မျက်ခုံးမရွေးတဲ့ eyebrow mascara လေး

မျက်ခုံးမရှိလို့ မသုံးရဲခဲ့တဲ့ ပစ္စည်းလေး ခုတော့အဆင်ပြေနေပြီလေ…

ကဲ ဒီတစ်ခေါက် For Her Club ရဲ့ ဖေဖော်ဝါရီ စပရိုက်တိုက်တဲ့ box လေးကိုရင်ခုန်စွာ ဖွင့်ဖောက်ကြည့်လိုက်တဲ့အခါ ပစ္စည်းတွေအများကြီးကြားထဲမှာ ကိုယ်စိတ်အဝင်စားဆုံးက Bella ရဲ့ Iconic Brow လို့ခေါ်တဲ့ Eyebrow Mascara (မျက်ခုံးဆိုးဆေး) လေးပါပဲ။ Eyebrow Mascara ဆိုတာ ယောင်းတို့မျက်ခုံးမွှေးဆွဲတဲ့အခါ သဘာဝဆန်ဆန်မျက်ခုံးဖြစ်အောင် မျက်တောင်ကော့သလို လိုက်ကော့ပြီး ဖြီးလိုက်တာမျိုးကို ခေါ်တာပါ။ အဲ့အခါကျ ကိုယ့်ရှိရင်းစွဲမျက်ခုံးကလဲ ကြွလာမှာဖြစ်ပါတယ်။ ဆိုပေမဲ့ ဆိုပေမဲ့ပေါ့လေ… ကိုယ်ကမျက်ခုံးမရှိသူမို့ ဖြီးစရာမရှိဘူးဆိုတဲ့ခေါင်းစဉ်နဲ့ ဒီပစ္စည်းလေးကိုစိတ်မဝင်စားခဲ့ရိုးအမှန်ပါ။ အခုသုံးကြည့်လိုက်တော့မှ အထင်နဲ့အမြင် တက်တက်စင်အောင်လွဲနေရော…။

ဒါလေး ဒါလေး

ပါကင်ကိုစဖောက်၊ အထဲကပစ္စည်းကိုထုတ်ကြည့်လိုက်တာနဲ့ ပထမဆုံးကိုယ့်ကို သဘောကျစေတာ သူ့ရဲ့ ဘရပ်ရှ်ပါ။ ငယ်ငယ်တုန်းကသနပ်ခါးဘဲကြားလိမ်းတိုင်း အမေက သွားပွတ်တံကြီးနဲ့ ဆွဲဆွဲခြစ်တော့ ကြောင်ချီးကုပ်ရုပ်ကလေးတွေထွက်လာရောလေ။ အဲ့လိုသွားပွတ်တံပုံစံနဲ့ သူ့ ဘရပ်ရှ်ကိုထုတ်ထားတော့ မျက်ခုံးမွှေးမရှိခဲ့ရင်တောင် ဖြည်းဖြည်းချင်းခြစ်ပေးရင်း မျက်ခုံးရှိသလိုလိုဂျင်းထည့်လို့ရတာပေါ့။ အထူးသဖြင့် ရုတ်တရက်ထသွားထလာကိစ္စရှိခဲ့ရင်တောင် ဒါလေးကောက်ခြစ်သွားရုံနဲ့ အဆင်ပြေပြီလေ။

သွားပွတ်တံနဲ့တွေ့လား 😛

တစ်ခုသတိထားမိတာက သုံးတဲ့အချိန်တိုင်း ကိုယ့်ရဲ့မရှိတဲ့မျက်ခုံးက ထူထူထဲထဲဖြစ်သွားတာပါ။ အဲ့တော့ ကိုယ့်ရဲ့စပ်စပ်စုစု ဉာဏ်အတိုင်း ဟိုရှာ ဒီရှာနဲ့ ပစ္စည်းအကြောင်းသွားကြည့်လိုက်တဲ့အခါ အခွံပေါ်မှာတွေ့တယ်လေ။ အမျှင်လေးတွေပါတာမို့ ထူသွားတာပေါ့။ အရောင်နှစ်မျိုး ရှိတဲ့အထဲမှာ ကိုယ်ကတော့ မီးခိုးလေးဆန်တဲ့ Mocha အရောင်လေးသုံးပါတယ်။ အဲ ထူးထူးဆန်းဆန်း ဓာတ်ပုံထဲမှာကြည့်လိုက်တဲ့အခါ အမွှေးလေးတွေကတိတိကျကျပေါ်နေရော။

ဒါကိုယ့်ရုံးက အက်မင်ချစ်မမသုံးထားတဲ့ပုံကို ဂုန်းဆင်းထားတာ။

Related Article>>>မျက်ခုံးထူထူလှလှ (HD brows) လေးကို အိမ်မှာပဲ ကိုယ့်ဟာကိုယ်ဖန်တီးကြရအောင်။

3D effect ကတကယ်မပါဘူး တွက်ခဲ့မိတာလဲ မှားပြန်တယ်လေ။ ဆိုတော့ ကိုယ်ကတော့ဒီပစ္စည်းလေးကို အရမ်းသဘောကျမိပြီ။ ပစ္စည်းအကြောင်းသိချင်တာ ရှိရင်လဲ ဖုန်းတွေဆက်တာ၊ ပြန်စာမလာမယ့် ကောမန့်ဘောက်စ်တွေမှာ တကူးတကသွားမေးစရာမလိုဘဲ အနောက်ဘက်လေးလှန်ရုံနဲ့ အကုန်တိတိကျကျသိရမှာပါ။ ဒီလိုပစ္စည်းကောင်းလေးဆိုတော့  ဈေးကြီးမယ်လို့ထင်ရင်လဲ လွဲပြန်ရော။ မြန်မာငွေ (၃၀၀၀) လောက်ပဲဆိုတော့ သုံးလို့လဲပျော်တာပေါ့။ 

ဗူးပုံစံကဒါမျိုးလေး…
အနောက်မှာ ပစ္စည်းအကြောင်းဒီလိုအပြည့်အစုံထည့်ထားတာဗျာ…

ဈေးလည်းသက်သာ၊ အဆင်လည်းပြေတဲ့ ဒီပစ္စည်းလေးကို ယောင်းတို့ဆီ ဝေမျှပေးလိုက်တယ်နော်။ အစားကောင်းစားရရင် ကိုယ်ချစ်တဲ့လူကိုသတိရသလို ပစ္စည်းကောင်းလေးသုံးတော့လဲ ကိုယ့်ချစ်သူယောင်းယောင်းလေးတွေကို သိရမိတော့လက်တို့လိုက်တာပေါ့လို့။ ချစ်တယ်ယောင်းယောင်းတို့။ လှကြပါစေနော်.. 

Hnin Ei Oo (For Her Myanmar)

Hnin Ei Oo
Hnin Ei Oo

နာမည်တော့နှင်းအိဦးပါ။ FHM motivation နဲ့ relationship ပိုင်းပိုရေးဖြစ်ရင်းစိတ်ကူးတည့်ရာလဲရေးတတ်တဲ့ freelancer လေးတစ်ယောက်သာ။

error: Content is protected !!