အက်မင်ကိုယ်တိုင် လုပ်ကြည့်ခဲ့တဲ့ မျက်နှာပေါင်းတင်နည်း

အသားအရမ်းခြောက်တတ်တဲ့ ယောင်းတို့အတွက် အက်မင်ကိုယ်တိုင် စမ်းကြည့်ထားတဲ့ နည်းလမ်းလေး ပြောပြမယ်နော်။

Hanaက မနက်ဖြန်လိုမျိုး ပွဲတစ်ခု သွားစရာရှိနေပေမယ့် အသားအရည်က မွဲခြောက်ခြောက်နဲ့ မိတ်ကပ်လိမ်းလို့ မကောင်းတဲ့ အသားအရည်မျိုး ဖြစ်နေလို့ အရမ်းစိတ်ညစ်နေတဲ့အချိန် Hanaရဲ့အစ်မက ဒီFace Maskလေးလုပ်ကြည့်ဖို့ အကြံပေးတော့ လုပ်ကြည့်ခဲ့ပါတယ်။ Face Mask လုပ်ပြီး နောက်နေ့မနက်ရောက်တော့ အသားအရည်က ကြည်ပြီး မိတ်ကပ်လိမ်းလို့ အရမ်းကောင်းတဲ့အပြင် အချိန်ကြာလာတဲ့အမျှ မိတ်ကပ်သားညက်လာပြီး ၀င်းလာလို့ တော်တော် အဆင်ပြေခဲ့ပါတယ်။ Hanaကိုယ်တိုင် သုံးကြည့်တာ အရမ်းကောင်းလို့ ယောင်းတို့ကို မျှဝေပေးလိုက်ပါတယ်။

-အရင်ဆုံး မျက်နှာကို ယောင်းတို့ပုံမှန် သစ်နေကျ မျက်နှာသစ်ဆေးနဲ့ သစ်ပါ။

-အ၀တ်သန့်သန့်လေးနဲ့ သုတ်ပြီးရင် Toner သုံးပေးပါ။

-ကြက်ဥအကာ သက်သက်ပဲ ယူပြီး မျက်နှာ အနှံ့ သုတ်လိမ်းပါ။

-တစ်ရှူးစကို တစ်လွှာခွာပြီး မျက်နှာပေါ်ကို အုပ်လိုက်ပါ။ မျက်လုံးနဲ့ နှာခေါင်းနေရာကို အပေါက်ဖောက်ပါ။

-ပြီးရင် တစ်ရှူးပေါ်ကို ကြက်ဥအကာ နဲနဲထပ်လိမ်းပါ။

-ခြောက်သွားတဲ့အထိ ထားပါ။

-ခြောက်သွားတဲ့အခါ တစ်ရှူးကို ဆွဲခွာလိုက်ပါ။

ခြောက်သွားတဲ့ချိန် တစ်ရှူးကို ဆွဲခွာလိုက်ပါ။

-ကြက်သီးနွေးရေနဲ့ မျက်နှာသစ်ပါ။ မျက်နှာသစ်ဆေး သုံးစရာ မလိုပါ။

-မျက်နှာကို ခြောက်အောင် သုတ်ပြီးရင် Aloe Vera Gel(ရှားစောင်းလက်ပတ်ဂျယ်လ်) ကို မျက်နှာအနှံ့ လိမ်းပါ။အသားထဲ ၀င်နေအောင် အချိန်ပေးပြီး လိမ်းဖို့ အရေးကြီးပါတယ်။

Related Article>>> ကျန်းမာစိုပြေတဲ့ Glowing Skin Makeup Look လေး ရဖို့  ဒီ အဆင့် (၅)ဆင့် ပဲ လိုပါတယ်။

Aloe Vera လိမ်းအိပ်လိုက်တဲ့အခါ နောက်နေ့မနက်ကျတော့ အသားအရေကသိသိသာသာ ပြောင်ဝင်းနေတာာကို တွေ့ရပါတယ်။ မိတ်ကပ်လိမ်းတဲ့အခါလည်း မိတ်ကပ်အသားကညက်ပြီး အသားအရည် ၀င်းဝင်းလေးနဲ့ အတော်ကြည့်လို့ကောင်းပါတယ်။

ရှားစောင်း လိမ်းပြီး အိပ်ပါ။

အသားခြောက်တဲ့သူတွေအတွက် နောက်ထပ်အကြံပေးချင်တာတွေကတော့ မျက်နှာသစ်တဲ့အခါ ရေနွေးနွေးလေးနဲ့ သစ်ပါ။ မျက်နှာသစ်ဆေးကို အပြင်းစားတွေ မသုံးပါနဲ့။ မျက်နှာရေသုတ်တဲ့အခါ မျက်နှာကို ပ၀ါနဲ့ မသုတ်ပါနဲ့။ တို့ရုံပဲ တို့ပါ။ရေဓာတ်ဖြည့်ပေးတဲ့ အစိုဓာတ်ပါတာ တစ်ခုခုကို လိမ်းပါ။ ရေများများသောက်ပါ။ ဗီတာမင်အေ၊ ဗီတာမင်အီး ကြွယ်ဝတာ များများစားပါ။

ယောင်းအားလုံး အရင်ထက်ပိုပြီး လှသထက်လှနိုင်ပါစေ။

Hana ( For Her Myanmar)

Hana
Hana

နာမည်ကHana ပါ။for her myanmar မှာ အလွတ်တမ်းစာရေးပါတယ်။ အသက်ကတော့၂၀ကျော်ကျော်၂၁ထဲမှာပါ။များသောအားဖြင့် အချစ်ရေးအချစ်ရာအကြောင်းနဲ့အလှအပအကြောင်းရေးပါတယ်။

error: Content is protected !!