဖြစ်နေရင်တော့ ဘယ်လိုမျက်နှာကျ ပုံစံမျိုးနဲ့ မဆိုလိုက်ဖက်တဲ့ ပုခုံးကျော်အရှည်ရှိပြီး မျက်နှာဘေးတဖက်ကို ဆံနွယ်လေးတွေကျနေတဲ့ Emma Stone ရဲ့ ဆံပင်ပုံစံလေးကို ရွေးချယ်နိုင်ပါတယ် ယောင်းတို့ရေ..

ခေတ်ဆန်ပြီး သွက်လက်တဲ့အသွင်ကို သဘောကျတယ်ဆိုတဲ့ ယောင်းတို့ကတော့ ဂျက်စတင်ဘီဘာရဲ့ မဟေသီလေး ညှပ်ထားတဲ့ ကမ်းခြေပုံစံ လှိုင်းတွန့်ပါတယ်ဆိုရုံ ပြေပြေလေးနဲ့ လန်းနေတဲ့ lob hair ပုံစံလေးကို ရွေးချယ်နိုင်ပါတယ်..

ဆံပင်ကောက်သားရှိတဲ့ ယောင်းတို့ကတော့ ဒီလို ဆံပင်ပုံအလန်းလေးဖြစ်ဖို့ လေယာတွေ (အလွှာတွေ) အထပ်ထပ်ညှပ်ပြီး ဖန်တီးနိုင်ပါတယ်နော်။  လူကြားထဲမှာ ထင်းခနဲ ဖြစ်နေဖို့ အရောင်တောက်တောက်ပါ ဆိုးလိုက်ရင်တော့ လုံးဝကို အမိုက်စားပေါ့။

ဒါကတော့ လွန်ခဲ့တဲ့ ၉၀ ပြည့်နှစ်တွေက စူပါမော်ဒယ်တွေရဲ့ စတိုင်မျိုးပြန်လည် ခေတ်စားလာတာပါ။ ဆံပင်အနက်ရောင်ကိုမှ လှိုင်းသေးတွန့်တွန့်ကောက်ကောက်လေးတွေ အများကြီးကလည်း တစ်ကြော့ပြန် ခေတ်စားလာတာမို့ ဒီဆံပင်စတိုင်လ်က ယောင်းတို့ကို ထင်ရှားစေနိုင်ဦးမှာပါ။

ဒီပုံလေးကျတော့ လုံးဝကို သဘာဝဆန်ဆန် စတိုင်မျိုးပါ။  လှိုင်းပြေလေးတွေနဲ့ ရိုးရှင်းလှတဲ့ lob hair ဆံပင်စတိုင်ကို Indian မင်းသမီးလေး Priyanka Chopra ရဲ့ ပုံမှာ တွေ့နိုင်ပါတယ်။

Related Article >>> ယောင်းတို့စမ်းကြည့်သင့်တဲ့ ကေပေါ့စတားတို့ရဲ့ဆံပင်ပုံစံတွေ

ရှေ့ဆံပင် ကို ဆံမြိတ်ညှပ်တဲ့ အခါ တညီတည်း တိတိညှပ်တဲ့ ပုံမျိုး မဟုတ်ဘဲ ရှေ့ကို ဟိုဘက် ဒီဘက် ခွဲထားတဲ့ပုံစံမျိုး ကို Curtain bangs လို့ ခေါ်ပါတယ်။ ပခုံးမရောက်တရောက် ဆံပင်အရှည်နဲ့ Curtain Bangs နဲ့ ပေါင်းလိုက်တော့ သိမ်မွေ့မှုနဲ့ လှပတဲ့ ဆံပင်စတိုင်လ်လေးတစ်ခုကို ပိုင်ဆိုင်နိုင်မှာပါ။

ဒီပုံလေးကျပြန်တော့ ငယ်ရွယ်နုပျိုတဲ့ အသွင်ကို ဖြစ်စေမယ့် ဆံပင်စတိုင်လေးပဲနော် ယောင်းတို့။ လှိုင်းပြေပြေလေးနဲ့ ရှေ့ဆံမြိတ်မျှင်မျှင်လေးတွေနဲ့ ဒီ Lob hair လေးက ယောင်းတို့ကို ရှိရင်းစွဲ အသက်ထက် နုပျိုစေမှာ အမှန်ပါ။

ပုခုံးလောက်ဆံပင်ရှည်လေးကို အဖျားမှာ ပြန်ကွေးထားတဲ့ ဆံပင် ဝိုက်ဝိုက်လေးနဲ့ နဖူးမှာ ဘာဆံမြိတ်မှ ချမထားဘဲ ပြောင်ရှင်းနေတဲ့ ဒီစတိုင်လေးကျတော့ နေ့စဉ်ရုံးတက်နေရတဲ့ ယောင်းယောင်းလေးတို့အတွက် လိုက်ဖက်မယ့် Lob hair လေးပေါ့။

စမတ်ကျပြီး ထက်မြက်တဲ့အသွင်ဖြစ်စေမယ့် ဒီ Lob Hair စတိုင်လ်လေးကိုလည်း မေ့ထားလို့မရဘူးနော်.. နဖူးကို ဆံခြည်တစ်မျှင်မှ မချဘဲ အပြောင်သိမ်းထားတဲ့ ဂုတ်ဝဲ ဆံပင်တိုလေးနဲ့ emilia clarke ကို ကြည့်လိုက်ရင်တော့ ဒီဆံပင်စတိုင်လ်လေးက ဘယ်လောက်တောင် လန်းလဲ သိနိုင်ပြီပေါ့..

ကိုယ့်ရဲ့ မျက်နှာကျပုံစံလေးကို ပိုပြီး ထင်ပေါ်စေချင်တယ်ဆိုရင်တော့ ဒီ lob hair စတိုင်လေးက ရွေးချယ်ဖို့ အသင့်တော်ဆုံးပါ ယောင်းတို့ရေ။ ရိုးရှင်းတဲ့ ပုခုံးကျော်ရုံ ဆံပင်ရှည်လေးက ယောင်းရဲ့ မျက်နှာကို ပိုပြီး အချိုးကျကျ လှပနေစေနိုင်ပါတယ်။

ဒီလိုဆိုရင်တော့ ဆံပင်တော့ညှပ်ချင်တယ်၊ ဘယ်လိုညှပ်ရင်ကောင်းမလဲမသိဘူးဆိုတဲ့ ယောင်းတို့အတွက် အိုင်ဒီယာလေးတွေ ရသွားလောက်မယ်လို့ ထင်ပါတယ်နော်..လန်းနိုင်ကြပါစေကွယ်..

With love,

Megan (For Her Myanmar)

Ref: Google, www.marieclaire.com

No Comments Yet

Comments are closed